Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 15 avril 2012

ဘုရားအလောင်းတော်ဘာကြောင့်ဒုက္ကရစရိယာကျင့်ရသလဲ?အပိုင်း(၁)


စာရေးသူအိမ်မှာတယောက်ထဲမို့တွေးချင်ရာတွေးနေမိတယ်  ထွေရာလေးပါးတွေးနေရင်း မိလိန္ဒမင်းကြီးက အရှင်နာဂသေနကိုမေးသောမေးခွန်းလေးခေါင်းထဲဝင်လာပါတော့တယ်။  ဗုဒ္ဓဘာသာတွေလဲသိထိုက်လို့ ဆောင်းပါးလေးအဖြစ်ပြောင်းလိုက်တယ်  မိလိန္ဒမင်းကြီးက 

အရှင်နာဂသေနကိုအရှင်ဘုရား ဘုရားလောင်းအားလုံးပင်ခဲယဉ်းသောဒုက္ကရစရိယာလို့ခေါ်တဲ့အကျင့်ကိုကျင့်ကျပါသလားဘုရား  သို့မဟုတ် ဂေါတမမြတ်ဘုရားတပါးတည်းကျင့်ရပါသလား လို့မေးတယ်။     

အရှင်နာဂသေနက ပြန်ဖြေပါတယ် ရှင်တော်ဂေါတမတပါးသာ ကျင့်ကြံရတာပါ မင်းကြီးကပြန်မေးတာလေ ဘာလို့ကျင့်ရတာလဲ ဘုရားရှင်တပါးနှင့်တပါးထူးခြားနေတယ် ထူးခြားခြင်းမသင့်လျော်ဘူးဟုထင်ပါတယ်  မင်းမြတ် ဘုရားလောင်းတို့၏ ထူးခြားချက်လေးမျိုးရှိပေတယ်။   
ဘာတွေလဲဘုရား ယင်းလေးချက်ကတော့


(၁)အမျိုးဇာတ်ထူးခြားခြင်း 


(၂) ဒုက္ကရစရိယာကျင့်မကျင့်ထူးခြားခြင်း


(၃)အသက်တော်ထူးခြားခြင်း


(၄)အရပ်တော်ထူးခြားခြင်းတို့ပါပဲ။


ဘုရားရှင်အဖြစ်သို့ရောက်တော်မူပြီးသည့်နောက်မှာ အသွင်သဏ္ဍာန် သီလ သမာဓိ ပညာ ၀ိမုတ္တိ အရဟတ္တဖိုလ်  ဆင်ချင်သောဥာဏ် ဝေသာရဇ္ဇဥာဏ်လေးပါး အားတော်ဆယ်ပါး အသာဓာရဏဥာဏ်ခြောက်ပါး  စသော အလုံးသောဘုရားဂုဏ်တော်တို့တော့မထူးခြားပါဘူး။   

မင်းကြီးကတခါပြန်မေးပါတယ် ဘု၇ားဂုဏ်တော်တွေတူညီလျက်နဲ့ အဘယ့်ကြောင့်မြတ်ဘုရားတပါးတည်းခဲယာဉ်းတဲ့အကျင့်ကိုကျင့်နေရတာလဲဘုရား  မင်းကြီး မြတ်ဘုရားသည် ဥာဏ်တော်မရင့်ကျက်သေးမှီတောထွက်ခဲ့ရလိုပါ။   

ဥာဏ်တော်မရင့်ကျက်သေးဘဲထွက်ရတာလဲ ရင့်ကျက်အောင်စောင့်ပြီးမှထွက်သင့်တယ်မဟုတ်လား? 
 မင်းကြီးဘုရားလောင်းတော်သည်သန်ခေါင်ယံ၌အိပ်ယာမှနိုးထပြီးနန်းတော်ဆောင်ကိုလှည့်လည်ကြည့်ရှု့သောအခါ တူရိယာမျိုးစုံဖြင့်ဖြေဖျော်နေသောသူတို့၇ဲ့အလွန်းဆိုးသွမ်းသောအိပ်စက်ပုံတွေကိုကြည့်ပြီးနှလုံးမသာမယာဖြစ်ခဲ့ရတယ် နှလုံးမသာမယာဖြစ်သဖြင့်နန်းတွင်းကိုငြီးငွေ့လာတယ်။

ထိုအချိန်တွင်မာနတ်၇ဲ့အသင်းပင်းနတ်တယောက်လာပြီး ကောင်းကင်မှာရပ်လျက် အို အလောင်တော်မင်း မငြီးငွေ့ပါနှင့် နောက်ခုနှစ်ရက်လွန်မြောက်ရင် စင်္ကြာရတနာရောက်လာပါလိမ့်မယ် မြေပေါ်မြေအောက်ရှိ ရတနာမျိုးစုံတို့သည် အသင်မင်းသားထ့ဆိုက်ရောက်ပါလိမ့်မယ် ကျွန်းငယ်နှစ်ထောင်အခြံရံရှိသော ကျွန်းကြီးလေးကျွန်း၌ မင်းဧကရာဇ် အဖြစ်ဖြင့်စိုးအုပ်ရလိမ့်မယ်ရဲစွမ်းသတ္တိရှိသောသားတော်တထောင်လဲရရှိလိမ့်မယ်မငြီးငွေ့ပါနှင့်ဟုတားမြစ်တယ်။ 

အရှင်နာဂသေနက မင်းကြီးကိုဥပမာလေးနဲ့ဖြေကြားခဲ့တယ်   နေကျက်ကျက်ပူထားသောသံတံကျင်ဖြင့်နားထဲမှာအထိုး ခံရသလို စောစောကပင် ငြီးငွေ့နေသောဘုရားလောင်းတော်သည်ထိုနတ်သား၏စကားတော်ကိုကြားရသဖြင့်
အတိုင်းထက်အလွန်ငြီးငွေ့သွားတယ်။ဒါကြောင့်ရင်ကျက်ချိန်ကိုစောင့်ချိန်မရလိုက်ဘူးဟု ဖြေကြားခဲ့တယ်။

                           ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။


0 comments:

Enregistrer un commentaire