Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mercredi 25 avril 2012

မေတ္တာဆန်ရေ


စာရေးသူတို့ကျောင်းမှာ စစ်ကိုင်းဘက်ကဦးဇင်းတပါးရှိတယ် သူက စာရေးသူကို သူတို့ဘက်ကဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်လေးကို ပြောပြပါတယ် ပြောပြတဲ့အချိန်က
စာရေးသူတန်ဖိုးကိုနားမလည်ခဲ့ပါဘူး ဒါအရိုးသားဆုံးဝန်ခံတာပါ “ကိုယ့်စကားကိုနားထောင်စေချင်တဲ့အတွက်သူ့စကားနားထောင်တဲ့သဘောလောက်ပါပဲ”။

 သူပြောပြတဲ့ဖြစ်ရပ်ကလေးဟာစာရေးသူတယောက်ထဲအခန်းထဲမှာရှိတဲ့အချိန်မှာအချိန်တွေကြာမြင့်ခဲ့ပေမဲ့ သတိတရရှိနေတယ်လေဦးဇင်းပြောလိုက်တာကသူတို့ဘက်မှာဒေါ်နှင်းမြဆိုတဲ့အဘွားတယောက်ရှိတယ်တဲ့အဘွားမှာ သားသုံးယောက်ရှိတယ်။

 သားတွေကိုဆင်းရပေမဲ့ပညာတတ်ကြီးတွေဖြစ်အောင်ထားနိုင်ခဲ့တယ် သားတွေကအတောင်စုံတော့ သားကြီးနဲ့သားလတ်ကမိန်းမတွေယူသွားကြတယ် ဒေါ်နှင်းမြဟာသားထွေးလေးမောင်မောင်နဲ့အတူနေတယ်။ 

သားကြီးကမန္တလေး  သားလတ်က စစ်ကိုင်းမြို့ပေါ်မှာနေကြတယ် သားကြီးဖြစ်သူကလဲ မန္တလေးမှာ တအားချမ်းသာတဲ့စီးပွားရေးထိပ်တန်းစီးပွားရေးပညာရှင်ကြီးပေါ့ အိမ်ကြီးကလဲနန်းတော်အလားတဲ့ သားကြီးမှာလဲ သားတယောက်သမီးတယောက်ရှိတယ်တဲ့။ 

သားလတ်ကလဲစစ်ကိုင်းမြို့ပေါ်မှာအချမ်းသာဆုံးစာရင်းဝင်ပါပဲ ချမ်းသာလိုက်ကြတာကတော့တော်တော်ကိုချမ်းသာတယ်တဲ့ဆင်းရဲသားဒေါ်နှင်းမြကြီးကိုတော့ပစ်ထားကြတယ်လေ ဒါပေမဲ့ဒေါ်နှင်းမြ ကံကောင်းတာကသားထွေးလေးမောင်မောင်ကလိမ္မာတယ် သူတို့ဘက်လုပ်နေကြ အိုးဖုတ်တဲ့လုပ်ငန်းထဲမှာဘဲသားထွေးလေးမောင်မောင်ဟာအလုပ်လုပ်ရင်းအမေအိုကြီးကိုလုပ်ကျွေးနေတယ်လေ။  


 မောင်မောင်မှာလဲအင်မတန်ချစ်ခင်ရင်းနှီးရတဲ့ စပါယ်ဆိုသောကောင်မလေးတယောက်၇ှိတယ် စပါယ်လေးကလဲအမေအိုကြီးကိုလာလာပြီးပြုစုလုပ်ကျွေးရှာပါတယ် မောင်မောင်အလုပ်သွားတဲ့အချိန်တွေမှာဆို
တကယ့်သမီးရင်းအလားပေါ့။

တနေ့မှာမောင်မောင်အလုပ်သွားနေစဉ် အမေအိုကြီးရေခပ်ရင်းမူးလဲသွားတယ်တဲ့ အနားမှာတော့မောင်မောင်ရဲ့အချစ်ဆုံးသူငယ်ချင်း မစပါယ်လေးတော့ရှိရှာပါတယ် ဒီသတင်းကိုချက်ချင်းမောင်မောင်ဆီအရောက်ပို့တယ်လေ။   

သတင်းရောက်တယ်ဆိုရင်ပဲမောင်မောင်လေးခဗျာ အမေ့ဆီကိုချက်ချင်းအရောက်လှမ်းခဲ့တယ်လေ အမေဆီရောက်တော့အမေအိုကြီးကထလို့ထိုင်နေပါပြီသားတော်မောင်ကအမေအိုကြီးကို စိုးရိမ်စိတ်နဲ့အမေဘာဖြစ်တာလဲမစပါယ်လေးက အမေရယ်ရေခပ်ရင်းမူးလဲတာလေ။

