Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 4 octobre 2014

ဘဝဆိုတာ...


ဘဝဆိုတာဆုံးရှုံးခြင်းရဲ့ နောက်ကွယ်မှာ အောင်မြင်ခြင်းအတွက် ခြေလမ်းတွေရှိတယ်၊နာကျင်ခြင်းရဲ့
 နောက်ကွယ်မှာ မခံချင်စိတ်တွေရှိတယ်၊အနိမ်ခံခြင်းရဲ့ နောက်ကွယ်မှာ ကြိုးစားခြင်းစိတ်တွေရှိတယ်
အစွန့်လွတ်ခံခြင်းရဲ့ နောက်ကွယ်မှာ အရာရာကို နားလည် နိုင်စွမ်းစိတ်တွေရှိတယ်။

ဘာတွေဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ပြီးခဲ့တဲ့အတိတ်တွေကို ပြန်လည် တမ်းတနေရုံနဲ့ အနာဂတ်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး ပြီးခဲ့တဲ့အရာအားလုံးမှာ ကိုယ်မဖြစ်ခဲ့တဲ့အရာတွေ ကိုယ်ဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးကို အောင်မြင်ခြင်းနဲ့ လဲလှယ် နိုင်ရမယ်။

လူ့ဘဝဆိုတာ ပန်းခင်းထာတဲ့ လမ်းမဟုတ်သလို ဆူးခင်းထားတဲ့ လမ်းလဲ မဟုတ်ပါဘူး
ကိုယ်ပေးဆပ်ခဲ့ရတာတွေအတွက်လဲ ဘာကိုမှမျော်လင့်မထားပါနဲ့ ဘဝဆိုတာ မမျှော်လင့်တာတွေဖြစ်လာတတ်တယ်။

ဘယ်သူတွေဘယ်လိုပဲဖွင့်ဖွင့်ဘဝဆိုတာတကယ်တော့ဆင်းရဲတယ်ချမ်းသာတယ်အောင်မြင်တယ် ကျရှုံးတယ် ရာထူးကြီးတယ် ရာထူးနိမ့်တယ် စိတ်ပျော်စရာတွေရှိတယ် စိတ်ဆင်းရဲစရာတွေရှိတယ်ဒါပါပဲ။

ဒါနဲ့ပါတ်သက်ပြီးပုံပြင်လေးတခုကြားဖူးတယ်တစ်ခါတုန်းကတိုင်းပြည်တစ်ပြည်မှာရှိတဲ့ဘုရင်ဟာ တိုင်ပြည်ရဲ့ အုပ်ချုပ်မှု့ကိုအလေးမထားပဲ.ပျော်ပါးနေလေရဲ့.။

တိုင်းပြည်မှာလည်းဒုက္ခမျိုးစုံနဲ့ကြုံနေရတယ်.။တစ်နေ့မှာတော့ဘုရင်ကြီးကထူးထူးဆန်းဆန်း"ဘဝဆိုတာဘာလဲ " ဒီ့ အဓိပွါယ်ကိုအရမ်းသိချင်နေမိတယ်."ဘဝဆိုတာ....??????""ဘဝဆိုတာ......??????

မှူးမတ်တွေ ကိုမေးတော်မှုလေသည် ။
မှူးမတ်တွေ.ကလည်းတိကျတဲ့အဖြေကိုမပေးနိုင်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးမှူးမတ်တွေစုပေါင်းတိုင်ပင်ပြီး.
သက်တော်ရှည်အမတ်ကဗျာဆရာကြီးအားမေးမြန်းခဲ့တယ်.။

ကဗျာဆရာကြီးကဘုရင်ကြီးကိုဒီအဖြေပေးဖို့အချိန်တစ်ပတ်တောင်းခဲ့တယ်ဒီလိုနဲ့ကဗျာဆရာကြီး
ကတိုင်းပြည့်မှာရှိတဲ့ကဗျာဆရာတွေကိုပင့်ဖိတ်ပြီးဘဝဆိုတာခေါင်စဉ်နဲ့ကဗျာရေးစေခဲ့တယ်..။

ကဗျာဆရာတွေကဘဝဆိုတာကိုသူတို့ကြုံတွေ့ရတဲ့ဘဝဖြတ်သန်းရတဲ့လူနေမှု့စရိုက်ပေါ်မှာမူတည်ပြီး
အမျိုးမျိုးစပ်ဆိုကြတယ်.။တစ်ပတ်ပြည့်တဲ့ညီလာခံမှာဘုရင်ကြီးက"ကဲမောင်မင်းကဗျာဆရာဘဝဆိုတာ ဘာလဲ လျောက်တင်တော်မှုပါ။

ကဗျာဆရာကြီးအားမေးတော်မှူလေသည်။ဒီအချိန်မှာကဗျာဆရာကြီးကကဗျာဆရာအသီးသီးရေးစပ် ထားတဲ့ ကဗျာတွေကိုဘုရင်ကြီးကိုပေးလိုက်တယ်တဲ့အဲဒါဘဝဆိုတာတွေပါလို့လျောက်တင်လေတယ်။

ဘုရင်ကြီးကကဗျာတွေကိုဖတ်ပြီးအလေးနက်စဉ်စားတော်မှုတယ်သြော်ဘဝဆိုတာပင်လယ်၊တောနက် ၊ပန်ချီး။ကောင်းကင်၊ပျော်ရွှင်ခြင်း၊ပူပင်သောက..အမျိုးမျိုးဖွင့်ဆိုကြတာပဲ။

ဟုတ်ပါတယ်..အရှင်မင်းကြီး" ဘဝဆိုတာ လူတစ်ဦးတစ်ယောက်ကြုံတွေ့ ဖြတ်သန်းရတဲ့အနေထားပေါ်မှာ မူတည်ပြီးပြောင်းလဲနေပါတယ်.။"

ဘုရင်ကြီးကပြန်ပြောတယ်ငါကျင်လည်နေတဲ့နန်းတော်တစ်ဝိုက်လို့ထင်ခဲ့မိတာ.။
ငါဘဝကျဉ်းကျဉ်းလေးပါပဲလားအပြင်လောကမှာအမျိုးမျိုးသောဘဝတွေနဲ့..ဖြတ်သန်းနေကြတယ်.။
ငါကိုယ်တော် အလေးနက် မထားခဲ့မိဘူး.

အဲဒီဘဝတွေထဲမှာပျော်ရွှင်တဲ့လူတွေရှိသလို.ဒုက္ခတွေနဲ့ကျင်လည်နေတဲ့သူတွေကလည်းအများ
သားရရှိတဲ့ဘဝခဏတာလေးမှာ.ဒါတွေကိုတစ်ယောက်နဲ့တစ်ယောက်ဖေးမကူ.၊.ကူညီရိုင်းပင်စေချင်တယ်..။
ဘုရင်ကြီးကအမြင်မှန်ရပြီး..အခုလိုမိန့်တော်မှုလေသတဲ့..

