Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 27 août 2012

လောကအလိုအပ်ဆုံးသောအရာ

လောကကြီးထဲမှာ
 မေတ္တာလောက်ကောင်းသောတရားဘာမှမရှိပါဘူးမေတ္တာတရားဟာလောကကြီးတခုလုံးတွင် တန်ခိုးအထက်ဆုံးအချမ်းသာဆုံးတရားပါပဲချမ်းသာမှုတကာတို့တွင်ဘယ်ချမ်းသာနဲ့မှမတူပါဘူး
 မေတ္တာတရားကိုသာစွဲစွဲမြဲမြဲလက်ကိုင်ထားရင်သံသရာကျင်လည်ရသည့်တိုင်ကြောက်စရာမလိုတော့ဘူး။

သူတပါးပျက်စီးရာကိုဘယ်သောအခါမှမလုပ်နဲ့မပြောနဲ့မကြံနဲ့ မေတ္တာနဲ့ယှဉ်သောစိတ်ကိုသာထားပါ
 ကောင်းသောအလုပ်ကိုလုပ်ပါ ကောင်းသောစကားကိုပြောပါ ကောင်းတာတွေပဲကြံပါ လက်ရှိအချိန်ဟာ တန်ဖိုးအရှိဆုံးအချိန်ဖြစ်တယ် လက်ရှိအချိန်ကိုသေတဲ့အထိသယ်ဆောင်သွားပါ။

လောကမှာ အလိုအပ်ဆုံးသောအရာဟာ မေတ္တာတရားပါပဲ စာရေးသူ အဖြစ်အပျက်ကလေးတခုတင်ပြပါရစေတခါတုံးကနယူးယေက်မြိုဆင်းရဲသားရပ်ကွက်ကလူကလေးများ
ကိုအနီးအနားမှာရှိတဲ့ လယ်ပိုင် ခြံပိုင်ရှင်တို့ရဲ့အိမ်များတွင် တအိမ်တယောက်ကျ စိမ်းစိမ်းလန်းလန်းရှိတဲ့ ယာ တော တောင် တို့ကိုအကြိမ်ကြိမ် ကြည့်ရှု့စေပြိး စိတ်ပျော်ရွှင်စေရန် စိတ်လန်းဆန်းစေရန် အသင်းသားတွေကို ကူညီမစဖို့ တိုင်ပင်ကြတယ်  အားလုံးကလည်းသဘောတူလက်ခံကြတယ်။

ဆင်းရဲသောကလေးတယောက်ကိုလက်ခံလိုက်မိသောလက်ပိုင်ရှင်တဦးအိမ်မှအသင်းသားတွေနဲ့
အတူပျော်ပွဲစားထွက်ဖို့အချိန်ကြုံကြိုက်တယ်ထိုကလေးကိုအိမ်မှာထားခဲ့ရမလား ခေါ်သွားရမလား
 ခေါ်သွားရင်လည်း အဆင်မပြေ ကျန်တဲ့သူတွေအနှောက်အယှက်ဖြစ်မှာစိုးတယ် ထားခဲ့ရင်လည်း အိမ်၇ှိပစ္စည်းခိုးမှာကြောက်ရသေးတယ် နောက်ဆုံးခေါ်သွားဖြစ်တယ်။


ပျော်ပွဲစားသောနေရာတွင်ရေစီးသန်သောချောင်းတခုမှာ ကလေးသားလေးတွေ ဖောင်စီးပြီးကစားကြတယ် ထိုနေရာလေးမှာ ကလေးသားလေးများအလွန်ပျော်ရွှင်ကြတယ် ။

ကလေးသားလေးများရေကစားနေခိုက်လူကြီးတွေကကုန်းပေါ်သို့တက်သွားကြတယ်ဖောင်ကစားနေသော
ကလေးငယ်များထဲတွင်ကလေးငယ်တယောက်ကချောင်းထဲသို့ကျသွားတယ်ကလေးငယ်၏ထိတ်လန့်သော
အသံကိုကြားရသောအခါလူကြီးတွေပြေးကာလာကြတယ်လူကြီးတွေမရောက်ခင် ဆင်းရဲသားကလေးငယ်က ချောင်းထဲကိုကျသွားတဲ့ ကလေးငယ်ကိုကယ်လိုက်ပါတယ် သဌေးသားကလေးငယ်ကိုကျတော့ အထွေးထည်တွေပေး အကြင်နာမှုတွေ  ယုယမှုတွေပေးကြတာပေါ့ ။


ဆင်းရဲသားကလေးငယ်ကျုတော့တုံရည်စွာနဲ့ ဘေးနားမှာထိုင်နေရတယ် အကြင်နာမှုတွေ ယုယမှုတွေပေးမဲ့သူတယောက်မှမရရှိပါဘူး ဒါကိုဆင်းရဲသားကလေးငယ်က လိုချင်မက်မောမိတယ်လေ။


တုံရည်စွာနဲ့ ထိုင်နေသောကလေးငယ်ကိုမြင်တဲ့လူကြီးတယောက်က ဆင်းရဲသားကလေးငယ်ရဲ့အပြုမူကိုသဘောကျလို့ ပိုက်ဆံစုပြီး ဆင်းရဲသားကလေးငယ်ကိုပေးလိုက်တယ် ။

အဲဒီလူက ဆင်းရဲသားကလေးငယ်ကိုဘယ်လိုပြောပြီးပေးသလဲဆိုတော့ မင်းရဲ့ အကျင့်စာရိတ္တ မင်းရဲ့အပြုအမူမင်းရဲ့အသိဥာဏ်ကိုအလေးထားမိလို့ ပေးတာပါဒီပိုက်ဆံလေးကိုလက်ခံပေးပါဆိုတော့
ဆင်းရဲသာကလေးငယ်ကလက်မခံပါဘူး ကျွန်တော်လိုချင်တာ ပိုက်ဆံမဟုတ်ပါဘူး တစုံတယောက်သောသူရဲ့ ကြင်နာမှု ယုယမှုလို့ခေါ်တဲ့မေတ္တာတရားကိုရရင်ကျေနပ်ပါပြီတဲ့။


နောက်   မိဘမဲ့ ဂေဟာကိုကြုံကြိုက်လို့ စာရေးသူလိုက်သွားလိုက်မိတယ် အဲဒီအချိန်မှာ ကလေးငယ်ဟာသူ့မှာရှိတဲ့ပိုက်ဆံလေးနဲ့သူရဲ့သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးလုပ်နေတာတွေ့ရတယ် အဲဒီအချိန်မှာ စာရေးသူ မနေနိုင်တာနဲ့ ကလေးငယ်ကိုမေးမိပါတယ်။


သမီး… သမီးရဲ့ မွေးနေ့ပွဲလေးမှာ ဘာလက်ဆောင်လိုချင်သလဲ လိုချင်တာရှိရင်ပြောပါ စာရေးသူက၀ယ်ပေးပါမယ်လို့ပြောလိုက်မိတယ် ကလေးငယ်ကဘာပြောသလဲဆိုတော့   ဘာမှမလိုအပ်ပါဘူး သမီးအလိုချင်ဆုံးသောအရာဟာ တစုံတယောက်သောသူက သမီး  ရဲ့နဖူးလေးကို နမ်းကာကြင်နာမှုတွေ ယုယမှုတွေပေးရင်ကျေနပ်ပါပြီ သမီးအလိုချင်သောအရာဟာမေတ္တာတရားပါပဲ။