 အော် အမေရယ်ဘာလို့ရေခပ်တာလဲစဉ့်အိုးထဲမှာလဲရေတ၀က်လောက်ရှိပါသေးတယ်သားပြန်လာရင်
ခပ်မှာပေါ့အမေရယ် လို့ဆိုလိုက်တော့သားလေးပင်ပန်းတာမကြည့်ရက်လို့ပါတဲ့ သားတော်မောင်က အလုပ်လုပ်ရတာသားမပင်ပန်းပါဘူး အမေရယ် အမေခုလိုဖြစ်တာသားစိတ်ပိုပြီးပင်ပန်းတယ် လို့ပြောလိုက်တော့ အမေအိုကြီးကမျက်ရည်ကျရှာတယ်။   

သားငယ်လေးကအမေမျက်ရည်ကျတာတွေ့တော့သားပြောတာမှားပါတယ်အမေရယ် သားကအမေ့ကိုစိုးရိမ်လို့ပြောတာပါသားငယ်လေးကအမေအိုကြီးကကန်တော့ပြီးတောင်းပန်ရှာတယ် အမေကပြန်ပြောပါတယ်မဟုတ်ပါဘူးသားငယ်လေးရယ်သားငယ်လေးကလိမ္မာပါတယ်အဲဒီလိုပြောလိုက်တော့ မစပါယ်လေးက အမေငိုတာလူကြီးရောဂါကြောင့်ပါဟုဝင်ပြီးပြောရှာတယ်။   

သားတော်မောင်ကလူကြီးရောဂါဆိုတာမသိဘူး လူကြီးရောဂါဆိုတာဘာလဲ အော် ငမောင်ရယ် လူကြီးရောဂါဆိုတာရင်ဝယ်ပိုက်ကာမွေးထားရတဲ့သားတွေကို ကြီးလာတဲ့အခါ တွေ့ချင်မြင်ချင်တာပေါ့ဟဲ မိဘတို့ရဲ့သဘောဟာစုန်ရေတာရှိတာ ဆန်ရေမရှိဘူးဆိုပေမဲ့ကြီးလာတဲ့အခါ ကိုယ့်သားသမီးတွေဆီကမေတ္တာဆန်ရေလေးလောက်တော့တွေ့ချင်မြင်ချင်ရှာတယ်ငမောင်ရဲ့ အဲဒါကိုလူကြီးရောဂါလို့ခေါ်တယ်။   

သားငယ်လေးဟာမစပါယ်အဲဒီလိုပြောလိုက်တော့ အတော်ကြာစဉ်းစားပြီး အစ်ကိုကြီးတွေရှိရာမြို့ကိုတက်သွားပါတော့တယ် မြို့ကိုရောက် တော့ အစ်ကိုကြီးဆီအရင်ဝင်တယ် အမေကတွေ့ချင်တဲ့အကြောင်း တွေပြော။ 

အစ်ကိုလုပ်သူကမအားတဲ့အကြောင်တွေပြောအဲဒီအချိန်မှာမောင်မောင်ကအမေဟာအစ်ကိုတို့ကိုအမြဲမျှော်လင့်နေတယ် သူ့သားတွေကိုမတွေ့ရလို့အစားသောက်တွေမမှန်ဘူး နေလို့လဲမကောင်းဘူး  အစ်ကိုလုပ်သူကအားရင်လာမှာပေါ့ကွာ အစ်ကိုရယ်မန္တလေးနဲ့စစ်ကိုင်းဟာ အရင်ကလိုမဟုတ်တော့ပါဘူး လာချင်ရင်အနီးလေးပါ။

 ညီအစ်ကိုနှစ်ယောက်ပြောနေရင်း အစ်ကိုမိန်းမကပြောပါတယ်  ကလေးတွေကစားကွင်းသွားချင်တယ်တဲ့အစ်ကိုကိုပြောတယ်လိုက်ပို့လိုက်တဲ့ မအားဘူးပြောသော်လည်း မိမိရဲ့သားသမီးတွေဖြစ်တော့မအားလဲလိုက်ပို့မယ်လို့ကတိပေးလိုက်တယ်။ 

ဒီစကားကိုကြားတော့ညီငယ်လုပ်သူကအစ်ကို ညီလေးပြန်မယ် ခဏနေအုံးဆိုပြီးအခန်းထဲခေါ်သွားတယ် အခန်းထဲရောက်တော့အမေ့အတွက်ပိုက်ဆံတွေထုတ်ပေးလိုက်တယ်  ညီငယ်ကပြန်ပြောပါတယ် မယူပါဘူးအစ်ကိုရယ် “အမေလိုတာပိုက်ဆံမဟုတ်ဘူးသားတွေဆီကမေတ္တာဆန်ရေပါ” 