"ဘဝထဲမှာ..ပျော်ရွှင်ခြင်းတွေအမြဲမရှိနိုင်တော့ဒုက္ခတွေကိုလက်တွေ့ရင်ဆိုင်ပြီးအားအင်တစ်ခုလိုသုံးပြီ ဖြတ်
သန်းပါလေ.။" "ဘဝထဲမှာ မမှားဖူးတဲ့သူမရှိသလို့ ပဲ အမှားကိုပြင်ပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါလေ.။"

"တစ်ဦးနဲ့တစ်ဦးပေါ်အကောင်းမြင်စိတ်လေးထားပြီးပြောဆိုဆက်ဆံပါလေ.။ 
"ကိုယ်ကသူတစ်ပါးကိုပြောတဲ့စကားဟာသူတစ်ပါးကကိုယ့်ကိုပြောတဲ့အခါ ကိုယ်ရောဘယ်လိုခံစားရမလဲ....သတိမှု့ပြောဆိုပါလေ..။"

"ငါလိုဘုရင်တောင်အမှားနဲ့မကင်းအပူမီးနဲ့မလွတ်ပါလေ.။ဒါကြောင့်သူလည်းဘဝတစ်ခုကိုဖြတ်
သန်းနေရပြီကိုယ်လည်းဘဝတစ်ခုကိုဖြတ်သန်းနေရတဲ့အခိုက်တန့်လေးမှာ" "တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပါလေ... ဟုမိန့်တော်မှုပြီးညီလာခံကိုရုတ်သိမ်းတော်မှုတယ်တဲ့။

ဓမ္မစမ်းရေနှင့်မိတ်ဆွေများတို့လည်း..ဘဝထဲမှာနေထိုင်ကြပြီး.
ဘဝဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေကြတော့ပျော်ရွှင်ခြင်း၊ပူပင်သောကတွေနဲ့မလွတ်ကင်းသေးပါအရာ
အားလုံးလိုက်လျောညီထွေရှိဖို့များစွာလိုအပ်ပါတယ်။

လွတ်ကင်းအောင်နေဖို့အတွက်မြတ်ဘုရားရဲ့သာသနာသုံးရပ်ဖြစ်တဲ့ သီလ သမာဓိ ပညာတွေဆည်းကာ ဘဝရဲ့ပူပန်မှုကင်းရာ နိဗ္ဗာန်ကိုအရောက်လှမ်းနိုင်အောင်ကြိုးစားကြည့်ကြမယ်။

(ဓမ္မစမ်းရေ)

ဘဝပေါင်းများစွာကဆွေးမျိုး


ဒီနေ့စာလေးရေးမယ် ဘယ်ကစရေးရမယ်ဆိုတာမစဉ်းစားမိ သို့သော် အင်တာနက်ဖွင့်ကြည့်လိုက်တော့ လောကမှာရှိတဲ့သူတွေဟာဆွေမျိုးမတော်ဘူးတဲ့သူမရှိဘူးတဲ့ဆိုတဲ့
စာသားလေးတွေ့မိလို့ ဒီစကားကိုထောက်ခံတဲ့အနေနဲ့ရေးမိတာပါ။

ငယ်ငယ်ကတရားနာရင်းကြားဖူးတာလေးရှိခဲ့တယ် ဒါလေးလဲပြန်လည်သတိရစေလို့ပါ ဒီစကားလေးကဘာလဲဆိုတော့ လောကမြေပြင်၇ှိမြေကြီးတွေကိုရေနဲ့ဖျော် ဇီးစေ့လောက်ကလေးတွေလုံးထားပြီးပုံပုံထား လောကမြေပြင်ရှိမြေကြီးသာကုန်သွားနိုင်တယ် အမေမတော်ခဲ့ဖူးတာမရှိပါဘူးတဲ့။

နောက် လောကမြေပြင်ရှိသစ်ပင်တွေဖြတ်ဖြတ်ပြီးသွားကြားထိုးတံလောက်ကလေးလုပ်ထားပြီးပုံပုံ
ထားလောကမြေပြင်ရှိသစ်ပင်တွေသာကုန်တော်ကုန်ရာ၏တဲ့ အမေတော်ဘူးတဲ့သူမကုန်နိုင်ရာတဲ့။

ကဲဘယ်လောက်အံ့သြစရာကောင်းလိုက်လဲ ခုတော့တို့ဓမ္မမိတ်ဆွေများကတော့ တယောက်နဲ့တယောက်ဥစ္စာတွေပြိုင် ပညာတွေပြိုင် မာနတွေပြိုင် အတ္တတွေပြိုင်နဲ့ပြိုင်ပြိုင်နိုင်လွန်းတယ် ကိုပြိုင်တဲ့သူက ကိုယ့်ဆွေမျိုးတွေလေအမေတွေလေ အဖေတွေလေ သတိလေးထားကြပါအုံး။

ကျန်တဲ့ဦးကြီးဦးလေးအကိုအမ တွေတော်ခဲ့ဖူးတာတွေကျန်သေးတယ်ဒါတွေသာထည့်တွက်မယ်
ဆိုရင်လောကလူတွေဆွေမျိုးတွေချည်းအရင်းအခြာတွေချည်းပါလားလို့တွေးနေမိတယ်။

ဒါကြောင့်လည်းပညာရှိတွေက ဒါက ငါတို့ဘုန်းကြီး ဒါကငါ့သား ဒါကတော့ဖြင့် ငါ့သမီးလို့ပြောကြတဲ့သူတွေဟာ စိတ်ထားနိမ့်ကျတဲ့သူတွေပြောတဲ့စကားတဲ့ ပညာရှိသူတော်ကောင်းတွေကြတော့ လောကမြေပြင်ရှိလူတွေအားလုံး သတ္တဝါအားလုံးကိုဆွေမျိုးတွေလို့သတ်မှတ်ကြတယ်တဲ့ သြော် တော်လိုက်ကြတာနော်။

တိရောကုဋ္ဋသုတ်မှာလဲမြတ်ဘုရားဟောတော်မူခဲ့သည်မဟုတ်လား?။ထိုသုတ်မှာ
 မြတ်ဘုရားကဗိမ္ဗိသာရမင်းကြီးအားလူတို့၏ဘ၀ပေးတာဝန်ကိုနားလည်အောင်ဟောကြားခဲ့တယ်၊

သတ္တ၀ါဟူသည်အစမထင်သောသံသရာကကျင်လည်ခဲ့ရသည်သံသရာကျင်လည်နေသမျှကာလပါတ်လုံး..
တဦးနှင့်တဦးဆွေမျိုးတော်စပ်ခဲ့ဖူးပါတယ်မိတ်ဆွေဖြစ်ခဲ့သလိုရန်သူလည်းဖြစ်ခဲ့ပါတယ်ကျေးဇူး
ရှင်လည်းဖြစ်ခဲ့ပါတယ်။

တနည်းပြောရရင်ရာသီဥတုကလည်းကောင်း..အစာအာဟာရကလည်းကောင်း..ပုဂ္ဂိုလ်သတ္တ၀ါတို့
လည်းကောင်း..နေရာဋ္ဌာနကလည်းကောင်း..သတ္တ၀ါတွေမှာကျေးဇူးပြုနေကြတာပါပဲ၊
ဟုမြတ်ဘုရားဟောတော်မူခဲ့ပါတယ်၊ထိုဒေသနာအရဆိုရင်လောကမှာရှိနေသောသူမှန်
သမျှကျေးဇူးရှင်တွေဆွေမျိုးတွေချည်းပါပဲတဲ့။

စာရေးသူမနေ့ကညီမမွေးနေ့ဆွမ်းစားကြွရင်းဒါဒါအဒေါ်နဲ့စကားပြောဖြစ်တယ်တပည့်တော်တို့
နိုင်ငံမှာသာမိဘကိုသိတတ်တာတွေရှိနေတာစင်္ကာပူလိုနိုင်ငံမျိုးအနောက်ဥရောပလိုနိုင်ငံမျိုးတွေမှာတော့ မိဘဆိုတာလဲမရှိတော့ဘူး သိလည်းမသိကြတော့ဘူး။

