Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 15 septembre 2014

ကရုဏာသာရှိ၍ ပညာမပါခဲ့ရင်


မြတ်ဗုဒ္ဓသည်စရိယသုံးပါးကိုဟောထားတာတွေ့ရတယ်ထိုသုံးပါးတွင်လောကတ္ထစရိယကိုရှေးဦးစွာဟော
ထားပါတယ်၊ဘာကြောင့်ပါလဲ လောကရဲ့ကောင်းကျိုးကိုအစဉ်လိုလားခဲ့လို့ပဲ။

စရိယသုံးပါးကိုရှင်းပါရစေအုံး… ၁။လောကတ္ထစရိယ။ ။ အသားအရောင်၊ ဘာသာနဲ့ လူမျိုး မခွဲခြားပဲ၊ ကိုယ့်အသက်ကို ပေးပြီး တစ်လောကလုံး ကောင်းစားရေးအတွက်ကို ပြုလုပ်ရမည့်ကျင့်စဉ်၊ အဲဒီကျင့်စဉ်ကို လောကတ္ထစရိယလို့ခေါ်ပါတယ်။

၂။ဥာတတ္ထစရိယ။ ။ တစ်မျိုးသားလုံးကောင်းစားရေးအတွက်ကို ကိုယ့်အသက်ကို မငဲ့ကွက်ပဲ ရက်ရက်ရောရော ပေးလှူပြီး ပြုလုပ်ရမယ့် ကျင့်စဉ်၊ အဲဒီကျင့်စဉ်ကို ဥာတတ္ထစရိယလို့ခေါ်ပါတယ်။

၃။ဗုဒ္ဓတ္ထစရိယ။ ။ ကိုယ့်အသက်ကို ဘ၀ပေါင်းများစွာပေးဆပ်ပြီး သတ္တ၀ါတွေကို ဆင်းရဲတွင်းထဲမှ ကယ်တင်နိုင်ဖို့အတွက် ဘုရားဖြစ်အောင်ပြုလုပ်ရမယ့် ကျင့်စဉ်၊ အဲဒီကျင့်စဉ်ကို ဗုဒ္ဓတ္ထစရိယလို့ခေါ်ပါတယ်။

ဒီတော့တို့ဓမ္မမိတ်ဆွေတို့လောကရဲ့ကောင်းကျိုးတွေပြုလုပ်နေကြတယ်၊တချို့ဆိုပရဟိတတွေမှာအကြီး
စားကြီးတွေ။ တချို့ပြုလုပ်နေကြတာဟာ ကရုဏာသက်သက်ဖြင့်ပြုလုပ်နေကြတယ် ပညာမပါဘူး။

အမှန်တကယ်က ကရုဏာတခုတည်းနှင့်မရပါ လမ်းဘေးမိဘမဲ့ကလေးတယောက်ကိုသနားလို့ မုန့်ကျွေးလိုက်ရင်ခဏသာဗိုက်ပြည့်ရင်ပြည့်မယ် ကလေးတယောက်ရဲ့ဘဝတခုအတွက်မဖူလုံပါဘူး မုန့်ကုန်သွားရင်ကလေးဘဝဟာဒီအတိုင်းပဲဖြစ်နေတတ်ပါတယ်။

ဒီတော့ကရုဏာအပြင်ပညာလေးပါထည့်ပေးရပါမယ်၊ကရုဏာဖြင့်ကလေးငယ်ဘဝကိုနွေးထွေးအောင်
လုပ်ပေးပြီး ပညာဖြင့်ဘဝကိုတောက်ပြောင်အောင်လုပ်ပေးလိုက်ရင် ကလေးငယ်လေးဟာတဘဝစာတွင်သာမက နောင်သံသရာထိပါကောင်းစားစေပါတယ်။

ဘုရားရှင်လက်ထက်ကလောသကတိဿမထေရ် သံခိတ္တသာမဏေ သောပါကသာမဏေတို့ဟာ မိဘမဲ့ကလေးတွေပါ ဒီဟာကို တရားစစ်သူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာက လမ်းဘေးမှာတွေ့လို့ မင်းတို့တွေဘာ၇ှာနေကြတာလဲ အစာရှာနေတာပါ ငါနဲ့လိုက်ခဲ့အစားကျွေးမယ်ဆိုတော့လိုက်ခဲ့ရှာတယ် အားကိုးစရာရှာလိုသကိုး။