မေတ္တာတရားငတ်မွတ်နေသောကလေးငယ်များ ဒုက္ခရောက်နေသောသတ္တ၀ါတွေ မိမိရဲ့ ဘာမှပေးဆပ်ရတာမဟုတ်တဲ့ဘာမှငွေကြေးကုန်ကြတာမဟုတ်ဘဲနဲ့လိုအပ်နေတာလေးကို ဖြည့်ပေးလိုက်ရတာက အင်မတန် တန်ဖိုးကြီးမားတဲ့ ကုသိုလ်ထူးကိုရရှိလိုက်တာပါပဲ။


မိမိက “အလှတခုအဖြစ်အသုံးပြုလိုက်တဲ့အရာဝတ္ထုတွေက သူ့အတွက်ဘ၀တခုလိုဖြစ်နေမယ်ဆိုရင် ပေးဆပ်လိုက်စမ်းပါ ပေးရဲတဲ့သတ္တိတွေမွေးလိုက်စမ်းပါ”။


အယ်လက်ဇန္ဒြား  ဆီဇာ နပိုလီယံ တို့က ကမ္ဘာလောကကြီးကို ဒေါသနဲ့အုပ်စိုးခဲ့တယ် စာရေးသူတို့ရဲ့မြတ်ဘုရားကတော့ မေတ္တာတရားနဲ့ ကမ္ဘာလောကကြီးကိုအုပ်စိုးခဲ့တယ် မြတ်ဘုရားရဲ့ တပည့်သား သာဝကတွေပီပီမြတ်ဘုရားရဲ့ နည်းစနစ်အတိုင်း မေတ္တာတရားနဲ့ ကမ္ဘာလောကလူသားတွေကို ဖြန့်ဝေပေးလိုက်စမ်းပါ။

မိမိကိုယ်ကို မေတ္တာ ဘတ္တရီအိုးအဖြစ်နဲ့

မိမိကိုယ်ကို မေတ္တာဒိုင်နမို အဖြစ်နဲ့

 မိမိကိုယ်ကို မေတ္တာအသံလွှတ်စက်တခုအဖြစ်နဲ့တကမ္ဘာလုံးကို ဖြန့်ဝေလိုက်ကြစမ်းပါ ။

ကဲပြောနေကြာတယ် အခုပဲဖြန့်ဝေလိုက်ကြရအောင်

အားလုံးသတ္တ၀ါ ဘေးရန်ကွာ ကျမ္မာကြပါစေ

စိုးရိမ်ကြောင့်ကြ  ဗျာပါဒ ကင်းပကြပါစေ။

ဆင်းရဲခပ်သိမ်း အကုန်ငြိမ်း အေးငြိမ်းကြပါစေ။

တသက်ပါတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြပါစေ။
  
တပည့်တော်တို့ရဲ့မေတ္တာ အရှိန်အ၀ါကြောင့် ကမ္ဘာသူကမ္ဘာသား စင်္ကြာဝဠာသူစင်္ကြ၀ဠာသား သတ္တ၀ါများ အေးချမ်းကြပါစေ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။


jeudi 16 août 2012

လောကအကျိုးသည်ပိုးချင်တယ်ဆိုရင်


ကိုယ့်ကိုကိုအတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ်ရှိတဲ့ လူသားတယောက်ဖြစ်အောင်မြှင့်တင်ခြင်းအားဖြင့်လောကကြီးကိုအကျိုးပြုလိုက်တာပါပဲ။

လူတွေဟာထင်နေတာက လောကအကျိုးပြုတယ်ဆိုတာ ပစ္စည်းဥစ္စာရှိမှလုပ်နိုင်တယ်လို့ထင်နေကြတာ တကယ်တော့မဟုတ်ပါဘူး မိမိကိုယ်ကိုကို အဖက်ဖက်က နည်းမျိုးစုံနဲ့ပိုကောင်းအောင်ကြိုးစားနေတာ လောကကြီးကိုအကျိုးပြုရာရောက်ပါတယ်။

အကျင့်စာရိတ္တ စိတ်နေသဘောထား လုပ်ရည်ကိုင်ရည် ပိုကောင်းအောင်ကြိုးစားနေတာ ပညာတရားမရှိသေးတဲ့သူကလဲပညာတရားတွေတိုးပွားအောင် ကြိုးစားနေတာ စီးပွားရေးမရှိသေးတဲ့သူကလစီးပွားရေးရှိအောင်ကြိုးစားတာဟာလဲ လောကကြီးကိုအကျိုးပြုရာရောက်ပါတယ်။

အကောင်းဆုံးဆိုတာဘာလဲလို့သိထားတဲ့လူတိုင်းဟာ ကိုယ့်ကိုကိုအဖက်ဖက်က ကောင်းအောင်နေတယ် ဥပမာ..အမေက ဒါခိုင်းတယ် သို့သော် အခြားအမြင်မတော်တာတွေ တွေ့ရှိတယ်ဆိုရင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ် ဒါဟာလဲ တဖက်တလှမ်းကအကျိုးပြုတာပါပဲ။

ကိုယ်သိထားတဲ့ အသိဥာဏ်အပေါ်မှာမူတည်ပြီးတော့ အကောင်းဆုံးဆိုတဲ့စိတ်ထားနဲ့ အကောင်းဆုံးလုပ်ဆောင် ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အသိဥာဏ်နဲ့ကို အကောင်းဆုံးအားသွန်းပြီး လုပ်ဆောင်နေမှသာလူဖြစ်ရကျိုးနပ်ပါမယ်။

 ခုခောတ်လူငယ်အများစုဟာ မိဘကနောက်ကလိုက်ပြီး ခြိမ်းခြောက်နေတာတောင်မလုပ်ချင်ကြတော့ဘူး ဒါဟာ ကိုယ့်မှာရှိတဲ့ အသိဥာဏ်တွေကို ဖျက်ဆီးပစ်တာပဲ   ကိုယ်ကကိုကိုလူပီသမှုမှကင်းအောင် လုပ်လိုက်တာပဲ။

လူတိုင်းမှာ ကောင်းမွန်တဲ့အသိ ကောင်းမွန်တဲ့စိတ်ထားရှိနေတာပါပဲ သို့သော် ထုတ်သုံးဖို့မရဲကြတာပါ ဟုတ်ပါတယ် စိတ်ကလဲ ကောင်းမွန်တာကို လုပ်ဖို့ တိုက်တွန်းဖို့ကျတော့ ခက်ခဲတယ်လေ မကောင်းမှုမှာစိတ်ကမွေ့လျော်တာကိုး။

ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ့်ရွေးချယ်မှုနဲ့ကိုအကောင်းဆုံးနေသွားနိုင်တဲ့သူဟာ ဘ၀ကိုအကောင်းဆုံးပုံဖော်နိုင်သူဟာ လောကကြီးကိုစိတ်ချမ်းသာမှုတွေပေးနိုင်သူဟာ လောကကြီးကို အကျိုးပြုနေတာပါပဲ။

ငယ်ငယ်ကဆရာတော် သြ၀ါဒ ပေးတယ် ကျောင်းမှာသန့်ရှင်းရေးဆိုတာအထူးလုပ်စရာမလိုဘူး ကိုယ့်နေရာလေးကိလူတိုင်းကိုယ်စီကိုယ်စီသန့်ရှင်းအောင်လုပ်ပြီးနေမယ်ဆိုရင် ကျောင်းတော်ကြီးဟာ
သန့်ရှင်းနေပါလိမ့်မယ်။

ကိုယ့်နေရာကိုသန့်ရှင်းနေခြင်းအားဖြင့် ပါတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ် ခုလဲပဲ အဲဒီအတိုင်းပါပဲ လောကအကျိုးပြုချင်တယ်ဆိုရင်မိမိရဲ့စိတ်ထားကိုအတတ်နိုင်ဆုံးဖြူစင်အောင်လုပ်ဆောင်မွေးမြူဖို့ပါပဲ ဒါဆိုရင် လောကအကျိုးပြုလုပ်တာပါပဲ။