အအေးဆိုင်တွေထမင်းဆိုင်တွေမှာအသက်ကြီးတဲ့အဘိုးကြီးအဖွားကြီးတွေ စားပွဲထိုးအဖြစ်ပုဂံဆေးအဖြစ်တွေ့ရမြင်ရသဘာဝမကျလိုက်ကြတာတွေအများကြီးဘုရား ဒါဟာသူတို့အယူလေဘုရားတပည့်တော်ကတော့ဘယ်လောက်ပဲချမ်းချမ်းသာသာနေရနေရ အမိမြန်မာပြည်ကိုချစ်တယ်တဲ့။

အမိမြန်မာပြည်ဟာ ယဉ်ကျေးတယ် မိဘတွေကိုသိတတ်ကြတယ် မိဘတွေကြီးလာရင် ပြုစုရမှန်းဘာမှန်းသိကြတယ် ဒီမှာတော့သားသမီးတွေကအသိအမှတ်မပြုကြတော့ဘူးဘုရားတဲ့။

စာရေးသူပြောမိပါတယ်ဒါဟာဘယ်သူ့ကျေးဇူးလဲမြတ်ဗုဒ္ဓရဲ့ဟောကြားထားတဲ့
တရားဒေသနာတွေကြောင့်ပါပဲ မြတ်ဗုဒ္ဓကိုအဖန်ဖန်ကျေးဇူးတင်သင့်ပါတယ်။

ဒါတောင်အမိမြန်မာပြည်မှာအစွန့်ပစ်ခံအဘိုးအဘွားတွေအများကြီးပါအစွန့်ပစ်ခံ
ကလေးတွေအများကြီးပါဒါလေးကိုသိတတ်တဲ့တချို့ပရဟိတအဖွဲ့လေးတွေကတတ်နိုင်သလောက်
ကူညီနေကြတယ်။

စာရေးသူတို့လည်းနိုင်သလောက်တော့လုပ်နေပါပြီဒါဟာဘာကြောင့်လုပ်နေတာလဲ လောကမှာ
ရှိတဲ့သူတွေဟာငါ့အမျိုးတွေချည်းဆိုတဲ့စိတ်ဓာတ်နဲ့လုပ်နေကြတာလူသားချင်းကိုယ်ချင်စာလို့
လုပ်နေကြတာပါ။

ဘယ်လိုပဲတွေးတွေးဘယ်လိုပဲပြောပြောလောကမှာတယောက်နဲ့တယောက်ဆက်စပ်နေတာတော့
အသေချာပါပဲဒါကြောင့်တဦးနဲ့တဦးလူ့ဘဝဆုံလာခိုက်ကလေးမှာတဦးရဲ့စေတနာတဦးကပြန်လို့ချစ်ခင်
စွာနေထိုင်ကြဖို့ ဆွေးတော်မျိုးတော်တွေကို အသိဗဟုသုတလေးမျှဝေလိုက်မိပါတယ်။

(ဓမ္မစမ်းရေ)

လောကထဲကလောကဓံ

ဘ၀အထွေထွေကို ဖြတ်သန်းနေကြတဲ့ လူသားတွေဟာ လေနင်ရာ လွင့်မျောပြီး ပုံပြောင်းနေတဲ့ တိမ်တိုက်တွေ လို ဘ၀ရဲ့အနိမ့်အမြင့် ဆိုတဲ့ လောကဓံ တရားတွေဟာလည်း လူတိုင်းမှာ ကြုံတွေ့ခဲ့ရပါသည်။

အဲဒီတော့ လောက က ဘာတွေလဲ"လောက"ကို ပါဠိစာပေမှာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လို့ (၃)မျိုး ခွဲခြားထားတာတွေ့ရတယ် ... "သတ္တလောက" ဆိုတာ သတ္တ၀ါတွေအားလုံးကို ရည်ညွှန်းပြီးပြောတဲ့စကားပါ
 
"သင်္ခါရလောက" ဆိုတာ သက်ရှိသက်မဲ့အားလုံး ခြုံပြီးခေါ်တဲ့စကားလုံးပေါ့အကြောင်းတရားတွေက ဖန်တီးပြုလုပ်ထားလို့၊ အကြောင်းတရား တွေပေါ်မှာ မှီတည်ပြီးဖြစ်နေတဲ့ အရာ မှန်သမျှ သင်္ခါရ။

"သြကာသလောကဆိုတာသက်ရှိသတ္တ၀ါ တွေ၊ သက်မဲ့အရာတွေ တည်ရှိရာဘုံကိုဆိုလိုတာဖြစ်တယ်၊

သတ္တလောက...သင်္ခါရလောက...သြကာသလောကဒီလောက(၃)မျိုးထဲမှာ လောကဓံတရားရှစ်ပါး

ကိုဟောထားတဲ့လောကဓမ္မသုတ် မှာက  သတ္တလောက- သက်ရှိသတ္တ၀ါတွေကို ရည်ညွှန်းပြီးဟောထားတာပါ ...

သက်ရှိသတ္တ၀ါတွေ ကြုံတွေ့နေရတဲ့ လောကဓံကရှစ်မျိုးရှိတယ် ...

အဲဒီ (ရှစ်မျိုး)က …-

၁။ “လာဘော” ကိုယ်လိုချင်တာ ရတာ ...

၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူး။

၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်...

၎။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူး။

၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ် ...

၆။ “ပသံသာ” ချီးမွမ်းခံရတယ် ...

၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ် ... အဆင်ပြေတယ် ...

၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး ... ဆင်းရဲတယ် အဆင်မပြေဘူး။

ဒီရှစ်ပါးကို လောကမှာ သတ္တ၀ါ တွေကြုံတွေ့နေရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးလို့ပြောရင်လည်းမမှားပါဘူး။

အဲဒီ သဘာဝဓမ္မရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့ ...

အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊မတည်ငြိမ် တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က လူတိုင်းသတိထားဖို့လိုတယ်နော်...

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ အများစုကတော့ အကောင်းလောကဓံ ကြုံတွေ့ရင် တပြုံးပြုံးနှင့် ရှိတတ်ပြီး အဆိုးလောကဓံ နှင့် ကြုံတွေ့ချိန်မှာ တငိုငိုတရယ်ရယ် ရှိတတ်ပါတယ်။


ဘယ်လိုလောကဓံမျိုးနှင့် ကြုံလာ ကြုံလာ မတုန်မလှုပ်သီးခံ နိုင်ဖို့ အတွက် မိမိစိတ်ကို ကိုလေ့ကျင့်ထားရပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရပါတယ်။မကြုံ တွေ့တဲ့လူ မရှိဘူး

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ ...
အရှင်မဟာကဿပ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ ... 


မည်သည့်ပုဂ္ဂိုလ်၊မည်သည့်သတ္တ၀ါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲ ဘက်လိုက်တယ်ဆိုရင်မရှိဘူး...

အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူးလောကရဲ့ သဘာဝတရားတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် ကိုယ့်ကိုကိုယုံကြည်တဲ့စိတ်ဓာတ်ရှိအောင် ဘယ်လိုအရာမျိုးပဲကြုံကြုံ ခံနိုင်ရည်ချင်းရှိအောင်ကြိုးစားရမယ်...


လူတွေကဆင်းရဲတာခံနိုင်ပေမဲ့ တကယ်ချမ်းသာလာရင် ရာထူးကြီးလာရင် ပညာတတ်လာရင်လောကဓံတရားကိုမခံနိုင်ကြပဲ ဒုက္ခတွေတသီကြီးဖြစ်ပါလေရော မဖြစ်အောင်ထိန်သိမ်းရမယ်။
 
ထိန်းသိမ်းနိုင်ဖို့က အဓိကတရားခံက စိတ်ဓာတ်ပဲ…..ဒါကြောင့် စိတ်ဓာတ်ကိုအကောင်းဆုံးပြုပြင်ရင်း လောကဓံကို ကြံ့ကြံ့ခံ အံတုကာ ဘဝကိုဆက်လက်တိုက်ပွဲဝင်ကြမယ် လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်….

