Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 23 avril 2012

နွားကျောင်းသား

စာရေးသူကိုသူငယ်ချင်းတယောက်ကနွားကျောင်းဘူးလားတဲ့စာရေးသူတို့မှနွားမရှိတာ မကျောင်းဘူးဘူး ဆိတ်ကောတဲ့ဆိတ်လဲမရှိဘူး သိုးကောတဲ့ ဘာမှမရှိဘူးဟုပြောလိုက်တယ် သူငယ်ချင်းက ပြောပါတယ်လူဆိုတာအရာရာအားလုံးအတွေ့အကြုံရှိရတယ်ဗဟုသုတရှိရတယ်တဲ့ ။ 

  အေး.. မင်းပြောမှပဲငါပြောချင်တာပေါ်လာတယ်မင်းတို့လိုတော့နွားတွေဘာတွေမရှိတော့မကျောင်းဘူးဘူး
ငါကစာချဘုန်းကြီးဆိုတော့တို့စာချဘုန်းကြီးဟာ နွားကျောင်းသားနဲ့တူတယ်လို့ပြောလိုက်မိတယ်။ 

မခံချင်တာနဲ့ကိုယ်ကိုကိုတော့နွားကျောင်းသားဖြစ်သွားပြီ… နောက်ပြီးစာသင်သားတွေလဲနွားဖြစ်ရပြီ
မင်းစဉ်းစားကြည့်လေ နွားကျောင်းသားဟာနွားကျောင်းသွားတဲ့အခါ ဒုတ်တချောင်းတော့ပါစမြဲလေ နောက်ပြီးဆဲလိုက်ဆိုလိုက် ငေါက်လိုက်ငမ်းလိုက်နဲ့နွားတွေကိုကျောင်းရင်း
တနေ့လုံးနွားတွေအစာဝတဲ့အထိ ကျောင်းပြီးအိမ်ပြန်ရတာပဲမဟုတ်လား?။

 နောက် နွားတွေဗိုက်ပြည့်တာကိုကြည့်ပြီးနွားကျောင်းသားလေးဟာသူ့နွားတွေဗိုက်ပြည့်တာ
ကြည့်ပြီးဝမ်းသာပီတိဖြစ်ကာကျေနပ်နေရတာပဲမဟုတ်လား?။

မင်းနွားကျောင်းဘူးတဲ့သူပဲ ဒီလိုပြောပြရတာငါလွန်နေမလား ဆက်ပါအုံးတဲ့ အေးဆက်မယ် မင်းဆက်ပြောခိုင်းလို့နော် နွားကျောင်းသားဟာအိမ်ကထွက်ပြီဆိုကတည်းကဘယ်နေရာနွားစာတွေပေါတယ် ဘယ်နားကဖြင့်နွာစာနှင့်နွားသောက်ဖို့ရေနှင့်နီးတယ်ဆိုပြီး နွားတွေအတွက်သူအရင်စဉ်းစားသွားရတာပဲမဟုတ်လား?။

တို့စာချဘုန်းကြီးတွေဟာလဲနွားကျောင်းသားလိုပဲကလေးတွေကိုစာရအောင် အောင်မြင်မှုအလီလီရအောင်ဒုတ်နဲ့တန်တဲ့သူကိုဒုတ် ပါးစပ်နဲ့ဆုံးမတန်သူကိုဆုံးမဒီလိုနဲ့တနေ့တာကလေးတွေကိုယ်သင်ကြားပို့ချပေးတဲ့အတွက်ကြောင့်
အောင်မြင်မှုတွေဆွတ်ခူးရင်ကျေနပ်နေရတယ်။

ကိုယ်သင်ကြားပို့ချပေးလိုက်တဲ့တပည့်လေးတွေအောင်မြင်မှုရသွားပြီဆိုရင် ပီတိဖြစ်ကာဝမ်းသာနေရတာတို့စာချဘုန်းကြီးတွေရဲ့ဘ၀ပဲနောက်ပြီးဘယ်ကလေးကိုဘယ်လိုပုံစံနဲ့
ဘယ်လိုသင်ကြားပို့ချပေးရင်ဘယ်လိုအောင်မြင်နိုင်တယ်လို့ကြိုတင်ကာစဉ်းစားနေရတာလဲတို့စာချဘုန်းကြီးဘ၀ပဲ။