ကိုယ့်ကိုကိုစိတ်ထားဖြူစင်အောင်ထားနိုင်တာကိုက လောကအကျိုးကိုဆောင်ရွက်ပြီးသားဖြစ်နေတယ် တနေ့က ဘားအံကားပေါ်မှာဘုန်းတော်ကြီးတပါးဟာ ဆေးကိုအော်ရောင်းကာနေတဲ့အဘွားအိုကြီးကိုပြောလိုက်တယ်။

 ဒီကားဟာ လူစီးတဲ့ကား ခွေးလိုအသံတွေနဲ့ ဆူညံနေတဲ့ ခွေးတွေ စီးတဲ့ကားမဟုတ်ဘူး  နားငြီးတယ် ကားသမားကလည်း အသုံးမကျဘူးပြောပါလား လူလိုနားလည်အောင်ဟုပြောလိုက်တယ်။


ဆေးရောင်းနေတဲ့ အဘွားအိုက တပည့်တော်ဟာဘုန်းကြီးအမေပါ တပည့်တော်ဟာ  ကောင်းကောင်းမွန်မွန်နဲ့လုပ်ကိုင်စားသောက်နေတာပါ ဘုန်းကြီးကအဲဒီလိုမပြောသင့်ပါဘူးဟုပြောပြီးတော့ထိုင်ကာငိုချလိုက်ပါတော့တယ်။

အဘွားအိုငိုတော့ကားပေါ်မှာပါလာသောဗုဒ္ဓဘာသာဝင်တိုင်းအဘွားအပေါ်ကရုဏာသက်ကာ
ဗုဒ္ဓဘာသာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘုန်းတော်ကြီးအပေါ်မှာစိတ်မကောင်းစွာနဲ့ပဲခရီးကိုဆက်သွားနေကြရတယ်။

ဒီအကြောင်းတရားတွေဟာ ကိုယ်တည်းဟူသောအကြောင်းကြောင့်တပါးသောသူတွေစိတ်ထိခိုက်တာဟာ စိတ်ထားမကောင်းမှုစိတ်ထားမဖြူစင်မှုတို့ကြောင့်ဖြစ်လာရတာပါခဏတာလေးကိုသီးခံလိုက်ရင်အားလုံးသော
ခရီးသည်တွေ ပျော်ရွှင်သောခရီးစဉ်ဖြစ်မှာသေချာပေမဲ့ခုတော့….။

မိမိရဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းလေးနဲ့ ကိုယ်လုပ်ပေးလိုက်တာက ဘာမှမဖြစ်လောက်ပေမဲ့ တပါးသောသူအတွက်ဘ၀တခုလိုဖြစ်နေရင် ကူညီပေးလိုက်ပါ အကျိုးပြုရာရောက်ပါတယ်။

လူ့အသိုင်းဝိုင်းကြီးတခု ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိဥာဏ် မှန်ကန်တဲ့စေတနာ အပေါ်မှာအခြေခံတဲ့မှန်ကန်တဲ့အပြုအမူ  မှန်ကန်တဲ့စကားတွေ များများလုပ်နိုင်ဖို့လိုပါတယ်။

ဒါမှ အားလုံးအတွက်ကောင်းမယ် ဒါမှလူ့အသိုင်းအ၀ိုင်းကြီးတခုမှာ နေရတာစိတ်ချမ်းသာမယ် စိတ်ထဲမှာလုံခြုံမှုရမယ် စိတ်ထဲမှာပျော်ရွှင်မယ် အဲဒီလို အသိုင်းအ၀ိုင်းမှာဆိုရင် စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဘာလုပ်ရမှန်းမသိဘူးဘာမှမတတ်နိုင်တော့ပါဘူးဆိုတဲ့ခံစားမှုမျိုးကအင်မတန်နည်းသွားမှာပါ။

တချို့သောသူတွေကပြောတယ် ကိုယ့်အကြောင်းနဲ့ကို “ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မင်းအကြောင်းပါလား ဆိုတဲ့စကားဘယ်သောအခါမှမပြောမိပါစေနဲ့အဲဒီစကားဟာအင်မတန်နိမ့်ကျတဲ့သူတွေပြောတဲ့စကားဖြစ်တယ်။

ကိုယ့်ကိုကိုဒုက္ခပေးရင် လောကကြီးဒုက္ခရောက်မယ် မိမိနဲ့လောကကြီးဟာဆက်စပ်နေတယ် ဘယ်လိုမှခွဲခြားမရပါဘူး ကိုယ့်ကိုကိုကောင်းအောင်နေရင် လောကကြီးကောင်းနေတာပါပဲ ကိုယ့်ကိုကိုမဖျက်ဆီးသင့်ပါဘူး ကိုယ့်ကိုကို ကောင်းအောင်နေသင့်ပါတယ် ကိုယ့်ကိုကိုကောင်းအောင်နေခြင်းသည်ပင် လောကကြီးကိုအကျိုးပြုနေတာဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကလည်း မိမိရဲ့ကာယကံမှု ၀စီကံမှု မနောကံမှုကိုထိန်းသိမ်းခြင်းဖြင့် လောကကြီးကိုအကျိုးပြုပါ လို့ဟောထားခဲ့တယ် စာရေးသူပြောချင်တာက မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလေးနဲ့ လောကကြီးကိုအကျိုးပြုနိုင်ပါစေပေါ့။
                    
                              ရေအေးနဲ့ ရေပူဟာ 
                  
                              အသွင်ပုံသဏ္ဍာန်ချင်း
                    
                              တူနေသယောင်ရှိပေမဲ့
                    
                              အေးမြသောရေသည်
                  
                              သစ်ပင် သတ္တ၀ါတွေကို
                   
                              ရှင်သန်ရွှင်လန်းစေပါတယ်
                   
                              ပူလောင်သောရေကတော့
          
                              သစ်ပင်သတ္တ၀ါတွေကို
        
                              သေကြေပျက်စီးစေပါတယ်
         
                              ထိုနည်းတူစွာ
       
                              လူတွေမှာလည်း
         
                               စိတ်ရှိတာချင်း

                               တူနေသယောင်ထင်ရပေမဲ့

                                မေတ္တာတရားရှိတဲ့သူ

                                ဒေါသစိတ်ရှိတဲ့သူ

                                ကွဲပြားခြားနားမှုရှိပါတယ်

                                မေတ္တာတရားရှိတဲ့သူက

                                မိမိရဲ့ပါတ်ဝန်းကျင်ကို

                                အေးမြစေပါတယ်

                                ဒေါသစိတ်ရှိတဲ့သူကတော့

                                မိမိရဲ့ပါတ်ဝန်းကျင်ကို

                               ပူလောင်ပျက်စီးစေပါတယ်။   

စာရှု့သူတို့ကောဘယ်လိုလူဖြစ်ချင်သလဲ မေတ္တာတရားလေးထား
လိုက်ရုံသက်သက်ဖြင့်လောကအကျိုးသယ်ပိုးရာရောက်ပါတယ် ကြိုးစားကြည့်စမ်းပါ။။။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။





mardi 14 août 2012

ရိက္ခာအတွက်နဲ့တော့သိက္ခာတော့အပျက်မခံ

စာရေးသူတွေးနေမိတာက ငါစာရေးနေတာဘာကြောင့်လဲ ဘာလို့ရေးနေတာလဲ ဂုဏ်မက်လို့လား လာဘ်လာဘအတွက်လားဘ၀တခုရဲ့ရိက္ခာအတွက်ဆိုရင်တော့မရေးပါနဲ့လူတွေအသိဥာဏ်ရစေချင်တဲ့
ဆန္ဒသက်သက်ဆိုရင်တော့ရေးပါဟုတွေးတောကာ ကိုယ့်ကိုကို ပြန်ဆုံးမရင်း…


