ဒီခေါင်းစဉ်လေးကိုစဉ်းစားမိတော့ စာရေးသူအမိမြန်မာပြည်မှာရှိစဉ်ကကျောင်းလာပြီးသင်္ကြန်အကြောင်းမေးခဲ့သောမမော်ကိုသွားသတိရမိတယ်၊
မမော်ကဦးဇင်းသင်္ကြန်ဆိုတာဘာလဲ?တပည့်တော်မမသိလို့မေးတာပါတပည့်တော်အသက်(၃၅) နှစ်ရှိပါပြီ
သင်္ကြန်တွေလဲနွှဲခဲ့ပါပြီသို့သော်သင်္ကြန်ဆိုတာရေလောင်းရတယ်မုန့်လုံးရေပေါ်တွေလုပ်စားရတယ်လူကြီးတွေက
ဥပုဒ်သီလစောင့်တည်ရတယ်လို့ပဲသိထားတာ။ခုတော့စဉ်းစားမိတယ် သင်္ကြန်နားနီးတော့ပေါ့လေ ငယ်ငယ်ကငါစဉ်းစားတာလောက်တော့မဟုတ်နိုင်လောက်ဘူးလို့တွေးမိလို့ဦးဇင်းဆီရောက်လာတာ ..အင်းလို့..ရင်မောမိသလိုမျိုးပြောပြပြီး မမော်ကိုရည်ပြမိတယ် မမော်ကမရည်ပါနဲ့တဲ့ စာရေးသူကလဲမမော်ကိုရည်တာမဟုတ်ပါဘူး ဦးဇင်းလဲ သင်္ကြန်ဆိုတာအဲဒီလိုပဲသိထားတာလေ မမော်ကအခြားဘယ်လိုထင်သေးလို့လဲဆိုတော့ ဦးဇင်းမနောက်ပါနဲ့တဲ့။
ဟုတ်တယ်မမော်ခုခောတ်လူငယ်တွေကလဲပိုပြီးတော့ဆိုးတယ်လေဦးဇင်းကလဲမမော်ထက်ငယ်တော့
ဘယ်သိမလဲလို့ပြောလိုက်မိတယ် အဲဒီလိုပြောလိုက်တော့မမော်စိတ်ထဲမှာမကျေနပ်ဘူးဆိုတာသိလိုက်ပြီ။
သူကျေနပ်အောင်တော့ပြောပြရလိမ့်မယ်ဆိုတာတော့စာရေးသူသိလိုက်ပါပြီ ဟုတ်ပြီ ဦးဇင်းသိတာပြောပြမယ်နော်သင်္ကြန်ဆိုတာကပါဠိလို(သင်္ကန္တသဒ္ဒါကလာတာပါသင်္ကန္တဆိုတာက ပြောင်းရွှေ့ခြင်းလို့ အဓိပ္ပါယ်ရတယ် နှစ်ဟောင်းကနေ နှစ်သစ်ကိုပြောင်းရွှေသွားတာကိုဆိုလိုတာပါ အဲဒါကိုရှေ့မြန်မာပညာရှိတွေက သင်္ကြန်လို့ဖြေးဖြေးချင်းသတ်မှတ်လာခဲ့ကြတာပါ။
ဘာလို့ရေတွေပက်ကြတာလဲတဲ့ အင်း.. ရေပက်တာကတော့ နှစ်ဟောင်းရဲ့ အညစ်ကျေးတွေကိုဆေးကျောတဲ့သဘောအနေနဲ့ ရှေ့မြန်မာပညာရှိတွေက ဖန်တီးခဲ့တာပါ ရေပက်တယ်ဆိုတာကလဲ သူတပါးကိုထိခိုက်လောက်အောင်ပက်တာမျိုးမဟုတ်ဘဲ ညင်သာစွာ ရေကစားကြဖို့သတ်မှတ်ကြတာပါ သို့သော် ခုတော့ကြမ်းတမ်းကြတယ်။
လူငယ်တွေကသင်္ကြန်အတွင်းဆိုမူးရူးသောက်စားကြတယ် သောက်တာစားတာတွေကခုဆိုအစဉ်လာလိုဖြစ်နေကြပြီ အဲဒီအကြောင်းတရားတွေကိုသိထားတဲ့မိဘတွေကသားသမီးတွေကိုမိမိမြန်မာရဲ့ရှေ့ရိုးအစဉ်လာကိုပြောပြသင့်ပါပြီ မဟုတ်ရင်အစဉ်အလာတွေပျောက်ကုန်မယ်။
ဒီနေရာမှာ ဗဟုသုတရဖွယ်လေးတခုပြောပြမယ်မမော်နားထောင်မလားလို့ပြောတော့နားထောင်ပါ့မယ်ဆိုတော့လဲပြောပြမိပါတယ် စာရေးသူမဟာစည်သာသနာ့ရိပ်သာဝင်စဉ်ကကလေးတယောက်တွေ့ခဲ့ဘူးတယ် ကလေးအသက်က (၁၅) နှစ်ပဲရှိသေးတယ် ကလေးရဲ့မိဘတွေကတအားချမ်းသာကြတယ်။
