Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 31 juillet 2012

ဂရုဓမ်တရားလေးပါးအကျိုးအာနိသင်

စာမရေးတာတော့ကြာပြီ မိုးတွေကလဲဆက်တိုက်ကိုချနေတာ မိုးရွာတော့ရေမချိုးရဲ ရေမချိုးတော့ ခန္ဓာကိုယ်မှာအပူတွေအောင်း ဒီလိုနဲ့ ပါးစပ်မှာအပူဖုလေးတွေလာပေါက်နေတယ်လေ လည်ချောင်းတွေလဲနာ ဆေးသောက်သော်လဲမသက်သာအလကားနေလို့လားမသိဘူး။

 နောက်ပြီးနေမကောင်းဖျားတယ်လေ လူတွေကောဘယ်လိုလုပ်စားသောက်နေထိုင်ကြသလဲ စာရေးသူလိုမြန်းဖြစ်နေမလားပေါ့အတွေးတခုခေါင်းထဲကိုတိုးဝင်လာတယ်။ 

အခုဆယ်စုနှစ်အတွင်းအမိမြန်မာပြည်ကြီးဟာ ဘေးအမျိုးမျိုး ဆိုက်ရောက်လာတာတွေ့ရတယ် တမျိုးပြီးတမျိုး ရှာကြံပြီးမြန်မာပြည်ကို ၀င်ရောက်နေတယ် မြန်မာပြည်သူတွေသဘောကောင်းလို့ အရသာမြန်းတွေ့နေသလား?။

လူတွေလဲဒုက္ခမျိုးစုံရောက်ပြီး အဆင်ပြေသောသူဆိုတာ တော်တော်ရှားသွားပြီ စာရေးသူမြန်မာပြည် အထက်အလယ် အောက်အနှံ့ရောက်ခဲ့ပါတယ် ပြေလည်သောသူဆိုတာမတွေ့သလောက်ပါဘဲ လက်လုပ်လက်စားတွေဆို ပိုပြီးတော့ဆိုးတယ် တနေ့ တထောင်ရဖို့မလွယ်ဘူးလို့ပြောတယ်။

နောက် စာရေးသူရဲ့ကျောင်းမှာဆေးသုတ်တဲ့သူတွေကိုမေးကြည့်တော့လဲ အတန်းစားအလိုက် ပိုက်ဆံပေးရတယ်တဲ့ တချို့ကတော့နှစ်ထောင် တချို့ကတော့ သုံးထောင် ကိုယ့်ထမင်းကိုယ်စား တဲ့ ဒါပေမဲ့ ကျောင်းက ဦးသောကတော့သေချာလုပ်ကျွေးနေတာတွေ့ရလို့ သူတို့အစားဝမ်းသာမိတာတော့အမှန်ပါဘဲ။

ကျောင်းကိုမယ်တော်လာလို့လူတွေအခြေအနေအကြောင်းနည်းနည်းမေးမိတယ်
မိုးတွေဒီလောက်ရွာနေတာလူတွေဘာတွေလုပ်စားနေကြလဲပေါ့စာရေးသူကတော့
မယ်တော်လာပို့သောဆွမ်းဝတ်ကိုအသာယာဖွင့်စားနေတာဆိုတော့အေးဆေးပဲလို့
အမြင်မှာတွေးလို့ရပါတယ်။ 
သို့သော်စာရေးသူမအေးဆေးပါမယ်တော်လှူသောဆွမ်းကိုစားတယ် ဒကာဒကာမတွေရဲ့ဆွမ်းကိုစားတယ် စာရေးသူအလကားမနေပါ စာရေးစာချစာကြည့်ပါတယ။်

မယ်တော်ပြောတယ်လူတွေဟာငွေကိုအတိုးယူကာချေးစားနေကြတာ ဇာတ်သမားတွေဆိုဇာတ်ကရမည့်အချိန်မရောက်ခင်ကြိုယူထားရောက်တဲ့အချိန်ပြန်ဆပ်ပန်းရံသမားတွေလဲ
အလုပ်မရှိတဲ့အခါအကြွေးယူထားအလုပ်ရတဲ့အခါပြန်ဆပ်အတိုးကများပါဘိနဲ့လူတွေလုံးချာလိုက်နေတယ်တဲ့
ဒီအသံကြားတော့လဲမယ်တော်ဆွမ်းကိုမစားရက်။