ရွှေကျင်ဆရာတော်ကြီးကိုသတိရလို့ဆရာတော်ကြီးရဲ့ရိက္ခာအတွက်သိက္ခာအပျက်မခံပုံလေးကို
အတုယူစေချင်တဲ့ဆန္ဒရယ်ကြောင့်လည်းကောင်းမိမိရေးရသည်မှာမိမိသိသည့်စာပေဗဟုသုတ
စာရှု့သူတို့အားသိစေချင်တဲ့ဆန္ဒရယ်ကြောင့်လည်းကောင်း ရွှေကျင်ဆရာတော်ကြီးအကြောင်းရေးလိုက်မိပါတယ်။

        
  တခါတုံးက မင်းတုံးမင်းကြီးကရွှေကျင်ဆရာတော်အပါအ၀င်ဆရာတော်အချို့ကိုဥယျဉ်တော်ကိုပင့်ဖိတ်လိုက်ပါတယ်
ဆရာတော်တွေဥယျဉ်တော်သို့ရောက်နေပေမဲ့မင်းတုံးမင်းကြီးရောက်မလာသေးတာကြောင့် ဆရာတော်တွေ ဥယျဉ်တော်အတွင်းအညောင်းပြေ လှည့်လည်ကြည့်ရှုတော်မူနေပါတယ်။


ရွှေကျင်ဆရာတော်တို့လည်းနေရာကထပြီး လမ်းလျှောက်ရင်းသစ်ပင်တပင်အောက်အရောက်မှာ သစ်ကိုင်းတကိုင်းကိုလှမ်းကိုင်ပြီးရပ်နေလိုက်ပါတယ်။


ဆရာတော်သစ်ကိုင်းကိုကိုင်းထားဆဲမှာ မင်းတုံးမင်းကြီးရောက်လာပါတယ် ဒါပေမဲ့ ဆရာတော်ကသစ်ကိုင်းကို ကိုင်းထားဆဲ ကိုင်ထားတဲ့သစ်ကိုင်းကိုလွှတ်ခြင်းမပြုပါဘူး။


ကိုင်မြဲကိုင်ထားလျှက်ပါ လက်ကမြှောက်ပြီးသစ်ကိုင်းကိုကိုင်ထားတာဆိုတော့ချိုင်း(ဂျိုင်း)မွေးတွေကအထင်သားပေါ်နေတာပေါ့
 ချိုင်း(ဂျိုင်း)မွေးတွေအထင်သားပေါ်နေပေမဲ့ဆရာတော်လက်ကိုလုံးဝပြန်မရုပ်သိမ်းပါ။


နေမြဲတိုင်းနေနေတော့ ဆရာတော်တပါးဝင်ပြောပါတယ်” ရွှေကျင်ဆရာတော်က မင်းတုံးမင်းကြီးကို ချိုင်း (ဂျိုင်း)မွေးတွေလှစ်ပြနေတာလား လို့ပြောလိုက်ပါတယ်။


တကယ်တမ်းရွှေကျင်ဆရာတော်က ဘုရားဟောစာပေအတိုင်းနေထိုင်လိုက်တာပါ မဟာနိဒ္ဒေသပါဠိတော်မှာ ကြည်ညိုမှုကိုရှေ့ရှု့ပြီး နေထိုင်မှုကိုပြုပြင်ခြင်း ကုဟန ပုဂ္ဂိုလ်မဖြစ်အောင်နေမြဲတိုင်းနေထိုင်လိုက်တာပါ၊ 

လာဘ်လာဘကိုတောင်းတပြီးသူတပါးကြည်ညိုအောင်နေထိုင်မှုကို ပြုပြင်လိုက်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်တတ်ပါတယ်။


ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ လာဘ်လာဘဟာလဲသမ္မာအာဇီဝနဲ့ ရတဲ့ပစ္စည်းမဟုတ်တော့ပါဘူး ရလာတဲ့ပစ္စည်းဝတ္ထုကိုသုံးမိခဲ့ရင်အာဇီဝပါရိသုဒ္ဓိပျက်ပါတယ်ဒါတွေကိုသိတဲ့ရွှေကျင်ဆရာတော်က
 နေထိုင်မှုမပြင်ဘဲနေလိုက်တာပါ။


 ခုခောတ်လူတွေဟာ မိမိရဲ့ဂုဏ်သိက္ခာကို ဘ၀တခုကောင်းစာဖို့အတွက်ငွေကျေးဥစ္စာတွေနဲ့ လြဲပစ်လိုက်ကျတယ် တကယ်တော့ မိမိရဲ့ရိက္ခာအတွက် မိမိမှာရှိတဲ့ ဂုဏ်သိက္ခာကိုမလဲသင့်ပါဘူး။


ငါးရာငါးဆယ်  မဟာသုတသောမဇာတ်မှာ စွန့်ရမည့်အရာ အဆင့်ဆင့်ကိုပြထားတာတွေ့ရပါတယ် ပထမအဆင့်ကလက်ခြေစတဲ့ကိုယ်အင်္ဂါနဲ့ပစ္စည်းဝတ္ထုတခုခုစွန့်ဖို့ကြုံလာရင်ပစ္စည်းဝတ္ထုကိုစွန့်ဖို့ဝန်မလေးပါနဲ့ ပစ္စည်းဝတ္ထုဆိုတာ အချိန်မရွေးရှာကြံလို့ရလို့ပါ။


ဒုတိယအဆင့်ကမိမိရဲ့အသက်နဲ့ကိုယ်အင်္ဂါတခုခုစွန့်ဖို့ကြုံလာရင်လက်ခြေစသည့်ကိုယ်အင်္ဂါကိုစွန့်ဖို့ဝန်မလေးပါနဲ့ ကိုယ်အင်္ဂါပျက်စီးတာဟာ ပြုပြင်လို့ရပါတယ် မိမိရဲ့အသက်ရဖို့ဆိုတာမလွယ်ကူပါဘူး။


တတိယအဆင့်က ကိုယ်ကျင့်သိက္ခာနဲ့ပစ္စည်း ၀တ္ထု ကိုယ်အင်္ဂါ လက် ခြေ စွန့်ဖို့တခုခုကြုံလာရင် ပစ္စည်းဝတ္ထု ကိုယ်အင်္ဂါ လက်ခြေတွေကိုစွန့်ပစ်လိုက်ပါ ကိုယ့်ကျင့်သိက္ခာကိုတော့ဘယ်သောအခါမှ အပျက်အစီးမခံပါနဲ့ လူတွေပြောနေတဲ့ ရိက္ခာအတွက်တော့သိကခာတော့အပျက်မခံဆိုတာ ငါးရာငါးဆယ် မဟာသုတသောမဇာတ်ကလာတာပါ။

ခု လူ့လောကကြီးထဲမှာ လူတွေက ရိက္ခာအတွက်ဆို သိက္ခာတွေဘာတွေ နားလည်ဟန်မတူတော့ဘူး လုပ်ရဲလာတာတွေတွေ့နေကြပြီ ဟိရိ သြတ္တပ္ပ ဆိုတာ ဘာလဲလို့မေးနေရပြီ။


