Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mercredi 10 décembre 2014

သမုဒယနွံ


သမုဒယနွံဆိုတဲ့ခေါင်းစဉ်ကိုစဉ်းစားမိတာကြာပြီ ရေးမယ်ဆိုပြီပေါ့ မရေးဖြစ်ဘူး ခုတော့ချရေးကြည့်မိတယ် သမုဒယဆိုတာကတော့သံယောဇဉ်ပေါ့နော် ရိုးရိုးလေးဖွင့်ကြည့်လိုက်မိတာပါ။

အဲဒီထဲမှာက မိဘ သားသမီး ဆရာတပည့် စီးပွားရေးသံယောဇဉ် ပညာရေးသံယောဇဉ် လူမှုရေးသံယောဇဉ်စသည်တို့ပေါ့ မြောက်များစွာသောသမုဒယအနှောင်အဖွဲ့နွံထဲမှာ နစ်နေခဲ့ကြရတာ တသက်လုံးဆိုတာထက် တသံသရာလုံးလို့ပြောလိုက်ရင် ဓမ္မစမ်းရေလွန်သွားမလားပဲ။

များပြားလှတဲ့သမုဒယသံယောဇဉ်တွေထဲကမိဘနဲ့သားသမီးသံယောဇဉ်အကြောင်းလေးဖွဲ့နွဲ့
ကာရေးကြည့်ချင်စိတ်ပေါ်ပေါက်ခဲ့မိပါတယ် တခါတုံးကပေါ့….

ဓမ္မစမ်းရေပညာရေစို့သောက်စို့ခဲ့သောသဲကုန်းမြို့ကလေးမှာအပျိုကြီးတယောက်ရှိခဲ့တယ်သူ့မှာ
အိမ်ထောင်ကျပြီးသားတူမလေးတယောက်နဲ့တူတူနေထိုင်တယ်အပျိုကြီးကစီးပွားကလည်း၇ှာစရာမ
လိုတော့တရားနာတရားထိုင်အလုပ်ကိုပုံမှန်လုပ်ဖြစ်တယ် သူနဲ့အတူဓမ္မမိတ်ဆွေတွေကောပေါ့ တနေ့တာကိုတရားဓမ္မနဲ့ပဲကုန်လွန်စေခဲ့တယ် တရားနဲ့ပဲပျော်ရွှင်စွာနေထိုင်ခဲ့တယ်။

တူမလေးကလည်းနိုင်ငံဝန်ထမ်းပေါ့နိုင်ငံတာဝန်ထမ်းဆောင်ရင်းတူမလေးမှာချစ်စရာအလွန်ကောင်းသော
သားကလေးတယောက်ထွန်းကားခဲ့ပါတယ်။

သားကလေးမွေးပြီဆိုကတည်းကအပျိုကြီးလက်ထဲမှာအစစရာရာအကုန်လုံးအပျိုကြီးကပဲတာဝန်ယူပြီးကလေး
ကိုမွေးစားခဲ့ပါတယ်၊ဒီလိုနဲ့ပဲအပျိုကြီးကသားလေးကိုသံယောဇဉ်တွေဖြစ်ကာအရိပ်တကြည့်ကြည့်နဲ့ပေါ့
သားကလေးကလဲတဖြေးဖြေးနဲ့စကားကလဲမပီကလာပြောတတ်လာတော့ပိုပြီးသံယောဇဉ်တွယ်လာတယ်။
မပီကလာအသံကလဲထွက်လာတာကမေမေကြီးကြီးတဲ့သံယောဇဉ်ဖြစ်လောက်တဲ့ချစ်စရာကောင်းတဲ့အသံ၊ဒါကြောင့်မို့ပိုပြီးသားလေးနဲ့ပဲအချိန်တွေကိုကုန်မှန်းမသိကုန်ခဲ့ရတယ်လေ၊သားလေးကိုချစ်တော့တရားလည်းမေ့နေပြီ၊သားလေးကတဖြေးဖြေးနဲ့ငါးနှစ်သားအရွယ်ရောက်ခဲ့ပြီဒီတော့မေမေကြီးမေမေကြီးနဲ့ခေါ်တဲ့အသံကလဲအပျိုကြီးနှလုံးသားထဲမှာစွဲနေခဲ့ပြီလေ။

ဒါကြောင့်သားလေးစီးဖို့ဆိုပြီးစက်ဘီးသားလေးတစီးဝယ်ပေးခဲ့တယ်ဒီလိုနဲ့တနေ့မှာတော့သားလေး
စက်ဘီးမှောက်လို့တဲ့ဘေးကလူတွေပြောတော့အပျိုကြီးခဗျာရင်ထဲမှာဘာတွေဖြစ်မလဲစဉ်းစားတာကြည့်ပေါ့
သားလေးကလက်ကလေးခေါက်သွားတယ်ဆေးရုံပို့တယ်သားလေးကမေမေကြီးလက်ကနာတယ်
ဆိုတော့ရင်မှာပွေ့ထားတာအကြင်နာတွေတသီကြီးပိုနေလို့ပေါ့။

ဒီလိုနဲ့တရားနဲ့ဝေးနေလိုက်တာကလည်းဘယ်လောက်ကြာမြင့်ခဲ့ပြီဆိုတာအပျိုကြီးမေ့နေလေပြီ၊
ဒီကြားထဲတူမကကလေးတယောက်ထပ်ကာမွေးတော့သံယောဇဉ်သမုဒယကြိုးကပိုလို့ပင်တိုးခဲ့လေပြီ။

တနေ့မှာတော့ဓမ္မမိတ်ဆွေတွေကမနက်ဖြန်မိုးကုတ်ရိပ်သာမှာတရားစခန်းရှိတယ်လိုက်အုံးမလားဆိုတော့
ငါ့မှာကလေးတွေနဲ့မဖြစ်ပါဘူးနောက်တော့အားရင်လိုက်ပါ့မယ်ခုတော့မအားလို့မလိုက်နိုင်သေးပါဘူး
လို့ပြောလိုက်တယ်ဓမ္မမိတ်ဆွေတွေကလည်း”ညည်းနယ်”သူ့မိဘတွေရှိတာပဲအချိန်ရှိတုံးလိုက်ခဲ့ပါ
ဆိုတော့မဖြစ်ပါဘူးအေသားလေးကငါရှိမှမဖြစ်ပါဘူးနောက်တော့လိုက်မှာပေါ့လို့ပြောကာနေရစ်ခဲ့မိတယ်။

