ပူပျင်းနေတဲ့
နွေရဲ့နေ့လယ်ခင်းမှာ
နေအပူရှိန်ကိုအံတုကာ
ပန်းတိုင်ရှိပြီး
ပျံသန်းနေတဲ့
ငှက်ငယ်ကိုငါငေးကြည့်မိ။
ငှက်ငယ်ဟာ
လေဆန်ကိုပျံသန်းနေလေရဲ့။
နောက်….
ငှက်ကလေးက
ငေးကြည့်နေတဲ့ငါ့ကို
သင်ခန်းစာတွေ
စကားတွေအများကြီးပေးခဲ့တယ်။
မင်းဘာငေးကြည့်နေတာလဲ?
ငါ့ကို မင်းအံ့သြနေတာလား?
ဘ၀ဆိုတာ
အဆန်လဲပျံသန်းရဲရတယ်
အစုန်လဲလိုက်နိုင်ရမယ်
လူပဲဖြစ်ဖြစ်
တိရစ္ဆာန်ပဲဖြစ်ဖြစ်
စုန်လမ်းဆန်လမ်း
ထိုနှစ်လမ်းဟာ၊
ရှိစမြဲလေ။
ဘာထူးဆန်လို့လဲ၊
မင်းလဲငါ့လိုပန်းတိုင်ရှိတာပဲ၊
အဆန်လမ်းတွေရှိခဲပြီးသားပ၊ဲ
မင်းရှေ့ဆက်၇မည့်၊
အဆန်လမ်းမှာ၊
မကြောက်ဝံ့ပဲတွန်းလှန်ပါ။
အစုန်ချည်းမမျှော်လင့်ပါနဲ့၊
အတွေးထဲမှာ၊
ငှက်ကလေးပြောသွားတာကို၊
ဟုတ်ကဲ့ပါ ဟု ကတိပြုလိုက်မိတယ်။
ထွေရာလေးပါးအတွေးများ(၂)
တွေးတောရင်း
တက္ကသိုလ်အောက်ကို
ငုံ့ကြည့်မိတယ်၊
မြင်လိုက်တာက
မြင်လိုက်တာက
အစာရှာကျွေးနေတဲ့
ကြက်မကြီးမိသားစု
မပီကလာ
စကားသံတွေနဲ့
အမေ့ကိုပြောနေတဲ့
ကြက်သားလေးတွေက
ချစ်စရာလေးဟုတွေးလိုက်တော့
ကြက်သားလေးတကောင်က
အပေါ်မော့ကြည့်ပြီး
ပြောတယ်…..
မင်းငါတို့မိသားစုကို
သဘောကျနေတာလား
အင်းလို့တောင်ယောင်ပြီးထွက်လိုက်မိသေးတယ်၊
မင်းလဲတချိန်က
ရှိခဲ့ဘူးတာပဲ
ငါတို့ဟာမင်းလို
မသာယာပါဘူးကွာ
မင်းကလူပဲ
ငါတို့ဘ၀ကိုအားမကျပါနဲ့တဲ့
အင်း…ကတိပြုလိုက်မိတယ်။
0 comments:
Enregistrer un commentaire