စာေ၇းသူကျောင်းကနေမယ်တော်ကြီးဆီကိစ္စ၇ှိလို့အိမ်ကိုခဏပြန်သွားခဲ့ပါတယ် အိမ်မှာ ဆရာမ အပျိုကြီးဒေါ်ရီရီမြင့် ရောက်နေတယ် အိမ်မှာဘာတွေပြောနေလဲဆိုတာတော့စာရေးသူမသိပါ ဒါပေမဲ့ အပျိုကြီးသည် ဘုန်းကြီးကိုကြည်ညိုတတ်တာတော့ စာရေးသူသိပါတယ်။
စာရေးသူကိုလဲမကြာခဏဆိုသလိုလှူဒါန်းတတ်ပါတယ် အပျိုကြီးကစာရေးသူကိုတွေ့တော့ မယ်တော်ကြီးနဲ့မပြောတော့ဘဲစာရေးသူဘက်ကိုလှည့်လာပါတော့တယ် …ဦးဇင်း အိမ်တွေဘာတွေကြွလို့ပါလားတဲ့ ဟုတ်တယ် မယ်တော်ကြီးဆီကိစ္စလေး၇ှိလိုပါ ဦးဇင်းမယ်တော်နဲ့နောက်မှပြော တပည့်တော်အရင်ပြောပါရစေအုံး။
စာရေးသူက…ဟာ..ဒကာမကြီးကတော့လုပ်ပြီဘာမေးမလို့လဲ မေးဆိုတော့ မြတ်စွာဘုရားမိန့်ခဲ့သော
စကားနှစ်ခွန်းကိုရှင်းပြစေချင်တာပါ မယ်တော်ကြီးက စာရေးသူစိတ်မြန်တာကိုသိထားတော့ ပြုံးနေတယ် ။
မြတ်စွာဘုရားက တရားသည်သာလျှင် လူအပေါင်းဝယ်မျက်မှောက် တမလွန် ဘ၀မှာ အမြတ်ဆုံးပေတည်းဟူသောစကားကိုလည်းကောင်း အပါယ်တံခါးပိတ်လေပြီးသော မဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကိုကိုမျက်မှောက် ပြုလေပြိးသောသိက္ခာသုံးရပ်တည်းဟူသောသာသနာကိုသိလေပြီးသော
သောတာပန်ဖြစ်သောလူဒကာသည်ပုထုဇဉ်ဖြစ်သောရဟန်းကိုလည်းကောင်းသာမဏေကိုလည်းကောင်းရှိခိုးရမည်ဟု မိန့်တော်မူခဲ့တယ်ဘု၇ားနားမလည်လို့ရှင်းပြစေချင်တာပါ။
အင်း… တော်တော်တွေးတတ်တဲ့အပျိုကြီးတွေပဲဟု စိတ်ထဲမှာတွေးနေမိတယ် အပျိုကြီးတော့ဘယ်စာအုပ်ထဲကတွေ့လာလဲတော့မသိပြောရပေအုံးမယ်မယ်တော်ကြီးကတော့
့မေးလေးငေါ့ပြီးဖြေလိုက်ဆိုတဲ့သဘောနဲ့မေးငေါ့ရှာတာပါ သောတာပန်လူဟာ ပုထုဇဉ် ရဟန်း သာမဏေကိုရှိခိုးရခြင်းမှာ ရဟန်းကျင့်ဝတ် နှစ်ဆယ်နှင့် ရဟန်းတို့၏အသွင်ပြင် နှစ်မျိုးကြောင့်ပါ။
ရဟန်းကျင့်ဝတ်နှစ်ဆယ် ကိုပြောပြပါအုံးတဲ့ အင်း.. စပြီးပြီဘဲ ဆက်ရပေအုံးမည် ။
(၁)တရားဘာဝနာမှာမွေ့လျော်ခြင်း။
(၂)တလ နှစ်ကြိမ် ဥပုဒ်ပြုခြင်း။