အဲဒီနေ့ညနေမှာပဲ အပျိုကြီးကရေပုန်းကလေးနဲ့ရေသယ်ရင်း ခြေတွေလက်တွေထုံလာတယ် ညရောက်တော့ အပျိုကြီးလေဖြတ်ပါတော့တယ် အပျိုကြီးခဗျာဘာမှမလုပ်နိုင်၇ှာတော့ဘူး ကလေးတွေကမေမေကြီးအသံလည်းကြားပေမဲ့အရင်လိုမထွေးပွေ့နိုင်ရှာတော့ပေ။

အပျိုကြီးလေဖြတ်တော့ကလေးတွေမေမေကြီးအသံကလည်းတဖြေးဖြေးနဲ့ပျောက်ကွယ်ခဲ့လေပြီ အဲဒီတော့မှအပျိုကြီးစဉ်းစားခန်းဝင်လေပြီလေဖြတ်တဲ့နေ့ကဓမ္မမိတ်ဆွေတွေခေါ်တော့လိုက်သွားလိုက်ရင်
ငါလေဖြတ်မှာမဟုတ်ဘူးခုတော့ငါတရားမေ့လို့ဒီလိုဖြစ်တာငါဟာသမုဒယနွံထဲကိုနစ်နေမိတာကြာခဲ့လေပြီ ငါမှားပါကောလားဟုတွေးတောကာမျက်ရည်တွေဖြိုင်ဖြိုင်ယိုစီးကာကျခဲ့လေပြီ….

ဒီလိုမျိုးအဖြစ်တွေဓမ္မစမ်းရေပရိတ်သတ်ထဲမှာပုံသဏ္ဍာန်မတူပေမဲ့သမုဒယနွံနစ်နေတဲ့သူတွေ
အများကြီးရှိမယ်ထင်ပါတယ်၊ဒါကြောင့်မို့သံယောဇဉ်ဆိုတဲ့ကြိုးတချောင်းဟာတသက်လုံးမဟုတ်ဘူး၊
တသံသရာလုံးကိုတောင်ရစ်နှောင်နိုင်တဲ့ကြိုးပဲ၊ ဒီကြိုးကိုမဖြတ်ရင်တော့ဘဝဟာနှမြောစရာဖြစ်ခဲ့ရအုံးမှာပဲ။

ဒါကြောင့်တိုက်တွန်းမိပါတယ်ဘာကြောင့်ညာကြောင့်အနှောက်မတွယ်ဘဲ ကိုယ်တွက်ကိုရေး ကြံပေးကြဖို့အခုကောင်းမှနောင်ကောင်းမယ်ဆိုတာစဉ်းစားမိဖို့နေ့ရက်တွေမရွှေ့ပဲရတဲ့အချိန်ကိုတန်ဖိုးရှိစွာ
အသုံးချတတ်ဖို့တိုက်တွန်းလိုပါတယ်။

ကဲနောက်ဆုံးအနေနဲ့ သံယောဇဉ်ဆိုတာ အမြှောက်တွေနဲ့ပစ်ကာဖြိုခွင်းလို့မရဘူး သတိတည်းဟူသောလက်နက်နဲ့ပစ်ကာဖြိုခွင်းမှရနိုင်ပါတယ် သတိထားကာနေကြပါလို့တိုက်တွန်းရင်း…….

သမုဒယသံယောဇဉ်ဆိုတာ… ဖြတ်ဖို့ခက်တဲ့ ပင်လယ်ပြင်ကြီး

သမုဒယသံယောဇဉ်ဆိုတာ… ကောင်းကင်ပြင်လို

သမုဒယသံယောဇဉ်ဆိုတာ… ပင့်ကူတစ်ကောင်ရဲ့ အသိုက်

သမုဒယသံယောဇဉ်ဆိုတာ… စွန်တစ်ခုရဲ့ရစ်ဘီးလို

သမုဒယသံယောဇဉ်ဆိုတာ… အိမ်တစ်လုံးရဲ့အမိုးအကာ

သမုဒယသံယောဇဉ်ဆိုတာ… ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး

သမုဒယသံယောဇဉ်ဆိုတာ… ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း

သမုဒယသံယောဇဉ်ဆိုတာ… အမှားပုစ္ဆာရဲ့နောင်တ တရား

သမုဒယသံယောဇဉ်ဆိုတာ… အဝိဇ္ဇာတို့အမိုက်မှောင်

သမုဒယသံယောဇဉ်ဆိုတာ… သေခြင်းတရားရဲ့ဆန့်ကျင်ဘက်

သံယောဇဉ်ဆိုတာ……..

ဓမ္မစမ်းရေ..

စိတ်ညစ်လာရင်

လူရယ်လို့ ဖြစ်လာရင် ကိုယ်ခန္ဓာနှင့် ဖွဲ့စည်း တည်ဆောက်ထားပြီး စိတ်ဆိုတဲ့ အရာတွဲလျက် ပါလာပါတယ်။ သဘာဝက ဖန်တီးထားတဲ့ ဒီနေ့ မိုးရွာရင် ရွာမယ်။ နေပူချင် ပူမယ်ဆိုတဲ့ အရာတောင် ဖြစ်ပေါ် သေးတာပဲ။

လူတွေရဲ့ စိတ်မှာလည်း စိတ်ဓာတ် ကျချိန်ရှိမယ်၊ စိတ်ဓာတ်တက်ချိန် ရှိချင် ရှိမယ်။ ဥပမာပေးရရင် အပူအအေး မမျှတသလိုပါပဲ။ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ၀န်းကျင်ပေါ် မူတည်ပြီး အရာအားလုံးက ပြောင်းလဲနေတဲ့ အတွက် စိတ်ပျော်နေတဲ့ အချိန်နှင့် စိတ်ညစ် နေတဲ့ အချိန်တွေ ရှိနေမှာ ဖြစ်ပါတယ်။... "

ပတ်ဝန်းကျင် ကို ကြည့်လိုက်ပါ၊ ဘဝမှာ ပြည့်စုံ ကြွယ်ဝနေတဲ့သူတွေ … ချို့တဲ့နေတဲ့ သူတွေကို တွေ့နိုင်ပါတယ်၊ မှန်တာပေါ့ … လိုချင်တာမှန်သမျှ အလိုလိုရောက်လာသလိုမျိုး ရနေတဲ့သူတွေ … ကြိုးစားနေပေမဲ့ မရတဲ့သူတွေ အဲဒီလို အခြေအနေတွေကိုတွေ့နိုင်တာပေါ့။

လူသားအားလုံး ဘဝမှာ ကံကောင်းတဲ့ အချိန်တွေရော ကံမကောင်းတဲ့ အချိန်တွေပါ ရှိကြတယ်။ အချို့ကလည်း သူတို့လိုချင်တာတွေကို ဆက်ပြီး ရနေကြတယ်၊ အချိုတွေကလည်း လိုချင်တာကို မရဘဲ မလိုချင်တာကိုပဲ ရနေကြတယ် … "

