ကိုယ့်ကိုကိုအတတ်နိုင်ဆုံးအဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ်ရှိတဲ့ လူသားတယောက်ဖြစ်အောင်မြှင့်တင်ခြင်းအားဖြင့်လောကကြီးကိုအကျိုးပြုလိုက်တာပါပဲ။
လူတွေဟာထင်နေတာက လောကအကျိုးပြုတယ်ဆိုတာ ပစ္စည်းဥစ္စာရှိမှလုပ်နိုင်တယ်လို့ထင်နေကြတာ တကယ်တော့မဟုတ်ပါဘူး မိမိကိုယ်ကိုကို အဖက်ဖက်က နည်းမျိုးစုံနဲ့ပိုကောင်းအောင်ကြိုးစားနေတာ လောကကြီးကိုအကျိုးပြုရာရောက်ပါတယ်။
အကျင့်စာရိတ္တ စိတ်နေသဘောထား လုပ်ရည်ကိုင်ရည် ပိုကောင်းအောင်ကြိုးစားနေတာ ပညာတရားမရှိသေးတဲ့သူကလဲပညာတရားတွေတိုးပွားအောင် ကြိုးစားနေတာ စီးပွားရေးမရှိသေးတဲ့သူကလစီးပွားရေးရှိအောင်ကြိုးစားတာဟာလဲ လောကကြီးကိုအကျိုးပြုရာရောက်ပါတယ်။
အကောင်းဆုံးဆိုတာဘာလဲလို့သိထားတဲ့လူတိုင်းဟာ ကိုယ့်ကိုကိုအဖက်ဖက်က ကောင်းအောင်နေတယ် ဥပမာ..အမေက ဒါခိုင်းတယ် သို့သော် အခြားအမြင်မတော်တာတွေ တွေ့ရှိတယ်ဆိုရင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ် ဒါဟာလဲ တဖက်တလှမ်းကအကျိုးပြုတာပါပဲ။
ကိုယ်သိထားတဲ့ အသိဥာဏ်အပေါ်မှာမူတည်ပြီးတော့ အကောင်းဆုံးဆိုတဲ့စိတ်ထားနဲ့ အကောင်းဆုံးလုပ်ဆောင် ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်အသိဥာဏ်နဲ့ကို အကောင်းဆုံးအားသွန်းပြီး လုပ်ဆောင်နေမှသာလူဖြစ်ရကျိုးနပ်ပါမယ်။
ခုခောတ်လူငယ်အများစုဟာ မိဘကနောက်ကလိုက်ပြီး ခြိမ်းခြောက်နေတာတောင်မလုပ်ချင်ကြတော့ဘူး ဒါဟာ ကိုယ့်မှာရှိတဲ့ အသိဥာဏ်တွေကို ဖျက်ဆီးပစ်တာပဲ ကိုယ်ကကိုကိုလူပီသမှုမှကင်းအောင် လုပ်လိုက်တာပဲ။
လူတိုင်းမှာ ကောင်းမွန်တဲ့အသိ ကောင်းမွန်တဲ့စိတ်ထားရှိနေတာပါပဲ သို့သော် ထုတ်သုံးဖို့မရဲကြတာပါ ဟုတ်ပါတယ် စိတ်ကလဲ ကောင်းမွန်တာကို လုပ်ဖို့ တိုက်တွန်းဖို့ကျတော့ ခက်ခဲတယ်လေ မကောင်းမှုမှာစိတ်ကမွေ့လျော်တာကိုး။
ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ့်ရွေးချယ်မှုနဲ့ကိုအကောင်းဆုံးနေသွားနိုင်တဲ့သူဟာ ဘ၀ကိုအကောင်းဆုံးပုံဖော်နိုင်သူဟာ လောကကြီးကိုစိတ်ချမ်းသာမှုတွေပေးနိုင်သူဟာ လောကကြီးကို အကျိုးပြုနေတာပါပဲ။