မြတ်ဘုရားကတော့လူဟာ ဟိရိ သြတ္တပ္ပ မရှိရင် တိရစ္ဆာန်နဲ့အတူတူပါပဲ ဟိရိ သြတ္တပ္ပ တရားနှစ်ပါးဟာလောကကြီးကိုကာကွယ်စောင့်ရှောက်တဲ့တရားနှစ်ပါးပဲ ဒါကြောင့်   စာရေးသူပြောချင်တာကမိမိရဲ့ဂုဏ်သိက္ခာကိုဘ၀အတွက်ရိက္ခာဖြစ်တဲ့ငွေကျေးဥစ္စာနဲ့ဘယ်သောအခါမှ
မလဲမိပါစေနဲ့ ရလာတဲ့တခဏတာဘ၀လေးကို အကျိုးရှိရှိ အသုံးချတတ်ဖို့တိုက်တွန်းလိုပါတယ်။


                                   ရိက္ခာအတွက်တော့

                        
                                   သိက္ခာတော့အပျက်မခံ


                                   လူသလွှားမှာလည်း


                                   မုသားလျှာ သကာဖုံး


                                   ပြုံးပန်းမပန်


                                   နှလုံးခါးနဲ့လည်းအကောက်မကြံ


                                   ဖောက်ပြန်တဲ့ လမ်းကိုလည်းမလျှောက်


                                    ဘ၀တာရေတပွတ်မှာ


                                    အလှမပါလို့ အနေခက်ပေမဲ့


                                    ခဏတာ အသရေ ပျက်မှာကိုတော့


                                     သေမှာထက်ကြောက်။။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ……



vendredi 10 août 2012

                                  

သဒ္ဓါနှင့်တဏှာ

                                                ယနေ့ခောတ်သာသနာတော်နောက်ပိုင်းခောတ်ဖြစ်နေတယ် သာသနာတော်နောက်ပိုင်းခောတ်မို့ နေ၀င်ချိန်လို့ ဆိုရလိမ့်မယ် နေ၀င်ချိန် မွန်းလွဲချိန်ဟာနေမင်းရဲ့ အလင်းရောင်အားနည်းသလို သာသနာတော်နေမင်းမွန်လွဲချိန်မှာလဲ သာသနာတော်ရဲ့ဂုဏ်အရှိန်တော်ဟာ ပညာရှိ သူတော်ကောင်းတွေ သာသနာတော်ချစ်သူတွေဟာ ခုခောတ်သာသနာတော်နောက်ပိုင်း အတော်နည်းသွားပြီ။

နေမင်းအလင်းရောင်အားနည်းလာမှုကြောင့် သစ်ပင်ထက်ကပန်းကလေးများဟာ နံနက်ခင်းတုံးကလို လန်းလန်းဆန်းဆန်းမရှိဘဲ ညှိုးညှိုးနွမ်းနွမ်းဖြစ်သွားတဲ့ ဥပမာလိုပေါ့ သာသနာတော်ရဲ့အရောင်အ၀ါကလဲ နံနက်ခင်းပန်းကလေးလိုမလန်းဆန်းနိုင်ရှာတော့ဘူးဗုဒ္ဓဘာသာတွေရဲ့တကယ့်စစ်မှန်တဲ့သဒ္ဓါတရားညှိုးနွမ်း
လာတာတွေ့လာရတယ်။

 ရတနာသုံးပါးယုံကြည်အောင်ကံကံ၏အကျိုးကိုသက်ဝင်ယုံကြည်အောင်ပြောဟောသောတချို့သာသနာချစ်
စိတ်ရှိသောရဟန်းတွေပြောဟောပါလျှက် ပြောတဲ့စကားဟာဘယ်လောက်ပင်ကောင်းပါသော်လဲ စကားကောင်းဖြစ်မလာဘူး ပညာဆည်းပူးမှုဟောပြောခဲ့ပါလျှင် အပြောကောင်းသလောက် နာသူ နားငြီးမှာမလွဲပါဘူး။

သို့သော်… သားသမီးတို့ရဲ့အကျိုးကိုလိုလားတဲ့မိဘဟာသားသမီးက
နားမထောင်ချင်သော်လဲ ကောင်းတဲ့စကားကိုပြောဆိုရမှာမလွဲပါဘူးထို့အတူပါပဲ
သာသနာချစ်စိတ်ရှိသူကလဲနားမထောင်ချင်သော်လည်းနောက်သဒ္ဓါနှင့်တဏှာဆက်
စပ်နေသော်လည်းနားထောင်ချင်လာအောင်သဒ္ဓါနှင့်တဏှာမဆက်စပ်အောင်လုပ်ဆောင်ပေးရမှာက
သာသနာချစ်စိတ်ရှိသူတွေရဲ့တာဝန်ပဲလေ။

 သားသမီးကမလုပ်ချင်မကိုင်ချင်သော်လည်း လုပ်ချင်ကိုင်ချင်လာအောင် ကောင်းကျိုးကိုရှေးရှုပြီး ပြောပြရမှာက မိဘတို့ရဲ့တာဝန် ၀တ္တရားပဲမဟုတ်လား သာသနာချစ်စိတ်ရှိသောသူတွေကလည်းဗုဒ္ဓဘာသာဝင်တိုင်းကို ကောင်းကျိုးကိုရှေးရှု့ပြီးပြောပြရမှာက
တာဝန်ပဲမဟုတ်လား?။

ခုခောတ်ဒကာ ဒကာမတွေရဲ့သဒ္ဓါပန်းဟာ တဏှာနဲ့ရောယှက်နေတာတွေ့ရတယ် နောက်ပြီး ဂုဏ်တုဂုဏ်ပြိုင်တာတွေများလာတယ် ဒါတွေဟာအမြင်မှာကော လက်တွေ့မှာပါမကောင်းပါဘူး သာသနာအတွက်လုပ်နေရင် ဘယ်သူပဲဖြစ်ဖြစ်လှုဒါန်းရမှာကဒကာဒကာမတွေရဲ့တာဝန်ပဲလေ သဒ္ဓါနဲ့ တဏှာအရောယှက်မခံပါနှင့်။

ဒါပေမဲ့ ခုခောတ်က ဂုဏ်တုဂုဏ်ပြိုင်ခောတ်ဖြစ်နေတယ်ဘုန်းကြီးတွေကလဲ ဒကာဒကာမတွေကို သဒ္ဓါနဲ့တဏှာဆက်စပ်အောင်လုပ်နေတာတွေ့နေရတယ်သဒ္ဓါပန်းနွမ်းအောင်အမျိုးမျိုးကြံဆောင်နေကြတယ် တကယ့်ဝမ်းနည်းစရာခောတ်ဖြစ်နေတယ် ဒါတွေအချိန်မှီပြင်မလား။

မစ္ဆရိယဿသဒ္ဓါကထာဒုက္ကတာလို့ဟောတော်မူသည့်အတိုင်း......သဒ္ဓါနည်းပါးမစ္ဆရိယကြီးမား
သူတွေအတွက်ကောင်းမွန်တဲ့သဒ္ဓါတရားဟာဒုက္ကတာဖြစ်ရခြင်းမျှသာဖြစ်တယ်လို့
့မြတ်ဘုရားဟောထားတာတွေ့ရပါတယ်သဒ္ဓါနဲ့တဏှာဆက်စပ်သွားတော့တဏှာရဲ့ကျေးကျွန်ဖြစ်သွားတယ်လေ။

တဏှာသံယောဇနသုတ်မှာလဲ…တဏှာလျှင်အဖော်ရှိသောယောင်္ကျားသည်ရှည်ကြာစွာသော
သံသရာပါတ်လုံးကျင်လည်ရသည်ဖြစ်လို့လူ့ဘ၀တပါးသော ဘ၀ဟူသောသံသရာကိုမလွတ်မြောက်နိုင်လို့မြတ်ဘုရားဟောထားတာတွေရှိပါတယ် သံသရာရဲ့ဝဋ်ဒုက္ခကိုကြောက်ရင်တော့မဆက်စပ်မိပါစေနဲ့ မကြောက်ရင်တော့ လုပ်ပေါ့။

တဏှာဆိုတဲ့ မာဂဓ စကားကိုတပ်နှစ်သက်ခြင်းလို့ ဘာသာပြန်ထားတယ် တပ်နှစ်သက်ခြင်းကိုချစ်ခင်ခြင်းလို့ ပြန်ဆိုနိုင်ပါတယ်..ချစ်တယ်ဆိုတာအချစ်ခံရတဲ့
ဝတ္ထုအပေါ်တပ်နှစ်သက်ခြင်းပင်မဟုတ်လား?...