စာရေးသူမသိဘူးလားဆိုတော့သိတော့သိပါတယ်ဘယ်လိုစားသောက်နေထိုင်ကြသလဲ
ဆိုတာတော့သေသေချာချာမသိတာတော့အမှန်ပါလယ်သမားတွေလဲအဆင်မပြေတာတော်တော်တွေ့ရတယ်လို့
မယ်တော်ကိုပြောပြတော့ မယ်တော်က အရင်ကဆိုရင် မြန်မာပြည်ကြီးဟာဆန်ရေစပါးပေါများတယ။်

အခုတော့ဆန်ရေစပါးကလဲအထွက်နှံးကမကောင်းရာသီဥတုကလည်းအဆင်မပြေတော့
လယ်သမားတွေဘယ်အဆင်ပြေပါ့မလဲဦးဇင်းရယ်တဲ့ဟုတ်တယ်နော်အရင်ကဆိုမြန်မာပြည်ကြီးဟာ
ဆန်ရေစပါးပေါများတာလူတိုင်းသိတယ် လူတိုင်းလက်ခံတယ်။ 

ဘာကြောင့်ဒီလိုပေါရတာလဲလို့မယ်တော်ကိုမေးကြည့်တော့ မယ်တော်က လူတွေရဲ့အကျင့်စာရိတ္တကြောင့်တဲ့။

ဟုတ်တယ်..အရင်ကလူတွေနဲ့မတူတော့ဘူးဘုန်းကြီးကျောင်းနေ့တိုင်းဆွမ်းပို့ရင်တောင်
လူတွေကသေချာကြည့်ကြတယ်ဒီလူရိုရဲ့လားဘာအလိုရှိလို့ဘုန်းကြီးကျောင်းကိုနေ့တိုင်း
သွားနေရတာလဲဆိုတာမနာလိုဝန်တိုမှုတွေနဲ့ကြည့်ကြတယ် ဒါတွေဟာလဲ မကြီးပွားခြင်းရဲ့အကြောင်းပေါ့။

အရင်ကလူတွေကဂရုဓမ်တရားလေးပါးကိုစွဲမြဲစွာလက်ခံကျင့်သုံးကြတယ်ဂရုဓမ်တရားလေးပါး
ကျင့်သုံးကြ တော့ဆန်ရေစပါးပေါများတာပေါ့ဦးဇင်းလူတွေချည်းပြောမနေနဲ့ဘုန်းကြီးတွေကောပြောအုံးတဲ့။ 

မယ်တော်ကထပ်ပြောတယ်ပုံပြင်လေးတခုကြားဖူးတယ်တဲ့ နည်းနည်းပြောချင်တယ်ဆိုပဲ မယ်တော်ပြောမည့်ပုံပြင်ကိုစာရေးသူသိပါတယ် သို့သော် နားထောင်ပေးလိုက်ပါတယ်။

တခါတုံးကသူတော်တပါးဟာပြောင်းဖူးခင်းထဲမှာပြောင်းဖူးခူးစားတယ်ပြောင်းဖူးကအစေ့မအောင်ဘူးပေါ့
 သူတော်ကပြောင်းဖူးကိုအပြစ်ပြောတယ်အစေ့ကလည်းမပြည့်ဘူးဘယ်ရမလဲပြောင်းဖူးကလည်းပြန်ပြောတာပေါ့
အပင်ကမှအဖူးအစေ့ပြည့်စုံအောင်မသန်တာကိုး အဲဒီလိုပြောလိုက်တော့သူတော်က ဟုတ်သားပဲ အပင်ကဘာဖြစ်လို့ မသန်တာလဲ အပင်ကသူတော်ကိုပြန်ပြောတယ် မြေသြဇာကမှမကောင်းတာကိုး ဘယ်လိုလုပ် အပင်သန်နိုင်မလဲ?။