ကျောင်းရောက်တော့ကရုဏာဖြင့်အစာကျွေးတယ်ပြီးတော့ကရုဏာဖြင့်ကလေးငယ်ဘဝမပြီးပြည့်စုံးဘူး
ဆိုတာသိလေတော့ ပညာဖြင့်တောက်ပြောင်အောင် သားငယ်အစာနေတိုင်းစားရမယ် ဒုက္ခရဲ့ငြိမ်းအေးရာကိုရမယ်၊ သားငယ်ဘဝသာယာမယ်ဆိုရင် လိုချင်သလားမေးတော့ ကလေးငယ်ကလိုချင်တာပေါ့ဒါဆိုရင်ကိုရင်ဝတ်ပေးမယ်ဝတ်မလားဆိုတော့နှစ်ခါမမေးရပါဘူး၊ဝတ်မယ်တဲ့။

ဒီလိုနဲ့ဝတ်ပေးလိုက်တော့အားလုံးဆံပင်အကုန်ရိတ်ပြီးတာနဲ့ကိလေသာကုန်တယ် ဒုက္ခငြိမ်းအေးသွားတယ်။တရားစစ်သူကြီးကကရုဏာတရားနဲ့ကလေးငယ်ကိုနွေးထွေးစေပြီး ပညာဖြင့်ဘဝကိုတောက်ပြောင်အောင်ဖန်တီးနိုင်ခဲ့တယ်။

ဘာသာရေးသမိုင်းစာမျက်နှာကိုလိုက်ကြည့်လိုက်တော့ ဗုဒ္ဓဘာသာဟာ ဟိုး…ရှေးယခင်ကတည်းက မိဘမဲ့ကလေးတွေပြုစုစောင့်ရှောက်လာတာတွေ့ရတယ်၊ဆင်းရဲနွမ်းပါးတဲ့သူတွေကိုထောက်ပံ့လာ
တာတွေ့ရတယ်၊ မိဘဘိုးဘွားများကိုပြုစုလုပ်ကျွေးလာခဲ့ကြတယ်၊ သိပ်ပြီးကြည်နူးဖွယ်ကောင်းတဲ့ဘာသာတခုပါ။

ဒီတော့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်တို့တတွေဟာသနားခြင်းဆိုတဲ့ကရုဏာတခုတည်းနဲ့မရပါဘူး
 နောက်ပြီးပါးစပ်ကတင် ဒုက္ခမုစ္စန္တုဆင်းရဲ့အတွင်းမှလွတ်မြောက်ကြပါစေဆိုတာနဲ့လည်းမရပါဘူး ကရုဏာသာရှိပြီး ပညာမပါရင် ချမ်းသာတဲ့သူယုတ်ကြီးဖြစ်တတ်ပါတယ်။

ပညာသာပါပြီးကရုဏာမပါရင်လည်းကောက်ကျစ်ယုတ်မာတဲ့ပညာတတ်ကြီးဖြစ်ပြီးဆင်းရဲနေတတ်ပါတယ်၊ ဒါကြောင့်လူသားတွေကိုကရုဏာဖြင့်နွေးထွေးအောင်ပေးပြီးပညာဖြင့်တောက်ပြောင်အောင်တတ်နိုင်
သလောက်လုပ်ပေးကြဖို့တိုက်တွန်းပါတယ်။
                                                                      (ဓမ္မစမ်းရေ)

samedi 13 septembre 2014

ဝိပဿနာအားထုတ်ကြည့်ကြရအောင်


အခြေခံဝိပဿနာတရားတွေသိရလေအောင်ဒီနေ့ဝိပဿနာအကြောင်းနည်းနည်းရေးချင်တယ်၊ ဝိပဿနာဆိုတာ ဝိဝိဓေန အာကာရေန ပဿတီတိ ဝိပဿနာ တဲ့ အဓိပ္ပါယ်လေးကအထူးထူးသောအကြောင်းအားလုံးကိုသိမြင်တတ်တာကိုဝိပဿနာလို့ခေါ်ပါတယ်တဲ့။

ပြောချင်တာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာအားလုံးကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိမူနေခြင်းပါပဲ။

ဒါကိုဘာလို့ပြောရမလဲဆိုရင် သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုလိုကြတာပါ။

ဒါကြောင့် စတင်အားထုတ်မယ့် သူဟာ  တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။

အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်၊ မိမိစိတ်ကလေးကိုမိမိရှု့မှတ်တဲ့နေရာမှာအမြဲသတိမူဖို့တော့မမေ့ပါနဲ့။

မြတ်ဗုဒ္ဓက ဝိပဿနာအားထုတ်မည့်ယောဂီသည်သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကိုအောက်ခြေကစလို့ဟောကြားခဲ့ပါတယ်။