ကလေးကတဦးတည်းသောသားလေးပေါ့ မိဘလုပ်သူတွေကသူရဲ့သားလေး သင်္ကြန်အတွင်း ရေကစားပြီးဆိုးလို့နေမှာကိုမလိုလားလို့တရားရိပ်သာကိုဝင်ခိုင်းခဲ့တယ်။
ဝင်ခိုင်းတာကလဲရိုးရိုးပြောပြပြီးဝင်ခိုင်းလို့ရခဲ့တာမဟုတ်ပါဘူး တရက်ကို တသိန်းပေးပါ့မယ် လို့ပြောပြပြီးဝင်ခိုင်းရတာကလေးသားလေးကလဲ တရက်တသိန်ဆိုတော့လဲ ရိပ်သာကိုဝင်လာပါတော့တယ် အဲဒီအချိန်မှာတွေ့ပါတော့သည် စာရေးသူနဲ့
အထက်ပါပြောပြခဲ့သောအကြောင်းတွေကို ကလေးသာလေးကစာရေးသူကိုပြောပါတယ် စာရေးသူက ကလေးသားလေးကို.. အော် ဘုရားရှင်လက်ထက်တင်ရှိတယ်ထင်နေတာ ခုခောတ်လဲရှိတာပါပဲလားလို့ပြောပြဖြစ်တယ်။ကလေးသားလေးက အဲဒီလိုမျိုးဘုရားရှင်လက်ထက်လဲရှိတာပဲလားဘုရားတဲ့ အင်း ရှိတယ် ဆိုတော့ ပြောပြပါလားတဲ့ လျှာရှည်မှတော့ပြောပြရတော့မည် ဘုရားရှင်လက်ထက်က အနာထပိဏ် သဌေးကြီးမှာ သားသမီးတွေရှိတယ် သားသမီးတွေအကုန်လုံးဟာ ဘုရားရှင်ဆိမှာ တပည့်တွေချည်းလေ သို့သော် အငယ်ဆုံးသားလေးမှာတော့အိမ်မှာချည်းအချိန်တယ် အငယ်ဆုံးသားလေးနာမည်က ( ကာလ) တဲ့။
အနာထပိဏ်သဌေးကြီးဟာသူရဲ့သားလေးကာလမင်းသားလေးကိုသားကြီးသမီးကြီးတွေလိုဘုရားရှင်ရဲ့တပည့်တွေဖြစ်စေချင်တယ်လေ ဘယ်လိုဖြစ်အောင်လုပ်ရင်ကောင်းမလဲလို့စဉ်းစားတာပေါ့အမျိုးမျိုး နောက်ဆုံး သူရဲ့သားလေးကို ..သွား မြတ်စွာဘုရားဆီ မြတ်စွာဘုရားဆိသွားရင်အသပြာတထောင်ပေးမယ်လို့ပြောပြီးသားငယ်လေးကိုဆွဲဆောင်ပါတော့တယ်။
သားငယ်လေးကလဲ တထောင်ရမယ်ဆိုတော့ ဘုရားရှင်ဆိနေ့တိုင်းသွားပါတယ် ဘုရားရှင်ဆီသွား ပြန်လာ တထောင်ရ အဆင်ပြေနေတာပေါ့ တနေ့မှာ တော့အနာထပိဏ်ကတဆင်ကတက်ဖို့စဉ်းစားလာပါပြီ။
သူရဲ့သားငယ်လေးကိုလဲပြောပြပါတယ် သားငယ် ဘုရားရှင်ဆိသွားတာတော့ဟုတ်ပြီကွာ ဒိတခါဘုရား၇ှင်ဆိသွားရင် ဂါထာတပုဒ်၇အောင်လုပ်ခဲ့ ဂါထာတပုဒ်ရရင် အသပြာနှစ်ထောင်ပေးမယ်။
အနာထပိဏ်သဌေးဟာ သူ၇ဲ့သားငယ်လေးဘုရားသားတော်ဖြစ်ဖို့ဆွဲဆောင်တာပေါ့ သားငယ်လေးဟာလဲ အသပြာနှစ်ထောင်ရမယ်ဆိုတော့ဘုရားရှင်ဟောကြားသောတရားတော်တွေထဲကတပုဒ်ကိုရအောင်မှတ်တယ် အိမ်ရောက်တော့ဖခမည်းတော်ကြီးကိုပြန်ရွက်ပြ အသပြာနှစ်ထောင်ရတယ်ပေါ့။