(၃)ဆွမ်းခံခြင်း။
(၄) ကောင်းမွန်စွာဝတ်ရုံနေထိုင်ခြင်း။
(၅)စက္ခုစသောအင်္ဂါတို့ကိုစောင့်စည်းခြင်း။
(၆)ကိုယ့်နှတ်နှလုံးတို့ကိုစောင့်စည်းခြင်း။
(၇)အချမ်းအပူစသည်တို့ကိုသီးခံနိုင်ခြင်း။
(၈)ကောင်းသောအကျင့်မှာမွေ့လျော်ခြင်း။
(၉)တပါးတည်းတ၇ားကျင့်ခြင်း။
(၁၀)တပါးတည်းမွေ့လျော်ခြင်း။
(၁၁)တပါးတည်းကိန်းအောင်းခြင်း။
(၁၂)မကောင်းမှုမှရှက်ခြင်း။
(၁၃)မကောင်းမှုမှကြောက်ခြင်း။
(၁၄)ကောင်းမှုကိုပြုစုအားထုတ်ခြင်း။
(၁၅)ကုသိုလ်ကောင်းမှုတို့မှာမမေ့မလျော့မပေါ့ဆခြင်း။
(၁၆)သိက္ခာသုံးရပ်တို့ကိုကောင်းစွာခံယူခြင်း။
(၁၇)ဘုရားဟောပါဠိတော်တို့ကိုသင်ယူခြင်း။
(၁၈)အဋ္ဌကထာတို့ကိုသင်ယူခြင်း။
(၁၉)သီလစသောသိက္ခာသုံးပါးမှာမွေ့လျော်ခြင်း။
(၂၀)တက်မက်မောမှုကင်းလွတ်ခြင်း။ တို့ပဲဖြစ်ပါတယ် ဦးဇင်း ရဟန်းတို့၏အသွင်ပြင်နှစ်မျိုးကကောတဲ့ အပျိုကြီးကဆက်မေးတော့ဖြေရပေးအုံးမည် ။
(၁) ဖန်ရည်ဆိုးသောအ၀တ်တို့ဝတ်ရုံခြင်း။
(၂) ခေါင်းတုံးတုံးခြင်းတို့ပါပဲဗျာလို့စာရေးသူပြောလိုက်ပါတယ်။
ဆက်ရှင်းပါအုံးဘုရား လို့အပျိုကြးကပြောရှာပါတယ် ခုပြောခဲ့တဲ့ကျင့်ဝတ်တွေနဲ့ပြည့်စုံရင် အရဟတ္တမဂ် အရဟတ္တဖိုလ် သို့ဆိုက်ရောက်နိုင်သော အကျင့်ရှိပေ၏ ထိုပုထုဇဉ်ရဟန်းသာမဏေဟာ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သော ရဟန္တာပုဂ္ဂိုလ်နှင့်အသွင်ပြင်ခြင်းလဲတူတယ် လူတွေမှာထိုကဲ့သို့သောအသွင်ပြင်မျိုးမရှိသောကြောင့်ပါ။
နောက်တခုဆက်ရှင်းပြပါအုံးမည်နားထောင်တော်မူပါ အပျိုတော်ကြီး ဆိုတော့ မယ်တော်ကသားတော်မောင် စိတ်မရှည်တော့ဘူးဆိုတာသိနေပြီ ဦးဇင်းရယ်ဆက်ရှင်းပြလိုက်ပါ သိချင်နေတာကိုးတဲ့ ဟုတ်ကဲ့ပါ လို့ပြောပြီးမြန်မြန်ပြီးအောင် ဆက်ပြောလိုက်ပါတယ်။