 နောက်ပြီး.... ငယ်ငယ်ကတို့နေခဲ့တဲ့သဲကုန်းဆရာတော်ကလောကဥပမာလေးနဲ့ပြောပြတယ်  လောကမှာနွားလေးမျိုးရှိတယ်

(၁) အရိပ်ပြရုံနဲ့အဆင်ပြေသွားတဲ့နွား (ဆာယာဝေဒိ)လို့ခေါ်တယ်

(၂)အမွေးလေးပွတ်ပေးရုံနဲ့အဆင်ပြေတဲ့နွား(လောမဝေဒိ)လို့ခေါ်တယ်

(၃)အသားလေးထိမှအဆင်ပြေတဲ့နွား(မံသဝေဒိ)လို့ခေါ်တယ်

(၄)အရိုးထိအောင်ရိုက်မှအဆင်ပြေတဲ့နွား(အဋ္ဌိဝေဒိ)လို့ခေါ်တယ်နင်တို့တွေအရိပ်ပြရုံနဲ့အဆင်ပြေတဲ့နွားတွေဖြစ်ပါစေ။ 

အရိုးထိအောင်ရိုက်မှအဆင်ပြေတဲ့နွားတွေမဖြစ်စေနဲ့  နောက်ပြီးတော့ဆရာတော်ကပြောသေးတယ်
၊ပြောတယ်ဆိုတာရှင်းပြတာပါ နွားကျောင်းဟာသူ့နွားသူချစ်တာပဲ ဟိတ်..ဆိုပြီးအရိပ်ပြလိုက်ရုံနဲ့အဆင်ပြေတာပဲသူလိုချင်တာပေါ့သို့ပေမဲ့နွားကအဆင်မပြေဘူး။ 

သို့အတွက်ကြောင့် နွားလေးကို အမွေးလေးကိုပွတ်ပေးမှကြိုက်တယ်ထင်လို့ပွတ်ပေးခဲ့တယ်  သို့ပေမဲ့နွားလေးကအဆင်မပြေပြန်ဘူးဒီအတွက်ကြောင့် နွားကျောင်းသားလေးဟာ နွားလေးကိုမရိုက်ချင်ရိုက်လိုက်ရတယ်  နွားလေးဟာရိုက်သော်လဲပေထုံထုံနဲ့အဆင်မပြေပြန်ဘူးသို့အတွက်ကြောင့် နွားကျောင်းသားလေးဟာနွားကိုအသဲထဲထိ
စွဲသွားအောင်နွားကိုအရိုးထိအောင်ရိုက်လိုက်ရတယ်နွားကျောင်းသားလေးဟာအဆင်ပြေသလိုလုပ်ရတယ်။ 

 ဆရာတော်ကနင်တို့တွေငါမရိုက်ချင်ဘူးငေါက်လဲမငေါက်ချင်ဘူးမျက်နှာ၇ိပ်မျက်နှာကဲကိုနားလည်ကြပါ နင်တို့တွေထမင်းစားတာ မြက်စားတာမဟုတ်ဘူးတဲ့။ 

နင်တို့ကငါကိုနွားကျောင်းသားတဲ့ နောက်ပြီးလူမိုက်တယ်တဲ့နင်တို့လိုနွားတွေ အစာဝဖို့ အဆင်ပြေဖို့ အောင်မြင်ဖို့ငါနွားကျောင်းးသားဖြစ်ရတာဂုဏ်ယူတယ်တဲ့ နင်တို့တွေလိမ္မာဖို့ငါလူမိုက်အဖြစ်ငါဘ၀ကိုစတေးရဲတယ်တဲ့ငါဘ၀ငါဂုဏ်ယူတယ်တဲ့။ 

သိပ်ကောင်းတဲ့သြ၀ါဒလေးပါခုလဲကွာငါကမင်းတို့လိုနွားတွေတော့မကျောင်းဘူးဘူး နွားကျောင်းသားနဲ့တော့တူပါတယ် ဆရာတော်ပြောတဲ့သြ၀ါဒလေးနဲ့ဆိုရင်ပေါ့ဟုတ်ပါပြီတဲ့ ငါ့ကတော့ဂုဏ်ယူပါတယ်ငါ့ကိုကိုငါလဲ ဒီလိုနဲ့ သွားမဲ့ခရီးဟာရောက်သွားတာနဲ့စကားတွေပြတ်သွားကြပါတေ့တယ်…….စာရှု့သူတို့လဲတူပါတယ်နော်…
                                                                 ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။
                                               

0 comments:

Enregistrer un commentaire