ငယ်ငယ်ကဆရာတော် သြ၀ါဒ ပေးတယ် ကျောင်းမှာသန့်ရှင်းရေးဆိုတာအထူးလုပ်စရာမလိုဘူး ကိုယ့်နေရာလေးကိလူတိုင်းကိုယ်စီကိုယ်စီသန့်ရှင်းအောင်လုပ်ပြီးနေမယ်ဆိုရင် ကျောင်းတော်ကြီးဟာ
သန့်ရှင်းနေပါလိမ့်မယ်။
ကိုယ့်နေရာကိုသန့်ရှင်းနေခြင်းအားဖြင့် ပါတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ် ခုလဲပဲ အဲဒီအတိုင်းပါပဲ လောကအကျိုးပြုချင်တယ်ဆိုရင်မိမိရဲ့စိတ်ထားကိုအတတ်နိုင်ဆုံးဖြူစင်အောင်လုပ်ဆောင်မွေးမြူဖို့ပါပဲ ဒါဆိုရင် လောကအကျိုးပြုလုပ်တာပါပဲ။
ကိုယ့်ကိုကိုစိတ်ထားဖြူစင်အောင်ထားနိုင်တာကိုက လောကအကျိုးကိုဆောင်ရွက်ပြီးသားဖြစ်နေတယ် တနေ့က ဘားအံကားပေါ်မှာဘုန်းတော်ကြီးတပါးဟာ ဆေးကိုအော်ရောင်းကာနေတဲ့အဘွားအိုကြီးကိုပြောလိုက်တယ်။
ဒီကားဟာ လူစီးတဲ့ကား ခွေးလိုအသံတွေနဲ့ ဆူညံနေတဲ့ ခွေးတွေ စီးတဲ့ကားမဟုတ်ဘူး နားငြီးတယ် ကားသမားကလည်း အသုံးမကျဘူးပြောပါလား လူလိုနားလည်အောင်ဟုပြောလိုက်တယ်။
ဆေးရောင်းနေတဲ့ အဘွားအိုက တပည့်တော်ဟာဘုန်းကြီးအမေပါ တပည့်တော်ဟာ ကောင်းကောင်းမွန်မွန်နဲ့လုပ်ကိုင်စားသောက်နေတာပါ ဘုန်းကြီးကအဲဒီလိုမပြောသင့်ပါဘူးဟုပြောပြီးတော့ထိုင်ကာငိုချလိုက်ပါတော့တယ်။
အဘွားအိုငိုတော့ကားပေါ်မှာပါလာသောဗုဒ္ဓဘာသာဝင်တိုင်းအဘွားအပေါ်ကရုဏာသက်ကာ
ဗုဒ္ဓဘာသာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘုန်းတော်ကြီးအပေါ်မှာစိတ်မကောင်းစွာနဲ့ပဲခရီးကိုဆက်သွားနေကြရတယ်။
ဒီအကြောင်းတရားတွေဟာ ကိုယ်တည်းဟူသောအကြောင်းကြောင့်တပါးသောသူတွေစိတ်ထိခိုက်တာဟာ စိတ်ထားမကောင်းမှုစိတ်ထားမဖြူစင်မှုတို့ကြောင့်ဖြစ်လာရတာပါခဏတာလေးကိုသီးခံလိုက်ရင်အားလုံးသော
ခရီးသည်တွေ ပျော်ရွှင်သောခရီးစဉ်ဖြစ်မှာသေချာပေမဲ့ခုတော့….။
မိမိရဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းလေးနဲ့ ကိုယ်လုပ်ပေးလိုက်တာက ဘာမှမဖြစ်လောက်ပေမဲ့ တပါးသောသူအတွက်ဘ၀တခုလိုဖြစ်နေရင် ကူညီပေးလိုက်ပါ အကျိုးပြုရာရောက်ပါတယ်။
လူ့အသိုင်းဝိုင်းကြီးတခု ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိဥာဏ် မှန်ကန်တဲ့စေတနာ အပေါ်မှာအခြေခံတဲ့မှန်ကန်တဲ့အပြုအမူ မှန်ကန်တဲ့စကားတွေ များများလုပ်နိုင်ဖို့လိုပါတယ်။