မလိုချင်တာရတော့ဘာဖြစ်လဲစိတ်ညစ်တယ်ဒီညစ်တာကိုပျော်ရွှင်တာနဲ့ဖာထေးဖို့မစဉ်းစားဘူး
ဒီဟာကိုပဲစိတ်ထဲမှာတသသဖြစ်နေတတ်တာလူတွေရဲ့သဘောပါပဲ။

နောက်ပြီးလူတွေကစိတ်ဆင်းရဲစရာတခုစိတ်ချမ်းသာစရာအခုတရာဆိုရင်စိတ်ဆင်းရဲမှုတခု
ကိုတွေးပြီးနေတတ်ကြတယ် မကောင်းတဲ့အရာကိုဆုတ်ကိုင်ထားတတ်ကြတယ် မကောင်းတာကိုကောင်းတာနဲ့အစားထိုးဖို့ကိုမေ့ထားတတ်ကြပြန်တယ်။

တစ်ခါတုန်းက ခရီးသွားတစ်ဦးဟာ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတစ်ခုကို ကျော်ဖြတ်ချိန်မှာ မတော်တဆ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခဲ့တယ်။ ပြုတ်ကျတဲ့အချိန် ကြောက်အားလန့်အားနဲ့ သစ်ကိုင်းတစ်ကိုင်းကို ဆွဲမိဆွဲရာ ဆွဲထားလိုက်တော့ ခရီးသည်ဟာ အပေါ်မရောက်၊ အောက်မရောက်နဲ့ အလယ်မှာ တွဲလောင်းကျနေခဲ့တယ်။ ဒီအချိန်မှာ ခရီးသည်က ဘုရားကိုအာရုံပြုပြီး ကယ်တင်ခံရဖို့ ဆုတောင်းတော့တယ်။

ဘုရားက ခရီးသည်ကိုကယ်တင်ဖို့ ကိုယ်ထင်ပြပြီး ” အသင့်လက်ထဲက သစ်ကိုင်းကို လွှတ်ချလိုက်ပါ” လို့ဆိုတယ်။ ဒါပေမယ့် ခရီးသည်က “လက်ကိုလွတ်လိုက်တာနဲ့ တပည့်တော် ချောက်ထဲကျသေနိုင်တယ်” လို့ပြောပြီး သစ်ကိုင်းကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်။

အဲဒီလို ခေါင်းမာတင်းခံတဲ့လူတစ်ယောက်ကို ဘုရားလည်း မကယ်တင်နိုင်ခဲ့ပါဘူး။
အဲဒီလိုပဲ စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကျွန်တော်တို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတတ်တယ်။ လက်လွတ်ပြီး အခွင့်အကောင်းအသစ်ကို မရှာခဲ့ရင်၊ အတွေးသစ်တွေကို ဦးနှောက်ထဲအဝင်မခံခဲ့ရင် စိတ်ညစ်စရာ မြူစိုင်မြူခဲတွေထဲ ကိုယ်ပိတ်လှောင်ခံနေဦးမှာပါပဲ။

စိတ်ညစ်လာတဲ့အခါအာရုံသစ်ကိုပြောင်းပါ ပျော်စရာနဲ့ဖာထေးပါ မေတ္တာများများပို့ပါ ရုပ်ရှင်ကြည့်ပါ အားကစားလုပ်ပါကိုစိတ်ညစ်လာတဲ့အခါငါလိုညစ်နေသူတွေငါ့လိုပဲလောကကြီးမှာအများကြီးရှိနေပါလား
ညစ်စရာကိုပစ်ခွါပြီးပျော်စရာဖြစ်အောင်နေမယ်ဟုစိတ်မှာအားသွင်းကာနေထိုင်ပါဒါဆိုရင်သင်ပျော်လာ
လိမ့်မယ်။

(ဓမ္မစမ်းရေ)

သူနေရာမှာ ငါသာဆိုလျှင်


လူတိုင်း ရင်ထဲနှလုံးသားထဲမှာ အမြဲတမ်းကြားဖူးနားဝရှိနေသည့် စကားနှစ်လုံး ...“နားလည်မှု” နှင့် “ကိုယ်ချင်းစာတရား”အမြဲတမ်း ကြားနေပေမယ့်လည်း လိုက်နာရန် ခက်ခဲသည့် စကား ...တစ်ခုနှင့် တစ်ခု လည်း အဆက် အစပ်ရှိနေတယ်၊

“ကိုယ်ချင်းစာတရား” မရှိလျှင် “နားလည်မှု” ဆိုတာ မရှိနိုင်သလို ...“နားမလည်မှု” မရှိတဲ့ လူမှာလည်း “ကိုယ်ချင်းစာတရား” ဆိုတာ မရှိနိုင်ပါဘူး။လောက နိယာမ သဘောတရားအရ ... တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံတဲ့အခါ တယောက်ကိုတခုခုကိုပြုလုပ်မိသောအခါ“ကိုယ်ချင်းစာမှု” ဆိုသည်မှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေတယ်ဆိုတာ လူတိုင်းလူတိုင်း ငြင်းလို့မရပါဘူး၊

ဘာသာရေးကိုသော်လည်းကောင်း စီးပွားရေးကိုသော်လည်းကောင်း လူမှုရေးကိုသော်လည်းကောင်း မိမိပြုလုပ်တော့မည်ဆိုရင်ကိုယ်ချင်းစာနာမှုနားလည်မှုတွေများစွာထားဖို့လူသားတိုင်းမှာလိုအပ်ပါတယ်။

မိမိလုပ်လိုက်လို့တပါးသူစိတ်ဆင်းရဲဖြစ်စေမည့်အလုပ်ကိုတော့များစွာရှောင်ကြဉ်သင့်ပါတယ် သူနေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ဓာတ်ကလေးမွေးပေးကြပါငါစိတ်ချမ်းသာပြီးရောတပါးသူဘယ်
လိုဖြစ်နေဖြစ်နေဆိုရင်တော့ အားလုံးသောသူတွေစိတ်ဆင်းရဲမှုကိုတသီကြီးပေးလိုက်တာပါပဲ။

ဆရာတပည့် မိဘနဲ့သားသမီး မောင်နှမ အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်း ... ချစ်သူ သမီးရည်းစား ...အလုပ်ရှင် နှင့် ၀န်ထမ်း ... မည်သည့်နေရာတွင်မဆို တစ်ယောက်နှင့် တစ်ယောက် နားလည်မှုရှိနေလျှင် အဆင်ပြေနေမည်နားလည်မှုလွဲပြီဆိုလျှင်တော့ အဆင်ပြေတော့မည် မဟုတ်ပါ။