ရဟန်းတို၏ကျင့်ဝတ်နှစ်ဆယ်နှင့်အသွင်ပြင်နှစ်မျိုးရှိတယ် ရဟန်းတွေဟာ ကျင့်ဝတ်နှစ်ဆယ်ကိုလဲ ကိုယ်တိုင်လဲကျင့်တယ် သူတပါးတွေလဲကျင့်သုံးစေတယ် လူတွေကား ကိုယ်တိုင်လဲမကျင့်သုံး သူတပါးတွေကိုလဲ မတိုက်တွန်းတဲ့အတွက်ကြောင့်သောတာပန်လူဒကာကပုထုဇဉ်ရဟန်း သာမဏေကိုရှိခိုးထိုက်တာပါ အပျိုကြီးနားလည်အောင် ဥပမာနှင့်ပြောပြလိုက်ပါတယ်။
ဘုရင့်သားတော်သည် ပုရောဟိတ်ဆရာထံ အတတ်ပညာတွေ ဗဟုသုတတွေ သင်ကြားခဲ့တယ် လူတွေရဲ့အကြောင်းတွေလဲသင်ကြားခဲ့တယ် မင်းသားတို့တတ်အပ်သောအတတ်ပညာတွေအကုန် သင်ကြားခဲ့တယ် နောက်တချိန်ကြီးလာတော့ မင်းသားလေးဟာ မင်းဖြစ်လာတယ်။
မင်းဖြစ်ပေမဲ့ပုရောဟိတ်ကို ငါကဆရာဟုစိတ်မှာ ပိုက်လျက် ဆရာပုရောဟိတ်ကို ရှိခိုး ခရီးဦးကြိုဆို တယ် ထိုနည်းတူစွာပဲ အပျိုကြီး ကျင့်ဝတ်တွေလဲ ကျင့်၏ သာသနာကျင့်ဝတ်တွေလဲ စဉ်ဆက်မပြတ်အောင် သယ်ဆောင်တယ် ဟုနှလုံးသွင်းကာ ပုထုဇဉ်ရဟန်း သာမဏေကို သောတာပန်လူဒကာကရှိခိုးထိုက်တယ် သောတာပန်လူဒကာသည် မဂ်အဆင့်ဆင့်တက်လှမ်းကာ ရဟန္တာဖြစ်ငြားအံ့ ထိုဒကာသည် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုရာ၏ ရဟန်းဘောင်သို့သော်လည်းဝင်ရောက်ရာ၏ ထိုနည်းလမ်းနှစ်သွယ်မှတပါး အခြားမရှိရာ။
ထိုနည်းလမ်း နှစ်ခုသည်ကား ရဟန်းအဖြစ်သည် အလွန်မွန်မြတ်သောကြောင့်ဖြစ်တယ် အပျိုကြီး ဆိုတော့ အော်.. ဒီလိုလားတဲ့ တပည့်တော်မေးတာကို စိတ်မရှည်တရှည်နဲ့ဖြေကြားပေးတဲ့ဦးဇင်းကို ကျေးဇူးတင်ပါတယ်ဟုပြောကာအိမ်ပြန်ဖို့ပြင်တာတွေ့လိုက်တော့ စာရေးသူကနားလည်လားလို့မေးလိုက်တယ် တင့်ပါးနားလည်ပါတယ်ဘုရားတဲ့ နားလည်ရင် ဟုတ်ပါပြီ ပြန်လို့မလို့မဟုတ်လားပြန်ပါတော့ အဲဒါနဲ့ မယ်တော်ကြီးက စာရေးသူကိုကျွဲရိုင်းကပ်ပါတယ် အပျိုကြီးလဲ စာရေးသူကိုကန်တော့ကာ သူ့အိမ်သူပြန်သွားရှာပါတော့တယ် စာရေးသူလဲ မယ်တော်နဲ့ ကိစ္စလေးတိုင်ပင်ပြီး ကျောင်းသို့ပြန်သွားခဲ့တယ် မယ်တော်ကတော့ပြုံးပြီးကျန်နေခဲ့တယ်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။
0 comments:
Enregistrer un commentaire