ဝိပဿနာအလုပ်ကိုစပြီးလုပ်သူတွေအတွက်  မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်တာသဘာဝပါ ဘယ်အလုပ်ပဲလုပ်လုပ်အခက်ခလြေးတော့ရှိနေစမြဲလေ၊ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ် မိမိလုပ်ခဲ့တဲ့အလုပ်တွေအပေါ်ရောက်ရောက်နေတတ်ပါတယ်။

ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ်လို့် မရတာတွေလည်း ရှိတတ်ပါတယ်။ မိမိမှတ်နေတဲ့ထွက်လေ၀င်လေသတိမမူမိတာလည်းရှိတတ်ပါတယ်၊ အဲဒီလို ဖြစ်တဲ့အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ သတိမူစေချင်ပါတယ်။

ဒီတော့ တရားအားထုတ်တဲ့ တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း သွားသည် ဟူ၍ အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ ကို ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ လို့ ပြင်ရမလိုဖြစ်နေပါတယ်။

နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိထိုင်လျှင်လည်း ထိုင်တယ်ဟူ၍ အပြားအားဖြင့် သိရမယ်၊ ထိုင်လျှင် ဘာမျှမဟုတ် ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ ကို နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

န နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။

ကဲဒီလောက်ဆိုဝိပဿနာအစပြုသူတို့မှတ်လို့ရလောက်ပါပြီ အားလုံးငြိမ်းအေးရာအမှန်မြတ်နိဗ္ဗာန်ကိုကိုယ်စီတက်လှမ်းနိုင်အောင်ကြိုးစားနိုင်ကြပါစေ။

(ဓမ္မစမ်းရေ)

samedi 6 septembre 2014

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း


ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
 
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
 
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
 
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။
ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
ေ
နာက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။
ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
 
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ 

ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ 

ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
 
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
 
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ 

ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။
တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
 
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ 

အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။
နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။
မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။
ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
 
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည် မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။
ကိုးကား--
ဝိနည်းစူဠ၀ါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠ၀ံသ
ဦးသာမြတ် “ရေးသားထားပါတယ် မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်။

(ဓမ္မစမ်းရေ)

vendredi 5 septembre 2014

သမီးထက်ငယ်သောဖေဖေ

သာသနာမှာအနာထပိဏ် သူဌေးဆိုရင် ဗုဒ္ဓဘာသာဝင်တိုင်းသိကြပြီးဖြစ်ပါတယ်…သူဌေးကြီး ဟာ ဘုရားရှင်နဲ့ တကွရဟန်းတော်များကိုဆွမ်းအမှူနဲ့လုပ်ကျွေးပြုစုတဲ့နေရာမှာအလွန်ထင်ရှားတဲ့ဒကာ
တစ်ယောက်ပါ။
 
သဋ္ဌေးကြီးမှာ မဟာသုဘဒ္ဒါ စူဠသုဘဒ္ဒါ သုမနဒေဝီလို့ခေါ်တဲ့သမီးသုံးယောက်ရှိပါတယ် သမီးသုံးယောက်အနက် သဋ္ဌေးကြီးကသမီအကြီးးဖြစ်တဲ့  မဟာသုဘဒ္ဒါ ကို သံဃာတွေရဲ့အမှူကိစ္စ အ၀၀ ဆောင်ရွက် ဖို့ တာဝန်ပေးထားပါတယ်…မဟာသုဘဒ္ဒါ က အမှူကိစ္စ ဆောင်ရွက်ရင်းတရားတော်နာကြားလို့  သောတာပန်တည်သွားပါတယ်..နောက်တော့

အိမ်ထောင်ရက်သားကျတာနဲ့လင်ယောင်္ကျားနောက်လိုက်သွားလို့စူဠသုဘဒ္ဒါအလတ်မကိုကိုအမ 
နည်းတူတာဝန်ယူစေခဲ့ပြန်တယ်..စူဠသုဘဒ္ဒါကလည်းအမနည်းတူပဲတရားနာပြီးသောတာပန်တည်ပြန်ရော..
အိမ်ထောင်ကျပြီးခင်ပွန်းနောက် လိုက်ပါသွားပြန်ရောပေါ့..