ဒီစကားကိုမြေကြီးကကြားတယ်ဘယ်ရမလဲသူကလဲပြန်ပြောတာပေါ့
ရာသီင်္ဥတုကမှမမှန်တာဘယ်လိုမြေသြဇာကောင်းရနိုင်မလဲ...  နောက်
ရာသီဥတုကိုတာဝန်ယူတဲ့သိကြားမင်းကြားတော့သူကလည်းသူ့မှာအပြစ်မရှိကြောင်းပြချင်တာနဲ့
လူတွေကိုအုပ်ချုပ်တဲ့မင်းကမှမင်းကျင့်တရားနဲ့မညီတာရာသီဥတုမကောင်းနိုင်ဘူးပေါ့။ 

ဒါဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကမင်းကျင့်တရားနဲ့ညီအောင်နေပါလား
လူတွေအဆင်ပြေအောင်အဲဒီလိုမင်းကိုအပြစ်တင်လိုက်တော့မင်းကပြန်ပြောပါတယ် သူတော်ကို  တပည့်တော်တို့ကိုးကွယ်တဲ့ သူတော်ကတောင် ပြောင်းဖူးခင်းထဲမှာပြောင်းဖူးခိုးစားနေမှတော့ တပည့်လုပ်သူကဘယ်လိုလုပ်ညီနိုင်မလဲဘုရားတဲ့။
    စာရေးသူလဲမယ်တော်ကိုရယ်ပြမိတယ်ဟုတ်ပါတယ်ညီတဲ့သီလရှိတဲ့ပညာရှိသူတော်ကောင်းတွေလဲရှိပါသေးတယ်
အရင်ကဆိုရင်မြန်မာပြည်ကြီးဟာသာယာဝပြောတယ်ဥပမာပြရရင်အမရပူရမြို့ကြီးပေါ့
ဘိုးတော်မင်းတရားလက်ထက်ကလေဘုရင်ကြီးရောမြို့သူမြို့သားတွေပါဂရုဓမ်တရားလေးပါးကို
စွဲမြဲစွာကျင့်သုံးခဲ့ကြလို့မိုးလေ၀သကောင်းမွန်ပြီးတိုင်းပြည်သာယာဝပြောခဲ့တယ်ဆိုတာ
ဘာသာရေးလိုက်စားသူတိုင်းသိကြတယ်။

နောက် ဘုရားဟောဇာတ်တော်တွေထဲမှာပေါ့များစွာတွေ့ရတယ် ဂရုဓမ္မဇာတ်မှာ ဓနဉ္ဇယကောရဗျ မင်းကြီးနှင့်တကွတိုင်းသူပြည်သားများသည်ဂရုဓမ်တရားကိုစောင့်ထိန်းကြသည့်အတွက်
တပြည်လုံးမိုးလေ၀သကောင်းမွန်ကာ ဆန်ရေစပါးပေါများပြီးတိုင်ပြည်သာယာခဲ့တယ်။

သူနဲ့ဆန့်ကျင်ဘက်ကာလိင်္ဂတိုင်းဒန္တပူရပြည်ကြီးကတော့မိုးခေါင်ရေရှားအငတ်ဘေးဆိုက်ရောက်တယ်
တိုင်းသူပြည်သားတွေကလဲမင်း၏ဟစ်တိုင်သို့လာပြီးအငတ်ဘေးကြီးငြိမ်းအောင်လုပ်ပေးဖို့
ဟစ်အော်တောင်းဆိုကြတယ်အများ၏အကြံပြုချက်အရ မင်းကြီးသည် ဥပုသ်သီလစောင့်ထိန်းကာကျက်သရေရှိသောတိုက်ခန်းသို့ဝင်ပြီး မြေဇာမြက်ကိုခင်းအိပ်တယ်လေ၊
ဒါပေမဲ့ မိုးရွာမလာ မိုးလေ၀သကမကောင်း။

အဲဒါနဲ့ ဘယ်လိုလုပ်မလဲပေါ့ ၀ိုင်းဝန်းစဉ်းစားကြတယ် လောကီအယူ အားသန်တဲ့သူတွေက အကြံပြုကြတယ် ကောရဗျမင်းကြီးရဲ့တိုင်းပြည်သာယာဝပြောနေချင်းဟာအဉ္ဇန၀ဏ္ဏမည်သော
ဆင်မင်းကြီးကြောင့်လို့ယူဆတာနဲ့ထိုဆင်ကိုလိုချင်ကြတယ်ဒီလိုနဲ့သွာအလှူခဲ့တော့ရလာခဲ့ပါတယ်၊
၊သို့သော်မိုးကရွာမလာမိုးလေ၀သကကောင်းမလာ။