(ဓမ္မစမ်းရေ)


jeudi 2 octobre 2014

ဘုရားရှင်ထံဒူးထောက်ကြသူများ


အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသရှိနာဂပူမြို့လေးဟာဗုဒ္ဓဘာသာဝင်အများစုနေထိုင်ပြီး နှစ်စဉ်အောက်

တိုဘာလဆန်းတာနဲ့သုံးရက်တိုင်တိုင်ဘာသာကူးပြောင်းပွဲကျင်းပကြပါတယ်၊တချို့ကအဲဒီရက်
ကလေးမှာရဟန်းဝတ်ကြပြီးဗုဒ္ဓဘာသာအဖြစ်လက်ခံယုံကြည်ခဲ့ကြပါတယ်။ဘုရားရှင်ဆီဒူးထောက်ကြပြီး
အရိုသေပြုကြတယ်။

ဗုဒ္ဓဘာသာအဖြစ်လက်ခံယုံကြည်ကြသူတွေဟာပထမဆုံးငါးပါးသီလခံယူဆောက်တည်ကြပြီး

အဓိဋ္ဌာန်ကိုဆိုနေကြတာတွေ့ရတယ်၊တခြားဘာသာတွေကိုယုံကြည်မှုမပြုတော့တာ ပူဇော်မှုမပြုတော့တာကိုအဓိဋ္ဌာန်ပုံစံလုပ်ထားတာတွေ့ရတယ်။

ဒီကူးပြောင်းပွဲကို ၁၉၅၆ ခု နှစ် အောက်တိုဘာလမှစတင်ကာနှစ်စဉ်ကျင်းပခဲ့ကြပါတယ် ခုဆိုရင်နှစ်ပေါင်း၅၈ နှစ်တိုင်ခဲ့လေပြီ၊တနှစ်ကူးပြောင်းသည့်ပမာဏမှာတသန်းနီးပါးရှိပါတယ်၊

အမြို့မြို့အနယ်နယ်မှဗုဒ္ဓဘာသာစိတ်ဝင်စားသူတွေလာရောက်ကာကူးပြောင်းကြတာဖြစ်ပါတယ်။

ဒီလိုလာရောက်နိုင်အောင်လည်းအစိုးရကရထား၊ကား၊အခမဲ့စီစဉ်ပေးထားတယ်လို့ကြားရတယ်

ဒီစကားကိုကြားရတော့သူတို့ရဲ့အစိုးရကဘာသာမတူပေမဲ့ပြည်သူအပေါ်ထားတဲ့စေတနာကိုပေါ်လွင်စေ
တယ်။

ဒီလိုစိတ်ဝင်စားမှုတွေများလာတော့မိမိမြန်မာပြည်မှရဟန်းတပါးအနေနဲ့ရောဗုဒ္ဓဘာသာဝင်တယောက်

အနေနဲ့ပါဝမ်းသာလွန်းလို့ပီတိမျက်ရည်ဝေတယ်ဆိုတာအဲဒီမြင်ကွင်းကိုတွေ့လိုက်ရတော့မိမိကိုယ်တိုင်
တကယ်ကြုံခဲ့ရတယ်။

တချို့ဒကာမကြီးတွေဆိုအသက်တွေကြီးနေကြပြီညအိပ်ကာစောင့်စားပြီးအလုအယက်တဖွဲ့ပြီးတဖွဲ့

သံဃာတော်တွေဆီသွားပြီးငါးပါးသီလကိုခံယူဆောက်တည်ကာဘုရားရှင်ဆီဒူးထောက်ကာနေကြ
တာတွေ့ရတယ်၊ဓမ္မစမ်ရေတို့တွေ့တော့လည်း ဝန္ဒာမိဘန္တေတဲ့ ဦးတွေကုန်းချ၊တကယ့်ကိုခံစားရတဲ့မိမိရင်ထဲကပီတိဘာနဲ့မှနှိင်းယှဉ်စရာမရှိ ပီတိမျက်ရည်တွေဝေခဲ့ရတယ်၊

ဘုရားဈေးတန်းတွေကောဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့စာအုပ်ဆိုင်တွေကောအများကြီးတွေ့နေရတယ်၊

ဓမ္မပဒတွေသုတ္တနိပါတ် ထေရဂါထာ ထေရီဂါထာအပါဒါနပါဠိစာအုပ်တွေအများကြီးတွေ့ခဲ့ရတယ်၊

စာအုပ်တန်းရောက်တော့ဒကာတယောက်ကသုတ္တနိပါတစာအုပ်ကိုင်လာပြီးဒီစာအုပ်ကကောင်းလားတဲ့

ဘာတွေပါလဲတဲ့ အဲဒီထဲမှာလူတွေအတွက် ကျင့်ရမည့် မင်္ဂလသုတ် ရတနာ့သုတ် မေတ္တာသုတ်တွေဟာဒကာတို့အတွက်အကောင်းဆုံးလမ်းညွှန်ပေးမည့်သုတ်တွေပဲ
အဲဒီသုတ်တွေကိုသေချာဖတ်ပါလို့ပြောပြခဲ့ရသေးတယ်။

သူဝယ်ပြီးတော့ဓမ္မစမ်းရေတအုပ်ဝယ်တယ်၊ ဘာစာအုပ်လဲဆိုတော့ How and why Buddhism declined in India ဆိုတဲ့စာအုပ်ကိုဝယ်တော့သူလှူမယ်တဲ့ အဲဒါနဲ့ သုခီဟောတု လို့ဆိုပြီးဆုပေးတော့ ဒကာတော်က သာဓု သာဓု သာဓုတဲ့ လက်အုပ်ကလေးချီကာကျန်ခဲ့လေရဲ့။

ဒီလိုနဲ့ရှေ့ဆက်ကာသွားတော့တွေ့တဲ့သူတိုင်းရှိခိုးနေလို့သုခီဟောတုပြောလိုက်ရတာလည်းမမောနိုင်

မပန်းနိုင်ပေါ့၊ညနေစောင်းလို့ပြန်သာလာခဲ့ရတယ်လူတွေကတော့ညအိပ်ကာစောင့်ဆိုင်းနေလေရဲ့၊
အိပ်ရတဲ့နေရာကမြေကြီးဗုဒ္ဓအပေါ်ကြည်ညိုတဲ့စိတ်ကြောင့်မိမိခန္ဓာဘာတွေဖြစ်ဖြစ်ဂရုစိုက်မနေပဲစောင့်
ဆိုင်းနေတဲ့သူတွေရဲ့စိတ်ကလည်းလေးစားစရာ။

ပထမရက်မှာဗုဒ္ဓဘာသာကူးပြောင်းခွင့်မရသူတွေနောက်နေ့မနက်မှာစောစောစီးစီးခံယူခွင့်ရဖို့စောင့်နေကြ

ရတယ်၊မြင်ကွင်းကတော့တကယ့်ကိုဝမ်းမြောက်စရာပင်။

တနေ့တနေ့ကိုလည်းအလှူရှင်တွေကစတုဒီသာတွေကျွေးကြပြီးကုသိုလ်တွေယူကြ ဘုန်းကြီးတွေပင့်ပြီးဆွမ်းတွေကပ်ကြနဲ့အတုယူစရာကောင်းလိုက်တာ၊နှတ်ခမ်းမွေးက ရှည်ရှည်အသားကမဲမဲဘယ်လိုမှကြည့်မကောင်းပေမဲ့သူတို့နှလုံးသားကနူးညံ့နေတယ် ဖြူစင်နေတယ်၊