နားလည်မှုလွဲပြီဆိုတာနှင့် တစ်ယောက်နှင့် တစ်ယောက် မကောင်းမြင် အမုန်းပွား အာဃာတတရား အငြိုးတွေ မာနတွေ ဒေါသတွေ နောက်ဆက်တွဲအနေနဲ့ ပါလာပါပြီ။ ချစ်နေတုန်းမှာ အပြစ်မမြင်ကြပေမယ့် မုန်းပြီးဆိုရင်တော့ အရာအားလုံးဟာ အပြစ်တွေပဲဖြစ်လာမှာပါ ...။

အကောင်းမြင်တတ်ဖို့အတွက်ဆိုရင် ကိုယ်ချင်းစာတရားတစ်ခု ... “သူ့နေရာမှာ ငါသာဆိုလျှင်” ခဏလေး ၀င်ကြည့်ပေးလိုက်ပါ။သူဖြစ်နေသလို ... သူခံစားနေရသလို ... ငါသာဖြစ်ခဲ့မယ်ဆိုရင် ... ငါဘယ်လို ဆုံးဖြတ်မလဲတကယ်ခံစား ဆုံးဖြတ်ကြည့်ရမှာနော် ... တစ်ခဏလေး ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ လောဘတွေ အတ္တ ... ဒေါသ ... မာန တွေကို ဖြုတ်ချပြီး...သူဖြစ်နေသလို ... သူခံစားနေသလို ... ကိုယ်ဖြစ်ကြည့်လိုက်ကြစမ်းပါ။

အရာအားလုံးက တစ်ခဏ တစ်ဒင်္ဂလေးအတွင်းမှာ ဖြစ်ပြီးရင် ပျက်သွားတာပါ တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ကြတယ်ဆိုတာကလည်း ဘ၀အဆက်ဆက်က ကုသိုလ် အကုသိုလ်တွေ အတူတူလုပ်ခဲ့ကြလို့ ရေစက်ဆုံလာကြတာပါ။

ဆုံပြီးရင် တစ်ချိန်ချိန်မှာ ပြန်ပြီးကွဲကြဦးမှာပါ ... ဆုံတွေ့ခြင်းဆိုတာရဲ့နောက်မှာ ကွဲကွာခြင်းဆိုတာ အလိုအလျောက်ပါလာပြီးသားဖြစ်သလိုဆုံတွေ့နေတုန်းအချိန်ခဏလေးမှာ နားလည်မှုများနဲ့ ဆက်ဆံကြဖို့လိုလာတယ်။

ကိုယ်ချင်းစာတရာများနဲ့နားလည်ပေးကြမည်ဆိုလျှင်ကွဲကွာမယ့်အချိန်မှာလည်းအပြုံးလေးနဲ့လမ်းခွဲနိုင်မှာပါ ဆုံတွေ့နေတဲ့အချိန်ခဏလေးမှာလောဘ အတ္တ ဒေါသ မာနများနဲ့ ဆက်ဆံကြရင်
ကွဲကွာမယ့်အချိန်မှာ အမုန်းများနဲ့ လမ်းခွဲကြရမှာပါ ဘယ်လိုမျိုးနဲ့ လမ်းခွဲချင်ကြပါသလဲ ... အပြုံးလား အမုန်းလားဆိုတာကတော့မိမိကိုယ်တိုင်ဆုံးဖြတ်ကြည့်ကြပါ။

ဘ၀ဆိုတဲ့သံသရာကြီးမှာကျင်လည်နေသမျှတော့လူတိုင်းမှာတစ်ဦးနဲ့တစ်ဦးအဆင်မပြေမှုတွေဆိုတာ ရှိနေတတ်ကြမှာပဲအဲ့ဒီလိုအဆင်မပြေမှုတွေရှိလာတဲ့အခါ မုန်းတီးမပစ်ကြပါနဲ့။

ဘယ်သူမဆိုပြသနာဖြစ်လာပြိဆိုရင် ကိုယ်မှန်တယ်လို့ ထင်တတ်ကြတာ လူ့သဘာဝပါပဲ ကိုယ်လုပ်တဲ့အလုပ်ကိုမှန်တယ်လို့ထင်တတ်ကြတာပါပဲ မှန်တာပဲလုပ်လုပ် မှားတာပဲလုပ်လုပ်"သူ့နေရာမှာ...ငါသာ"ဆိုပြီးနေရာလေးလဲကြည့်ပေးပါအဲဒီလိုမှတ်ယူပြိးဖြေရှင်းကြည့်ရင်
တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေကြလိမ့်မယ်လို့...ထင်မိတာပဲ။

ငယ်ငယ်ကဆရာမိန့်ခဲ့ဘူးတယ်
မင်းတို့ဥာဏ်ဦးနှောက်
တပါးသူအပေါ်မကောင်းကြံဖို့သက်သက်ပဲလား
ဒါမှမဟုတ်
အကောင်းကြံဖို့လား။
မင်းတို့ပါးစပ် တပါးသူကို
ဆဲဖို့သက်သက်ပဲလား
ဒါမှမဟုတ်
ချိုသာသောစကားပြောဆိုဖို့လား၊
မင်းတို့လက် တပါးသူကိုရန်ပြုလုပ်ဆောင်ဖို့ပဲလား
ဒါမှမဟုတ်
ကူညီဖို့လား၊
မင်းတို့မျက်လုံး တပါးသူကိုအမြင်မကြည်တာပဲကြည့်ဖို့လား
ဒါမှမဟုတ်အမြင်မတော်တာတွေကူညီဖို့လား၊
မင်းတို့နား မကောင်းတာပဲကြားဖို့လား
ဒါမှမဟုတ်ကောင်းတာတွေကြားဖို့လား။

(ဓမ္မစမ်းရေ)

lundi 8 décembre 2014

တရားအရိပ်မှာအိပ်စက်လိုက်ပါအဖေ


ခွန်အားနဲ့ချွေး
ဘယ်လောက်ကုန်ခန်းပါစေ
ဥာဏ်ကိုအကူပြုပြီး
သားသမီးတွေရဲ့ရှေ့မှာ
အားကိုးလို့ရအောင်မားမားမတ်မတ်
ရပ်တည်ခဲ့တာလေ
ခက်ခဲတဲ့လောကဓံတရားရှိနေပေမဲ့
စိတ်အားငယ်မှုတွေပယ်ဖျောက်
တည်ငြိမ်သလိုနေခဲ့တာလဲအဖေပဲ။


