Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 11 novembre 2014

အိပ်မက်အကြောင်း


 လူတွေမကြာခဏဆိုသလို အိပ်မက် မက်တတ်ကြတယ်၊ တချို့ယုံကြည်ကြသလို တချို့မယုံကြည်ကြ၊တချို့ကမနက်စောစောအိပ်မက်ကမှန်တတ်တယ် နေ့ခင်းအိပ်မက်

ကယောက်ကယက်တဲ့ပြောကြပြန်တယ်။

ဒါဆိုတခုလောက်မေးကြည့်ချင်တယ် လူတွေအများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။

တကယ်တမ်း ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် မက်တတ်ကြပါသည်။

 မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်မက်တတ်သည်”ဟု ဆိုထားသည်။ ဤနေရာမှာသမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော်မှာတော့အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကိုခုလိုလေးပြဆိုထားပါတယ်၊

၎င်းတို့မှာ
 

(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
 

(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
 

(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
 

(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
 

(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
 

(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။

ခုလောက်ဆို မိမိမက်တဲ့အိပ်မက်ကဘာကြောင့်လဲဆိုတာမိမိကိုယ်တိုင်ဆန်းစစ်နိုင်ပါတယ်၊ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေအဋ္ဌကထာ ပါဠိတော်တွေမှာတော့အထက်ပါအတိုင်းပြဆိုထားတယ်၊

(ဓမ္မစမ်းရေ)

dimanche 2 novembre 2014

မိသားစုပင်ဖြစ်ပေမဲ့



လူတွေမှာမိဘတွေကဗုဒ္ဓဘာသာဖြစ်လို့သားသမီးတွေကဗုဒ္ဓဘာသာဖြစ်ခဲ့တယ်ဆိုရင်မိဘတွေရဲ့ဘာသာ
တရားအပေါ်ယုံကြည်မှုနဲ့သားသမီးတွေရဲ့ဘာသာတရားအပေါ်ယုံကြည်မှုတို့ကမတူညီနိုင်ပါဘူး မိဘကသာရင်လဲသာနိုင်သလို သားသမီးကလဲသာနိုင်တာပဲ။

ဘာသာတရားတခုရဲ့ညွှန်ကြားမှုကိုတကယ်ယုံကြည်သက်ဝင်ကြတဲ့သူတွေကတော့ဘယ်လောက်ပဲ
ဆင်းရဲနေပါစေဘယ်လောက်ပဲချမ်းသာနေပါစေဘယ်သူကမှလာပြီးဖြားယောင်းသွေးဆောင်လို့မရနိုင်ပါဘူး။

ခုတော့ဆင်းရဲတဲ့သူတွေကလည်းစည်းစိမ်ဥစ္စာနောက်လိုက်ကာမဂုဏ်အာရုံများသူတွေကလည်း
ကာမဂုဏ်အာရုံတွေနောက်လိုက်တော့မိမိတို့ဘာသာတရားအပေါ်သက်ဝင်ယုံကြည်မှုရှိမရှိဆိုတာ
မိမိတို့ကိုယ်တိုင်သိနိုင်ပါတယ်။

မိမိတို့မြန်မာပြည်ဘာသာခြားဖြားယောင်းလို့ပါသွားတဲ့အမျိုးသမီးတွေအမျိုးသားတွေများစွာရှိပါတယ်၊
စည်းစိမ်ဥစ္စာနောက်လိုက်တဲ့သူရှိသလိုကာမဂုဏ်နောက်လိုက်တဲ့သူတွေလဲပါပြန်ပါတယ်၊
ဒါဟာဘာကြောင့်လဲ လေတိုက်တိုင်းယိုင်းယိုင်တတ်တဲ့ကျူပင်နဲ့တူတဲ့မိမိရဲ့ယုံကြည်မှုမရှိတဲ့စိတ်ကြောင့်ပါပဲ။

ယုံကြည်မှုရှိတဲ့သူတွေကတော့ဘာတွေနဲ့ဖြားယောင်းစေကာမူမယိုင်းမယိုင်ကျောက်တိုင်ပမာပါပဲထာဝရ
တည်မြဲတယ်၊ဘယ်လိုဖြားယောင်းစေကာမူတည်ကြည်ရင့်ကျက်တဲ့မိမိရဲ့သဒ္ဓါတရားအားကောင်းခြင်းကြောင့်
ဆိုတာထင်ရှားပါတယ်။

မိဘညီအစ်ကိုမောင်နှမဘာသာတရားလုပ်လို့ကိုယ်ကလိုက်လုပ်တယ်ဆိုရင်သူများယောင်လို့ကိုယ်
ကယောင်နေသလိုဖြစ်တတ်တယ်၊တချို့ကဆိုရင်တခြားအိမ်မှာအလှူလေးလုပ်တယ်တို့လဲလုပ်အုံးမှ
တခြားသူကတရားပွဲသွားတယ်တို့လဲသွားအုံးမှမိမိစိတ်ပါလို့မဟုတ်ဘူးတခြားသူမြင်ကောင်းယုံမျှသာ
လုပ်လိုက်တာဖြစ်တယ်။

ထို့သည့်သူများကတော့တကယ်ယုံကြည်မှုမရှိလို့ပဲထိုသူများကိုသွေးဆောင်ဖြားယောင်းသော်
ခဏလေးအတွင်းရနိုင်ပါတယ်၊ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားကခုလိုလေးသာဓကလေးနဲ့ပြ
ကာဟောကြားခဲ့ပါတယ်၊တခါတုန်းက သေတဗျမြို့မှာ မဟာကာဠ မဇ္ဈိမကာဠ စူလကာဠဆိုတဲ့ ညီအကိုသုံးယောက်ရှိပါတယ်။

အကိုကြီးနဲ့ ညီအငယ်ဆုံးဟာ ကုန်သည်အလုပ်ကို လုပ်ကိုင်ကြပြီး ညီလတ်ကတော့ ညီအကိုတွေ နယ်တကာလှည့်ပြီး ၀ယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်မှာ ဒိုင်ခံရောင်းဝယ်ဖောက်ကားတဲ့ အလုပ်ကို လုပ်ရသတဲ့။ ညီအကိုတွေ စီးပွားရှာရာမှာ တက်ညီလက်ညီ ရှိကြတဲ့သဘောပါ။

တနေ့မှာ အကိုကြီးနှင့် ညီငယ်ဟာ အရောင်းအ၀ယ်ကိစ္စနဲ့ ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်ကို ရောက်ခဲ့ပါတယ်။ အကိုကြီး မဟာကာဠဟာ သာဝတ္ထိကို ရောက်နေတုန်း ဘုရားရှင်ရဲ့တရားကို နာယူမိပြီး မမြဲတဲ့ သဘောတရားကို ဆင်ခြင်မိသွားသတဲ့။

သူရှာဖွေစုဆောင်းနေသမျှဟာ သေရင်သူ့နောက်ကို ဘာမျှမပါဘူးဆိုတာကို ကောင်းကောင်းသိသွားတဲ့အတွက် ဘုရားရှင်ထံမှာ ရဟန်းဝတ်ခွင့်တောင်းပြီး ရဟန်းပြုသွားခဲ့ပါတော့တယ်။ ညီငယ်လေးဟာ ခရီးသွားရင်း၊ စီးပွားရှာရင်းတန်းလန်းမို့ အကိုကြီးကို ရဟန်းမ၀တ်ဖို့ တားဆီးခဲ့ပေမယ့် ဘယ်လိုမှ တားဆီးလို့မရတဲ့အတွက် အကိုကြီးသွားရာလမ်းကို ငါလည်းလိုက်မဟဲ့ဆိုပြီး သူပါ ရဟန်းလိုက်ဝတ်ခဲ့ပါတော့တယ်။

