Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 13 avril 2012

ဓမ္မစမ်းရေတို့ရဲ့ဓမ္မခရီးစဉ်

                       
စာရေးသူ နယူးဒေလီကို ပါ့(စ်)ပို့တိုးဖို့ရန်ကိစ္စ၇ှိတာကတကြောင်း မြတ်ဗုဒ္ဓ သတိပဌာန်ဟောတော်မူရာနေရာလေးကိုသေချာဖူးမြော်ချင်တာကတကြောင်းနဲ့ ဒေလီကိုနောင်တော်ကြီး ဦးဝိမလနဲ့အတူနှစ်ပါးသွားဖြစ်ခဲ့ကြတယ်  နယူးဒေလီကိုဒီတခေါက်နဲ့ဆို (၃) ခေါက်မြောက်ရှိခဲ့ပါပြီ  သို့သော် မြတ်ဘုရားသတိပဌာန်ဟောတော်မူရာနေရာလေးကို သေချာဦးတိုက်ခွင့်မရခဲ့ပါဘူး။ 

ခုတခါတော့ သေချာဦးတိုက်ခွင့်ရအောင်ဆိုပြီး နှစ်ပါးထဲထွက်ခွါခဲ့တယ် နယူးဒေလီကိုမနက်ပိုင်းခြောက်နာရီထိုးတော့ရောက်ရှိပါတယ်ရောက်ရောက်ချင်းဟိုတယ်တခုမှာ တည်းခိုခွင့်ရယူပြီး အေးအေးဆေးဆေးအနားယူခဏနေ မြန်မာသံရုံးကိုသွား မြန်မာသံရုံးရဲ့ ဖော်ရွေမှုကတော့
လက်ဖျားခါလောက်ပါတယ် သံရုံးဝန်ထမ်းတွေရဲ့ဖော်ရွေမှုကိုကြည့်ပြီး မြန်မာဟာမြန်မာပါပဲ ဘယ်နိုင်ငံရောက်ရောက်ကိုရွှေမြန်မာတို့ရဲ့စိတ်ဓာတ်ကိုတော့ချီးကျူးမိခဲ့ပါသေးတယ်။

 မြန်မာသံရုံးကနေအပြန် မြေအောက်ဈေးကို ခဏသွား နောင်တော်ကြီး ဦးဝိမလ ပုတီးတွေဝယ် နံ့သာဖြူတုံးတွေဝယ်တယ်ပူလွန်းလို့ဟိုတယ်ကိုချက်ချင်းပြန်ခဲ့တယ် နောက်တနေ့မှာသွားစရာရှိတာတွေသွားပြီး
 မြတ်ဘုရားဟောတော်မူရာသတိပဌာန်ကုန်းလေးကို နှစ်ပါးသား ရောက်ရှိခဲ့တယ် သတိပဌာန်ကုန်းလေးရဲ့ ရှု့မျှော်ဖွယ်အလှလေးကလေးဗုဒ္ဓဘာသာလေးတွေကိုကြိုဆိုနေတာ မြတ်ဘုရားဟောတော်မူခဲ့တဲ့သတိပဌာန်တရားတွေကလဲ စိတ်ထဲကမကောင်းမှုအကုသိုလ်တရားတွေကိုပယ်ရှားပေးနေသလိုမျိုးခံစားရပါတယ်။ 