 သြော်အဖေဟာ
လူတစ်ဦးမျှသာဖြစ်လို့
လူတွေရဲ့ မာယာ တဏှာကြားထဲမှာ
အခါခါကြုံခဲ့ပေမဲ့
လွဲမှားမှုမရှိအောင် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါကိုလောကဓံလို့များ
ခံယူရော့လေသလားအဖေရယ်။


သားတို့မောင်နှမတတွေဟာ
အဖေပျိုးလို့ အပင်ဖြစ်ခွင့်ရခဲ့တယ်
အဖေရေးလောင်းလို့ အသက်ရှင်ခဲ့ရတယ်
အဖေပေါင်းသင်လို့ ကြီးထွားခွင့်ရရှိခဲ့တယ်
အဖေသဘောတွေနားလည်ခဲ့ပါပြီအဖေ။


အဖေ့ပြောတဲ့စကား
ဓားသွားတွေလိုခါးခဲ့တယ်လို့ထင်ခဲ့ပေမဲ့
ခုတော့သားတို့မောင်နှမတွေသိမ်းထားဆဲပါ
အဖေ့လက်ကြမ်းကြီးနဲ့ ဗြောစီသံကို
ခုတော့လိုချင်တောင်းတမိနေပြီ
အဖေ့မျက်နှာ ခပ်တင်းတင်းမှာ
ပြောမပြတဲ့စေတနာတွေနဲ့
တောင်လိုမောက်နေတာကို


အဖေ့အရိပ်ဆိုတဲ့စေတနာ
ကြီးမားခဲ့တော့

ခိုလှုံခွင့်ရခဲ့တဲ့သားတို့မောင်နှမတွေ
အဖေ့ဂုဏ်ကို အသိအမှတ်ပြုလို့
အိုမင်းလာတဲ့အဖေ့ကို
တရားအရိပ်မှာ
ချွေသိပ်ခွင့်ပေးပါတော့
နေညိုနေပြီဖြစ်တဲ့
အဖေ့ကိုတဖန်ပြန်၍
ချွေသိပ်ပါရစေ
တရားအရိပ်မှာ အိပ်စက်လိုက်ပါအဖေရယ်။


(ဓမ္မစမ်းရေ)

jeudi 4 décembre 2014

ကိုယ်ကြိုက်တာကိုယ်လုပ်

တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးကြီးတစ်ယောက်ရှိတယ် - အဲဒီမုဆိုးကြီးက သားကောင်တွေ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ရတာ အင်မတန်ဝါသနာပါတယ်၊သူ့မှာ သူ့စရိုက်နဲ့လုံးဝမလိုက်ဖက်တဲ့ဇနီးချောလေးတစ်ယောက်ရှိတယ်၊သူ့ဇနီးကတရားပဲနေ့စဉ်လုပ်တယ် ဘုရားထံအမြဲသွားပြီးတရားဘာဝနာအားထုတ်တယ်။

ဇနီးချောက သူ့ခင်ပွန်းကို နေ့စဉ် အမဲလိုက်တဲ့ အလုပ်ကိုစွန့်လွှတ်ဘို့ တရားချတယ် ၊ ဒါပေမယ့် သူကလက်မခံဘူးခါးခါးသီးသီးငြင်းဆန်တယ်၊
သူက သူ့ရဲ့ မုဆိုးအလုပ်ကို မစွန့်လွှတ်တော့ သူ့ဇနီးဟာ မိန်းမတို့ဝတ်တရားရှိတဲ့အတိုင်း မုဆိုးကြီးတောထွက်ရင် လိုအပ်တဲ့ ရိက္ခာခြောက်တို့ လေး ၊ မြှား ဓားတို့ကိုပြင်ဆင်ပေးရတာပေါ့  ။ အဲဒါကိုသူမဟာ အပြစ်ရှိတယ်လို့အမြဲခံစားနေရတယ်တဲ့။

တစ်နေ့တော့မုဆိုးကြီးတို့ရွာကို မြတ်စွာဘုရား ကြွလာတယ်တဲ့ ။ အဲဒီတော့ဆိုးကြီးရဲ့ဇနီးက လှူဘွယ်ပစ္စည်းလေးတွေ ဆက်ကပ်လှူဒါန်းပြီး မြတ်စွာဘုရားကို သူမရဲ့မိသားစုအကြောင်းပြောပြကာ အဲဒီလိုလင်ယောင်္ကျား မုဆိုးကြီး တောလိုက်ထွက်တဲ့အခါ ပြင်ဆင်ပေးနေရလို့ သူမမှာ အ-ကုသိုလ်တရား ရှိနိုင်လား လို့မေးလျှောက်လိုက်တယ်၊

ဒီတော့ မြတ်ဘုရားက အဲဒီလို ပြင်ဆင်ပေးနေတဲ့အချိန်မှာ သားကောင်တွေများများရပါစေ သတ္တဝါတွေသေပါစေ တို့တတွေစီးပွားတိုးတက်ဖို့လို့များ စိတ်ထားနဲ့ ပြင်ဆင်ပေးတာပါလား လို့ပြန်မေးရှာတယ်။

အဲဒီလိုစိတ်ထားမျိုးမထားပါဘူးဘုရား``လို့ပြန်လျှောက်တယ်၊ ဘယ်လိုစိတ်ထားပါသလဲလို့မေးတော့ ``သတ္တဝါတွေဘေးအန္တရာယ်ကလွတ်မြောက်ပါစေမိမိတို့အသက်အန္တရာယ်ကို ကောင်းစွာကာ

ကွယ်စောင့်ရှောက်နိုင်ပါစေသတ္တဝါတွေအေးချမ်းပါစေ``အဲဒီလိုစိတ်ညွှတ်ပြီးပြင်ဆင်ပေးပါတယ်
ဘုရားလို့ ပြန်လျှောက်လိုက်ပါတယ် ။

ဒါဆရငို ချစ်သမီးမှာ မည်သည့် အ-ကုသိုလ်မှ မဖြစ်ပါ ``လို့ မြတ်စွာဘုရားက ပြန်မိန့်တဲ့အခါ မုဆိုးကြီးရဲ့ဇနီးချောလေးကဝမ်းသာစွာ အိမ်ကိုပြန်လာခဲ့သတဲ့ ။

အိမ်ရောက်တော့ခင်ပွန်းဖြစ်သူကို မြတ်ဘုရားရွာကိုရောက်တုံးရောက်ခိုက် ကြုံတောက်ကြုံခဲလေးမို့ မြတ်ဘုရားဆီသွားဘို့ အမျိုးမျိုးတိုက်တွန်းသတဲ့၊မုဆိုးကြီးက ပထမတော့ ငြင်းဆန်နေပြီး မယားလုပ်သူကအကြိမ်ကြိမ်တိုက်တွန်းတော့ နားငြီးတာများလို့တာဝန်ကျေအောင်တော့နားငြီးသက်သာအောင်တစ်ခါတော့သွားမယ်