 နောက်ဆုံး ပညာရှိသူတော်ကောင်းတွေအကြံပြုကြတယ်အရိုးဆုံးသောနည်းလမ်းတခုဖြစ်တယ့်
ကောရဗျမင်းကြီးနဲ့တိုင်းသူပြည်သားတို့ကျင့်သုံးသောဂရုဓမ်တရားလေးပါးကိုကူးယူကျင့်သုံးဖို့
ဘုရင်ကြီးကိုလျှောက်တင်လိုက်တယ်။

ဘုရင်ကြီးကလဲလက်ခံတိုင်းသူပြည်သားတွေလဲကျင့်သုံးခိုင်းဒီလိုနဲ့မိုးလေ၀သ
ပုံမှန်ဖြစ်လာပြီးတိုင်းပြည်ကြီးဟာသာယာဝပြောခဲ့တယ်လို့မယ်တော်ကိုပြောပြလိုက်တယ် မယ်တော်က နေပါအုံး ဂရုဓမ်လေးပါးကဘာတွေလဲ?။

ဟုတ်သားပဲ စာရေးသူကလဲ ဂရုဓမ်တရားလေးပါးပဲပြောနေတာ ဘာတွေလဲဆိုတာပြောမပြတော့မယ်တော်သိချင်နေပြီထင်တယ်၊ ဂရုဓမ်တရားလေးပါးက
(၁)တိုင်းသူပြည်သားတွေဝါတွင်းဝါပ တလလေးသီတင်းဥပုသ်စောင့်ရခြင်း။
(၂)ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲရခြင်း။
(၃)ရတနာသုံးပါးကိုနေ့ ညမပြတ်ဝတ်တက်ပြပြီး မေတ္တာတရားပွားများအားထုတ်ရခြင်း။
(၄)မိဘဘိုးဘွားဆရာသမားတို့အားလည်းကောင်း 

အကျင့်သီလ၇ှိသောသူမြတ်တို့အားလည်းကောင်းမင်္ဂလာတရားတော်နှင့်အညီရိုသေမြတ်နိုးရှိခိုးရခြင်း။
မယ်တော်ပြောပါတယ်ဟုတ်ပါတယ် တော်တော်လေးနည်းသွားပြီဒီအကြောင်းတရားတွေနည်းရင်တော့
အမိမြန်မာပြည်ကြီးဟာ ဆင်းရဲနေအုံးမှာပဲဟုတွေးရင်းစာဝါချချိန်နီးလို့မယ်တော်ကိုပြန်လွှတ်ကာ စာဝါချမည့်စာကိုကြည့်နေလိုက်မိတယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။