သတိပဌာန်ကုန်းလေးရဲ့အ၀င်ဝမှာကုလားတွေကအမှိုက်တွေပုံထားတာတွေ့ရတော့စိတ်ထဲမှာကသိကအောက်ဖြစ်ပြီး 
 မြတ်ဘုရားလုပ်ကျွေးနေတဲ့အိန္ဒိယဟာဒီနေရာလေးတောင် သန့်ရှင်းအောင်လုပ်မထားကြဘူး သူတို့ရဲ့ ဂိတ်ဟောင်း မဟတ္တမဂန္ဓီ သင်္ချိုင်း ခံတပ် တွေကျတော့ အလှပတွေစီချယ်ကာသေချာမွန်းမံထားတော့တွေ့ရတဲ့ဗုဒ္ဓဘာသာတိုင်းစိတ်မကောင်းဖြစ်မှာအသေချာပါပဲ။             
သို့ပေမဲ့ မြတ်ဘုရားသားတော်ပီပီ သတိပဌာန်တရားလေးကိုနှလုံးသွင်းကာနေလိုက်ရပါတယ် ဘာမှလဲမတတ်နိုင်ဘူးကိုစိတ်မကောင်းဖြစ်ရုံကလွဲပြီး     မြတ်ဘုရားကိုသေချာဦးတိုက်ရင်းတွေးလိုက်မိတာက
ဘုရားရှင်ရှိစဉ်က ဒီနေရာလေးဟာ ကုရုတိုင်း ကမ္မာသဓမ္မ လို့ခေါ်တဲ့နိဂုံးကြီးတခု နိဂုံးဆိုတာရွာကြီးပေါ့။ 

အဲဒီနိဂုံးကြီးမှာ ဘာရဒွါဇအနွယ်ရှိတဲ့ ပုဏ္ဏားကြီးရဲ့မီးတင်းကုတ်ထဲကမြက်ခင်းလေးမှာ သီတင်းသုံးတော်မူခဲ့တယ်  ကုရုတိုင်း ကမ္မာသဓမ္မဆိုတဲ့နိဂုံးကြီးဟာ သာသနာတော်မှာအလွန်ထင်ရှားတဲ့ နိဂုံးကြီးတခုဖြစ်ခဲ့တယ် ။

ခုဆို မြန်မာပြည်မှာ အင်မတန်တွင်ကျယ် အင်မတန် နာမည်ကြီးနေတဲ့မဟာသတိပဌာနသုတ်ဆိုတဲ့ သုတ္တန်ဒေသနာတော်ကြီးကိုခုနယူးဒေလီလို့ခေါ်တဲ့ကုရုတိုင်းကမ္မာသဓမ္မမှာ မြတ်ဘုရားဟောတော်မူခဲ့တာအထင်အရှားရှိနေတုံးပါပဲ။  

ဒီသုတ္တန်ဒေသနာတော်ကြီးဟာ အခန်းပေါင်း အပိုင်းပေါင်း များစွာနဲ့  ကာယာနုဿနာ သတိပဌာန် ဝေဒနာနုဿနာသတိပဌာန် စိတ္တာနုဿနာသတိပဌာန် ဓမ္မာနုပဿနာသတိပဌာန် ဆိုတဲ့သတိပဌာန်တရားလေးပါးကို အပိုင်းပိုင်းအခန်းခန်းတွေခွဲပြီးတော့ ခမ်းခမ်းနားနားဘုရားရှင်ကိုယ်တော်မြတ်ဟောတော်မူခဲ့တယ် ကုရုတိုင်းကြီးဟာ ဥတုကလဲသာယာ အစအာဟာရကလဲပြည့်စုံ ဒီတော့သပ္ပါယဖြစ်တဲ့ ဥတု သပ္ပါယဖြစ်တဲ့ ဘောဇဉ် တွေရတဲ့အတွက်ကြောင့် သူတို့မှာကိုယ်ကလဲကျမ္မာစိတ်ကလဲချမ်းသဒါကြောင့်နက်နဲတဲ့တရားကိုလက်ခံနိုင်ခြင်းမှာစွမ်းနိုင်တယ်ဟု
ယူဆကာမြတ်ဘုရားဟောကြားခဲ့တာပါပဲဟုတွေးမိလိုက်ပါတယ်။