သဋ္ဌေးကြီးမှာအငယ်ဆုံးအထွေးဆုံးဖြစ်တဲ့သမီးတစ်ယောက်သုမန ဒေ၀ီကိုပဲအမတွေနည်းတူတာဝန်ပေးပြန်
ပါတယ်..သုမနဒေ၀ီ ကလဲ သံဃာတွေရဲ့အမှူကိစ္စ အ၀၀ ဆောင်ရွက်ကာတရားတော်တွေ နာကြားလိုက်ရင်း သောတာပန်ထက်မြင့်တဲ့ သကဒါဂမ် အရိယာဖြစ်သွားတယ်။

အထွေးဆုံးသမီးသုမနဒေ၀ီလေးဟာ ရောဂါသည်လေးပါအရိယာဖြစ်ပြီးနောက်ပိုင်းမှာအနာရောဂါနှိပ်စက်ပြီး
 နောက်ဆုံးအချိန်ကိုရောက်လာပါတယ်..နောက်ဆုံးအနေနဲ့ဖခင်ကိုတွေ့လိုတယ်လိုအခေါ်လွှတ်တယ်..
အနာထပိဏ်သူဌေးကြီး လဲ သမီး မကျန်းမာဖြစ်မှန်းတာသိတာနဲ့  အလှူမဏ္ဍပ် တခု ကနေ ချက်ချင်းဆိုသလိုထလိုက်လာတယ်။

``ဟဲချစ်သမီး ..သုမန    ဘယ်လိုနေသေးလဲ”
 
``ငါ့..မောင်လေး  ဘာလဲ”
 
``ဟဲချစ်သမီး .. ယောင်ယမ်းနေပြန်တာလားသမီးလေးရယ်”
 
``ငါ့ မောင်လေး  အမကြီး  ယောင်ယမ်းပြောတာမဟုတ်ဘူး”
 
``ဟဲချစ်သမီး ကြောက်မြန်းနေသလားကွယ်”
 
``ငါ့ မောင်ကလေး…အမကြီးမကြောက်ပါဘူး”
             
ဒီလောက်ခလေးပြောပြီးသမီးအထွေးဆုံးသုမနဒေဝီလေးဟာသေဆုံးသွားပါတော့တယ်ပူဆွေးသောကတွေ
ရင်ဝယ်ပိုက်ပြီးသူ့ရဲ့အားထားရာကိုးကွယ်ဘုရားရှင်ကိုအေကြာင်းစုံရှောက်တင်ပါတော့တယ်။

“မြတ်စွာဘုရား…တပည့်တော်ရဲ့ သမီးငယ် သုမနဒေ၀ီ ဟာ စုတေသေလွန်ရှာပြီ ဘုရား
မြတ်ဘုရားကပြန်မေးတယ်ဒကာတော်…ဘယ်အတွက်ကြောင့်စိုးရိမ်ပူဆွေးငိုကြွေးနေရတာလဲ 
အနိစ္စသဘောကို ဧကန်အမှန်ရှိတယ်ဆိုတာသိတယ်မဟုတ်လား။

“အရှင်ဘုရား.. အနိစ္စတရား ဧကန် အမှန်ရှိတာကိုသိပါတယ်ဘုရား..ဒါပေမယ့် တပည့်တော်ရဲ့ သမီးအထွေးဆုံးလေးဟာအရှက်အကြောက်နဲ့ ပြည့်စုံသူဖြစ်ပါလျှက် သေလွန်ခါနီးမှာ
 ယောင်ယမ်းမြည်တမ်းပြီးသေသွားရှာပါတယ်ဘုရား..အဲ့ဒီအတွက်ကြောင့်တပည့်တော်စိတ်နှလုံး
သားသမီးတော်လေးအတွက်ပူပန်စိတ်မသက်မသာ ဖြစ်မိပါတယ် ဘုရား။

“ဒကာတော်သင့်ရဲ့သမီးတော်လေးဟာနောက်ဆုံးတွေဘာမြန်းပြောသွားသလဲလို့မေးကြည့်လိုက်တော့
အရှင်ဘုရား ..တပည့် တော် က သမီးသုမန လို့  ခေါ်တဲ့ အခါ  တပည့်တော်ကို သမီးလေးက ငါ့မောင်လေးလို့ပြန်ခေါ်ပါတယ်ဘုရား။

သမီးလေး ယောင်ယမ်းနေပြန် သလားလို့ မေးတဲ့အခါ…ငါ့မောင်ကလေးအမကြီး မယောင်ယမ်းပါဘူး လို့  ပြန်ပြောပါတယ် ဘုရားသမီးလေး ကြောက်သလားလို့  မေးတဲ့ အခါ..ငါ့မောင်လေး
အမကြီးမကြောက်ပါ.. လို့  ပြောပြီး သေလွန်ရှာပါတယ် ဘုရား။

ဒကာတော်သူဌေးကြီး ..သင့်သမီး ဟာ ယောင်ယမ်း မြည်တမ်းတာ မဟုတ်ဘုးအရှင် ဘုရား ယောင်ယမ်း မြည်တမ်း တာမဟုတ်ရင်..ဘာကြောင့်အဖေဖြစ်သူကိုမောင်လေး လို့ ခေါ်ဝေါ်ပြောဆိုပါသလဲ ဘုရား။