နောက်ဆုံးရက်တွေကြာလာတော့ ကာလဆိုသောသားငယ်လေးဟာစဉ်းစားတယ် ဂါထာလေးတပုဒ်၇တာနဲ့ အသပြာနှစ်ထောင်ရတယ် ငါဒီအတိုင်းအချိန်တွေကုန် ငွေတွေသုံးဖြုန်းနေတော့မှာလား ဒီအတိုင်းတော့မဖြစ်ဘူးတခုခုတော့ရမှဖြစ်မယ် ဘုရာ၇ှင်ရဲ့တရားတော်တွေကိုသေချာမှတ်မယ်နာယူမယ်လို့ဆုံးဖြတ်ခဲ့တယ် အဲဒီဆုံးဖြတ်ချက်ချတယ်ဆိုရင် အနာထပိဏ်သဌေးကြီးရဲ့အကြံစည်တွေအောင်မြင်သွားတာပေါ့ သူဖြစ်စေချင်တာကလဲ ဘုရားရှင်ရဲ့သားတော်လေးလေသားငယ်လေးဟာ နောက်ဆုံးဗုဒ္ဓဘုရားရှင်ရဲ့သားတော်စစ်စစ်ဖြစ်သွားတယ်။
ခုလဲ ကလေးသားလေးကို လဲ ဖြစ်စေချင်လိုက်တာ အနာထပိဏ်ရဲ့သားတော်လေးလို ဆိုတော့ ကလေးသားလေးဟာအတော်ကြာစဉ်းစားပြီး စာရေးသူကိုလျှောက်ပါတယ် တပည့်တော်ရတဲ့ပိုက်ဆံတွေ အကုန်ယူမယ် စာရေးသူကဘာလုပ်မလဲဆိုတော့ ခု သင်္ကြန်အတွင်းတရားထိုင်တဲ့ယောဂီတွေကိုအကုန် ဆွမ်းကပ်မယ်တဲ့ ပိုတဲ့ဝတ္ထုငွေကို ဆွမ်းပဒေသာပင်ထဲကိုထည့်မယ်တဲ့ ။
စာရေးသူစဉ်းစားမိတာက ခုကလေးသားလေးဟာ တော်တော်တော်တယ် အနာထပိဏ်ရဲ့သားငယ်လေးထက်တောင်သာနေမလားပေါ့ ဘာလို့လဲဆိုတော့ ဖခမည်းတော်ဆိက ရတဲ့အသပြာကိုဘုရားရှင်ဆိမလှူခဲ့ဘူးလေ ခုစာရေးသူနဲ့တွေ့တဲ့ကလေးသားလေးဟာရတဲ့ဝတ္ထုငွေကိုတရားအားထုတ်နေသောယောဂီတွေကိုဆွမ်းကပ်ခဲ့တယ်
ချက်ချင်းသူ့အတွက်ရအောင်ယူသွားတယ်လေ။
ဗဟုသုတရဖွယ်လေးတွေပြောပြပြီးမမော်ကိုသင်္ကြန်အကြောင်းဆက်ပြောပြဖြစ်ပါတယ် ပြောတာလဲများသွားပြီ မမော်ကိုသင်္ကြန်အတွင်းလိုက်နာရမည့်အချက်ကလေးတွေပြောပြမယ် သေချာမှတ်ထားပေါ့ ။
ရှေ့ပညာရှိတွေကတော့သင်္ကြန်အတွင်းဆို ကျင့်ကြံကြတယ် အထူးရှောင်ကြဉ်ကြတယ် အဲဒါတွေကတော့
(၁) သွေးထွက်သံယိုမဖြစ်စေရဘူး။
(၂)ငိုယိုခြင်းမပြုလုပ်ရ။
(၃)အရက်သေစာမသောက်စားရဘူး။
(၄) ဈေးမရောင်းရ။
(၅)အသားငါးတွေမစားရ။
(၆) ခေါင်းမလျှော်ရ။ ကဲ ဒီလောက်ဆိုတော်ရောပေါ့ ဦးဇင်းလဲပြောရတာမောပြီ ဗုဒ္ဓဘာသာတို့ရဲ့သင်္ကြန်ဆိုတာသဘောပေါက်လောက်ရောပေါ့ ဆိုတော့ တင့်ပါး သဘောပေါက်ပါပြီ သဘောပေါက်ယုံတင်မရဘူး လိုက်နာ၇မယ်တကယ့်ကို မမော်ကလဲ လိုက်နာပါ့မယ်ပြောပြီးကျောင်းကနေအိမ်ကိုပြန်သွားပါတော့တယ်…ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။
0 comments:
Enregistrer un commentaire