တွေးမိသည့်အလျှောက်နောင်တော်ကြီးဦးဝိမလကိုပြောပြဖြစ်တယ် နောင်တော်ဆိကရလိုက်တဲ့စကားလုံးလေက သတိပဌာန်စတင်ဖြစ်ပွားရာနေရာလေးပေါ့ဒို့အမိမြန်မာပြည်ဆို သိပ်ပြီးထင်ရှားတယ်ကွာ ခုတော့ဘုရားရှင်ဟောကြားခဲ့သတိပဌာန်ကုန်းမြေလေးရဲ့အ၀င်ဝကတော့တွေ့ရတဲ့ဗုဒ္ဓဘာသာဝင်တိုင်းစိတ်မကောင်းဖြစ်မှာအသေချာပဲကွာ။
    စာရေးသူက နောင်တော်ပြောပြီးမကြာမှီ ဖြစ်ပျက်ပဲပေါ့ ဖြစ်ပြီးရင်ပျက်တာသဘာဝပဲလေဟုတရားနှလုံသွင်းကာ ဘယ်သူကိုအပြစ်တင်စရာမရှိတော့တရားသဘောလေးနဲပဲဖြေသိမ့်ခဲ့ရတယ်  နောက်ပြီး နောင်တော်ဆီကစကားလေး က ဒီကုရုတိုင်းကြီးဟာသတိပဌာန်၇ွာကြီးလို့ပြောလို့ရတယ်။

 မြတ်ဘုရားရှိစဉ်က သတိပဌာန်တရားကိုအတော်လေးလေ့လာလိုက်စားကြတယ် ရဟန်းရော လူရော ယောင်္ကျားရော မိန်းမရော အောက်ထစ်ဆုံး အလုပ်သမားကစလို့သတိပဌာန်တရားကိုလေ့လာကြတယ်ေ၇ချိုးဆိပ် ယက္ကန်းယက်ရာစသည်ဖြင့်နေရာတော်တော်များများမှာ သတိပဌာန်စကား သတိပဌာန်တရားကိုပြောကြတယ် အချင်းချင်းတွေ့တဲ့အခါတိုင်းမှာ အချင်းချင်းမေးကြတယ်။ 

ညည်းဘာသတိပဌာန် ပွားများသလဲ ငါတော့ဘာသတိပဌာန်တရားမှာမပွားများဘူးဆိုရင် အချင်းချင်းကဲ့ရဲ့ကြတယ်ဘာသတိပဌာန်တရားကိုမှအားမထုတ်ဘူးဆိုတော့ညည်းကစက်ဆုတ်စရာကောင်းလှပါလား အဲဒိတော့ညည်းဟာ သေနေတဲ့သူနဲ့မခြားတော့ပါလား သတိပဌာန်တခုခုတော့နှလုံးသွင်းမှပေါ့ဟု တိုက်တွန်းတတ်ကြတယ်။

 တိုက်တွန်းတော့အမျိုးသမီးကလဲ ပွားများအားထုတ်ဖြစ်တယ် အချင်းချင်းတွေ့လို့ ကျွန်မတော့ဘာသတိပဌာန်တရားကိုပွားများအားထုတ်တယ် ဆို၇င် ၀ိုင်းပြီး သာဓုခေါ်ကြတယ် ညည်းဘ၀ဟာအင်မတန်အရတော်တယ် အလွန်မွန်မြတ်တဲ့ဘ၀ကိုပိုင်ဆိုင်ထားတယ်။ 

ဘုရားရှင်ကိုယ်တော်မြတ်သာသိလို့ရှိရင် ညည်းအတွက်ဘုရား၇ှင်ကိုယ်တော်မြတ် ပွင့်တော်မူလာတာလားလို့တောင်ပြော၇တယ်ဟု ၀ိုင်းပြိးချီးမွန်းကြတယ် အားပေးလေ သတိပဌာန်တရားကိုပွားများအားထုတ်လေပဲ အဲဒီတော့ကုရုတိုင်းကြီးဟာ (ခုနယူးဒေလီဟာ) သတိပဌာန်ရွာကြီးလို့ပြောလို့၇တယ်ဟုနောင်တော်ဆီက၀မ်းမြောက်ဖွယ်စကားလုံးလေးတွေရခဲ့တယ်။ 

စာရေးသူက နောင်တော်ကြီးကိုလူတွေတင်သတိပဌာန်ကိုအားထုတ်ခဲ့တာမဟုတ်ဘူး တိရစ္ဆာန်ကြက်တူရွေးလေးလဲသတိပဌာန်တရားကိုအားထုတ်ခဲ့တယ်လေ နောင်ကြီးမှတ်မိမလား နောင်တော်ကဆိုစမ်းပါအုံး ဆိုလို့ဆိုလိုက်ရပါသေးတယ်။