အကိုကြီးနှင့်ညီငယ်ရဟန်းဝတ်သွားတဲ့သတင်းကသူတို့မြို့သူတို့မိသားစုကို ပေါက်ကြားရောက်ရှိသွားတဲ့
အခါမှာတော့ သူတို့ရဲ့ ဇနီးသည်တွေဟာ ၀မ်းနည်းပက်လက် ဖြစ်ကုန်ကြတော့တာပေါ့။

အကိုကြီး မဟာကာဠဟာ ပင်ကိုယ်စိတ် အားသန်ပြီး ရဟန်းပြုခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရဟန်းဘ၀ရောက်တဲ့အချိန်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာဟာ မကြာခင်ကာလမှာပဲ ရဟန္တာအဖြစ်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။

ညီငယ်လုပ်တဲ့ စူလကာဠကတော့ နဂိုကတည်းက အကိုကြီးဝတ်လို့ လိုက်ဝတ်ခဲ့သူဆိုတော့ စိတ်ကမပါ။ များမြောင်တဲ့ရဟန်းသိက္ခာပုဒ်တွေကို စိတ်ပျက်ပြီး လူထွက်ဖို့အခွင့်အလမ်းကိုသာ ချောင်းနေပါတော့သတဲ့။

တနေ့မှာတော့ ဘုရားရှင်ဟာ နောက်ပါရဟန်းများနှင့်အတူ ဒေသစာရီကြွဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ဘုရားရှင်ရဲ့ ဒေသစာရီခရီးမှာ နောက်ဆုံးကြွရောက်မယ့် မြို့ဟာ ညီအကိုရဟန်းတို့ရဲ့ ဇာတိချက်ကြွေ သေတဗျမြို့ပဲ ဖြစ်ပါတော့တယ်။

မဟာကာဠရဟန်းနဲ့ စူလကာဠရဟန်းတို့ ပါလာတယ်လို့လည်း ကြားရော ဇနီးဟောင်းတွေက ၀မ်းသာအားရ ဖြစ်ကုန်ကြတော့တာပေါ့။ သူတို့က နဂိုကတည်းကမှ ရဟန်းဝတ်တာ သဘောမတူခဲ့ကြသူတွေဆိုတော့ ခင်ပွန်းဟောင်းတွေကို လူဝတ်ပြန်လဲအောင် လုပ်ရမယ်ဆိုပြီး စိတ်ကူးယဉ်ကြတော့တာပါပဲ။

သူတို့စိတ်ကူးတဲ့အတိုင်း ဖြစ်အောင် အစီအစဉ်ကျကျနဲ့ပဲ ဘုရားရှင်နဲ့သံဃာတော်တွေကို ဆွမ်းစားပင့်ဖိတ်ခဲ့ပါတော့သတဲ့။ ဖြစ်ချင်တော့ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေအတွက် နေရာထိုင်ခင်း အစီအစဉ် အဆင်ပြေမပြေ ကြိုတင်ကြည့်ရှု နေရာချလုပ်ဆောင်ရတဲ့တာဝန်ကို မြို့ခံဖြစ်တဲ့ စူလကာဠရဟန်းက တာဝန်ကျခဲ့တာနဲ့ ကွက်တိသွားတိုးတော့ပါပဲ။

ဇနီးဟောင်းက ခင်ပွန်းဟောင်းကို လူဝတ်မလဲချင် လဲချင်အောင် မူယာမာယာတွေ ပိုပိုသာသာလုပ်ပြတဲ့အခါမှာတော့ နဂိုကတည်းကမှ စိတ်ကမခိုင်တဲ့ စူလကာဠရဟန်းဟာ ခါးမတို့ခင်က ယားပါတယ်-ဆိုတဲ့ စကားပုံလိုပဲ တခါတည်း လူဝတ်လဲခဲ့တော့တာပေါ့။

စူလကာဠဟာ လူဝတ်လဲပြီးတဲ့အချိန်မှာလည်း မျက်နှာမပူ၊ မရှက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်ဖို့ ကျောင်းကိုရောက်လာခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေဟာ ထုံးစံအတိုင်း ပင့်ဖိတ်တဲ့ ဒကာရဲ့အိမ်ကို ဣနြေ္ဒသိက္ခာပြည့်စုံစွာနဲ့ ကြွရောက်ခဲ့ပါတယ်။
ေ
နာက်ပါရဟန်းတချို့ထဲက ရဟန်းငယ်တွေကတော့ လူဝတ်လဲသွားတဲ့ စူလကာဠကို အပြစ်တင်ပြောဆိုချင်ကြတာပေါ့။ ဘုရားရှင်ကတော့ ဆွမ်းဘုဉ်းပေး၊ အနုမောဒနာတရားကိုဟောပြီး ပြန်ကြွသွားခဲ့ပါတယ်။
ေ
နာက်နေ့မှာတော့ မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းက ဆွမ်းစားပင့်ဖိတ်ခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ နေရာထိုင်ခင်း အစီအစဉ် ကြိုတင်သွားရောက်ကြည့်ရတဲ့ကိစ္စကို မဟာကာဠရဟန်း တာဝန်မကျတဲ့အတွက် မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းဟာ သူကြိုတင်စိတ်ကူးထားသလိုတော့ ဆွဲဆောင်ဖို့ အခွင့်အရေး မရတော့ဘူးပေါ့။

ဒါပေမယ့် သူက လက်မလျှော့ဘဲ ဘုရားရှင်နဲ့ရဟန်းတွေ ဆွမ်းစားကြွရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးသွားတဲ့အခါမှာတော့-ဇနီးဟောင်းကမြတ်ဘုရားကိုအရှင်ဘုရား၊ အရှင်မဟာကာဠဟာ တပည့်တော်တို့ကို တရားဟောဖို့အတွက် နေရစ်ခဲ့မှာဖြစ်ပါတယ်။ အရှင်ဘုရားတို့ အရင်ပြန်ကြွနှင့်ပါဘုရား။

ဗုဒ္ဓဘုရားရှင်ဟာ ဒကာမပြောတဲ့အတိုင်းပဲ မဟာကာဠကိုချန်ခဲ့ပြီး ပြန်ကြွသွားခဲ့ပါတယ်။
ဒီကိစ္စအတွက်ရဟန်းငယ်တွေအချင်းချင်းတီးတိုးတီးတိုး ပြောကြပြန်တော့တာပေါ့။ရဟန်းများကမြတ်ဘုရား
ကိုလျှောက်တယ် အရှင်ဘုရားအရှင်မဟာကာဠကတော့ ကျန်ခဲ့ပြီ။

ဘာတွေဖြစ်ဦးမလဲ မသိဘူး။ဒီတခါ အရှင်မဟာကာဠပါ လူထွက်သွားမယ်ဆိုရင် ရဟန်းကောင်းတပါး ဆုံးရှုံးတော့မှာပဲဘုရား။ဘုရားရှင်ကရဟန်းတို့ သင်တို့စိတ်ထဲမှာ မဟာကာဠကို စူလကာဠလိုပဲ ဖြစ်မယ် ထင်နေကြသလား။

ဟုတ်ပါတယ်အရှင်ဘုရား၊ ဒီအရှင်ရဲ့ ဇနီးဟောင်းကလည်း အကြံကြီးပါတယ်ဘုရား။ ဒီအရှင်ကို လူဝတ်လဲချင်အောင် ပြုမူတော့မှာ သေချာပါတယ်ဘုရား။

ရဟန်းတို့ သင်တို့ ဒီလိုမထင်ကြလေနဲ့။ ညီအကိုချင်းပင် ဖြစ်လင့်ကစား တရားဓမ္မကို အမှန်တကယ် ယုံကြည်နားလည်သူနဲ့ နားလည်ချင်ယောင် ဆောင်သူဟာ လွန်စွာကွာခြားပါတယ်။