 နောက်တစ်ကြိမ်တော့ငါ့ကိုမလွှတ်နဲ့လို့ ကတိတောင်းပြီးသွားပြီးသွားပါတယ်။

အော်လူတွေတကယ်တမ်းမိမိကောင်းကျိုးအမြဲပေးနေတဲ့သူဆီကိုသွားရမှာတကယ်ဝန်လေးကြတယ် မိမိမကောင်းတာလုပ်မည့်သူဆီကိုတော့အမြဲတောင်းတတတ်ကြတယ် စိတ်ကမကောင်းမှုကိုမွေ့လျှော်နေကြတာကိုး။

မြတ်ဘုရားဆီရောက်တော့ မုဆိုး ကြီးက အရှင်ဘုရား လူများ စားသောက်မှု အဆင်ပြေစေရန် ကျွန်ုပ် သားကောင်များ ရှာဖွေသည့်အလုပ် လုပ်ဖြစ်ပါတယ် ။ အပြစ်ရှိပါသလားလို့သူ့အလို အလိုအတိုင်းလျှောက်တင်လိုက်တယ်။

အဲဒီအချိန်မှာတော့ မြတ်ဘုရားက
ဒကာတော်မုဆိုးကြီး ကိုယ်ကြိုက်တာကိုယ်လုပ်ပါ အဲဒီလိုလုပ်ရင် အပြစ်မရှိပါဘူး`` လို့ဖြေတော့ မုဆိုးကြီးလဲ အလွန်ဝမ်းသာသွားတယ်။ မုဆိုးကြီးရဲ့ဇနီးကလဲ တရားရဲ့သဘောကို ချက်ချင်း သိလိုက်ပြီး မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး အိမ်ကိုပြန်လာခဲ့ကြတာပေါ့။

အိမ်ရောက်တော့ မုဆိုးကြီးကဝမ်းပန်းတသာ နဲ့ အားရပါးရ ရယ်ပြီးငါ့နှယ်ရောမင်းတို့ဘုရားက သတ္တဝါတွေ မသတ်ဘို့ မုဆိုးအလုပ်ကိုမလုပ်ဘို့ များဟောမယ်မှတ်လို့ ခုတော့ ဘာတဲ့ `` ကိုယ်ကြိုက်တာ ကိုယ်လုပ် အပြစ်မရှိဘူးတဲ့ ငါတော့ အဲဒီစကားကို အကြိုက်ဆုံးဘဲကွာ`` လို့ပြောပြီးရယ်နေရှာတယ်တဲ့။

ဇနီးကပြုံးပြုံးလေးနေပြီးလင်တော်မောင်စားဖို့ စားကောင်းသောက်ဖွယ်တွေပြင်ဆင်ပေး လင်တော်မောင်ကလဲ သူ့ဇနီးချောလေးပြင်ဆင်ထားတာကို အသေချာကျကျနနစားနေတာပေါ့ ခြေထောက်ကိုချိတ်ကာလေ။

အဲဒီလိုစားနေရင်းမှာပဲစိတ်ထဲအန္တရာယ်လို့ခံစားရပြီး မော့ကြည့်လိုက်တော့ သူကိုင်နေကျဒူးလေးပေါ်မှာ အဆိပ်လူးမြှုားတင်ပြီး သူ့ကိုချိန်ထားတဲ့ ဇနီးလုပ်သူကို ထိတ်လန့်စွာတွေ့လိုက်ရတယ်တဲ့။

အဲလိုမလုပ်ရဘူးလေမိန်းမရဲ့မတော်တဆ ခလုပ်ပြုတ်သွားမှဖြင့် ငါသေသွားပါဦးမယ် မိန်းမရယ် ဇနီးလုပ်သူကကြမ်းတမ်းခက်ထန်သောမျက်နှာအနေထားနဲ့သင့်ကို ကျွန်ုပ် အဆိပ်လူးမြှားနဲ့ သတ်ဘို့ချိန်ထားတယ် သင်ကြိုက်လား ဟာ ရှုးနေလားမိန်းမရယ်သတ်ဘို့ချိန်ထားရင်ကြိုက်ပါ့မလားဟဲ့။

ခလုပ်နှိပ်လိုက်ရင်လည်မြိုကိုစိုက်သွားမယ် နော်ကြိုက်လားမိန်းမရယ်မစပါနဲ့၊ဘာတွေ

 မေးနေတာလဲကွာအကိုထမင်းကောင်းကောင်းစားပါရစေ၊နောက်မှပြောလို့အဲဒီအဆိပ်သိပ်ပြင်းတယ် 
 မေးတာဖြေပါဆိုတော့ မကြိုက်ဘူးကွာလို့ပြန်ဖြေရှာတယ်လေ။

ပစ်လိုက်ရင်ဘာဖြစ်သွားမလဲသိလားဆိုတော့သေမှာပေါ့ဟရှင်သေမှာတော့သိတယ်နော် ရှင်သေမှာကိုကြိုက်သလား သေတာကြိုက်တဲ့လူ ရှိမလားကွစိတ်တိုတိုနဲ့ပေါ့ ငါကကြိုက်စရာလား ``အဲဒီလိုမေးပြီး ဇနီးလုပ်တဲ့သူဟာ ခလုပ်နှိပ်လိုက်တယ်။

လက်ညှိုးလေးကွေးလိုက်တဲ့အချိန်မှာတွေးလိုက်မိတာကငါတော့သေရပြီဆိုပြီးသိပ်ကြောက်သွားတယ်ဒါပေမဲ့ဇနီးကအဆိပ်လူးမြှားကိုမုဆိုးကြီးရဲ့ လည်တိုင်ဘေး လက်သုံးလုံးလောက်နားက ဖြတ်ပြီး နောက်က အိမ်နံရံကို ဒုတ်ကနဲ စိုက်ဝင်သွားအောင်ရှောင်ပြစ်လိုက်တယ်။

မိန်းမရယ် အဲဒီလိုမလုပ်ပါနဲ့လူတိုင်းသေရမှာကြောက်ကြတာဘဲ မင်းငါ့ကိုတကယ်ပြစ်တယ်အောက်မေ့တာတော်သေးတယ် မသေကောင်းမပျောက်ကောင်းနောက်အဲဒီလိုမလုပ်နဲ့နော် မတော်လို့မှန်သွားရင်ဖြင့်ခက်ရချေရဲ့။