ဒါမှ အားလုံးအတွက်ကောင်းမယ် ဒါမှလူ့အသိုင်းအ၀ိုင်းကြီးတခုမှာ နေရတာစိတ်ချမ်းသာမယ် စိတ်ထဲမှာလုံခြုံမှုရမယ် စိတ်ထဲမှာပျော်ရွှင်မယ် အဲဒီလို အသိုင်းအ၀ိုင်းမှာဆိုရင် စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဘာလုပ်ရမှန်းမသိဘူးဘာမှမတတ်နိုင်တော့ပါဘူးဆိုတဲ့ခံစားမှုမျိုးကအင်မတန်နည်းသွားမှာပါ။
တချို့သောသူတွေကပြောတယ် ကိုယ့်အကြောင်းနဲ့ကို “ကိုယ်လုပ်ရင် ကိုယ်ခံရမှာ မင်းအကြောင်းပါလား ဆိုတဲ့စကားဘယ်သောအခါမှမပြောမိပါစေနဲ့အဲဒီစကားဟာအင်မတန်နိမ့်ကျတဲ့သူတွေပြောတဲ့စကားဖြစ်တယ်။
ကိုယ့်ကိုကိုဒုက္ခပေးရင် လောကကြီးဒုက္ခရောက်မယ် မိမိနဲ့လောကကြီးဟာဆက်စပ်နေတယ် ဘယ်လိုမှခွဲခြားမရပါဘူး ကိုယ့်ကိုကိုကောင်းအောင်နေရင် လောကကြီးကောင်းနေတာပါပဲ ကိုယ့်ကိုကိုမဖျက်ဆီးသင့်ပါဘူး ကိုယ့်ကိုကို ကောင်းအောင်နေသင့်ပါတယ် ကိုယ့်ကိုကိုကောင်းအောင်နေခြင်းသည်ပင် လောကကြီးကိုအကျိုးပြုနေတာဖြစ်ပါတယ်။
မြတ်ဗုဒ္ဓကလည်း မိမိရဲ့ကာယကံမှု ၀စီကံမှု မနောကံမှုကိုထိန်းသိမ်းခြင်းဖြင့် လောကကြီးကိုအကျိုးပြုပါ လို့ဟောထားခဲ့တယ် စာရေးသူပြောချင်တာက မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းလေးနဲ့ လောကကြီးကိုအကျိုးပြုနိုင်ပါစေပေါ့။
ရေအေးနဲ့ ရေပူဟာ
အသွင်ပုံသဏ္ဍာန်ချင်း
တူနေသယောင်ရှိပေမဲ့
အေးမြသောရေသည်
သစ်ပင် သတ္တ၀ါတွေကို
ရှင်သန်ရွှင်လန်းစေပါတယ်
ပူလောင်သောရေကတော့
သစ်ပင်သတ္တ၀ါတွေကို
သေကြေပျက်စီးစေပါတယ်
ထိုနည်းတူစွာ
လူတွေမှာလည်း
စိတ်ရှိတာချင်း
တူနေသယောင်ထင်ရပေမဲ့
မေတ္တာတရားရှိတဲ့သူ
ဒေါသစိတ်ရှိတဲ့သူ
ကွဲပြားခြားနားမှုရှိပါတယ်
မေတ္တာတရားရှိတဲ့သူက
မိမိရဲ့ပါတ်ဝန်းကျင်ကို
အေးမြစေပါတယ်
ဒေါသစိတ်ရှိတဲ့သူကတော့
မိမိရဲ့ပါတ်ဝန်းကျင်ကို
ပူလောင်ပျက်စီးစေပါတယ်။
စာရှု့သူတို့ကောဘယ်လိုလူဖြစ်ချင်သလဲ မေတ္တာတရားလေးထား
လိုက်ရုံသက်သက်ဖြင့်လောကအကျိုးသယ်ပိုးရာရောက်ပါတယ် ကြိုးစားကြည့်စမ်းပါ။။။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။
0 comments:
Enregistrer un commentaire