ဒီငွေကိုညီလေးမယူဘူးအမေ့ကိုညီလေးလုပ်ကျွေးနိုင်ပါတယ်။အစ်ကိုတို့ကသာအမေ့မေတ္တာဆန်ရေ
လေးပြန်လည်ပေးချေင်တာပါ လို့ပြောပြီးအစ်ကိုကြီးဆီကထွက်လာခဲ့ပါတော့တယ်။   

အစ်ကိုကြီးကိုပြောမရတော့အစ်ကိုလတ်ကမြန်းပြောရမလားဆိုပြီး အစ်ကိုလတ်ဆိသွားပါတယ် အစ်ကိုလတ်က အရက်ကလေးတမြမြနဲ့ဇိမ်ခံပြီးစည်းစိမ်ရစ်နေတယ်လေ ညီငယ်က   အမေအစ်ကိုလတ်ကိုတွေ့ချင်တဲ့အကြောင်းပြောတော့မအားဘူးတဲ့ ပြောတာတွေကတော့အများကြီးပါ ညီငယ်ကနောက်ဆုံးပြောမရတော့စိတ်နည်းနည်းတိုသွားတယ်။ 

အစ်ကိုလတ်ကို ငယ်ပေမဲ့ပြောလိုမိတယ်အမေ့အတွက်ပေါ့ အစ်ကိုတို့ဟာ” မိခင်မပေါ်တဲ့သားတွေ”မိခင်ရှိလျှက်နဲ့မိခင်ကိုမိခင်မှန်းမသိတဲ့မိဘမေတ္တာတရားကိုနားမလည်တဲ့သူတွေလို့ပြောလိုက်မိတယ်လေ။ 

အစ်ကိုလတ်ကလဲသူ့ထိတော့ညီငယ်ကိုလက်သီးနဲ့ထိုးလိုက်မိတယ်  နောက်ပြီး အစ်ကိုလုပ်သူက မင်းငါ့အိမ်ကထွက်သွား ဘယ်တော့မှမလာနဲ့လို့ပြောပြီးနှင်ထုတ်လိုက်တယ်ညီငယ်လေးခဗျာ ဟုတ်ကဲ့ပါလို့ပြောပြီးထွက်သွားပြီးရွာကအမေ့ဆီကိုအရောက်ပြန်ခဲ့တယ်။    

ရွာရောက်တော့အမေကအိမ်မှာမရှိဘူးအိုးဖုတ်တဲ့နေရာမှာအိုးတွေလုပ်နေရှာတယ်သားငယ်ကအိမ်မှာမတွေ့တော့လိုက်ရှာ
 တွေ့တဲ့သူငယ်ချင်းတွေမေး နောက်ဆုံးအမေ့ကိုတွေ့ပါတယ်အမေ့ကိုတွေ့တွေ့ချင်း  သားတော်မောင်ဘာမှပြောချိန်မရဘဲအမေကသူ့သားတွေဘယ်ချိန်လာမလဲသားတွေကဘာပြောလိုက်လဲ?

  နောက်နေ့လာမတဲ့လားဆိုသောမေးခွန်းတွေမေးလိုက်တာ သားငယ်ကအမေ့သားတွေလာမှာပါ ဘယ်ချိန်လာမလဲ နည်းနည်းတော့ကြာအုံးမယ်ပေါ့အမေရယ်လို့ပြောလိုက်တော့ အမေအိုကြီးခဗျာစိတ်ဆင်းရဲလွန်းလို့အညှာဓလေ့အတိုင်း ပြောင်းဖူးဖက်ဆေးလိမ့်ကြီးကိုဖွာရင်းသူ့ရဲ့
ဆင်းရဲမှုတွေကိုမီးရှို့နေလေရဲ့။ 

 နောက်တနေ့မှာ... သားငယ်လေးကိုအသိမပေးဘဲသူ့သားတွေဆီအမေအိုကြီးထွက်သွားတယ်အခြားသူတွေတော့
 ပျော်သလောက်နေမယ်လို့ပြောသွားတယ်တဲ့အမေအိုကြီးဟာသားကြီးဆိအရင်သွားပါတယ်။

သားကြီးကလဲအသေချာပြုစု၇ှာပါတယ်  သို့သော် မိန်းမကိုမလွန်ဆန်ရဲ မိန်းမသည်အမေကိုအပြစ်မ၇ှိအပြစ်ရှာဆေးလိမ့်သောက်တာတွေပြော နောက်ဆုံးလင်မယားနှစ်ယောက်ရန်တွေဖြစ် အမေအိုကြီးစိတ်ညစ်ပြီး သားကြီးဆီကနေရွာပြန်မယ်ပြောပြီးသားလတ်ဆီသွားခဲ့တယ်။ 