အချစ်ဝင်နေရင်တော့အပြစ်မမြင်ဘူးပေါ့ဆိုတဲ့စကားအတိုင်းအချစ်ဆိုတဲ့စကားဝေါဟာရဟာ
အပြစ်ကိုဖုံးကွယ်တဲ့ဝေါဟာရတခုဆိုရင်မမှားပါဘူး။

လောကသဘောနဲ့ကြည့်ပါအုံး မယားက လင်ကိုချစ်လျှင် လင်ဖြစ်သူဘာလုပ်လုပ် အပြစ်မမြင် အချို့မိန်းကလေးများဟာအတော်ဆိုးတဲ့ လင်ယောင်္ကျားကိုချစ်ကြတယ်လေ ဒါကြောင့် သတ္တ၀ါတွေရဲ့သန္တာန်မှာတဏှာဆိုတဲ့အချစ်မကုန်သေးသမျှကာလပါတ်လုံးရုပ်နာမ်ခန္ဓာကိုပိုင်ဆိုင်နေအုံးမှာပဲ
 နောက်သဒ္ဓါနဲ့တဏှာဆက်စပ်နေသမျှကာလပါတ်လုံး ရုပ်နာမ်ခန္ဓာကိုပိုင်ဆိုင်နေအုံးမှာပဲ။

စောစောကပြောခဲ့တဲ့စကားဒကာဒကာမတွေရဲ့သဒ္ဓါပန်းကိုနွမ်းအောင်တော့မလုပ်သင့်ပါဘူး လှူဒါန်းနေတာပဲဘာနွမ်းအောင်လုပ်လို့လဲလို့ပြောစရာဖြစ်လာပါလိမ့်မယ်သဒ္ဓါနဲ့တဏှာဆက်စပ်နေရင်
မလှူတာနဲ့အတူတူပါပဲဒကာဒကာမတွေရဲ့ပိုက်ဆံသာကုန်သွားတယ်ကုန်သလောက်အရာမထင်ဖြစ်တတ်ပါတယ်။

တချို့ဆိုဒီလောက်တောင်မကပါဘူး တကယ်တော့ဘုန်းကြီးဆိုတာ ပုညသဒ္ဒါကလာတာပါ  ကုသိုလ်ပုန်းကံ ကိုယ့်ဆီပြန်သော် မကြံသော်လဲပြီး ကြံသော်လဲပြီး၏ တဲ့ ကုသိုလ်ပုန်းကံ ကြီးမားလို့ ဘုန်းကြီးဖြစ်လာတာပါ ဘုန်းတန်ခိုးအာနုဘော်ကြီးလို့ဘုန်းကြီးဖြစ်လာတာမဟုတ်ပါဘူး။

အထက်တန်းစားဖြစ်တဲ့မဂ်တရားဖိုလ်တရားတွေကိုဒကာဒကာမတွေမသိအောင်ဖုံးကွယ်ထားလို့
အဖုံးကြီးကြီးနှင့်ဖုံးအုပ်ထားပြီးအောက်တန်းစားဒါနတရားမျှဖြင့်လိပ်သတ္တ၀ါလိုကိုယ့်ဗိုက်အောက်ရောက်အောင်
ယက်တတ်လို့ဘုန်းကြီးလို့ခေါ်တာမဟုတ်ပါဘူးပုညသဒ္ဒါကလာသည့်အတိုင်းဒကာဒကာမတွေပုန်းကြီးအောင်လုပ်ပေး
ရမှာကလဲဘုန်းကြီးတွေရဲ့တာဝန်ပဲလေ။

နောက်ပြီး ဒကာဒကာမတွေကလဲ အကောင်းစားစကားနဲ့မထိုက်လို့လား မြတ်ဘုရားကတော့ဒုက္ကတာသုတ်မှာစကားဆိုဖြစ်ရခြင်း
ငါးမျိုးရှိတဲ့အကြောင်းဟောထားတယ်။

(၁)သဒ္ဓါတရားမရှိသူအတွက်သဒ္ဓါတရားနှင့်စပ်တဲ့စကားကောင်းဟာစကားဆိုးဖြစ်တယ်။

(၂)သီလမစောင့်ထိန်းသူအတွက် သီလစောင့်ထိန်းမှုနဲ့စပ်တဲ့စကားကောင်းဟာစကားဆိုးဖြစ်သွားတယ်။

(၃)ဥစ္စာပစ္စည်းမှာစွဲမက်ဝန်တိုသူကိုပေးကမ်းစွန့်ကြဲမှုနှင့်စပ်တဲ့စကားကောင်းဟာစကားဆိုးဖြစ်သွားတယ်။

(၄)ဗဟုသုတမလိုလားသူအတွက်ဗဟုသုတနဲ့စပ်တဲ့စကားကောင်းဟာစကားဆိုးဖြစ်သွားတယ်။

(၅)ပညာဥာဏ်ကင်းမဲ့သူတွေအတွက်ပညာနဲ့စပ်တဲ့စကားကောင်းဟာစကားဆိုးဖြစ်သွားတယ်။

ဒကာဒကာမတွေကိုသဒ္ဓါပန်းလှအောင်ဘုန်းကြီးတွေဟောတဲ့တရားနဲ့ညီအောင်ထိုက်တန်အောင်ကြိုးစားကြစို့လား
 နောက်ဆုံးပြောချင်တာကသူပြောတဲ့စကားဟာစကားကောင်းလားစကားဆိုးလား
ခွဲခြားတတ်အောင်ကြိုးစားကြစို့လား?သဒ္ဓါနှင့်တဏှာမစပ်မိအောင်ကြိုးစားကြပါစို့လား?လို့တိုက်တွန်းရင်း....
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။



lundi 6 août 2012

အတွေးဒဿနလေးများလား

ဝေဒနာကုစားတဲ့နေရာမှာ အချိန်ဟာ အကောင်းဆုံးဆရာ။

သင်္ခန်းစာဆိုတာ  ဘ၀အတွက်လမ်းပြမြေပုံ။

သံဝေဂဆိုတာ ဘ၀အတွက်ထွက်ပေါက်။

မိန်းမဆိုတာ ယောင်္ကျားတို့အတွက် လောင်စာ။

ကူညီမှုဆိုတာ မိတ်ဆွေဖွဲ့ခြင်းအတွက် တံတား။

အပြုံးဆိုတာ ချစ်ခင်ခြင်းအတွက်ဆေးတခွက်။

အခွင့်အရေးယူခြင်းဟာ ယုံကြည်မှု ကင်းမဲ့ခြင်းရဲ့မျိုးစေ့။

သံယောဇဉ်ဆိုတာ ဒုက္ခရဲ့ ရေသောက်မြစ်။

မိတ်ဆွေကောင်းဆိုတာ ဘ၀အတွက်ကြယ်။

အသိပညာဆိုတာ ဘ၀အတွက်ဆီမီး။

အတတ်ပညာဆိုတာ ဘ၀အတွက်ခြေထောက်။

လောကဓံဆိုတာ ဘ၀အတွက်ဇာတ်ဆရာ။

ကံတရားဆိုတာ ဘ၀ခရီးအတွက်ဥစ္စာ။

အချိန်ဆိုတာ ဘ၀ခရီးအတွက်တန်ဖိုး။

ကြိုးစားခြင်းဟာ အောင်မြင်မှုအတွက်လမ်းစ။

စိတ်ဓာတ်ကျခြင်းဟာ ရှုံးနိမ့်မှုအတွက်ခွန်အား။

ဘ၀ဆိုတာ သံသရာခရီးသည်တို့၏ ဘူတာ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။။

dimanche 5 août 2012

အမေ


                                    အမေ...