အသားဘယ်လောက်မဲမဲစိတ်နှလုံးသားဖြူစင်တော့ဆက်ဆံရတာကောင်းတယ်။

ဗုဒ္ဓဘာသာတို့ရဲ့နှလုံးသား လူတိုင်းကိုမေတ္တာတရားတွေနဲ့ပြည့်နှက်နေတာ၊ စေတနာ ကရုဏာမုဒိတာတရားတွေနဲ့ပြည့်နှက်နေတာတွေ့ရတော့ရင်ထဲမှာလှိုက်လှိုက်ဖြစ်ကာသူတို့တွေကိုဂုဏ်

ယူမိနေတယ်။

ဓမ္မစမ်းရေသူတို့ကိုကြည့်ပြီးစဉ်းစားမိတာကသူတို့လေးတွေရဲ့ဗုဒ္ဓအပေါ်ယုံကြည်မှုလေးတွေဟာဘယ်တော့

မှပျောက်ကွယ်မသွားဘူးဆိုတာသက်သေပြနေသလို၊သူတို့လေးတွေရဲ့ဗုဒ္ဓအပေါ်စီးဆင်းနေတဲ့ရေဟာလဲ
လိုရာမရောက်ခင်လမ်းမှာတွေ့သမျှချိုင့်ဝှမ်းတွေကိုဖြည့်တင်းသွားနေကြသလိုပါရမီရှင်ဗုဒ္ဓဘာသာဝင်
လူသားတစ်ဦးဟာလည်းသူလိုရာပန်းတိုင်ကိုမရောက်ခင်ဘ၀မှာတွေ့ရသမျှမိမိတို့ဟာကွက်ပျော့ကွက်
တပါးသူတို့ရဲ့လိုအပ်ချက်တွေကိုကြည်နူးဝမ်းမြောက်စွာ စွန့်လွတ်ဖြည့်ဆည်းသွားမှာပဲလား။

ကရုဏာပညာတရားတွေနဲ့မိမိဘ၀ကိုစတေးပြီးအများအကျိုးသယ်ပိုးရွက်ဆောင်လိုတဲ့ကျင့်ဝတ်၊ သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှဒီကမ္ဘာပေါ်မှာအနာဂါတ်ပါရမီပန်းတွေကတော့ဖူးပွင့်ဝေဆာလှပနေဦးမှာပါပဲလားလို့ တို့ဘုရားရှင်ရဲ့သာသနာမကွယ်ပျောက်နိုင်....

(ဓမ္မစမ်းရေ)

အေးချမ်းလိုလျှင်မေတ္တာဝင်



အို--ခိုက်ရန်ဖြစ်နေကြသူအပေါင်းတို့--
ရှေးကဖြစ်ခဲ့ကြပြီးသောအချင်းချင်းခိုက်ရန်ဖြစ်ပွါးမှုများကိုသင်ပုန်းချေပြီးဖြစ်ကြမယ်ဆိုလျှင်---

နောင်ဖြစ်သောအနာဂတ်ကာလမှာအချင်းချင်းခိုက်ရန်ဖြစ်ပွါးမှုများကိုအသစ်တစ်ဖန်ပြန်လည်၍
မဖြစ်ပွါးစေကြဘူးဆိုလျှင်ယခုမျက်မှောက်ပစ္စုပ္ပန်အချိန်မှာလည်းအချင်းချင်းခိုက်ရန်ဖြစ်ပွါးမှုများကို
လက်သင့်မခံပယ်လှန်ရှောင်ရှာကြမယ်ဆိုလျှင်သင်တို့သည်ငြိမ်းချမ်းစွာဖြင့်ကျင်လည်ကျက်စား
သွားလာနေထိုင်ကြရပေလိမ့်မည် -ဟု မြတ်ဘုရားမိန့်တော်မူခဲ့ပါတယ်။

တယောက်ကမနာလိုတယောက်ကရန်မူတယောက်ကပြန်လည်တုံ့ပြန်သံသရာကမဆုံနိုင်တော့ဘူး သူ့အလှည့်ကိုယ့်အလှည့်နဲ့ လည်ပါတ်လာတာလဲရေတွက်နိုင်မည်မထင်၊ ဒါတွေကိုအဆုံးသတ်ဖို့ရန် မြတ်ဘုရားက အထက်ပါအတိုင်းမိန့်ကြားခဲ့တာပါ။

သူ့အာဏာရဖို့အတွက်သူကတပါးသူကျဆုံးအောင်လုပ်လို့ကိုယ်ကပြန်မလုပ်ဘူးဆိုရင်လူတွေကညံ့တယ်
လို့ထင်ကာတုံ့ပြန်ကြတယ်၊မာနတွေထားကာတပါးသူထက်ပိုပြီးယုတ်မာတတ်လာတယ်၊
ဒီတော့ဘာတွေဖြစ်လာလဲဆိုရင်တော်သူကောညံ့သူပါအကုန်ပျက်စီးကုန်တယ်။

ဒီတော့မြတ်ဘုရားကရန်ကိုရန်နဲ့မတုံ့ပြန်ဖို့တယောက်နဲ့တယောက်အမုန်းတရားတွေမထားကြဖို့
 ကောလိယတိုင်းသားနဲ့ကပိလဝတ္ထုနှစ်ပြည်ထောင်စစ်ပွဲမှာခုလိုလေးဟောပြသွားပါတယ်၊
ဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်းမင်းပြုစဉ်မြို့ပြင်ရှိလက်သမားရွာ၌လက်သမားတစ်ယောက်
သည်တောမှသစ်တို့ကို ခုတ်ယူပြီးလှည်းပြုလုပ်ရောင်းချကာအသက်မွေးရတယ်။

ထိုအခါဟိမဝန္တာအရပ်တွင်ကြိုပင်ကြီးတစ်ပင်ရှိပြီးဝက်ဝံတစ်ကောင်သည်တောအရပ်၌အစာရှာဖွေ
စားသောက်ပြီးလျှင်ကြို့ပင်ကြီးအောက်၌ချမ်းသာစွာအိပ်လေ၏။တစ်နေ့တွင်လေတိုက်၍ကြို့
ပင်ကိုင်းခြောက်တစ်ခုသည်ကျိုးပြီးဝက်ဝံ၏ကျောကုန်းပေါ်သို့ကျ၏။

ဝက်ဝံလည်းကျောကုန်းအနည်းငယ်နာကျင်ကာအလန့်တကြားထ၍ပြေးသွားပြီးလျှင်တစ်ဖန်ပြန်
လှည့်၍ကြည့်ရှုစုံစမ်းသော်ရန်သူတစ်စုံတစ်ရာကို မမြင်သဖြင့်...
ကြို့ပင်ကိုအစွယ်နှင့်ထိုး၊လက်သည်းနှင့်ကုတ်ပြီးလျှင်''ငါသည်သင့်သစ်ပင်၏အရွက်ကိုလည်းမစား၊

အကိုင်းကိုလည်းမချိုး၊ကြို့ပင်အောက်မှာနေတဲ့တခြားသားကောင်တွေကိုသင်ကားနားလိုပြီး၊
ငါ့ကိုကားမနားလို၊ငါ့မှာဘာအပြစ်ရှိသလဲ၊နှစ်ရက်သုံးရက်နေနှင့်ဦး၊နှစ်ရက်သုံးရက်ကြာရင်
သင်ရုက္ခစိုးရဲ့ကြို့ပင်ကိုအမြစ်ပါမကျန်နုတ်စေပြီးအပိုင်းပိုင်းဖြစ်စေမယ်''ဟုကြိမ်းမောင်းပြီးလျှင်
သစ်ပင်ကိုဖျက်ဆီးနိုင်မည့်ယောက်ျားတစ်ယောက်ကိုစောင့်မျှော်ရှာဖွေလျက်ကြို့ပင်၏
အနီးမှာပင်ကျက်စား နေထိုင်၏။

