မြတ်ဘုရားကတော့ “သန္တုဋ္ဌီ ပရမံ စိတ္တံသုခံ”ံတင့်တိမ်ရောင့်ရဲမှုဟာအမြင့်မြတ်ဆုံးကြွယ်ဝမှု စိတ်ချမ်းသာမှုလို့ဟောထားပါတယ်၊ဒီချမ်းသာမှုဟာလူ့ဘ၀ရလာတဲ့အခိုက်မှာအရာရာပြီးပြည့်စုံတဲ့
ချမ်းသာသုခပါပဲ ဒီလိုချမ်းသာကြွယ်ဝမှုတွေချို့တဲ့နေရင်တော့ တခြားဘာတွေပဲရှိရှိ ဘယ်လောက်ပဲရှိရှိ အမြဲလိုလိုဆင်းရဲပူပန်နေ၇အုံးမှာပါပဲ။
တကယ်တော့လူ့လောကမှာ ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာ အလိုပြည့်မှု မပြည့်မှုကြောင့်ပါပဲ အလိုဆိုတာကလည်း လိုချင်တဲ့အလို လိုအပ်တဲ့အလိုဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။
လိုချင်တဲ့အလိုကအကန့်သတ်မဲ့စည်းလွတ်ဘောင်လွတ်လိုချင်တဲ့သူကပြည့်ဝတယ်ဆိုတာမရှိပါဘူး
၊ရောင့်ရဲမှုဆိုတာမရှိပါဘူး၊လိုအပ်တဲ့အလိုကျတော့ရောင့်ရဲ့မှုကလိုချင်တဲ့အလိုရမ္မက်ကိုနှိမ်နင်းပြီး
လိုအပ်တဲ့အလိုကိုလိုအပ်ချက်အတိုင်းလိုက်လံ၇ှာဖွေကာပြည့်အောင်ဖြည့်စည်းပေးတာကိုရောင့်ရဲ့မှုရယ်လို့ခေါ်ကြတယ်။
တင်းတိမ်ရောင့်ရဲမှုဟာ တချို့ထင်သလို လူမိုက် လူဖျင်းတို့ရဲ့ဆင်ခြေစကားမဟုတ်ပါ၊လိုချင်တာနဲ့ လိုအပ်တာကိုခွဲခြားသိနိုင်ဖို့ပါပဲ၊လိုချင်တာကိုချုပ်တီးထားနိုင်ရမယ်၊လိုအပ်တာကိုဖြည့်စည်းပေးနိုင်ရမယ်၊
ဒီလိုလုပ်ဆောင်နိုင်မှုဟာ သူတော်ကောင်းတွေရဲ့အကျင့်စရိုက်လက္ခဏာပါပဲ။
မြတ်ဘုရားကတော့ လူတိုင်းလိုချင်တဲ့အရာလေးမျိုးရှိတယ်။
(၁) တရားသဖြင့်ချမ်းသာကြွယ်ဝမှု။
(၂)ကျေနပ်ဖွယ်အခြံအရံပေါများခြင်း။
(၃)ကျမ္မာခြင်း။
(၄)သေသောအခါကောင်းရာလားခြင်း။တို့ပဲဖြစ်ပါတယ်။
လူ့ဘ၀ရလာပြီဆိုရင်တဏှာ၊မာန၊ဒိဋ္ဌိ၊တရားတွေရှိနေသမျှကာလပါတ်လုံးသူတော်ကောင်းတို့ရထားတဲ့
မှန်ကန်တဲ့အကျိုးကျေးဇူးတွေကိုရလိမ့်မယ်မဟုတ်ပါ၊သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ၊ဟိရ၊သြတပ္ပ၊ဟူသော သူတော်ကောင်းတရားတွေနဲ့သုံးသပ်ဆင်ခြင်နိုင်မှသာ မှန်ကန်တဲ့အကျိုးကျေးဇူးကိုရရှိမှာဖြစ်ပါတယ်။
ဒီနေရာမှာ…ရှိနေတာလေးနဲ့ပျော်၇ွှင်နိုင်တဲ့သူတယောက်အကြောင်းပြောပြပါရစေ၊တခါတုံးက မြို့တမြို့မှာ အလွန်ဆင်းရဲပြီး ရေထမ်းရောင်းတဲ့ဆင်းရဲသားလေးရှိခဲ့ဖူးတယ၊်နာမည်လေးကတော့မောင်လမင်းတဲ့
