dimanche 29 juillet 2012
samedi 28 juillet 2012
အလုပ်ရှင်နှင့် ခေါင်းဆောင်တို့နှိင်းယှဉ်ချက်
+အလုပ်ရှင်က အခွင့်အာဏာကိုအားကိုးတယ်၊ ခေါင်းဆောင်ကစေတနာကိုအားကိုးတယ်။
+အလုပ်ရှင်က အကြောက်တရားနဲ့ ချောက်ခိုင်းတယ် ၊ ခေါင်းဆောင်က မေတ္တာတရားနဲ့ဦးဆောင်တယ်။
+အလုပ်ရှင်က ငါလို့ပြောတယ် ခေါင်းဆောင်က ငါတို့ လို့ပြောတယ်။
+အလုပ်ရှင်က အလုပ်ပြီးသွားပုံကိုပြတယ် ခေါင်းဆောင်ကအလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပေးတယ်။
+အလုပ်ရှင်က ရိုသေလေးစားဖို့ အမိန့်ပေးတယ် ခေါင်းဆောင်က လေးစားထိုက်ရန် စံပြနေထိုင်တယ်။
+စာရှု့သူတို့ဘယ်လိုနေထိုင်မလဲ နေထိုင်ကြည့်ကျစို့လား? ဓမ္မစမ်းရေ သောက်သုံးနိုင်ပါစေ။။။
vendredi 27 juillet 2012
ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏အဆိုအမိန့်များ
Chance never comes twice.
Don’t nod down easily.
Don’t give promise easily.
Don’t look at other with suspection.
Don’t be in a hurry.
Don’t be disappointed whatever happen.
Don’t make others get into trouble.
Don’t scandalize of you wouldn’t like to praise.
Don’t be jealous of others’ succes.
Don’t disturb if you don’t want to help.
Neuer ,Don’t give up everything . Mqy you be happy.
jeudi 26 juillet 2012
မတွဲသင့်သောအရာ
စာရေးသူ မယ်တော်နဲ့ကျောင်းမှာခဏလာလို့တရားစကားပြောရင်း မယ်တော်က ခုခောတ်လူငယ်တွေ တွဲပြီးမလုပ်သင့်တာတွေလုပ်နေတာတွေ့နေရတယ် ဘာတွေတွေ့လို့လဲဆိုတော့ ကြည့်ပါလား ရုံးဝန်ထမ်းလေးတွေကြည့်လေ တာဝန်နှင့်လုပ်ရမည့်အလုပ်ကိုသူတို့ခင်မင်မှုနဲ့တွဲလိုက်တော့အဂတိလိုက်တာတွေ့ရတယ်ဒါတွေဟာမလုပ်သင့်ဘူးအထက်လူကြီးတွေသိရင် ကိုယ်အလုပ်ပျက်စီးတတ်တယ် မယ်တော်တွေ့ဘူးလို့လား။
ကိုယ်တိုင်မခံစားရသော်လဲ ဘေးကမြင်နေရတယ်လေ…အော်..ဆိုပြီး စာရေးသူတွေးလိုက်တာက မယ်တော်သည် စာတအားမတတ်ပါ သို့သော် လောကရဲ့သင်ပေးလိုက်ခြင်းကိုခံလိုက်ရလို့ ကောင်းမွန်သောအတွေးလေးတွေပေါ်ပေါက်လာတယ်လို့ထင်လိုက်တယ်။