တနေ့သောအခါလက်သမားသည်အဖော်လူနှစ်ယောက်သုံးယောက်ခေါ်၍လှည်းဖြင့်ထိုတော
သို့သွားရောက်ပြီးတစ်နေရာ၌လှည်းကိုထားကာဓားမ၊ပုဆိန်တို့ကိုကိုင်ပြီးလှည်းလုပ်ရန်ကောင်းမည့် သစ်ပင်ကိုရှာရင်းပင်ကြို့ပင်အနီးသို့ရောက်ရှိလာ၏။

ဝက်ဝံသည်ကြို့ပင်အနီး၌ရပ်နေကာလက်သမားအား''ဓားမလက်စွဲပြီးတောအတွင်းသွားလာနေတဲ့
အို...အဆွေငါ့အားအမှန်အတိုင်းဖြေကြားပါလော့၊သင်သည်ဘယ်သစ်သားကိုဖြတ်တောက်ရန် ရှာဖွေနေ ပါသလဲ''ဟုပြောဆိုလေ၏။

လက်သမားသည်ဝက်ဝံ၏စကားကိုကြားလျှင်၎င်း၏အဖော်များအား''မိတ်ဆွေတို့အံ့သြစရာပဲငါဟာ
 ရှေးတုန်းကတိရစ္ဆာန်ကလူစကားပြောတာကိုမမြင်ဖူး၊မကြားဖူးအခုထူးထူးခြားခြားလူစကားပြောတဲ့ ဝက်ဝံဟာလှည်းလုပ်လို့ကောင်းတဲ့သစ်သားကိုသိလိမ့်မယ်။
 

သူ့ကိုငါမေးမယ်''ဟုပြောပြီးလျှင်''အိုဝက်ဝံ...သင်ဟာလျှိုမြောင်စိမ့်စမ်းဒီတောတန်းမှာလှည့်
လည်ကျက်စားသူဖြစ်တယ်။ဒါကြောင့်ငါ့ကိုအမှန်အတိုင်းဖြေကြားပေးပါ။ဘယ်သစ်သားဟာလှည်းအကွပ် လုပ်လို့အခိုင်ခံ့ဆုံးဖြစ်ပါသလဲ''ဟုမေးလေ၏။

ဝက်ဝံသည်လက်သမား၏စကားကိုကြားလျှင်ပင်ကြို့ပင်သစ်သားဟာလှည်းလုပ်ဖို့အကောင်းဆုံး ဖြစ်ပါတယ်''
ဟုဖြေလေ၏။လက်သမားလည်းကြို့ပင်ဆိုသည်မှာမည်သို့ရှိသနည်းဟုဝက်ဝံအားမေး၏။ဝက်ဝံကလည်း'
'အိုမိတ်ဆွေကြို့ပင်ဆိုတာအကိုင်း၊အခက်တွေပျော့ပျောင်းပြီးမကျိုးလွယ်(မျှဉ်း၍ခံကုန်သည်)၊

အခုကျွန်ုပ်မှီပြီးရပ်နေတဲ့အပင်ဟာကြို့ပင်ဖြစ်ပေတယ်၊ရထား(လှည်း)ရဲ့အစိတ်အပိုင်းတွေလုပ်ရန်အလွန်
 ကောင်းလှတယ်''ဟုပြောကာထိုအနီးအနား၌ကျက်စားသွားလာနေ၏။

လက်သမားလည်းကြို့ပင်အားဖြတ်ရန်ပြင်ဆင်နေစဉ်ကြို့ပင်စောင့်နတ်သည်''ငါသည်ဝက်ဝံအပေါ်ကိုတစ်စုံ
တစ်ရာမပစ်ချဘဲလျက်ဝက်ဝံသည်အရာမဟုတ်သည်ကိုရန်ငြိုးဖွဲ့ကာငါ၏နေရာကိုပျက်စီးအောင်လုပ်လေပြီ၊
ငါ့နေရာပျက်စီးလျှင်ငါလည်းပျက်စီးရတော့မည်။ငါ၏ဥာဏ်သုံး၍ဝက်ဝံကိုလည်းပျက်စီးအောင်လုပ်အံ့''
ဟုတွေးမိလေတယ်။

ထို့နောက်ကြို့ပင်စောင့်နတ်သည်အလုပ်သမားယောက်ျားအသွင်ဖန်ဆင်း၍လက်သမား၏အနီးသို့
လာရောက်ကာ''ကြို့သားနဲ့လှည်းလုပ်ရင်ကောင်းတယ်လို့ဘယ်သူကပြောသလဲ''ဟုမေးရာ ''ဝက်ဝံတစ်ကောင်ကပြောပါတယ်''ဟုဖြေလေ၏။

ကြို့ပင်စောင့်နတ်က''ဝက်ဝံပြောသလိုလှည်းလုပ်ရန်အလွန်ကောင်းပါတယ်၊ဒါပေမဲ့ဝက်ဝံရဲ့အရေခွံကို
 လေးလက်မခန့်လှီးပြီးလှည်းအကွပ်လုပ်ရင်ပိုခိုင်ခံ့ပြီးတော့ဥစ္စာပစ္စည်းလည်းများစွာရလိမ့်မယ်''ဟု အကြံပေးစကားပြော၏။

လက်သမားလည်းဝက်ဝံအရေခွံကိုဘယ်ကရပါ့မလဲဟုမေးရာ၊ကြို့ပင်စောင့်နတ်က ဒီကြို့ပင်ကြီးကအသက်မရှိလို့ဘယ်နေရာကိုမှထွက်မပြေးပါ။ကြို့ပင်အကြောင်းပြောတဲ့ဝက်ဝံဆီ
သွားပြီးကြို့ပင်ကိုဘယ်နေရာကဖြတ်ရမလဲလို့ပြခိုင်းပါ။သူကနှုတ်သီးနဲ့ရှေ့ကပြနေချိန်မှာပုဆိန်နှင့်
ခုတ်သတ်ပြီးအသားကိုစား၊အရေခွံကိုခွာပြီးမှဒီကြို့ပင်ကို ဖြတ်ပါ''ဟုပြောလေ၏။

လက်သမားလည်း''ယနေ့ကားငါ့အတွက်မင်္ဂလာရှိသောနေ့ပေတည်း''ဟုအံ့သြစကားပြောပြီးလျှင် ဝက်ဝံကိုလည်းသတ်၊ကြို့ပင်ကိုလည်း ခုတ်ဖြတ်၍သူ၏နေရပ်သို့ ပြန်လေ၏။
 

မြတ်စွာဘုရားက''အကြင်အရပ်၌လူတို့သည်ခိုက်ရန်ငြင်းပွား၊အချင်းများကြသည်။
ထိုအရပ်ရှိ လူတို့သည်ဝက်ဝံနှင့်ကြို့ပင်စောင့်နတ်တို့ပမာဒေါင်းကသကဲ့သို့လျှို့ဝှက်အပ်သောအရာကို ထင်ရှား ပြကုန်သလိုအချင်းချင်းလျှို့ဝှက်ရမည့်အကြောင်းကိုထင်ရှားဖော်ပြကြသည်။