           အမေဟာ.မင်းသမီးတစ်ယောက်လို ရုပ်မလှပါဘူး..

     ဒါပေမယ့်  အမေ့နှလုံးသား ပြိုင်သူမဲ့အောင် လှနှိုင်ရက်လွန်းတယ်..။

                                 အမေ..

        အမေဟာ..သံတမန် တစ်ယောက်လို အပြောမချိုပါဘူး..

      ဒါပေမယ့် ..အမေ့စေတနာ ..အနှိုင်းမဲ့ အောင်ချိုမြလွန်းပါတယ်..။

                                အမေ..

       အမေဟာ..တိုက်ပွဲဝင်နေတဲ့  သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး..

     ဒါပေမယ့် ..အမေ့အကာအကွယ်ဟာ..မဟာရံတံတိုင်းထက် လုံခြုံလွန်းလှတယ်..။

                               အမေ..

                 အမေဟာ..မြစ်တစ်စင်း မဟုတ်ပါဘူး..

     ဒါပေမယ့် .အမေ့မေတ္တာဟာ..မရပ်တန့် စတမ်း တသွင်သွင်စီးလျက်ပါ..။

                                   အမေ..

               အမေဟာ..သစ်ပင်တစ်ပင် မဟုတ်ပါဘူး..

     ဒါပေမယ့် ..အမေ့အရိပ်အာဝါသဟာ..သားတစ်သက်စာအရိပ်ရအေးမြလွန်းပါတယ်..။

                            သားအတွက်တော့ ..

    အမေနေ့ဆိုတာ..နေ့တိုင်းပါ..အမေ..။

    အမေ့ကို သိပ်ချစ်ပါတယ် အမေ..။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။

samedi 4 août 2012

သခင်စိတ်နှင့်လူ ကျွန်စိတ်နှင့်လူ

ကမ္ဘာပေါ်တွင်လူတို့၏အရေအတွက်ဟာသန်းပေါင်းခြောက်ထောင်ကျော်ရှိသည်ဟုသိရပါတယ်
လူတွေသန်းပေါင်းခြောက်ထောင်ကျော်ရှိသော်လည်းတကယ်တမ်းဆန်းစစ်ကြည့်ရင်လူနှစ်မျိုးပဲရှိတာတွေ့ရပါတယ်။

ကျွန်စိတ်နဲ့လူ သခင်စိတ်နဲ့လူ အဲဒီလူတွေဟာဘယ်လိုလူတွေလဲစစ်တမ်းထုတ်ကာကြည့်ရအောင် စိတ်ခိုင်းတိုင်းလိုက်ကာလုပ်ရသောသူကိုကျွန်စိတ်နှင့်တူသောလူ စိတ်ကိုမိမိခိုင်းလိုရာခိုင်းနိုင်သောစိတ်ရှိသောသူစိတ်ကိုမိမိကနိုင်နင်းစွာစိတ်ရှိသောသူကို
သခင်စိတ်နှင့်တူသောလူဟုခွဲခြားသတ်မှတ်ပါတယ်။

ကျွန်စိတ်နှင့်တူသောလူသည်စိတ်ခိုင်းသမျှအပျော်အပါးကိုလိုက်စားလောင်းကစားလုပ်
သေရည်အရက်သောက်စားမကောင်းမှုမှန်သမျှကိုလုပ်ကာပျော်ပါးနေသောသူ
ကိုယ့်လုပ်တဲ့အလုပ်ဟာကောင်းသလားဆိုးသလားဆိုတာမခွဲခြားတတ်စိတ်စေရာကိုလုပ်တတ်တဲ့သူ
လူ့စိတ်ဟာမကောင်းမှုမှာမွေ့လျှော်တတ်တာကိုမဆုံးမစိတ်ခိုင်းတိုင်းလုပ်တဲ့သူ။

ကိုယ်လုပ်လိုက်တဲ့အတွက်ကြောင့်အများပြည်သူဒုက္ခရောက်စေတဲ့အလုပ်မျိုး ဘာသာရေးလဲနားမလည်လုပ်ချင်ရာလုပ်ကိုယ့်ထက်ကြီးသောသူကိုလည်း
ရိုသေရမှန်းမသိ စိတ်စေခိုင်းရာမိုက်မဲသောသူကိုကျွန်စိတ်ရှိသောသူဟုခေါ်ပါတယ်။

ထိုသို့သောသူတွေဟာ ပစ္စက္ခဘ၀မှာလဲ လူ့အောက်တန်းကျ လူတန်းစေ့မနေထိုင်ရ ဘာပဲလုပ်လုပ်အောက်ကချည်းနေရတတ်တယ် သံသရာမှာလည်း အပါယ်ငရဲကိုကျရောက်တတ်တယ် ပစ္စက္ခဘ၀ သံသရာဘ၀ နှစ်ဖြာလုံးဆုံးရှုံးနစ်နာရတယ်လေ။

တနေ့ ၀ါမဆိုခင်မို့ စာရေးသူကျောင်းနားကိုသန့်ရှင်းရေးလုပ်ချင်တာနဲ့ရပ်ကွက်ထဲက လူတယောက်လာတော့ဒကာတော် ဒီနေရာလေးသန့်ရှင်းရေးလုပ်ချင်တယ်ဗျာ ဒကာကြီးကို လ္ဘက်ရည်ဖိုးပေးမယ် ဒီနေရာလေးသန့်ရှင်းပေးပါလား ဆိုတော့.. 

လ္ဘက်ရည်ဖိုးဘာလုပ်ဖို့လဲ ကျောင်းကိုတောင်သန့်ရှင်းရေးလုပ်ပေးရအုံးမှာ
 ပေးစရာမလိုပါဘူးလုပ်ပေးပါ့မယ်ဘုရားတဲ့။ဒါဆိုလဲ ဒကာကြီးရယ် ဒီနေရာလေးရှင်းပေးဗျာ 

ဦးဇင်းပြောင်းနေအောင်ရှင်းချင်တယ်လို့ ပြောပြီးသူ့ကိုထားခဲ့မိတယ် ဒကာတော်ကလုပ်တော့လုပ်ပါတယ် သို့သော်ကိုယ်လိုချင်တဲ့အတိုင်းအတာထိအောင်လုပ်မပေးခဲ့ဘူးစိတ်စေတနာမပါဘဲ
လုပ်သွားတယ်ဆိုတာထင်ရှားနေတယ်။