စူလကာဠဟာ ကမ်းနားသစ်ပင်လိုပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆွဲဆောင်လိုက်ရုံနဲ့ အလွယ်တကူ ယိမ်းယိုင်ပြိုလဲသွားတယ်။ မဟာကာဠကတော့ ကျောက်တောင်ကြီးနဲ့ ပမာတူပါပေတယ်။ ကာမဂုဏ်အာရုံနှင့် ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင် ဘယ်လိုမှ ပြိုယိုင်လဲစရာအကြောင်း မရှိပေဘူး။

ဘုရားရှင်အမိန့်ရှိတဲ့အတိုင်းပါပဲ၊ တပါးတည်း ကျန်ရစ်ခဲ့တဲ့ မဟာကာဠဟာ ဇနီးဟောင်းရဲ့ ဆွဲဆောင်မှုမျိုးစုံကို စိတ်ဓာတ်သမာဓိ ကြံ့ခိုင်စွာနဲ့ ရှောင်ဖယ်နိုင်ခဲ့ပါတယ်။ ဇနီးဟောင်းဒကာမက ဆွဲဆောင်မှုတွေ ပိုလာချိန်မှာတော့ အရှင်မဟာကာဠဟာ သူ့ရဲ့ဈာန်အဘိညာဉ်တန်ခိုးနဲ့ ကောင်းကင်ကို ပျံတက်ပြီး ကျောင်းတော်ကို ပြန်လည်ကြွရောက်လာခဲ့ပါတော့တယ်။

ဒီဇာတ်တော်ကညီအကိုဆိုပေမယ့် တရားဓမ္မကို အမှန်တကယ် ယုံကြည်သက်ဝင် ကိုးကွယ်ဆည်းကပ်သူနဲ့ အပေါ်ယံ သူများယောင်လို့ လိုက်ယောင်တဲ့သူ နှစ်ဦးရဲ့ လုပ်ရပ် အဆိုးအကောင်းကွာခြားမှုကို သဘောပေါက်နိုင်ကြပါတယ်။

သူများလုပ်လို့လိုက်လုပ်လိုက်ပေမဲ့မိမိရဲ့ယုံကြည်မှုကတပါးသူလိုအားမကောင်းခဲ့တော့မိမိပဲအများကဲ့ရဲ့ခံ
အများရှုတ်ချတာကိုခံခဲ့ရကာမိမိဘဝတိုးတက်မှုတွေကြီးပွားမှုတွေအကုန်ရော့ကျခဲ့တာပဲ။ဒါကြောင့်ဘာပဲ
လုပ်လုပ် ယုံကြည်မှုရှိမှလုပ်ပါ မယုံကြည်ရင်မလုပ်ပါနဲ့။

သဗ္ဗေသတ္တာ သတ္တဝါအပေါင်း ဘေးရန်ကင်းကြပါစေ။

(ဓမ္မစမ်းရေ)

samedi 18 octobre 2014

မတူရင်မတုနဲ့


လူတိုင်းမှာ ပင်ကိုယ်အရည်ချင်းတမျိုးဆီပါလာတတ်တယ်၊ လူတွေတင်မဟုတ်ပါဘူး တိရစ္ဆာန်သတ္တဝါတွေမှာလဲ သူ့အရည်ချင်းနဲ့သူ တမျိုးဆီပါလာကြစမြဲပါ၊ ဒါဟာဘာလဲ သဘာဝကပေးတဲ့လက်ဆောင်၊ ဒါပေမဲ့ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ရာထူးလေးကြီးလာရင် ဥစ္စာလေးတိုးတက်လာရင် ပညာလေးကြီးရင့်လာရင် များသောအားဖြင့်ဘဝကိုမေ့သွားတတ်ကြတယ်။

ဒါကိုဘာနဲ့ထိန်းမလဲပညာရှိပြီးသားသူဟာသတိလေးကပ်ပြီးဘာသာရေးလေးနဲ့ထိန်းရမယ်၊ဘာသာရေးမပါဘဲ
နဲ့ဘာအလုပ်ပဲလုပ်လုပ် အဆင်မပြေတတ်ပါဘူး မိမိတို့ဘာသာတရားကိုအလေးထားဖို့များစွာလိုပါတယ်၊ ဘာသာတရားမရှိရင် မိမိအိမ်မှာတောင်အဆင်မပြေနိုင်ဘူး။

အဲဒီဘာသာတရားမရှိဘဲဘဝကိုရေစုန်မျောလိုက်နေတတ်တဲ့သူတွေဟာမိမိကိုယ်ကိုကိုသတ်နေတာနဲ့
တူပါတယ်၊လူပဲဖြစ်ဖြစ်၊တိရစ္ဆာန်သတ္တဝါပဲဖြစ်ဖြစ်မိမိမရှိဆင်းရဲချိန်ကတော့ရိုကျိုးစွာနေတတ်ပြီးတပါးသူ
ကိုခယစွာနေတတ်ပေမဲ့ မိမိကြီးပွားတိုးတက်လာချိန်မှာတော့ ဘဝမေ့ကာ ဘဝင်မြင့်တတ်လာပါတော့တယ်။

တချိန်က မိမိကိုယ် ကူညီခဲ့သူ ဖေးမခဲ့သူ အရှင်သခင်ဖြစ်ခဲ့သူကိုတောင် မခစားချင် မရိုကျိုးချင်ကြပြန်ဘူး၊ ဒါဟာဘာလဲမိမိမှာတိုးတက်ကြီးပွားလာလို့တပါးသူကိုစိန်ခေါ်နိုင်လာလို့သို့ပေမဲ့ဘယ်လိုပင်
လက်ရှိဖြစ်နေစေကာမူ ကျားကကျားပဲ မြေခွေးကမြေခွေးပါပဲ။

သဘာဝကပေးလာတဲ့လက်ဆောင်ဟာမိမိအတွက်တန်ရာတန်ကျေးပေးထားပြီးသားဒါကို
ဘဝမေ့ပြီးဘဝင်မြင့်စရာမလိုပါဘူး ဘဝမေ့ပြီးဘဝင်မြင့်ရင်တော့ သူတို့ရဲ့သွားရာလမ်းကတော့မကောင်းတတ်ပါဘူး။

ဒါနဲ့ပါတ်သက်ပြီးမြတ်ဘုရားက ဝိရောစဇာတ်မှာခုလိုလေးဟောပြထားပါတယ်၊တခါတုံးကပေါ့ ဟိမ၀န္တာတောကြီးထဲမှာ ခြင်္သေ့မင်းတကောင်ဟာ ရွှေဂူတခုမှာ နေထိုင်ပါတယ်။ တနေ့တော့ ခြင်္သေ့မင်းဟာ အစာရှာထွက်တဲ့အခါ ကျွဲကြီးတကောင်ကိုတွေ့ပြီး ဖမ်းယူစားသောက်လိုက်ပါတယ်။ ပြီးတော့ ပတ္တမြားအဆင်းနဲ့တူတဲ့ ရေကိုသောက်ပြီး သူ့ရဲ့ ရွှေဂူရှိရာကို ပြန်လာခဲ့တယ်။

အဲသည်အခါ လမ်းခုလတ်မှာ အစာရှာထွက်တဲ့ မြေခွေးတကောင်နှင့် မျက်နှာချင်းဆိုင် ဆုံကြပါလေရော့။ မြေခွေးဟာ ရှေင်ပြေးလို့ မလွတ်မှန်းသိလိုက်တာနဲ့ ခြင်္သေ့မင်းရှေ့မှာဝပ်ပြီး အရှင်ခြင်္သေ့မင်း-ကျွန်ုပ်ကို ချမ်းသာပေးပါ၊ အရှင့်ခြေရင်းမှာ ကျွန်ုပ်က အလုပ်အကျွေးပြုပါ့မယ်-ဆိုပြီး တောင်းပန်လိုက်ပါတယ်။
 