တခါတုံးကကချေသည်မလေးဟာကျေးသားကြက်တူရွေးလေးကိုစကားသင်ပေး၇င်း သူလှည့်လည်သွားလာတယ် ကချေသည်မလေးဟာ သွားလေရာ ကြက်တူရွေးလဲပါလာတတ်တယ် တနေ့သောအချိန်မှာ ဘိက္ခုနီကျောင်းအနီးမှာမောလို့ခဏနားတယ် နားပြီးထပြန်တော့ ကြက်တူရွေးလေး ကိုအမှတ်မရ မေ့ကျန်ခဲ့တယ် ဘိက္ခူနီသာမဏေမလေးတွေကယူပြီးမွေးထားတယ်။ 

စကားလဲသင်ပေးတော့ တော်တော်စကားပြောတတ်တယ် တနေ့ကျတော့မထေရ်မကြီးေ၇ှ့ကိုကျေးသားလေးရောက်လာတယ် ကျေးသားလေးကိုလဲ သာမဏေမလေးတွေက နာမည်ပေးထားတယ်  (ဗုဒ္ဓရက္ခိတ)တဲ့ မထေရ်မကြီးကကြက်တူရွေးလေးကို ဗုဒ္ဓရက္ခိတလို့ခေါ်လိုက်တော့ မှန်ပါအရှင်မ မင်းဘာသတိပဌာန်တရားကိုအားထုတ်သလဲ ဘာမှနှလုံးမသွင်းအားမထုတ်ပါဘူး ဟုပြန်လျှောက်တယ်။ 

မင်းသူတော်ကောင်တွေရဲ့အနားမှာနေပြီးတော့ဘာမှနှလုံးမသွင်းအားမထုတ်ဘူးဆိုရင်မသင့်တော်ဘူး ပိုးကောင်လေးတွေတောင်ပန်ပွင့်ကလေးတွေနဲ့သူငယ်ချင်းအဖြစ်ပေါင်းဖော်မိတဲ့အတွက်ကြောင့်သူတော်ကောင်းတွေ
ရဲ့ဦးထိပ်ကိုရောက်ရတယ် ကျောက်စရစ်ခဲလေးတွေလဲ သူတော်ကောင်းတွေရဲ့ချီးမြှောာက်မှုကြောင့်နတ်သားအဖြစ်သို့ရောက်ရတယ်လေစိတ်လွတ်ကိုယ်လွတ်မဖြစ်စေနဲ့။ ။
တခုခုတော့ငါသင်ပေးမယ် လွယ်လွယ်လေးမှတ်ထား အဋ္ဌိ အဋ္ဌိ လို့အမြဲဆိုပြီး နှလုံးသွင်းလို့မထေရ်မကြီးကသင်ပေးတယ် ကြက်တူရွေးလေးကလဲ ဒါပဲထပ်ခါတလဲလဲ ရွက်ပြီး နှလုံးသွင်းနေတာပေါ့ဘုရားတနေ့မှာကျေးသားလေးဟာအေးလို့ နေစာလှုံရင်းတံခါးမုတ်ဦးမှာနားနေခိုက် ငှက်ကြီးတကောင်ဟာ ၀င်ပြီးသုတ်သွားတယ်။ 

ကျီကျီနဲ့မြည်ရင်း သာမဏေမလေးတွေကလိုက်ခြောက် ဒုတ်တွေကိုင် ခဲတွေကိုင် လိုက်တော့ငှက်ကြီးဟာကြောက်လန့်ပြီးကျေးသာလေးကိုချထားခဲ့တယ် အဲဒါနဲ့ကျေးသားလေးကိုမထေရ်မကြီးရှေ့သွားချတော့ ကျေးသားလေးကို မင်းချီသွားတော့ဘာနှလုံးသွင်းလဲလို့မေးလိုက်တော့ 

