Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mercredi 4 février 2015

ရှေ့ဆောင်အရေးကြီးတယ်

ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါ
မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်။

မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်
တို့သည်လည်း တရားမစောင့်ကုန်။

ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံး
ဇနပုဒ် နေသူတို့လည်း တရားမစောင့်ကုန်။

နိဂုံး ဇနပုဒ်နေသူတို့ တရားမစောင့်သောအခါ နေလ
တို့သည် မညီမညွှတ်လှည့်လည်ကုန်၏။

နေလတို့ မညီမညွှတ်လှည့်လည်သောအခါ နက္ခတ်
တာရာအပေါင်းတို့ မညီမညွှတ်လှည့်လည်ကုန်၏။

နက္ခတ်တာရာအပေါင်းတို့ မညီမညွတ်လှည့်လည်
သောအခါ ညဥ့်နေ့တို့သည် မညီမညွှတ်ဖြစ်ကုန်၏။

ညဥ့်နေ့တို့ မညီမညွတ်ဖြစ်ကုန်သော် လနှင့် လခွဲတို့
သည် မညီမညွတ်ဖြစ်ကုန်၏။

လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု၊ နှစ်
တို့သည် မညီမညွတ်ဖြစ်ကုန်၏။

ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကုန်သော် လေတို့သည်
မညီမညွတ်တိုက်ကုန်၏။ လမ်းမှန်မတိုက်ကုန်။

လေတို့မညီမညွတ် လမ်းမှန်မတိုက်သောအခါ နတ်တို့
အမျက်ထွက်ကုန်၏။

နတ်တို့အမျက်ထွက်ကုန်သော် မိုးကောင်းစွာမရွာသွန်း။

မိုးကောင်းစွာမရွာသွန်းသော် ကောက်တို့သည် အမှည့်
မညီညွတ်ကုန်။

ရဟန်းတို့ အမှည့်မညီညွတ်သော ကောက်တို့ကို
စားသုံးသူတို့သည် အသက်တိုကုန်၏။ အဆင်း
မလှကုန်။ အားနည်းကုန်၏။ အနာများကုန်၏။





(ဓမ္မစမ်းရေ)

အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်

0 comments:

Enregistrer un commentaire