ခြင်္သေ့မင်းကလည်း ကောင်းပြီ၊ ငါ့ကို ပြုစုမယ်ဆိုရင် သင်-အသား ကောင်းကောင်းစားရမယ်-ဆိုပြီး ရွှေဂူကိုခေါ်သွားခဲ့ပါတယ်။

သည်လိုနဲ့ သုံးလေးရက်အတွင်းမှာပဲ ခြင်္သေ့မင်းရဲ့ စားကြွင်းအသားတွေကို စားသောက်ရတဲ့ မြေခွေးဟာ အားအင်တွေပြည့်ဖြိုးပြီး ကိုယ်လုံးကိုယ်ထည် ကြီးထွားလာပါတော့တယ်။ တနေ့မှာ ခြင်္သေ့မင်းက အိပ်နေတဲ့ မြေခွေးကိုနှိုးပြီး-
 
ဟဲ့-မြေခွေး၊ တောင်ခြေမှာ အစာစားနေကြတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွားတွေထဲက သင်စားလိုတဲ့ အသားကိုကြည့်ပြီး ငါ့ကို အရှင်ခြင်္သေ့မင်း ဤအသားကို စားလို၏၊ ထွန်းပပါလော့-လို့ဆိုပြီး ငါ့ကို ရှိခိုးပြောကြားစမ်းပါ-လို့ ဆိုလိုက်ပါတယ်။

မြေခွေးကလည်း အမုန်ယစ်နေတဲ့ ဆင်တကောင်ကို ပြပြီးစားလိုကြောင်းရှိခိုးတောင်းပန်တဲ့အခါ ခြင်္သေ့မင်းက အဲသည်ဆင်ကို ခုန်အုပ်ပြီး ကိုက်သတ်လိုက်ပါတယ်။ ခြင်္သေ့မင်းက ကိုယ်တိုင်လည်း စားပြီးေခြွေးကိုလည်း ၀လင်အောင် ကျွေးမွေးပါတယ်။ 

အနေကြာလာတဲ့အခါ မြေခွေးက ခြင်္သေ့မင်းရဲ့စားကြွင်းကို မစားလိုတော့တဲ့ သဘောနဲ့ သူ့ခန္ဓာကိုယ် ထွားကြိုင်းလာတာကို အားကိုးပြီး အစွမ်းပြချင်လာခဲ့ပါတယ်။

တနေ့မှာ မြေခွေးက ခြင်္သေ့မင်းကို အရှင်ခြင်္သေ့မင်း၊ ကျွန်ုပ်ဟာ ကာလကြာရှည်စွာ အရှင်ခြင်္သေ့မင်းသတ်တဲ့ အသားကိုသာ စားနေခဲ့ရပါတယ်။ အခုအခါ ကျွန်ုပ်ကိုယ်တိုင် ဆင်ကိုသတ်စားလိုပါတယ်။ ပြီးတော့ အရှင်မင်း စားလိုတဲ့ အသားကို ညွှန်ပြပြီး အသင်မြေခွေး ထွန်းပပါလော့-ဆိုပြီး တောင်းပန်ပါ။ ဒီမျှလောက်နဲ့တော့ ၀န်တိုမှု မဖြစ်ပါနဲ့-လို့ ပြောပါလေရော။

သည်အခါမှာ ခြင်္သေ့မင်းက အသင်မြေခွေး၊ သင့်အနေနဲ့ ဆင်ကိုသတ်ဖို့ဆိုတာ စွမ်းနိုင်တဲ့ကိစ္စ မဟုတ်ဘူး၊ လောကမှာ ဆင်ကို သတ်စားနိုင်တဲ့ မြေခွေးဆိုတာ မရှိသေးဘူး။ ဒီအလုပ်ကို သင်မလုပ်ချင်ပါနဲ့။ အန္တရာယ်ကင်းစွာနေပြီး ငါသတ်အပ်တဲ့အသားတို့ကိုသာ စားပြီး နေပါတော့-လို့ ဖျောင်းဖျပြောဆိုပါတယ်။

ခြင်္သေ့မင်းက ဘယ်လိုပဲ တားမြစ်နေပေမယ့် မြေခွေးက ငါ့မှာလည်း ခြေလေးချောင်းရှိတယ်၊ အစွယ်ရှိတယ်၊ ခွန်အားပြည့်တယ်၊ သူတပါးကျွေးမွေးနေတာကို အောက်ကျနောက်ကျခံပြီး မစားလိုတော့ဘူး ဆိုတဲ့ စိတ်ကြီးဝင်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူကိုယ်တိုင် ဆင်ကို သတ်မယ်လို့ ပြောနေတာနဲ့ ခြင်္သေ့မင်းကလည်း ခွင့်ပြုလိုက်ရပြီး နှစ်ကောင်သား တောင်ထိပ်ပေါ်ကို တက်လာခဲ့ပါတော့တယ်။
 
တာင်ခြေမှာ အစာစားနေကြတဲ့ သတ္တ၀ါတွေထဲက ဆင်တကောင်ကို ခြင်္သေ့မင်းက ညွှန်ပြလိုက်ပြီး-အသင်မြေခွေး၊ ထွန်းပပါလော့-ဆိုပြီး တောင်းပန်လိုက်ပါတယ်။ အဲသည်အခါ မြေခွေးဟာ ၀မ်းသာအားရနဲ့ ဆင်ပေါ်ကို ခုန်အုပ်လိုက်တဲ့အခါ ဆင်ရဲ့ဦးကင်းကို မကိုက်မိဘဲ ဆင်ခြေရင်းနားမှာ ပြုတ်ကျသွားပါတော့တယ်။

ဆင်ဟာ မြေခွေးဦးခေါင်းကို ညက်ညက်ကြေမွအောင် နင်းချေပြီး ထွက်သွားခဲ့ပါတော့တယ်။ သဘာဝချင်းမတူဘဲ မိမိကိုယ်မိမိ အထင်ကြီးစိတ် ၀င်တဲ့ မြေခွေး နောက်ဆုံးတော့ မရှုမလှ သေဆုံးခဲ့ရတာပါပဲ။

ကဲကြည့် ဇာတ်တော်လေးကသိပ်ကောင်းတယ်၊ မြေခွေးကိုဘယ်သူသတ်သလဲ ဘယ်သူမှမသတ်ဘူးသူ့ရဲ့ဘဝမေ့ပြီးဘဝမြင့်တတ်တဲ့အကျင့်ကသတ်တာ အရှင်သခင်ကိုမခစားချင်ဘူး မရိုကျိုးချင်ဘူးသူကတောင်ပြန်ပြီးအရှင်သခင်ကိုပြန်ပြီးခစားခိုင်းကာဘဝင်လေဟတ်ခဲ့သေးတယ်မဟုတ်လား။

ဒါကြောင့်လောကအလယ်မှာလဲ ဒီလိုလူတွေများစွာရှိနေတတ်ပါတယ် ဒါတွေကိုရှောင်ကြဉ်ကာ မိမိတို့ကျေးဇူးရှင်ကိုမပြစ်မှားမိစေဖို့ မိမိတို့ဘဝအခြေနေကိုနားလည်တတ်ကြဖို့ ဒီဇာတ်တော်လေးက ဥပမာပေးခဲ့တာတွေ့ရတယ်။

သဗ္ဗေသတ္တာ သတ္တဝါအပေါင်း ဘေးရန်ကင်းကြပါစေ။

(ဓမ္မစမ်းရေ)