ဒီတော့မှ ဇနီးလုပ်တဲ့သူက မုဆိုးကြီးကိုထိုင်ရှိခိုးပြီး မောင်တော် ဗုဒ္ဓဟောကြားသော ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ဆိုတာ ကိုယ်ချင်းစာတရားထားဘို့ပြောတာပါ - ကိုယ်လုပ်ချင်တာလုပ်ပါလို့ပြောတာ မဟုတ်ပါဘူး။
 

 မောင်တော်က စကားလုံးတွေနဲ့ ဟောပြောလို့ မရမှန်းသိလို့ ခုလိုလုပ်ရတာပါဒီအတွက် စိတ်ဆိုးရင် ကျွန်မကိုသတ်လိုက်ပါလို့တောင်းပန်ရင်းပြောရှာတယ်လေ။

မုဆိုးကြီးလဲချွေးတွေကိုသုတ်ရင်းမျက်လုံးတွေပြုးနေတာကိုအခြေနေမှန်သို့ပြန်ရောက်ကာသူ့ကို

တရားနားလည်အောင်လုပ်ပေးတဲ့ဇနီးလေးကိုကျေးဇူးတင်စွာနဲ့ အေးအေး ငါနားလည်ပါပြီကွာမုဆိုးအလုပ်လဲငါစွန့်လွှတ်လိုက်ပါပြီ နောက်မလုပ်တော့ပါဘူးလို့
ကတိပေးပါတယ်၊မင်းကိုလဲခွင့်လွှတ်ပါတယ်`` လို့ပြောပြီးတရားရသွားတယ်တဲ့။

လောကအလယ်မှာလည်းများသောအားဖြင့်လူတွေစိတ်ကောင်း၇ှိတယ် တပါးသူကိုကူညီတယ်လို့စိတ်ထဲမှာထားပြီးဘုရားမေ့တရားမေ့သံဃာမေ့ပြီး

သံယောဇဉ်တွေထဲမှာမေ့ပျောက်ပြီးပျော်နေကြတယ်။

ခုလိုတရားဓမ္မကိုလက်တွေကျကျပြောပြတတ်တဲ့ဇနီးမယားကောင်းရှိဖို့လိုအပ်တာတွေအများကြီးပဲ သံသရာခရီးတခုအတူသွားအတူစားနေကြတာ ကျေးဇူးရှိတယ် တယောက်ကိုတယောက်ဖေးမကူညီပြီးနေထိုင်သွားကြဖို့လိုအပ်ပါတယ်။

ကိုယ်မကြိုက်တဲ့အလုပ်လဲတပါးသူကိုမလုပ်မိစေဖို့ကိုယ်အကြိုက်ဆုံးဖြစ်တဲ့အလုပ်ပဲတပါသူ

ကိုမျှဝေပေးဖို့များစွာလိုအပ်ပါတယ်ဆိုတဲ့မြတ်ဘုရားတရားတော်ကိုသတိထားကြဖို့ပြောကြားရင်း……

သဗ္ဗေသတ္တာ သတ္တဝါအားလုံးစိတ်ကိုယ်တူနဲ့သံသရာခရီးလျှောက်လှမ်းနိုင်ကြပါစေ။

(ဓမ္မစမ်းရေ)

lundi 1 décembre 2014

လူတွေချစ်ခင်ကြစေဖို့အတွက်ဆိုရင်

တခါတုံးက ရွာတရွာမှာ ညီအစ်ကိုလေးယောက်ရှိတယ်တဲ့ သူတို့လေးတွေကတယောက်ကိုတယောက်ချစ်ခင်ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတယ် မိဘကလဲချစ်ခင်ဖို့ တယောက်နဲ့တယောက်လေးစားဖို့ မိဘကိုသိတတ်ဖို့ ရိုသေဖို့အမြဲမှာကြားသတဲ့ လိမ္မာတဲ့ကလေးတွေပီပီ မိဘစကားကိုနားထောင်ကြတယ်။

သူတို့လေးတွေရဲ့နာမည်က မောင်နေမင်း မောင်မိုး မောင်လေ မောင်လမင်းတဲ့၊ အသက်ကလေးတွေရလာတော့ မြို့ကိုတက်ပြီး ဒီသာပါမောက္ခဆရာကြီးဆီ ပညာတွေသင်ဖို့ထွက်လာခဲ့ကြတယ် မိဘတွေကလဲ သားသမီးတွေပညာသင်ဖို့စေလွှတ်ခဲ့ကြတယ်။

ပညာတွေစုံလို့ အမိမြေ မိဘရပ်ထံပြန်ဖို့ အချိန်ကျရောက်ခဲ့တယ်၊ အဲဒီတော့ ညီအစ်ကိုလေးယောက်သား အမေ့အတွက်လက်ဆောင်ဆိုပြီးရည်မှန်း၍ ပေါင်မုန့်တွေဝယ်ကာပြန်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒီလိုနဲ့အမေ့အတွက်ပေါင်မုန့်တွေဝယ်လာပြီး ပြန်လာခဲ့ကြတယ်၊အမေ့ရွာကမြို့ခရီးဝေးတော့
ရက်အတော်ကြာခရီးနှင်ခဲ့ရတယ်တဲ့၊လမ်းမှာစားဖို့ရိတ်ခါကုန်တော့အမေ့အတွက်ရည်မှန်းထား
တဲ့ပေါင်မုန့်လေးကိုမျက်စောင်းထိုးကာလာကြပါတော့တယ်။

ဒီလိုနဲ့ဆာလာတော့မနေနိုင်တာနဲ့နည်းနည်းချင်းဆီဖဲဖဲစားလိုက်ကြရင်းအမေ့အတွက်ရည်ရွယ်ပြီးဝယ်
လာတဲ့မုန့်ကုန်ပါလေရော၊ အဲဒီထဲမှာအငယ်ဆုံးမောင်လမင်းလေးက အမေ့အတွက်ရည်ရွယ်ပြီးဝယ်လာတဲ့မုန့်ဖြစ်လို့ ဆာနေပေမဲ့မစားခဲ့ဘူးတဲ့။

အကြီးသုံးယောက်တော့စားလိုက်ကြလို့ကုန်သွားတယ်၊အကိုသုံးယောက်ကပြောတယ်တဲ့ အငယ်ကောင်မုန့်စားလေ မစားဘူး အမေအတွက်ရည်၇ွယ်ထားတာ ဆာဆာမစားဘူးလို့ငြင်းရှာတယ်လေ။

ဒီလိုပြောတော့သူတို့တွေးတယ်တဲ့အငယ်ဆုံးကမစားဘဲအကြီးသုံးယောက်ကစားလိုက်ကြတာ
အမေကတော့တို့ကိုပြောတော့မှာဘဲအပြောတော့မခံဘူးအငယ်ကောင်မုန့်ကိုအမေ့ဆီမပါအောင်ကြံရမယ်၊
ဒါမှတို့သုံးယောက်အပြောမခံရမှာ၊