lundi 30 juillet 2012

ဦးနှောက်မှတ်ဥာဏ်တုံးစေသောကျင့်များ


                                         
ကျောင်းသားလူငယ်များပညာသင်ကြားရာတွင်ထူးချွန်ထက်မြက်သူများဖြစ်စေရန်မိမိ၏ဦးနှောက်ကို
အစဉ်ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါသည်အောက်ဖော်ပြပါအချက်ဆယ်ချက်သည်မှတ်ဥာဏ်ကိထိခိုက်စေပါသည်
ကျောင်းသားကျောင်းသူများသည်မှတ်ဥာဏ်ကောင်းလိုလျှင်အဆိုပါဆယ်ချက်ကိုအတိကျရှောင်ကြဉ်ကြရမည်ဖြစ်ပါတယ်။
(၁) နံနက်စာမစားခြင်း။
      နံနက်စာ စားလေ့မရှိသောသူများသည် သွေထဲမှာ သကြားဓာတ်ပါဝင်မှုလျော့ကျစေပါတယ် ထိုသို့ဖြစ်ပါမူ ဦးနှောက်အတွက်လိုအပ်သောအာဟာရဓာတ်မပြည့်မစုံဖြစ်စေကာ ဦးနှောက်ရှင်သန်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
(၂) အစားကြူးခြင်း။
  လိုအပ်သည်ထက်ပိုပြီးစားခြင်းကြောင့်ဦးနှောက်သွေးကြောမာကျစ်ခြင်းဖြစ်စေပြီး မှတ်ဥာဏ်စွမ်းအားများကိုလျော့ကျစေပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ခြင်းကြောင့်ဦးနှောက်အရွယ်အစားကြုံ့စေပြီးသတိမေ့လျော့ခြင်းကိုဖြစ်စေပါတယ်။
(၄) သကြားအစားများခြင်း။
သကြားစားသုံးမှုများပါကဦးနှောက်၏ပရိုတိန်းနှင့်အာဟာရများစုပ်ယူမှုကိုအနှောက်အယှက်ဖြစ်စေပြီး
ဦးနှောက်ဖွံ့ဖြိုးမှုကိုဟန့်တားစေပါတယ်(ဥာဏ်ကောင်းလိုလျှင်သကြားဖြင့်ပြုလုပ်ထားသောမုန့်များကိုအလွန်အကျွန်မစားပါနဲ့)
(၅) လေထုညစ်ညမ်းခြင်း။
လူ၏ခန္ဓာကိုယ်တွင်အောက်စီဂျင်ပမာဏအများဆုံးအသုံးပြုသောအစိတ်အပိုင်းမှာဦးနှောက်ဖြစ်သည် ညစ်ညမ်းသောလေထုသည် ဦးနှောက်သို့အောက်စီဂျင် ထောက်ပံ့မှုများကိုလျော့နည်းစေပြီး ဥာဏ်တုံးစေပါတယ်။
(၆) အိပ်ရေးပျက်ခြင်း။
ဦးနှောက်အနားပေးရန်အတွက်အိပ်ရေး၀၀အိပ်ရန်လိုအပ်ပါတယ် ကြာရှည်အိပ်ရေးပျက်ပါကဦးနှောက်ဆဲလ် သေဆုံးခြင်းကိုတိုးပွားစေပါတယ် 
(ဥာဏ်ကောင်းလိုလျှင် တနေ့၇နာရီအိပ်ပါ)။
(၇) အိပ်နေစဉ် ခေါင်းစွပ် စွပ်ထားခြင်း ခေါင်းပေါင်းထားခြင်း။
ခေါင်းပေါင်းခေါင်စွပ်ဖြင့်အိပ်ခြင်းသည်ကာဘွန်ဒိုင်းအောက်ဆိုဒ်ကိုများပြားစေပြီးအောက်စီဂျင်ဓာတ်လျော့
နည်းစေသဖြင့်ဦးနှောက်မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။
(၈) ဖျားနာနေစဉ် ဦးနှောက်ကိုအနားမပေးခြင်း။
ဖျားနာနေပါလျှက်ဦးနှောက်ကိုအနားမပေးဘဲအလုပ်လုပ်ခြင်း စာပေလေ့လာခြင်းများ ပြုလုပ်ခြင်းသည် မှတ်ဥာဏ်ကိုလျော့ပါးစေသကဲ့သို့ဦးနှောက်ကိုထိခိုက်စေပါတယ်။
(၉) စဉ်းစားတွေးခေါ်သည့်အလေ့အထမရှိခြင်း။
စဉ်းစားတွေးခေါ်ခြင်းဟာဦးနှောက်ဖွံ့ဖြိုးစေရန်အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်စဉ်းစားတွေးခေါ်လေ့
မရှိလျှင်ဥာဏ်တုံးစေပါတယ်။
(၁၀) စကားနည်းခြင်း။
ဗဟုသုတပြည့်စုံသူဥာဏ်အမြှော်အမြင်ကြီးမားသူနှင့်စကားပြောခြင်းဖြင့်လည်းဦးနှောက်စွမ်းပကားကို
ပိုမိုတိုးတက်စေပါတယ် (ဥာဏ်ကောင်းလိုလျှင်အောင်မြင်သောသူများနှင့်စကားများများပြောပါ)။
စာရေးသူလဲကျောင်းသားဖြစ်တော့အင်တာနက်ကနေတွေ့လို့မျှလိုက်ပါတယ်။