"အနာထပိဏ်ရဲ့သားတော်ကာလ

အနာထပိဏ်သူဌေးကြီးမိမိရဲ့သား ကာလအပေါ်တရားရစေရန်ကြံဆောင်အားထုတ်ခဲ့ပုံမှာခုခောတ်မိဘတွေ အားကျအတုယူဖွယ်ကောင်းတယ်။ သူဌေးကြီးအိမ်မှာကာလ ကာလသတိုးသားလေးကလွဲလို့အားလုံးသော အိမ်သူအိမ်သားများဟာ အရိယာချည်းပဲ။

ကာလ သတိုးမှာ သူဌေးသားဖြစ်သည့်အတိုင်းဥစ္စာပေါ့ပေါ့နှင့် သုးံဖြုန်းလည်ပတ် သွားလာပြီး ပျော်ချင်တိုင်း ပျော်နေလိုက်တာညဆိုအချိန်မတော်မှပြန်လာ ဘုရားနားမလည် တရားနားမလည်သံဃာနားဆိုတာဘာမှန်းမသိ ဖြစ်နေတာပေါ့.။

ဒါကိုသူဌေးကြီးမှာလဲသူကိုယ်တိုင်အရိယာဖြစ်နေတော့သူ့သားကာလကိုမာမာထန်ထန် ဒေါသနဲ့မဆုံးမ
ချင်ဘူးဖြစ်နေတယ်။ နောက်တော့ သူဌေးကြီးကပရိယာယ်ဖြင့်သုံးခဲ့တာလေးကအတုယူဖွယ်လေးနော်။
  
သားတော်ကာလ မင်းဒီနေ့ ဥပုသ်စောင့်မယ် ၊ တရားနာမယ်ဆိုရင်မင်းကိုအသပြာတရာပေးမယ်" လို့ဆိုတော့ကာလသတိုးသားကအဖေတကယ်ပေးမှာလားသားတော်ကာလအဖေတကယ်ပေးမှာပါ"
ဟုပြောသဖြင့်ကာလကကောင်းပြီကျွန်တော့်သီလစောင့်ထိန်းပါ့မယ်ဆိုပြီးမြတ်ဘုရားရှိရာကျောင်းတော်တို့
ထွက်လာခဲ့တယ် ကျောင်းရောက်တော့လဲ တရားမနာပဲ ပျော်ရာ၊ပျော်ရာ လှည့်ပတ်သွားလာပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တဲ့အချိနမှာလည်းအဖေလုပ်သူကသူကိုဒီနေ့ဥပုသ်စောင့်ဘာမှမလုပ်ခိုင်းနဲ့ သားတော်ကိုသေချာပြုစုပါ ထမင်းပွဲကိုလည်းအကောင်းဆုံးပြုပြင်ကာကျွေးမွေးတယ် ဒါပေမဲ့ကာလသတိုးသားမစား။
  
ဘာလို့မစားတာလို့မေးတော့ပြောတော့အသပြာတရာပေးမယ်ဆို ခုတော့ပေးလည်းမပေးဘူး အသပြာမပေးလို့မစားတာ အော် ဒီလိုလား ပေးမယ်ပြောထားပြီးပြီပဲ ရော့ တရာ ဆိုပြီးပေးလိုက်တယ်။

ငွေပေးလိုက်တော့မှ ကာလ သတိုးသားလဲ ထမင်းစားတော့တယ်။ သူဌေးကြီးလဲ ၀မ်းမြောက်ဝမ်းသာနှင့် ကာလဟာမုချတရားတွေ့ရမယ်လို့ယုံကြည်ပြီးနောက်တခါသားတော်ကာလဒီတခါဥပုသ်စောင့်ပြီးတရားများကို
တက်အောင်သင်ခဲ့ရင် အသပြာတထောင်ပေးမယ်လို့ ဆိုပြန်တော့ ကာလက ဖခင်အဟုတ်ပေးမှာလားဟု ပြန်မေးတော့ ငါအရင်တခါကလဲ ပေးပြီးပြီ ခုလဲငါတကယ်ပေးမှာပါလို ဆိုတော့မှ ကာလ သတိုးသားဟာ သီလခံယူပြီးတရားနာယူရန်မြတ်ဘုရားရှိရာကျောင်းတော်ကိုသွားပြန်ပါတယ်။

ဒီတခါမှာတော့ ကာလ ညာလို့မရတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သီလတင် မဟုတ်တော့ဘူး တရားကိုမှတ်မိအောင်၊တက်အောင်သင်ရမှာမို့အဖေဖြစ်သူကိုလိမ်ညာလို့မရတော့ဘူးပေါ့။

မြတ်စွာဘုရားထံဝင်ပြီးတရားတော်ကိုသူတက်အောင်သင်ရတော့တရားတော်ပထမတပုဒ်ဆုံးသွားပေမဲ့
တရားကို သူမတွေ့ဘူး။တရားကဘယ်တွေ့မလဲ ဘုရားက ကွယ်ထားလိုက်တာကို။ဒီတော့ သူမေ့သွားတာပေါ့။ ဒီလိုတရားမရရင် အသပြာတထောင်ရမှာမဟုတ်ဘူး၊ ဒါကြောင့်သူအမျိုးမျိုးကြိုးစားတယ်မရ။

 နောက်ဆုံး မှာတော့ တရားလဲတွေ့၊ တရားလဲ မမေ့တော့ဘူးတဲ့။ဒီအခါမှာ ကာလ သတိုးသားဟာငွေကိုတပ်မက်မှုမရှိတော့ဘူး သတိုးသားရဲ့စိတ်မှာဘယ်လိုစဉ်းစားသလဲဆိုတော့ အခုအခါ ငါအိမ်ပြန်သွားလို့ရှိရင် အသပြာတထောင် နှင့် ထမင်းပွဲကို မပေးဘဲနေပါက ကောင်းမှာလို့တွေးနေမိတယ်။

စိတ်ကူးတဲ့အတိုင်းဘဲသူအိမ်ကိုပြန်ရမှာအလွန်ရှက်နေတယ်သူ့လုပ်ရပ်တွေကိုသူရှက်နေတာထင်တယ်။
 နောက်ရဟန်းတော်များသူဌေးကြီးအိမ်ဆွမ်းစားကြွသားမှကာလသတိုးသားလဲ နောက်ကတပါ
တည်းလိုက်သွားတယ်။

အဖေလုပ်သူကလည်းသားတော်ကာလသတိုးသားအတွက်ကောင်းမွန်သောထမင်းပွဲနှင့်
အသပြာတထောင်ပါအဆင်သင့်ပြင်ထားလို့ပေါ့အရင်ကဆိုသံဃာတော်များအနားမကပ်တဲ့သားတော်
ခုတရားတွေ့တာနှင့်တပြိုင်နက်သံဃာတော်များကိုအရိုအသေးပေးပြီးဝတ်ကြီးဝတ်ငယ်ပြုစုလုပ်ကျွေးနေ
တာတေါ့တော့စိတ်ထဲမှာပီတိတွေဝေနေမိမှာတော့တွေးလို့သာကြည့်ပါ ။

သို့သော်အပြင်မှာတော့အဖေလုပ်သူက သားတော်ကာလ ဒီမှာ သားတော်အတွက် ကောင်းမွန်သောထမင်းပွဲနှင့်အသပြာတထောင်လို့ ဆိုပြီးပေးတော့ အလွန်ရှက်လွန်းသဖြင့်အဖေလုပ်သူကိုလှည်ကတောင်မကြည့်ရဲဘူးတဲ့။

အကြောင်းစုံ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိလေတော့ ကိုယ်တော်တိုင် သူဌေးကြီးအိမ်သို့ကြွသွားလျက် ဒါယကာ အနာထပိဏ်သူဌေးသင့်ရဲ့ကာလသတိုးသားက ဘာများပြောသလဲ။