သားလတ်ကလဲအမေ့အပေါ်ဂရုစိုက်မှုကသားကြီးနဲ့မထူး အမေ့အပေါ်ငြူဆူ တော့ (၁)ရက် (၂)ရက်နေပြီးရွာပြန်မယ်အလုပ် သားငယ်ကလာခေါ်တာနဲ့တိုးနေတယ်လေ  ရွာကိုချောချောမောမောရောက်လာခဲ့တယ်ပေါ့။    

ရွာရောက်တော့သားတွေဆီကမေတ္တာဆန်ရေ လိုချင်သော်လည်း မရတဲ့အတွက် အမေအိုကြီးစဉ်းစားတယ်” ဘ၀နေ၀င်ချိန်ရောက်နေတာတောင်ငါ့သားသမီးတွေဆီကမေတ္တာဆန်ရေလေးကိုလိုချင်နေသေးရင် ငါ့ဘ၀တော့နစ်မွန်းတော့မှာပဲဆိုပြီး “ သံယောဇဉ်ပြတ်တောက်ရာ သာသနာ့ရိပ်သာကိုသားငယ်လေးကိုပြောပြီး ၀င်ရောက်သွားပါတော့တယ်။ 

အမေရိပ်သာမှာသွားရောက်ကာနေထိုင်နေသော်လဲသားငယ်လေးဟာ အမေ့ကိုလဲပြုစု အမေ့ကိုအမှီပြုပြီးအလှူတွေလုပ်ခွင့်ရတဲ့အတွက်ကြောင့်သားငယ်လေးဟာအပျော်ကြီးပျော်နေရှာတယ် တနေ့မှာအမေအိုဟာရောဂါဓာတ်ခံမရှိဘဲတရားထိုင်းရင်းအမေအိုဟာဘ၀တပါးကိုပြောင်းရွှေးသွားပါတော့တယ်။ 

ဒီသတင်းကိုကြားတော့သားကြီးနဲ့သားလတ်ဟာလာပြီးငိုကျွေးနေရှာတယ်လေ သူတို့မှားတဲ့အကြောင်း သူတို့ဟာမိခင်ရှိလျှက်နဲ့မိခင်ကိုပြန်လည်ပြီး ငွေကျေးဆိုတာထားတော့မေတ္တာဆန်ရေလေးတောင်ပြန်လည်
မပေးဆပ်ရတဲ့အတွက်ကြောင့်ခွင့်လွှတ်ဖို့တောင်းပန်၇ှာနေတယ်လေ သို့ပေမဲ့လွန်သွားပြီ။     

သားကြီးနဲ့သားလတ်တောင်းပန်ပြီးငိုနေချိန်သားငယ်လေးဟာ အမေ အမေ့ဆီကိုလာနေကြပြီလေ အမေလိုချင်တဲ့မိသားစုလေး အမေအမြဲမြင်ချင်တဲ့မိသားစုလေး အမေ့ဆီရောက်လာပေမဲ့အမေမမြင်ရတော့တဲ့အတွက်ကြောင့် သားဝမ်းနည်းလို့မဆုံးပါဘူးအမေရယ်။ 

သားအမေ့ကိုတန်ဖိုးထားကာပြုစုလုပ်ကျွေးခဲ့ပေမဲ့သား ပြစ်မှားတာရှိရင်သားကို
ခွင့်လွှတ်ပေးပါလို့ပြောပြီးအမေ့ကိုကန်တော့ကာအညှာဓလေ့တို့ရဲ့အစဉ်လာတိုင်း အမေ့ရဲ့နောက်ဆုံးခရီးလေးကိုဆိုင်းတွေဗုံတွေနဲ့လိုက်ပို့ပူဇော်ကြပါတော့တယ်….

.ဦးဇင်းရဲ့ပြောပြချက်အရဒီအဖြစ်ပျက်ကလေးဟာခုခောတ်လူငယ်တွေအတွက်ဗဟုသုတရဖွယ်
အတုယူဖွယ်လေးဖြစ်လို့ခုလိုရေးသားလိုက်တာပါစာရှု့သူတို့လဲမိဘတွေကိုငွေကျေးနဲ့ထောက်ပံ့ပါလို့မပြောလိုပါ မိဘတွေရှိစဉ်မှာ မေတ္တာဆန်ရေလောက်တော့ပေးနိုင်လိမ့်မယ်လို့ထင်မိပါရဲ့ ပြည့်စုံအောင် မိဘတွေကိုထောက်ပံ့နိုင်ရင်တော့အတိုင်းအဆမ၇ှိပေါ့…..ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
                          

0 comments:

Enregistrer un commentaire