နောက်ပြီးမယ်တော်သည် ဘာသာရေးနှင့်နီးတယ် ဘာသာရေးနှင့်နီးတော့ စာနာမှုလေးတွေတွေးတတ်လာတယ်လို့ထင်တယ် နိုင်ငံရေးပဲလုပ်လုပ်စီးပွားရေးပဲလုပ်လုပ်လူမှုရေးပဲလုပ်လုပ်ဘာသာရေးလေးရှိရင်တဖက်လူကိုစာနာတတ်လာတာတော့ သေချာပြောရဲပါတယ် အတွေးလေးခဏရပ်ပြီး မယ်တော်ကိုပြောပြဖြစ်တယ်။
လူငယ်တွေတင်မဟုတ်ပါဘူးလူတွေအားလုံးလိုက်နာဖို့မယ်တော်ပြောသောမတွဲသင့်သောအရာတွေမယ်တော်မသိသေးသောမတွဲသင့်သောအရာတွေကိုစာရေးသူမယ်တော်ကိုပြောပြမယ်နားထောင်မလား နည်းနည်းတော့များတယ် မယ်တော်က ဗဟုသုတရတာပေါ့တဲ့ ဒါနဲ့ စာရေးသူမယ်တော်ကိုအေးအေးဆေးဆေးပြောပြဖြစ်ခဲ့တယ်။
လူငယ်သဘာဝအရ ရည်းစားဘ၀တွင် အချစ်နှင့် ကာမ မရောသင့်(ရှုပ်တတ်ပါတယ်)
တာဝန်ထမ်းဆောင်ရာတွင် တာဝန်နှင့် လူမှုရေး မရောသင့်(မျက်နှာပျက်ရတတ်တယ်)
အလုပ်လုပ်ရာတွင် စာအုပ်ထဲအတိုင်းနှင့်လက်တွေ့မလုပ်သင့်။(လုပ်ငန်းမအောင်မြင်ဘဲဖြစ်တတ်ပါတယ်)
ပေါင်းသင်းဆက်ဆံရာတွင်ခင်မင်မှုနှင့်ငွေကြေးမရောသင့်(ငွေကြေးဆုံးရှံးရတတ်တယ်)
အိမ်ထောင်ရေးတွင် အိမ်ထောင်ရေးနှင့်ဆွေမျိုးရေးမရောသင့်(ဇာတ်လမ်းရှုပ်တတ်ပါတယ်)
ရုံးကိစ္စဆောင်ရွက်ရာတွင် ရုံးကိစ္စနှင့် အိမ်တွင်းရေးကိစ္စ မရောသင့်(တာဝန်ထိခိုက်တတ်ပါတယ်)
ကိုယ့်ပညာကိုအသုံးပြုရာတွင် ပညာနှင့်မာနမရောသင့်(အမှားတွေ့တတ်ပါတယ်)
လုပ်ငန်းဆောင်ရွက်ရာတွင် သခင်နှင့်ကျွန် မရောသင့်(စော်ကားခံရတတ်ပါတယ်)
မွေးမြူရေးတွင် လူနှင့် အဆိပ်ရှိသတ္တ၀ါ မရောသင့် (အန္တရာယ်ဖြစ်တတ်ပါတယ်)
လူလူချင်းဆက်ဆံရာတွင် ပညာရှိနှင့် လူမိုက်မရောသင့်(အကျိုးယုတ်တတ်ပါတယ်)
ပေါင်းသင်းဆက်ဆံရာတွင် သူတော်ကောင်းနှင့် သူယုတ်မာရောပြီး မပေါင်းသင့်(အကျိုးပျက်စီးတတ်ပါတယ်)
ဆွေမျိုးမတော်စပ်သည့်အိမ်ထောင်ရှင်ယောင်္ကျားနှင့် အိမ်ထောင်ရှင်မိန်းမ မရောသင့်(မှားယွင်းတတ်ပါတယ်)
ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်မိန်းမနှင့်လူပျို မရောသင့်(မှားယွင်းတတ်ပါတယ်)
ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောင်္ကျားနှင့် အပျို မရောသင့်(မှားယွင်းတတ်ပါတယ်)
တရားအားထုတ်ရာတွင် ရဟန်းနှင့် ဒကာမ မရောသင့် (တရားပျက်တတ်ပါတယ်)
တရားအားထုတ်ရာတွင် ဒကာနှင့် ဒကာမ မရောသင့် (တရားပျက်တတ်ပါတယ်)
အနုပညာလောကတွင် မြန်မာ့ရိုးရာအကနှင့်အနောက်တိုင်းအက မရောသင့်(ရိုးရာယဉ်ကျေးမှုပျက်တတ်ပါတယ်)