 အရှင်ဘုရား ပထမတခေါက် ဥပုသ်စောင့်လို့တရားနာလျှင် အသပြာတရာပေးမယ်လို့ပြောတော့ ဥပုသ်စောင့်ပြီး ပြန်လာတဲ့အခါအသပြတရာမရလို့ ထမင်းမစားဘဲ နေပါတယ်။ အသပြာတရာရမှ သူထမင်းစားပါတယ်။

အခုဥပုသ်စောင့်၍ တရားကိုတက်အောင်သင်လျှင်အသပြာတထောင် ပေးမယ်ဆိုပြီးလွှတ်လိုက်တော့ အခု အသပြာ တထောင် နှင့် ထမင်းပွဲကို ပြန်စောင်းတောင်မှ လှည့်မကြည့်ပါဘူးဘုရားလို့ လျှောက်ထားတယ်။

ဒီစကားကိုကြားတော့ မြတ်စွာဘုရားက ဒါယကာ သူဌေးကြီး-ရှေးအခါက အိမ်ရှေ့မင်းသားတောကစားထွက်တဲ့အခါ မျက်စိလယ် လမ်းမှားပြီးတော့နံနက်စာလဲ မစားရ၊ ညစာလဲ မစားရ အလွန်မွတ်သိပ်ပြီးနေတဲ့အခါ ငယ်စဉ်က ကျောင်းနေဘက်ဖြစ်ဘူးတဲ့ တောတွင်းသားနှင့် သွားပြီးတွေ့တယ်။

ဒီတော့မှ အိမ်ရှေ့မင်းသားကသူငယ်ချင်း ငါတော့တနေ့လုံးမျက်စိလယ်ပြီးတောတွင်းမှာ လမ်းမှား နေလိုက်တာ နန်းတော်လဲ ပြန်မရောက်ဘူး၊ နံနက်စာလဲ မစားရ၊ ညစာလဲမစားရ ဒါကြောင့် ငါ့ကိုထမင်းတနပ် ကျွေးပါလို့ဆိုတော့ တောတွင်းသားက ဟာ သူငယ်ချင်းလာလိုက်ခဲ့ ထမင်း၊ ဟင်းတွေ ငါ့အိမ်မှာ အများကြီးရှိတယ်ဆိုပြီးအိမ်ကိုခေါ်သွားတ ယ်။ အိမ်ကျတော့ ထမင်းပူ၊ ဟင်းပူများနှင့် ကျွေးတာပေါ့။
ဒီအခါအိမ်ရှေ့မင်းသားဟာ ညအခါကလဲဖြစ် ၊ထမင်းလဲ အင်မတန်ဆာလောင် မွတ်သိပ်နေတော့ အလွန်ဘဲ ထမင်းစားကောင်းတာကို ။ အခုစားရတာ အလွန်ကိုမြိန်တာဘဲ ။ ဟင်းကလည်းကောင်းလိုက်တာ စားရတာတန်ဖိုးရှိတာပေါ့။

ငါနန်းတော်ထဲမှာ ကောင်းမွန်သောအစာအာဟာရတွေနဲ့ စားရပေမဲ့ စားရတာ အခုလိုတခါမှ မမြိန်ရှက်ဘူးဘူး။ အခုစားရတာ အလွန်ကို မြိန်တာဘဲလို့ ပြောတယ်။ တောတွင်းသားက သူငယ်ချင်း စားသာစားပါ အားမနာပါနှင့် ထမင်းတွေ ဟင်းတွေ အများကြီးရှိတယ်လိုရင်ပြောပါပေါ့။

အိမ်ရှေ့မင်းသားကသူငယ်ချင်းမနက်ဖြန်ခါနန်းတော်ပြန်ခါနီးငါ့ကိုဒီဟင်းနှင့်ကျွေးပါအုံးသူငယ်ချင်း
လို့ပြောတော့ဟုတ်ပါပြီကျွေးမယ်အများကြီးကျန်ပါသေးလို့ပြောကာသူငယ်ချင်းနှစ်ယောက်စကား
တပြောပြောနဲ့နေကာတညတာကိုကုန်လွန်စေခဲ့တယ်။

နောက်တနေ့နံနက်မိုးသောက် အလင်းရောက်တော့ အိပ်ရာကနိုးတော့ သူငယ်ချင်းငါနန်းတော်ကို ပြန်တော့မယ်၊ မနေ့က ဟင်းကလေးနှင့် ငါ့ကိုထမင်းကျွေးပါအုံးလို့ ပြောတော့။ ညကကျွေးတဲ့အတိုင်းထမင်းနှင့် ဟင်းကိုကျွေးပါတယ် ။

ဒီအခါကျတော့ဆာလောင်မွတ်သိပ်ခြင်းကလဲမရှိ၊ နေ့အခါအလင်းရောင်ကလဲရလေတော့ထင်
ရှားစွာမြင်ခွင့်ရခဲ့တယ်လေ ထမင်းစားမယ်လို့ ဟင်းချိုဟင်းကိုဇွန်းနှင့် ကော်ခပ်လိုက်တော့..လား-လား .. "တီကောင်တွေ" အစင်းသား အစင်းသားပေါ်လာတာတွေ့တော့ရွံရှာတာပေါ့။

ဒီတော့အိမ်ရှေ့မင်းသားကသူငယ်ချင်း ဒါ-ဘာတွေလဲလို့ မေးတော့ ဟာ-သူငယ်ချင်း ညက မင်းထမင်းမြိန်တာ ဒီဟင်းပေါ့လို့ ပြောလိုက်တော့မှ ဖြစ်မှဖြစ်ရလေသူငယ်ချင်းရယ်လို့ပြောပြီး အော့လိုက်၊ အံလိုက်တာ မပြောပါနှင့်တော့။

ညကတော့ ကြာဇံဟင်းမှတ်လို့အခုမှ တီကောင်ဟင်းမှန်း သိတော့အလွန်ကို ရွံရှာစက်ဆုပ် သွားတယ်။ ဒီတော့မှတောတွင်းသားကပြောတယ် ။ဟေ့-- သူငယ်ချင်း ညက ထမင်းမြိန်ပြီးအလွန်ကို စားလို့ကောင်းတယ်လို့ ပြောတာလည်း မင်းဘဲ။အခု ရွံမုန်းတာလဲ မင်းဘဲလို့ ပြောတယ်တတ်လည်းတတ်နိုင်တယ်ကွာလို့ပြောလိုက်တယ်။

အဲဒါ အိမ်ရှေ့မင်းသားဟာ မသိတော့ တီကောင်ဟင်းကိုကြာဇံဟင်းထင်ပြီး အလွန်နှစ်သက်တယ်၊တီကောင်မှန်းသိတော့ ရွံမုန်းသလိုဘဲ ဒကာတော်ရဲ့သားကာလ သတိုးသားဟာ လိုချင်မှုလောကတဏှာဖုံးလွှမ်းနေတုန်းက အသပြာတရာ နှင့် ထမင်းပွဲကို အလွန်နှစ်သက်နေတာပါ။

အခု တဏှာလောဘကွာ၍ဥာဏ်လင်းရလာသဖြင့် အသပြတထောင်နှင့်ထမင်းပွဲကို ရွံမုန်းခြင်းဖြစ်ထာလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မနာထပိဏ်သူဌေးကို မိန့်ကြားတယ်။

အခုမိမိတို့ဟာ ငါးပါးအာရုံ ကာမဂုဏ်တွေကို ဘာလို့ စွဲလမ်းနှစ်သက် သာယာနေသလဲ ဆိုရင်ဖြင့် လောဘတဏှာဖုံးလွှမ်း နေလို့ပဲ၊ လိုချင်မှုမရှိဥာဏ်အလင်းရလာလျှင် မုချကာမဂုဏ်၏အပြစ် တွေကို မြင်၍ရွံမုန်း ကြောက်ရွံပြီး လွတ်မြောက်လိုတဲ စိတ်တွေပေါ်လာပေလိမ့်မယ်။