မောင်လမင်းလေးဟာသဋ္ဌေးကြီးရဲ့အိမ်နံဘေးမှာတဲထိုးပြီးနေထိုင်ရတယ်။
မောင်လမင်းလေးဟာမနက်မိုးလင်းပြီဆိုကတည်းက..ဘုရားရှိခိုး..မေတ္တာပို့…အမျှဝေပါတယ်သူလုပ်နေကျအလုပ်ပြီးပြီဆိုရင်ပခုံးပေါ်ရေပုံးတင်ကာထွက်လာရပါတော့တယ်၊ပြီးးတော့ရေတွေခပ်ပြီးမှာယူတဲ့အိမ်တွေဆီကိုအရောက်ပို့ပေးရပါတယ်။
မောင်လမင်းလေးဟာရေခပ်နေရင်းလဲ သီချင်းကလေးတအေးအေး လေကလေးတချွန်ချွန်နဲ့ပျော်ပျော်ရွှင်ရွှင်အမြဲလိုလိုနေထိုင်တတ်တယ်၊
သဋ္ဌေးကြီးဟာသူ့ကိုအမြဲတွေ့တယ်၊သဋ္ဌေးကြီးကအသံကြားတဲ့အခါအင်မတန်စိတ်ချမ်းသာတယ်၊
သူ့စိတ်ထဲမှာလည်းတွေးတယ်၊ဆင်းရဲတဲ့သူတွေဟာလူဖြစ်ရကျိုးနပ်တယ်၊အပူပင်ကြောင်းကြမှုဘာမှမရှိဘူး၊ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ်။
တို့မှာတော့မရှိတောင်းတ..ရှိကြောင်းကြဆိုသလိုအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ဆိုတာကိုမရှိဘူး
၊မောင်လမင်းလေးကတော့မနက်ပိုင်းရေထမ်းပြီးပြီဆိုရင်နေလည်စာအတွက်အိမ်ကိုပြန်ကာ
ထမင်းချက်စားပြီးအမောဖြေတတ်တယ်၊နားနေတဲ့အချိန်မှာလည်း ပျော်ပျော်ရွှင်ရွှင် သီချင်းကလေးငြီးနေတတ်တယ်။
အဲဒီအချိန်မှာသဋ္ဌေးကြီးကတော့ပစ္စည်းဥစ္စာချမ်းသာသလောက်စိုးရိမ်ပူပန်မှုတွေနဲ့ညစဉ်အိပ်မပျော်တာမို့နေ့လည်စာစားပြီးရင်
ခဏလေးအိပ်တတ်တယ်၊သဋ္ဌေးကြီးနေ့လည်အနားယူအိပ်စက်တဲ့အချိန်မောင်လမင်းလေးအနားယူတဲ့အချိန်ကတိုက်နေတော့
..မောင်လမင်းလေးရဲ့သီချင်းသံကိုနေ့စဉ်ကြားနေရတော့သဋ္ဌေးကြီးကိုသီချင်းလေးနဲ့ချော့သိပ်သလိုဖြစ်နေတာမို့မောင်လမင်းလေးကို
သဘောကျနေတယ်။
တရက်မှာ….မောင်လမင်းလေးကိုသဋ္ဌေးကြီးကအိမ်ကိုခေါ်ပြီးတော့အမောင်..အမောင်သီချင်းသံကိုနားထောင်ရင်း
အိပ်ရတာတော်တော်အဆင်ပြေတယ်၊အဲဒါကြောင့်အမောင့်ကိုဆုချတဲ့အနေနဲ့အသပြာတရာယူသွားပါလို့ပြောပြီးပေးလိုက်တယ်၊
တနေ့ ရေထမ်းရောင်းတာက..တမတ်….ငါးမူးပဲရတာမောင်လမင်းလေးကခုတော့ငွေတရာရတာဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး
ယူသွားတာပေါ့အိမ်လဲရောက်ရောငွေတရာကိုမြေကြီးထဲမြှပ်ထားလိုက်တယ်။