အိုဆွေတော်မျိုးတော်အပေါင်းတို့ဂင်္ဂါ၊ယမုံနာမြစ်ရေနှစ်ဖြာကဲ့သို့ကောင်းစွာနှီးနှောမေတ္တာချင်းရောကြပါ
ကုန်လော့၊ခိုက်ရန်ငြင်းပွားအချင်းမများကြပါလင့်၊ဝက်ဝံနှင့်ကြို့ပင်စောင့်နတ်တို့နှင့်တူသော
သူများမဖြစ်ကြကုန်လင့်ညီညွတ်ရန်ကိုသာအားထုတ်ကြလော့၊ညီညွတ်ခြင်းကိုအဆူဆူသောဘုရားရှင် တို့သည်ချီးမွမ်းပေ၏''ဟုဟောကြားခဲ့တယ်။

ကောလိယတိုင်းသားနဲကပိလဝတ်တိုင်းသားတို့ဟာရောဟိနီမြစ်ရေကြောင့်ဖြစ်ကြတယ်၊
 မြစ်ရေသည်သန့်ရှင်း၏ကြည်လင်၏သို့သော်မိမိရဲ့အတွင်းထဲမှာဆာလောင်နေတဲ့လောဘမီး
ပူလောင်နေသောဒေါသမီးညစ်နွမ်းနေသောမောဟမီးတို့ကိုငြိမ်းစေနိုင်သလော၊မငြိမ်းစေနိုင်ဘူး။

မငြိမ်းစေနိုင်တဲ့အပြင်တန်ဖိုးရှိလှတဲ့လူတွေရဲ့အသက်ကိုပါခြိမ်းခြောက်လာတယ်၊အေးမြခြင်းဆိုတဲ့
အကြောင်းတရားတွေမရှိတော့ပြီ အေးချမ်းသောသဘောကိုမျက်ကွယ်ပြုခဲ့လေပြီ၊ဒါကြောင့်ရေကြောင့်ဖြစ်
လာတဲ့ညွှန်ကိုရေကြောင့်ပဲစင်ကြယ်စေတယ်၊စိတ်ကြောင့်ဖြစ်လာတဲ့ရန်မူခြင်းအမျက်ထွက်ခြင်း
တရားတွေကိုလည်းမိမိစိတ်ကြောင့်ပဲစင်ကြယ်စေတယ်လို့မြတ်ဘုရားမိန့်မှာခဲ့တာတွေကို
များစွာတွေ့ခဲ့ဘူးပါတယ်။

ဒါကြောင့်ငြိမ်းချမ်းစေတာဟာလက်ရှိအပြင်မီးဖြစ်တဲ့မိမိရန်သူကြောင့်မဟုတ်ပါဘူး၊အပြင်မီးတွေကို
ရန်သူလိုသဘောမထားဘဲအတွင်းမီးကိုသာအဓိကထားကာမိမိဘဝလှပဖို့အာဏာတွေရာထူးတွေ စည်းစိမ်တွေလုကာရန်သူတွေဖြစ်နေကြမယ်ဆိုရင် ဘဝသံသရာအတွက်ရင်လေးစရာပင်ဖြစ်နေလိမ့်မည်။

မိမိဘဝအေးချမ်းဖို့အတွက်ဆိုရင်ရန်မူခြင်းကိုပယ်ဖျောက် မေတ္တာတရားလက်ကိုင်ထားကာမှနောင်
သံသရာအတွက်အလှပဆုံးဖြစ်မှာပါ။

(ဓမ္မစမ်းရေ)

အဆင်မပြေမှုတွေဖြစ်လာခဲ့ရင်



ကုသိုလ်ကံအားနည်းလို့အကုသိုလ်ကံတွေအားကြီးကိုယ်လုပ်တဲ့အလုပ်မှာမကောင်း
မှုတွေကြီးဖိစီးပြီးနေကြတဲ့သူတွေ ပျက်စီးဖို့အချိန်တန်လာရင် အမှားတွေကိုအမှန်ထင် အမှန်တွေကိုအမှားထင်လာတတ်ပါတယ် အဲဒီလိုထင်လာရင်မိမိမှာရှိတဲ့အသိဥာဏ်တွေ ကြီးပွားတိုးတက်မှုတွေ အကုန်လုံးပျက်စီးဆုံးရှုံးခြင်းသို့ရောက်ရတတ်ပါတယ်။

ခုခောတ်လူငယ်တွေ မိမိလုပ်နေတဲ့အလုပ်ကမှားနေတတ်ပါတယ် သို့သော် သူတို့က ဘာသာရေးနဲ့ဝေးနေတော့ ခုလိုလေးတွေတွေးမိတတ်ကြတယ်..
ကုသိုလ်လုပ်တဲ့အချိန်တွေမှာကိုယ်လုပ်တဲ့အလုပ်ကမအောင်မြင်ဘူးဆိုရင်ဘာထူးလို့
လဲကုသိုလ်လုပ်တော့ကောရွက်လိုက်ရတဲ့ပရိတ်၊စိပ်လိုက်ရတဲ့ပုတီး၊ဖတ်ဖတ်ကိုမောလို့
ဟိုမကောင်းမှုလုပ်တဲ့သူကျတော့စာမေးပွဲအောင်သတဲ့အလုပ်ရသွားသတဲ့ရာထူးတိုးသွား
သတဲ့မထူးပါဘူးကွာဆိုပြီးမကောင်းတဲ့စိတ်ဖက်ကိုယိုင်သွားကြတဲ့သူတွေခုခောတ်မှာများ
စွာတွေ့ရတတ်ပါတယ်။

အရင်ကကိုယ်လုပ်ခဲ့တဲ့မကောင်းမှုကိုမတွေးတတ်ကြဘူးရှေးကမကောင်းမှုတွေရှိနေသ၍
မကောင်းမှုတွေအားကြီးနေသ၍တော့ကောင်းမှုကနိုင်လိမ့်မည်မဟုတ်ဘူးဆိုတာကိုနည်း
မှန်လမ်းမှန်အနေနဲ့တွေးတတ်ဖို့လိုပါတယ်။

တချို့ကပြောကြသေးတယ်၊တပည့်တော်တို့ ကုသိုလ်တွေလုပ်ပါတယ်ဘုရား တပါးသူကိုလည်း ကူညီတယ် မနာလိုစိတ်မရှိပါဘူး တတ်နိုင်သလောက် လှူကြတယ် ဒါပေမဲ့ တပည့်တော်တို့မိသားစုကံဆိုးတယ်ဘုရား ကံကကောင်းကိုမလာဘူးဖြစ်နေတယ်ဘုရားတဲ့။

ဓမ္မစမ်းရေပြန်မေးလိုက်ချင်ပါတယ်၊တပည့်တော်တို့မိသားစုအရင်ဘဝကဘယ်လောက်တောင်
အကုသိုလ်တွေလုပ်ခဲ့မိလဲလို့ ကုသိုလ်ကများရင် အကုသိုလ်ကိုနိုင်တယ် အကုသိုလ်ကများရင်လည်း ကုသိုလ်ကိုနိုင်သွားတတ်တယ် ကုသလော အကုသလဿ၊ အကုသလော ကုသလဿပေါ့။

အဲဒါကြောင့် အဆင်မပြေဖြစ်တဲ့အချိန်တိုင်း မိမိတွေးရမှာက ငါအတတ်နိုင်ဆုံးကောင်းတဲ့အလုပ်ပဲလုပ်မယ် ဘယ်လောက်ပဲအဆင်မပြေမှုတွေဝင်နေပါစေ၊မိမိလုပ်ဆဲဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေအပေါ်ထားဆဲတပါး
သူအပေါ်မေတ္တာတရားတွေကူညီဆဲမိမိရဲ့အကြင်နာတရားတွေကိုငါဘယ်တော့မှသံသယမရှိစေရဘူး
လို့မိမိစိတ်ကိုပြုပြင်ပေးနေပါ အချိန်တန်လာရင် အဆင်ပြေမှုတွေကြုံလာပါလိမ့်မယ်။