မောင်မိုးကပြောတယ် ငါမိုးတွေစိုအောင်တအားရွာချလိုက်မယ် ပေါင်မုန့်ရေစိုရင်သူနေလှမ်းမှာပဲသူလှမ်းရင် အကိုကြီးကနေပူပေးလိုက် သူနေလှမ်းရင်အလတ်ကောင်မင်းကလေနဲ့တိုက်ထုတ် ဒါဆိုရင်အမေ့ဆီမပါတော့ဘူး တို့လဲအပြောမခံရတော့ဘူး ဘယ်လိုလဲသဘောတူလားဆိုတော့တူကြတယ်လေ။

ဒါနဲ့မိုးတွေတအားရွာချလိုက်တယ်မောင်လမင်းလေးအမေ့အတွက်မုန့်ကိုဘယ်လိုပင်သိမ်းထားစေကာမူ
မိုးကရွာအားကြီးလို့အကုန်စိုကုန်တယ်တဲ့၊မုန့်တွေတအားစိုလို့ငိုနေရှာသတဲ့မောင်လမင်းလေးကို
အကိုကြီးဖြစ်တဲ့မောင်နေမင်းကညီလေးမငိုပါနဲ့ခြောက်အောင်အကိုကြီးနေပူပေးမယ်
တိတ်တော့လို့ချော့တယ်တဲ့။

မောင်လမင်းလေးခဗျာတကယ်ထင်ပြီးအမေ့အတွက်မုန့်ကိုနေလှမ်းရှာသတဲ့နေခြောက်
လို့ပျော်မယ်ရှိသေးမောင်လေကတိုက်ထုတ်လို့အမေ့အတွက်မုန့်ကလေးဘယ်ရောက်မှန်း
မသိပျောက်ကွယ်သွားရသတဲ့။

မောင်လမင်းကစိတ်မကောင်းစွာနဲ့အမေ့ဆီပြန်လာခဲ့ပေမဲ့အကြီးသုံးယောက်ကတော့သူတို့
အကြံတွေအောင်ပြောနေရှာတယ်လေ၊ဒီလိုနဲ့အမေ့ဆီရောက်လာခဲ့ကြတယ်၊အမေ့ဆီရောက်တော့
အမေကမေးတာပေါ့ သားတို့မြို့မှာပညာတွေသင်ရတာအဆင်ပြေလား ဝမ်းသာလိုက်တာသားတို့ရယ်လို့ အမေကပျော်ပျော်ရွှင်ရွှင်စွာပြောနေပေမဲ့မောင်လမင်းလေးကမပျော်ရှာဘူးတဲ့။

သားငယ်လေးဘာဖြစ်နေတာလဲ မင်းတို့တွေသားငယ်လေးကိုဘာလုပ်လိုက်လဲလမ်းမှာလို့မေးတော့ မလုပ်ပါဘူးအမေရယ်အကိုကြီးတို့ကလေ၊သားအမေ့အတွက်ဝယ်လာတဲ့မုန့်ကိုသူတို့တွေ
အမျိုးမျိုးကြံဆောင်ကာဖျက်ဆီးပြစ်လိုက်ကြတယ်၊ သူတို့မုန့်တွေကလမ်းမှာဆာလို့စားလိုက်ကြပြီးတော့ သားမုန့်ကိုအမေ့ဆီမပါအောင်သူတို့ဖျက်ဆီးလိုက်ကြလို့သားစိတ်မကောင်းလို့ပါ
အမေရယ်လို့ပြောရှာသတဲ့။

အမေ့လုပ်သူကတော့ဖြေသိမ့်ရှာပါသတဲ့သားရယ် အမေ့ဆီမှာမုန့်တွေအများကြီး သားငယ်လေးရယ်မလိုပါဘူးလို့ပြောရှာတယ်သားငယ်လေးစိတ်ချမ်းသာဖို့အတွက်ပေါ့။ 

ဒါပေမဲ့မိဘတို့မည်သည်ဘယ်လောက်ပဲပြည့်စုံစေကာမူသားသမီးတွေဆီကရလာမည့်မုန့်တထုတ်
ကိုလေးလေးစာမျှော်လင့်တတ်ကြတယ်၊ဒါဟာဘာလို့လဲစားချင်လို့လားမဟုတ်ပါဘူး၊သားသမီးတွေဆီ
ကရလာမည့်အသိလေးမိဘတွေအပေါ်ထားရှိသည့်မေတ္တာတရားလေးကိုတန်ဖိုးထားတဲ့သဘောကြောင့်ပါ။
ဒီလိုနဲ့သားငယ်လေးကိုဖြေသိမ့်နိုင်ခဲ့တယ်။

ပုံပြင်လေးကတော့အဆုံးသတ်ခဲ့ပြီအဆုံးသတ်ကိုအနှစ်ချုပ်ကြည့်လိုက်တော့မိဘအပေါ်သိတတ်တဲ့
သားငယ်မောင်လမင်းကိုတော့လူတွေလသာရက်ဆိုလဲသူ့ကိုကြည့်ပြီးဝမ်းသာနေတတ်ကြတယ်
လမိုက်ရက်ဆိုလဲ သူထွက်လာမည့်ရက်ကိုလူတွေကတောင်းတတတ်ကြတယ်။

မောင်နေမင်းမောင်မိုးမောင်လေတို့ညီအစ်ကိုသုံးယောက်ကျတော့မိဘအပေါ်သိတတ်ပေမဲ့လက်တွေ့မှာ
တကယ်မဖြစ်ခဲ့တော့သူထွက်လာတော့လဲထွက်လာလို့ပူတယ်ဆိုပြီးအေးချင်ကြတယ် ပြန်ဝင်သွားတော့လဲ မနှမြောကြဘူး၊မိုးကျတော့လဲရွာတော့လဲရွာလို့မရွာတော့လဲမရွာလို့ လေလဲတိုက်တော့လဲတိုက်လို့
မတိုက်တော့လဲမတိုက်လို့လူတွေကသူတို့ကိုမချစ်ကြဘူးတဲ့၊မိဘကိုသိတတ်တဲ့မောင်လမင်းလေးကိုပဲ
လူတွေကချစ်ခင်ကြတယ်တဲ့။

ဒါကြောင့်မို့ချစ်ခင်သူပေါများချင်ရင် မိဘအပေါ်သိတတ်ကြပါ မောင်လမင်းလေးကိုအတုယူပါလူတွေအမြဲတမ်းတနေမည့်လူကောင်း
သူကောင်းဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါရစေ။

(ဓမ္မစမ်းရေ)