တရားစီရင်ရာတွင် ဥပဒေနှင့်ခင်မင်မှု မရောသင့်(တာဝန်ထိခိုက်တတ်ပါတယ်)
ဘာသာရေးတွင် ဘာသာရေးနှင့် စီးပွားရေးမရောသင့်။
သမ္မာဒိဋ္ဌိအယူတွင် ရတနာမြတ်သုံးပါးနှင့် နတ် ဘိုးတော် မယ်တော် ပျောက်စေဆရာနှင့် မရောသင့်။
စိတ်ထားကောင်းကောင်းနှင့်ဆောင်ရွက်ရာတွင်စေတနာနှင့်အသပြာ မရောသင့်။
ကုန်သည်ရာတွင် သံကုန်သည်နှင့် မြေအိုးမြေခွက်ကုန်သည်နှင့် မရောသင့်။
ကုန်သည်ရာတွင် အထည်ကုန်သည်နှင့် မီးသွေးကုန်သည် မရောသင့်။
အိမ်မှုကိစ္စတွင် ကလေးနှင့် ခွေး ရောမထားသင့်။
စိတ်ရှိတိုင်း အအိပ်မကြူးသင့်။
စိတ်ရှိတိုင်း အစားမကြူးသင့်။
စိတ်ရှိတိုင်း အရက်ဆေးလိပ်မလုပ်သင့်။
သဘာဝတရားဖြစ်ရပ်မှန်နှင့် ပကာသနတရားလုပ်ဆောင်မှုတို့ကို မရောသင့်။
အချင်းချင်း ဓားလှံတို့ဖြင့်မကစားသင့်။
စကားပြောရာတွင် အလေးအနက်ပြောရမည့်စကားကိုဟာသစကားနှင့်မရောသင့်။
စေတနာထားရမည့်ကိစ္စတွင်စေတနာကို အငြှိုးတရားနှင့်မရောသင့်။
အလှူပေးရာတွင် သဒ္ဓါတရားကို တွန့်တိုမှုနှင့် မရောသင့်။
မေတ္တာတရားထားရာတွင် မေတ္တာတရားကို အာဃာတတရားနှင့် မရောသင့်။
လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ပါလက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းကို ပျင်းရိခြင်းနှင့် မရောသင့်။
အရေးပေါ်လုပ်ငန်းဆောင်ရွက်ရာတွင် ချက်ချင်းလုပ်ရမည့်လုပ်ငန်းကို အချိန်ဆွဲခြင်းအချိန်ရွေးခြင်းတို့နှင့် မရောသင့်။
မှန်ကန်စွာသုံးသပ်ရာတွင် ပကတိဖြစ်ရပ်မှန်ကို အတုအယောင်တို့နှင့် မရောသင့်။
ပြောလဲပြီးရော မယ်တော်က တပည့်တော် သားတော်မောင်ပြောတာတွေမတွေးမိပါဘူး သိတာတော့သိနေတယ် အမှတ်တမဲ့ဖြစ်နေတာ ဟုတ်တယ်နော်တဲ့မယ်တော်ကတော့သားတော်မောင်ပြောပြတာကိုသဘောကျနေတဲ့ပုံစံနဲ့ ပြုံးနေတာတွေ့ရတော့စာရေးသူဝမ်းသာမိရပါတယ်။
စာရေးသူလဲတင်ဦး(ကသာ) ရေးသားသောလပြည့်ဝန်းမဂ္ဂဇင်းမှဖတ်လိုက်ရတာပါတကယ်တော့လူတွေလိုက်နာရှောင်ကြဉ်ရမှာအများကြီးပါပဲ စာရှု့သူတို့လဲ မယ်တော်ပြောသလို အမှတ်တမဲ့ဖြစ်နေမယ်ထင်တယ် ဂရုတစိုက်လုပ်ကြည့်ရအောင် …….ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။
Inscription à :
Articles (Atom)