အဲဒီပုံဝတ္ထုကို ထောက်၍အနာထပိဏ် သူဌေးသည် ကာလ သတိုးသားကို တရားမတွေ့ တွေ့အောင်ကြံဆောင်ကာသားကိုချစ်ပြခဲ့သလို မိမိတို့လဲမိမိတို့ရဲ့သားသမီးများကို တရားမတွေ့တွေ့အောင် ရှာဖွေပြီးမိဘအမွေပေးသင့်ပါတယ်။

သားသမီးတွေတင်လားမဟုတ်ပါဘူး မိမိဆွေမျိုး၊ပတ်ဝန်းကျင် မိတ်သင်္ဂဟများကိုလဲ ကာလ သတိုးသားကဲ့သို့တရားရရန် အားပေးတိုက်တွန်းဖို့လောကလူတွေများစွာလုပ်ဖို့လိုအပ်ပါတယ်။

ဒါမှသာလျှင်မိမိတို့ဘာသာသာသနာကောမိမိတို့မိသားစုကောမိမိတို့ပါတ်ဝန်းကျင်ကောသာယာလှတဲ့
ဘဝတခုကိုပိုင်ဆိုင်နိင်ကြမှာဖြစ်ပါတယ်ပိုင်ဆိုင်နိုင်အောင်ကြိုးစားကြဖို့လည်းလိုပါတယ်။

(ဓမ္မစမ်းရေ)

vendredi 10 octobre 2014

လမ်းပြကြယ်လေးကုမာရီ

       
စာရေးသူထိန့်လန့်ဖွယ်မြင်ကွင်းတွေမြန်မာပြည်မှာနေ့တိုင်းတွေ့နေရတော့ဘုရားရှင်လက်ထက်က
ကုမာရီအမျိုးသမီးလေးကိုသတိသွားရတယ်သူကတော့ဘုရားရှင်ပေးထားတဲ့မရဏာနုဿတိကမ္မဋ္ဌာန်းကို
အမြဲနှလုံးသွင်းတော့သေရမှာမကြောက်ဘူးပေါ့။

ဒါပေမဲ့ခုခောတ်လူတွေဘယ်လိုသေရမယ်ဘယ်လိုဖြစ်ပြီးတော့သေရမယ်ဘာကြောင့်သေရမယ်ဆို
တာတွေတွေးမထားမိကြဘူးကာမဂုဏ်အပျော်တွေနဲ့ပဲနေနေကြတယ်ချက်ချင်းလက်ငန်းသေဘေး
နဲ့တွေ့တော့ကိုယ်အတွက်ဘာမှမရှိဖြစ်နေတတ်တယ်။

ကုမာရီအမျိုးသမီးလေးကတော့မြတ်ဘုရားကမရဏာနုဿတိကို မပြတ်နှလုံးသွင်းဖို့ ဟောထားတာ နာဖူးတော့မရဏာနုဿတိကို မပြတ်နှလုံးသွင်းနေတယ်။

ဒီခန္ဓာကြီးဟာ သေရာသွားနေတာပဲ၊ ဒါမရဏာနုဿတိနော်။သူကသမထပဲနော်၊အကြမ်းစားကိလေသာတွေကို ပယ်နိုင်တယ်။ဘာလို့ တုန်းဆိုတော့ သေရမယ်ဆိုတာသိနေရင်ဘာလိုချင်သေးတုန်း။လောကီ
စည်းစိမ်ဥစ္စာတွေ ဘာမှမမက်တော့ဘူး။

ဝေဒနာကြောက်တဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာပျောက်ခြင်း အလိုရှိသကဲ့သို့ ပဲသေရတော့မယ်ဆိုတော့ အသေလွတ်တဲ့လမ်း မသိတဲ့ပုဂ္ဂိုလ်ကကြောက်ခြင်း လန့် ခြင်းနဲ့ ပဲ ၀ိဥာဏ်ချုပ်ကြရတာပဲ။

ဒီကုမာရီလေးကဘုရားဆုံးမထားတဲ့အတိုင်းမရဏာနုဿတိကိုမပြတ်နှလုံးသွင်းနေတယ်။သေခြင်းတရားဆိုတာ အင်မတန်မြန်တယ်ဆိုတာကိုသူက မပြတ်နှလုံးသွင်းနေတဲ့အတွက်ဒီမရဏာနုဿတိကမ္မဋ္ဌာန်းပေါ်မှာ
အာရုံရောက်နေတာပေါ့။

တစ်နေ့ ကျတော့ သူက သေရမယ့်အချိန်ကို အင်မတန်နီးကပ်လာပြီ။ဘုရားကိုယ်တော်မြတ်ကြီးက ဒါကို ဥာဏ်တော်နဲ့ မြင်တော်မူတယ်။သူနေတဲ့နေရာနားမှာ တရားပွဲကြီးလုပ်တော့ ကုမာရီအမျိုးသမီးဟာ
အိမ်မှုကိစ္စ အ၀၀တွေနဲ့ အလုပ်ရှုပ်နေတယ်။

တရားပွဲကို သွားချင်တယ်၊ ဒီက ကိစ္စက မပြတ်သေးတော့ပြီးအောင်လုပ်ပြီးတော့ တရားပွဲကို သွားတယ်။
သူ ယက္ကန်းလုပ်တဲ့နေရာကလည်း ဒီတရားပွဲကိုဖြတ်သွားရမှာကိုး ။ 
ဘုရားကိုယ်တော်မြတ်ကြီးက တရားမဟောဘူးဗျ။ပလ္လင်ပေါ်မှာပဲ သီတင်းသုံးပြီးတော့ သူ့ ဝေနေယျဖြစ်တဲ့ဒီကုမာရီအမျိုးသမီးလေးကို စောင့်နေတယ်။

ကုမာရီကလည်း အချိန်တန်တော့ ရောက်လာပြီးပရိသတ်အစွန်က နေတဲ့အချိန်မှာဘုရားကိုယ်တော်မြတ်ကြီးက
သမီး ရှေ့ ကိုလာခဲ့ တဲ့။ ဘုရားအမိန့် ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ပရိသတ်က နေရာပေးရတာပေါ့။

ကုမာရီ ရှေ့ ကိုလည်း ရောက်ရော ဘုရားကိုယ်တော်မြတ်ကြီးနဲ့ အပြန်အလှန် စကားဆိုခဲ့ကြတယ်။

"ချစ်သမီး ဘယ်ကလာတာလဲ။"

"မသိပါဘုရား။"

"ချစ်သမီး ဘယ်ကိုသွားမှာလဲ။"

"မသိပါဘုရား။"

"ချစ်သမီး မသိဘူးလား။"

"သိပါတယ်ဘုရား။"

"ချစ်သမီး သိရဲ့လား။"

"မသိပါဘုရား။"အဲဒီလိုလေးတွေအမေးအဖြေလုပ်တာကို ဘေးက ပရိသတ်က ဒီကလေးမလေးနှယ် ဘုရားကိုယ်တော်မြတ်ကြီးကမေးတာကို လေးလေးစားစား ဖြေဖို့ တော့ ကောင်းတာပေါ့။

ဘယ်ကလာခဲ့သလို ဆိုရင် အိမ်ကလာခဲ့တယ်၊ဘယ်သွားမလို့ လဲဆိုရင် ယက်ဖောက်လုံးတွေမြင်နေတာ
ယက္ကန်းရုံသွားပါမယ် လို့ ဖြေသင့်တာပေါ့။ ခုတော့မသိပါဘူးဆိုတော့ မလေးမစားနဲ့ ဒီကလေးမ တယ်ခက်တာပဲပေါ့လေ။