(ကျေးသားလေးနှလုံးသွင်းပုံကအရိုးစုတခုကအရိုးစုတခုကိုသယ်သွားပါလား ဘယ်နေရာမှာပြန့်ကြဲပြီးပျက်စီးပါ့မလဲ)လို့နှလုံးသွင်းပါတယ်လို့ပြန်လျှောက်လိုက်တော့မထေရ်မကြီးက အေး မင်းဒီလိုအန္တရာယ်ဖြစ်နေတဲ့အချိန်မှာတောင် နှလုံးသွင်းနိုင်ရင်ဘ၀ကုန်ဆုံးရာနိဗ္ဗာန်ရောက်ခြင်းရဲ့အထောက်ပံ့ပဲဟုချီးမွန်းတော်မူခဲ့တယ်

နောင်ကြီးဟုပြောလိုက်ပါတယ် နောင်တော်ဦးဝိမလကအဲဒီဟာက ခောတ်ရှိစဉ်ကသတိပဌာန်ခောတ်ဖြစ်ခဲ့တယ်ပေါ့ကွာ ခုချိန်မှာတော့သော့ကိုင်ကုလားတယောက်သန့်ရှင်းရေးကုလားနှစ်ယောက်သုံးယောက်ပဲသတိပဌာန်ကုန်းလေးမှာတွေ့ရတော့တယ် ဟု နောင်တော်စိတ်မကောင်းစွာနဲ့ပြောလိုက်တဲ့လေသံကြောင့်စာရေးသူသိလိုက်ပါတယ်။

 နောက်ပြီးသတိပဌာန်ကုန်းမြေကို နှစ်ပါးသား(၅)မိနစ်ခန့်မျှသတိပဌာန်တရားကိုပွားများကာ အမှတ်တရ ဓာတ်ပုံရိုက်ပြီး သတိပဌာန်ကုန်းမြေလေးကို စိတ်မကောင်းစွာနဲ့စွန့်ခွါခဲ့ရပါတော့တယ် နောက်တော့ မဟတ္တမဂန္ဓီ သချီင်္ုင်းကိုရောက်တော့ အလွန်ကြီးကျယ်တဲ့နေရာတခုပေါ့ သူတို့နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးကိုတခမ်းတနားထားထားတာတွေ့ရတော့ အမိမြန်မာပြည်ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်ကိုသွားပြီးအောက်မေ့မိတယ်။

 အမိမြန်မာပြည်မှာဆိုဗိုလ်ချုပ်ဘယ်နေရာမှာသဂြိုလ်မှန်းမသိကြဘယ်နေရာနေမှန်းမသိကြတဲ့သူတွေအများကြီး သူများနိုင်ငံနဲ့ခြားနားချက်ကလေးတွေတွေ့ရတော့ကိုယ့်ကိုကိုဝမ်းနည်းမိတယ် အဲဒါနဲ့ ဂန္ဓီသချိုင်္င်းကနေ နေတွေတအားပူလို့ ဟိုတယ်ကိုပြန်လာခဲ့တယ်။

 နောင်တော်နဲ့ မဟတ္တမဂန္ဓီ နဲ့ ဗိုလ်ချုပ်တို့ရဲ့ထူးခြားချက်ကလေးတွေပြောရင်း ပင်ပန်းလို့နှစ်ပါးသားအခန်းထဲမှာအိပ်ပျော်သွားကြတယ် အိပ်ယာနိုးတော့ညနေစောင်းနေပြီ ခဏကြာရေချိုပြီးဟိုတယ်ဝန်ထမ်းလေးတွေကိုခေါ်ကာအအေးမှာပြီးတီဗွီကြည့်ရင်းသောက်လိုက်ကြတယ်။

 နောက်ဆုံးညဆယ်နာရီလောက်မှာ အိပ်ပျော်သွားကြတယ်နောက်နေ့မနက်မှာတော့ ဗာရာဏသီကို နှစ်ပါးသားရထားကြီးနဲ့ပြန်လာခဲ့ပါတော့တယ် ဗာရာဏသီသာပြန်လာခဲ့ပေမဲ့ မြတ်ဘုရားရဲ့သတိပဌာန်ကုန်းလေးကိုတော့ယနေ့တိုင် သတိတရ ရှိပြီးတတ်နိုင်သမျှပွားများအားထုတ်ဖြစ်ခဲ့ပါတယ်…ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။။

0 comments:

Enregistrer un commentaire