မောင်လမင်းလေးဟာငွေတရာရသည့်နေ့ကစပြီး စိုးရိမ်မှုတွေဖြစ်တတ်လာပြီး အရင်ကလိုပျော်ရွှင်မှုမရှိ သီချင်းလဲမဆိုညဘက်ဆိုရင်လည်းကောင်းကောင်းအိပ်မပျော်မကြာခဏဆိုသလိုမြှပ်ထားတဲ့ငွေထုတ်ကိုသတိရနေတတ်တယ်။
မောင်လမင်းလေးဟာ..ဒီငွေထုတ်ကြောင့်စိုးရိမ်သောကဖြစ်နေရတာကိုမကျေမနပ်ဖြစ်လာတယ်၊ဆက်ပြီးလဲသီးမခံနိုင်တော့ဘူး၊
ဒီငွေမရှိလည်းဘာမှမဖြစ်ဘူး၊ရှိပူနေရသေးတယ်၊မရှိတော့နားအေးတယ်ဆိုပြီးငွေထုတ်ကိုဖော်ထုတ်ကာသဋ္ဌေးကြီးကိုပြန်ပေးလိုက်တယ်။
သဋ္ဌေးကြီးဆီလဲသွားရောသဋ္ဌေးကြီးကမောင်လမင်းလေးကိုမေးတယ်၊သီချင်းသံလည်းမကြားရတော့ပါလား
နေမကောင်းဘူးလားလို့ဆီးကြိုပြီးမေးတယ်။
မောင်လမင်းကသဋ္ဌေးကြီးကိုကျွန်တော်မပျော်ရွှင်စွာနဲ့သီချင်းမဆိုနိုင်တာဟာနေမကောင်းလို့မဟုတ်ပါဘူး၊
သဋ္ဌေးကြီးပေးတဲ့ငွေထုတ်ကြောင့်ပါ၊ဒီငွေထုတ်ကိုအချိန်နှင့်အမျှပူပန်နေရလို့သီချင်းဆိုချင်တဲ့စိတ်မရှိပါ၊
စိတ်ပျော်ရွှင်မှုလည်းမရှိပါလို့ပြောပြီးငွေထုတ်ကိုပြန်ပေးလိုက်ပါတယ်။ငွေထုတ်ပေးခဲ့ပေးပြီးခဲ့တဲ့နေ့ကစပြီး သီချင်းသံကြားရပါစေမယ်၊လို့ပြောပြီးပြန်သွားပါတယ်။
သဋ္ဌေးကြီးကငွေထုတ်ကိုသေချာကြည့်ပြီးဒီနေ့ကစပြိးပိုက်ဆံရှိလူချမ်းသာပဲဖြစ်ရစေမယ်၊
ပိုက်ဆံရှိလူဆင်းရဲမဖြစ်စေရဘူး၊ငွေပိုင်၇ှင်ပဲဖြစ်ရစေမယ်၊ငွေပိုင်ကျွန်မဖြစ်စေရဘူးဟုကြုံးဝါးလိုက်တယ်။
ဒီပုံပြင်လေးဟာ ရရှိတာလေးနဲ့ရောင့်ရဲနိုင်မှုကိုဖော်ပြနေတာပါ၊ဒီပုံပြင်လေးဟာခုခောတ်နဲ့မလျော်ညီနိုင်ပေမဲ့ “ရှိတာလေးနဲ့လှအောင်ဝတ်..ရတာလေးနဲ့ဝအောင်စား….ပိုလျှံတာကိုအလှူပေးဆိုတဲ”့ရှေးမြန်မာတိုရဲ့
စိတ်နေစိတ်ထားလေးကိုတော့လွမ်းနေအောင်ပြုလုပ်နေသလိုပါပဲ။
လူတိုင်းတော့မတူပါဘူးတချို့ကစိတ်ချမ်းသာတယ်၊ပစ္စည်းဥစ္စာမပြည့်စုံဘူး၊တချို့ကပစ္စည်းဥစ္စာပြည့်စုံတယ်၊.
စိတ်မချမ်းသာဘူး၊လူ့ဘ၀မှာပြည့်စုံတယ်ဆိုတာတော့ရှားပါတယ်၊
ဒီလိုဖြစ်၇တာဟာဘ၀ပေးအခြေအနေလို့မသတ်မှတ်လိုက်ပါနဲ့မသက်ဆိုင်ပါဘ၀ပေါ်မှာထားတဲ့သဘောထားနဲ့သက်ဆိုင်ပါတယ်။
တကယ်တော့ဘ၀မှာအောင်မြင်မှုဆိုတာကိုယ်လိုချင်တာရတာဖြစ်ပြီးပျော်ရွှင်ချမ်းသာမှုဆိုတာကတော့ကိုရတာလေးနဲ့ ရရှိတာလေးနဲ့ပျော်ရွှင်နိုင်အောင်နေတတ်ဖို့ပါပဲ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။