အော် လောကလူတွေ အိမ်ကလာတာတော့ဘုရားရှင်လည်းသိတာပေါ့ အကြောင်းထူးရှိလို့မေးတာကိုသတိမထားကြဘူး ချက်ချင်းဝေဖန်မယ်ဆိုတာချည်းပဲ ခုမြန်မာပြည်ကလူတွေလည်း ဘာလုပ်လိုက်လဲ ဝေဖန်မယ် ဒါဟာဒီမိုကရေစီဆိုပဲ။

အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကချစ်သမီး၊ သင်ဟာ အိမ်ကပြန်လာတာ ဖြစ်ပါလျက်
"ဘယ်က လာတာလဲ" ဆိုတဲ့ ငါဘုရားရဲ့ အမေးကို"မသိပါ" လို့ ဘာကြောင့်ဖြေရတာလဲ လို့ မေးလိုက်တယ်။

အိမ်ကလာတယ်ဆိုတာတော့ လူတိုင်း သိတာပဲနော်။ကလေးမလေးက မရဏာနုဿတိ နှလုံးသွင်းထားတာ
သူရင့်ကျက်တော့ အော် ဘယ်ဘုံ ဘယ်ဘ၀က လာသလဲမေးတာပဲ လို့  သိတယ်။

ယက္ကန်းသည်မလေးက သဗ္ဗညုတဥာဏ်တော်အရှင်သူမြတ်ဘုရားသည် ဤအမေးကို
အကြောင်းမဲ့မေးတော်မူသည်ဟုမယူဆပါ။ ဘယ်ဘ၀က လာကြောင်းမေးတာဖြစ်တယ်လို့ မှတ်ယူမိတဲ့အတွက်"မသိပါ"ဟုဖြေခဲ့ပါတယ်အရှင်ဘုရား လို့ ဖြေတော့ ဘုရားက သာဓုခေါ်တယ်။

"ချစ်သမီး ဘယ်ကိုသွားမှာလဲ" ဆိုတာကို ဘာကြောင့်"မသိပါ" လို့  ဖြေသလဲ။

ယက္ကန်းသည်မလေးက သေလွန်ပြီးတဲ့နောက်မှာဘယ်ဘ၀ကိုသွားမှာလဲဆိုတာကိုမေးတော်
မူတာဖြစ်တဲ့အတွက်မသိကြောင်းဖြေတာဖြစ်ပါတယ်အရှင်ဘုရား။ တဲ့။

ချစ်သမီး "မသိဘူးလား" ဆိုတာကို "သိပါတယ်" လို့ ဘာကြောင့် ဖြေရတာလဲ။

"သေမယ်ဆိုတာ မသိဘူးလား" လို့  ဆိုလိုတဲ့အတွက်"သိပါတယ်" လို့ ဖြေတာဖြစ်ပါတယ် အရှင်ဘုရား။ တဲ့။

ချစ်သမီး "သိရဲ့လား" မေးတော့ "မသိဘူး" လို့ ဆိုပြန်တယ်။ဘာကြောင့်လဲ။

"ဘယ်အချိန်မှာသေမယ်ဆိုတာ သိရဲ့လား" လို့ မေးတာကြောင့်မသိတဲ့ အကြောင်း ဖြေပါတယ်အရှင်ဘုရား။ တဲ့။တော်လိုက်တဲ့ကလေးမလေးဓမ္မစမ်းရေကိုသာဘုရားရှင်မေးလိုက်ရင်တော့ ကျောင်း
ကလာတာလို့ဖြေမှာအသေချာပါပဲ။

သြော်ခုတော့ကုမာရီအမျိုးသမီးလေးကဓမ္မစမ်းရေကိုတရားပြသွားပြန်ပြီ အတွေးတွေအကြိမ်ကြိမ်အခါခါဝင်မိတယ် ငါအတွက်ဘာတွေပြင်ဆင်ပြီးပြီလဲလို့ အသက်ရှင်သန်ခွင့်ရပြီဆိုကတည်းစာပေနဲ့နပန်းလုံးလာခဲ့တာခုချိန်ထိပါပဲ ခုချိန်သာသေလို့ကတော့ မတွေးရဲစရာ။

ကလေးမလေးကတော့ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်မို့ ဘုရားမေးတာကို ရိပ်စားမိပြီး အဖြေပေးတတ်တယ်နော်။ဘုရားကိုယ်တော်မြတ်ကြီးက သာဓုခေါ်တယ်။ဒီတော့မှ ဘေးက ပရိသတ်က တော်တော် ပညာကြီးတဲ့ကလေးမလေးပဲလို့  နောက်မှသာဓုခေါ်ကြတယ်နော်။

ဘုရားကိုယ်တော်မြတ်ကြီးကတော့ ဒီကလေးမလေးဟာဒီကပြန်ပြီး ယက္ကန်းစင်ရောက်တာနဲ့ စုတိစိတ်ကျပြီး
သေမယ်ဆိုတာ သိနေတယ်။ဒီတရားထူးနာရပြီးတော့ ကုမာရီကလေးမလေးဟာ
ခန္ဓာ ဥာဏ်ရောက်သွားပြီး သောတာပန်တည်တယ်။

ဓမ္မစမ်းရေစာဖတ်ပရိတ်သတ်ကြီးလည်းကိုယ့်ကိုယ်ကို မေးကြည့်ကြ၊
ငါ ဘယ်က လာခဲ့သလဲ၊
ဘယ်ကိုသွားရမှာလဲ၊
ငါဘာတွေပြင်ဆင်ပြီးပြီလဲ
မသိဘူးနော်။

မသိတဲ့ထဲက သိတာကတော့ သေရမှာတော့သိကြတယ်မဟုတ်လား။ မပေါ့နဲ့ သေရမှာလေးတော့ ခဏခဏ နှလုံးသွင်းပေး။အဲဒီသေရမှာသိတဲ့ အထဲက သေချိန်ကျတော့ သိရလား။မသိဘူး၊ ဘယ်နေ့ ဘယ်ရက် သေပွဲဝင်ရမယ်ဆိုတာတော့မသိဘူး။

ကိုယ့်ရဲ့နှလုံးသားထဲမှာဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းလေးမှရှိမထားရင်တော့မိတ်ဆွေတို့ ပြန်လည်မွေးဖွားကြမယ် အိုရအုံးမယ် နာရအုံးမယ် သေရအုံးမယ်နော်သတိလေးထားကြပါအုံးစည်းစိမ်တွေရစ်မနေကြနဲ့တော့ အချိန်မရှိတော့ဘူး။

ကုမာရီအမျိုးသမီးလေးလိုသေဖို့ကိုလည်းနှလုံးသွင်းထားကြပါအုံးမနေရလို့သေကြပြီဆိုရင် ကိုယ့်နောက်က ကိုယ်ပြုထားတဲ့အလုပ်ကပဲပါမှာနော် သံသရာထဲမှာပျော်မနေကြနဲ့တော့ ရစ်မနေကြနဲ့တော့လည်လာခဲ့တာလည်းကြာပြီမမူးကြသေးဘူးလားကုမာရီလေးလိုနှလုံး
သွင်းပြီးနေဖို့အချိန်တန်ပြီ။

ကဲနောက်ဆုံးအနေနဲ့နိဂုံးချုပ်ကြည့်ကြမယ်
တို့တတွေဘာတွေပြင်ဆင်ကြပြီးပြီလဲ
အကုန်လုံးအဆင်သင့်ဖြစ်ပြီလား
မကြောက်တမ်းသံသရာခရီးနှင်နိုင်ဖို့သင့်အတွက်ရိက္ခာတွေဘယ်လောက်ရှိပြီလဲ။

(ဓမ္မစမ်းရေ)