လုပ်တယ်ဆိုရုံပေါ့ သူ့စိတ်ထဲရှိသလိုလုပ်သွားပြီး သူဟာ စာရေးသူမသိအောင်တော့ ဆင့်နှစ်ချောင်းကိုတော့ခိုးထုတ်ကာ ကျောင်းရဲ့ အုတ်နံရံ ဘေးကိုအသာချထားတယ် ဒါကိုစာရေးသူမသိအောင် မပြီးသေးသလိုနဲ့ရှင်းလက်စနေရာမှာဆက်လုပ်နေတာမတွေ့ရဘဲ အဲဒီဆင့်ထားတဲ့နေရာလေးမှာပိန်းပင်တွေကိုနှတ်နေတာတွေ့တော့
ဒကာတော်မပြောင်းသေးဘူးလေလို့ပြောဖို့သူ့နေရာကိုသွားလိုက်တော့မြင်ပါလေရော။

စာရေးသူလဲသူ့ကိုပြောဖြစ်တယ်ဒီဆင့်ကဘယ်ကလဲဘာလုပ်ဖို့လဲပေါ့
အဲဒီလိုမေးလိုက်တော့အိမ်မှာမိးချောင်းတိုင်ကျိုးသွားလို့ပြန်ပြင်ချင်လို့
တပည့်တော်ကိုစွန့်ပါတဲ့ အော်.. တွေ့မှမြင်မှ ခွင့်ပန်ရှာတယ် ဒီလူဟာမရိုးသားဘူး အောက်တန်းကျတယ်ဆိုတာထင်ရှားတယ်။

တကယ်တမ်းရိုးသားတဲ့သူဆိုရင်စာရေးသူရှိတာပဲအစကတည်းကခွင့်ပန်ပြီးယူပါ့လား
ပြောဖို့ကသူ့တာဝန်လေ ပေးရမှာက စာရေးသူတာဝန် သို့ပေမဲ့ သူခွင့်မပန်ဘူး ပိုက်ဆံပေးတော့မယူဘူးဆိုပြီးမျက်နှာလို မျက်နှာရ ပြောလိုက်သေးတယ် ဒီလိုဟာ ခန္ဓာကိုယ်သာပိုင်ဆိုင်တာ ကျွန်စိတ်နဲ့နေတဲ့သူဆိုတာထင်ရှားတယ်။

သခင်သည်ကျွန်ကိုစေခိုင်းသလိုစိတ်၏သခင်နှင့်တူသောသူဟာစိတ်ကိုမိမိလိုရာ ကောင်းသော
အလုပ်တို့ကိုမဖြစ်မနေလုပ်ခိုင်းတယ် တရားမနာချင်သော်လည်းပေနာတယ် ဒါနမပြုချင်သော်ပေပြုကြတယ် သီလမဆောက်တည်ချင်သော်လည်းပေပြီးဆောက်တည်ကြတယ် ထိုသို့သောသူကို စိတ်၏သခင်နှင့်တူသောသူဟုခေါ်ပါတယ်။

စိတ်၏သခင်နှင့်တူသောသူဟာ ပစ္စက္ခဘ၀မှာလဲ ကြီးပွားတိုးတက်တယ် သံသရာမှာလဲမျက်နှာမငယ်ရ မျက်နှာပန်းလှတယ် မြတ်ဘုရား ပစ္စေကဗုဒ္ဓါ နှင့်အရိယာသူတော်စင်တွေဟာစိတ်၏သခင်များဖြစ်ကြတယ်။

စိတ်၏သခင်များဖြစ်သောသူသည် ဘာပဲလုပ်လုပ်ချင့်ချိန်တယ် လုပ်တဲ့နေရာမှာစေတနာပါတယ် သေသပ်တယ် လမ်းမှာတွေ့တဲ့အမှိုက် ခဲ ဆူး တွေကိုမကောက်ချင် ရှက်နေတဲ့စိတ်ကို နိုင်အောင်တိုက်ထုတ်ကာ အမှိုက် ခဲ ဆူး တွေ အများပြည်သူအန္တရာယ်မဖြစ်ပါစေခြင်းအကျိုးငှာ စိတ်ကိုရအောင်ခိုင်းနိုင်တယ်။

ငယ်ငယ်ကဆရာတော် မိန့်မှာတာမှတ်မိသေးတယ် နည်းနည်းပိုက်ဆံရှိလာရင် နည်းနည်းဂုဏ်ရှိတယ်လို့ကိုယ့်ကိုကို ထင်လာရင်လမ်းမှာတွေ့တဲ့ ခဲ အမှိုက် ဆူးတွေကိုမကောက်ချင်ကြတော့ဘူး ရှက်လာကြတယ် မဟုတ်တာကိုရှက်လာကြတယ်။

တခါတုံးက ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဟာ ညညဆို သံဃာတွေရဲ့ကုဋီကိုဆေးကျော ရေဖြည့်တနေ့တော့ ဆရာတော်ကြီး လုပ်နေတာကိုရဟန်းတပါးတွေ့သွားတယ် မလုပ်ပါနဲ့ဘုရား တပည့်တော်လုပ်ပါ့မယ်။

ဆရာတော်ကြီးကပြန်လျှောက်တယ် တပည့်တော် သံဃာ့ကျွန်အဖြစ်နဲ့တော့နေပါရစေ တပည့်တော်သံဃာ့ကျွန်အဖြစ်နဲ့နေ၇တာဂုဏ်ယူပါတယ်ဘုရား တပည့်တော်လုပ်တာကိုလဲ ဘယ်သူမှမသိပါစေနဲ့ဘုရားဟုတောင်းပန်လိုက်တယ်။

ဆရာတော်ကြီးဟာ ကောင်းတဲ့နေရာမှာစိတ်ကိုနိုင်အောင်ခိုင်းနိုင်တယ်သခင်စိတ်နဲ့နေတဲ့ဆရာတော်ကြီးဟု စိတ်ထဲမှာတွေးပြီးကြည်ညိုနေမိတယ် အော်..ပညာရှိသူတော်ကောင်းတွေဟာဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းတဲ့ဒုစရိုက်ကိုလက်မခံ ကောင်းတဲ့အကျင့်စာရိတ္တကိုလက်ခံလေ့ရှိပါလားဟု တွေးတွေးပြီးကြည်ညိုလို့မဆုံးပါဘူး။

တကယ်တော့လူဖြစ်ဖို့ဆိုတာမလွယ်ပါဘူး ရလာတဲ့ဘ၀လေးကို လှပအောင် မိမိရဲ့စိတ်ကိုသခင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားသင့်ပါတယ် လူဖြစ်ပြီး လူ့ခန္ဓာရပြီး စိတ်ကကျွန်စိတ်ဖြစ်နေရင် လူဖြစ်ရကျိုးနပ်ပါ့မလား?

နောက် ဦးအံ့မောင်ပြောတဲ့စကားလုံးတွေထဲက စကားလေးအချို့ကတော်တော်ကောင်းတယ်    
                           
                                    လူ့ရဲ့ခန္ဓာကိုယ်မှာ
           
                              လက်….. ထိုးဖို့ရိုက်ဖို့လား?

                               ဒူး………..တိုက်ဖို့လား?

                               ခြေ……..ကန်ဖို့လား?

                               တံတောင်..တွက်ဖို့လား?

                               ပါးစပ်……လိမ်ဖို့လား?

                               မျက်လုံး…အမုန်းပြဖို့လား?

ဒီလိုဆိုရင် ဒီလူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဟာကျွန်စိတ်နဲ့လူဖြစ်ရမယ်။
လူသားတွေအတွက်ကောင်းကျိုးပေးပြီး မေတ္တာနဲ့ပိုက်ထွေးကာ မိမိရဲ့ခန္ဓာကိုအစိတ်အပိုင်းလေးနဲ့လူသားအကျိုးပြုရခြင်းဟာ ဘာမှမကုန်ဘဲ သခင်စိတ်နဲ့နေတဲ့သူဖြစ်ရတယ်လေစာရှု့သူတို့ကော…..ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ.။။။