“ဒကာတော်သင်က ငယ်ရွယ်နေ ခြင်းကြောင့်ငါ့မောင်ကလေးလို့ခေါ်ဝေါ်ပြောဆိုခြင်းဖြစ်ပါတယ်၊ဒကာတော်သင့်
သမီးသုမနဒေ၀ီဟာသင့်ထက်ကြီးတာမှန်ပေတယ် သင်ကားသောတာပန် ပုဂ္ဂိုလ်မျှသာဖြစ်တယ်၊
သင့်သမီး သုမနဒေဝီဟာ သကဒါဂမ် ပုဂ္ဂိုလ်အဆင့်သို့ရောက်ရှိနေပြီ ဒါကြောင့်ဒကာတော်ကို သုမနဒေဝီသမီးတော်လေးကငါ့မောင်လေးလို့ခေါ်ဝေါ်တာပါ သူမယောင်ယမ်းပါဘူး။

“မြတ်စွာဘုရားကသုမနဒေဝီသမီးတော်လေးဟာတုသိတာနတ်ပြည်ကိုရောက်ရှိသွားတယ်လို့မိန့်
လိုက်တော့သဋ္ဌေးကြီးဝမ်းမြောက်ဝမ်းသာနဲ့မြတ်ဘုရားဆီကနေပြန်သွားပါတယ်။          

ဒီဝတ္ထုလေးဟာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သက်တော်ထင်ရှားရှိစဉ်ကအနာထပိဏ်သူဌေးကြီး နှင့် သမီးသုမန ဒေ၀ီတို့ ရဲ့ သားအဖနှစ်ယောက်အကြောင်းပါ၊လောကီနယ်မှာသမီးကအဖေထက်ငယ်ပေမဲ့
 လောကုတ္တရာနယ်ပယ်မှာသမီးကအဖေထက်ကြီးနေတယ်နော်။

ဒီနေရာမှာဗဟုသုတရစရာစကားလေးတခွန်းပြောချင်ပါတယ် လောကမှာမိဘ ထက်မြင့်မြတ်တဲ့ သားသမီး ကို အတိဇာတ လို့ ခေါ်ပြီးမိဘ နဲ့ တန်းတူ သားသမီးကို အနုဇာတ လို့ ခေါ်တယ်မိဘ ထက် နိမ့် ကျ တဲ့သားသမီး ကို တော့ အ၀ဇာတ လို့ ခေါ်တယ်။

ကိုယ်ကဘယ်အတန်းထဲပါသလဲဆိုတာကိုယ့်အလုပ်အပေါ်မှာပဲမူတည်တယ်ကိုယ်ကမကောင်းတဲ့အလုပ်နဲ့နေရင် အောက်တန်းစားစာရင်းဝင်သွားမယ် အဖေတို့အမေတို့ထက်မမြင့်ရင်နေပါစေ မနိမ့်ကျစေနဲ့ဘယ်မိဘကမှ ကိုယ့်သားသမီးနိမ့်ကျတာမမြင်ချင်ပါဘူး။

မြတ်စွာဘုရားရဲ့ သားတော် သမီးတော် ဆိုရင်တော့ရာထူးကျစရာလဲမရှိဘူး..သူတပါးဖျက်ဆီးလို့ လဲမရဘူးနော်..ဒီလို ရာထူး ကို ကိုယ်တိုင်ကြိုးစားအားထုတ်မှ ရနိုင်မှာဖြစ်ပါတယ်..

လောကီ နယ်ပယ် က ချမ်းသာတဲ့စည်းစိမ် တွေ ရာထူးဂုဏ်ပုဒ်တွေ ကတော့ ဖျက်ဆီးခြင်းခံရတဲ့ အခါ အားလုံးပျက်စီးဆုံးရှုံးခြင်းတွေ ဖြစ်ကုန် ပါလိမ့် မယ်မြတ်စွာဘုရားရှင်ရဲ့ သားသမီး ရတနာ အစစ်တွေ ကို
တော့ ဘယ်သူမှဖျက်ဆီးလို့ လဲ အဆင့်ကျစရာမရှိသလိုအဆင့်မြင့်ဖို့ပဲရှီပါတယ်။

ဓမ္မစမ်းရေစာဖတ်ပရိတ်သတ်ကြီး အဆင့်မြင့်ချင်သလား
မိမိစိတ်ကိုထိန်းကာဖြင့် မိမိဘဝကိုမြှင့်တင်ကြည့်ကြပါစို့လို့တိုက်တွန်းပါရစေ။ 

(ဓမ္မစမ်းရေ)