သံသယဝင်သွားမိတာနဲ့မိမိလုပ်ထားသမျှတွေအားလုံးသဲထဲရေသွန်သလိုဖြစ်သွားတတ်ပါတယ်၊
ဒါလေးကိုသတိထားစေချင်ပါတယ်၊ လူတွေက ဆင်းရဲတခါ ချမ်းသာတလှည့်နဲ့ ကံကြမ္မာကိုအပြစ်ပြောတတ်ကြတယ်၊ တကယ်တမ်းအပြစ်တင်ရမှာက မတည်ငြိမ်တဲ့မိမိရဲ့စိတ်ဓာတ်ကိုပါ။

ကုသိုလ်ကောင်းမှုဒီလောက်လုပ်နေတာတောင် မကောင်းတဲ့အရာတွေဝင်လာနေရင် မကောင်းတာများလုပ်မိခဲ့ရင်ဒီထက်ပိုမဆိုနိုင်ဘူးလား၊ဘယ်လိုပဲဖြစ်နေပါစေ မိမိရဲ့စိတ်ကိုအဖြူစင်ဆုံးထား မိမိလုပ်တဲ့အလုပ်အပေါ်သံသယမဝင်မိစေနဲ့ ထားဆဲစေတနာ ထားဆဲမေတ္တာ ကျင့်သုံးဆဲ ကောင်းမှုကုသိုလ်တွေဆက်လုပ်ပေးပါ၊ အဆင်ပြေမှုတွေရောက်လာပါလိမ့်မယ်။
ကိုယ်စိတ်နှစ်ပါး ကျမ္မာချမ်းသာပြီးအဆင်ပြေမှုတွေတသီကြီးဝင်လာကြပါစေ။

(ဓမ္မစမ်းရေ)

ပုဂ္ဂိုလ် ၄မျိုး


သတ္တလောကကြီးထဲမှာလူအမျိုးမျိုးပုဂ္ဂိုလ်အမျိုးမျိုးသတ္တဝါအမျိုးမျိုးရှိကြပေမဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက ရှုထောင့်အမြင်က လူသည် တိရိစ္တာန်တို့မှ ခြားနားရမည်။ သူသည် အကျိုးအကြောင်း ဆင်ခြင်ဖို့ရန် သူ့ရဲ့ အသိဥာဏ်နှင့် သိနားလည်မှုတို့ တိုးတက်သောကြောင့် ဖြစ်ပါတယ်။


လူအဓိပ္ပါယ်က အတွေးအခေါ်နဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိသူလို့ ဆိုနိုင်ပါသည်။ ဘာသာတရားတို့ရဲ့ ရည်ရွယ်ချက်ကတော့လူတွေကိုမှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့ရန် တိရိစ္ဆာန်ဆိုတဲ့ အဆင့်အတန်းတို့မှ မြင့်တက်လာရန် လောကကြီးနှင့် ဆက်စပ်သူများအပေါ် သိမြင်နားလည်လာအောင် ကူညီပေးရန် နှင့် စစ်မှန်သောပျော်ရွှင်မှုနှင့် ပါရမီတို့ရဲ့ အဆုံးစွန်သောပန်းတိုင်တို့ကို ရရှိရေးတို့နှင့်အတူ အချိုးကျကျ နေထိုင်ရေးတို့ ဖြစ်ပါတယ်။

မြတ်ဘုရားကလဲ လူတွေကိုပုံပမာပေး၍ဟောထားခဲ့သည်ကား ရဟန်းတို့ ရေအိုင် ၄-မျိုးရှိသည်။
ယင်းတို့မှာ -
(၁)တိမ်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူသောလူ
(၂)နက်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသောလူ
(၃)တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသောလူ
(၄)နက်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူသောလူတို့ပင်ဖြစ်တယ်။


ထို ၄-မျိုးတို့တွင် တိမ်လျှက်နက်ရောင်ရှိသောရေအိုင်လိုလူမျိုးဆိုတာ ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသောအမူအရာအားဖြင့်ကြည်ညိုဖွယ်ရှိသော်လည်းသစ္စာလေးပါးကို မသိသူ ကောင်းတာဆိုးတာကိုမသိသူသည် တိမ်လျက် နက်ရောင်ရှိ သော ရေအိုင်နှင့် တူသူ ဖြစ်တယ်။

လောကလူတွေနားလည်အောင်ပြောပြရရင်ပါးစပ်ကဘုရားဘုရားလက်ကကားယားကားယားဆိုသလို
မျိုးပေါ့လူရှေ့မှာတော့ကြည်ညိုဖွယ်အတိကွယ်ရာလည်းရောက်ရောမကောင်းတာမှန်သမျှအကုန်လုပ်တဲ့
သူမျိုးကိုဆိုလိုတာပါ။

နက်လျှက်တိမ်ရောင်ရှိသောရေအိုင်လိုလူမျိုးဆိုတာကတော့ ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာ ၄-ပါးကို သိမြင်သူ ကောင်းတာဆိုးတာကိုသိမြင်သူသည် နက်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့် တူ သူ ဖြစ်တယ်။

ဒီလိုလူကျတော့အပြောအဆိုအပြုမူကြမ်းပေမဲ့နှလုံးသားစိတ်အလွန်ကောင်းသူပေါ့၊
ဥပမာစားစရာကိုပြစ်ကျွေးတတ်ဆဲပြီးကျွေးတာမျိုးတကယ်တော့သူစိတ်ထဲမှာတပါးသူကိုတကယ်
စားစေချင်တဲ့စိတ်ဆန္ဒရယ်ပါ။

တိမ်လျှက်တိမ်ရောင်ရှိသောရေအိုင်လိုလူမျိုးဆိုတာက ဆိုခဲ့သော အမူအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊သစ္စာလေးပါးကိုလည်းမသိမြင်အကောင်းအဆိုးလည်းနားမလည်သူသည် တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။

ဒီလိုလူမျိုးကတော့အချည်းအနှိးအလကားလူမျိုးလို့ဆိုရပေမယ်၊အပြုအမူ အပြောအဆို စိတ်စေတနာဘယ်အရာမှတပါးသူအတွက်အကျိုးမ၇ှိစေတဲ့အတွက်ကြောင့်ပါ၊ ဒီလိုလူမျိုးကိုမပေါင်သင့်ပေ။

နက်လျက် နက်ရောင်ရှိသော ရေအိုင်လိုလူမျို့ဆိုတာက မိမိပြုသမျှအမူအရာ အပြောဆိုအားဖြင့်လည်း ကြည်ညိုဖွယ်ရှိ၏။သစ္စာ ၄-ပါးကို လည်းသိမြင် အကောင်းအဆိုးကိုသိမြင်သူသည် နက်လျက် နက်ရောင်ရှိသော ရေအိုင်နှင့်တူ သူ ဖြစ်သည်။ ဟု ဟောတော်မူသည်။

အပြုအမူအပြောအဆိုယဉ်ကျေးပြီးတပါးသူအကျိုးစီးပွားကိုလည်းတကယ်လိုလား၊ တပါးသူကိုမေတ္တာစေတနာအပြည့်ဖြင့်ဆက်ဆံတတ်သူ လောကီကောလောကုတ္တရာပါ ပစ္စုပ္ပန်ကောတမလွန်ပါအကျိုးရှိစေမဲ့သူဒီလိုလူမျိုးကိုတကယ်အနှစ်သာရနဲ့ပြည့်စုံသူဖြစ်တယ်။
မိတ်ဆွေတို့ကောဘယ်လိုလူမျိုးထဲပါသလဲဆိုတာဆန်းစစ်ကြည့်ကြရအောင်လား။

(ဓမ္မစမ်းရေ)