Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 20 avril 2012

အတွေးဒဿနလေးများလား


                  
လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာအလုပ်လုပ်ခြင်းပဲ။

အပြောနဲ့ကဲ့ရဲ့တတ်သူကိုအလုပ်နဲ့အနိုင်ယူပါ။

ဆင်ခြေပေးတဲ့ပါးစပ်ထမင်းငတ်တတ်တယ်။

အချိန်နောက်ကျတတ်သူဟာဘ၀မှာနောက်ကျစမြဲပါပဲ။

နေတလိုဖြစ်တဲ့ဘ၀မှ.ဖြစ်တလိုမနေပါနဲ့။

လဲကျရင် ပြန်ထအဲဒါဘ၀ပဲ။

ဘ၀မှာအစားထို.လို့မရတဲ့အရာ ( ၂ ) ခုရှိတယ်

အဲဒါက '' မိဘ နှင့် အချိန် '' ပဲ

ရောဂါပြင်းလျှင်ဆေးရှိသည်။

လူပျင်းလျှင်ဆေးမရှိ ။

 မနေ့ကဆိုတာ............အိမ်မက်

 မနက်ဖြန်ဆိုတာ..........စိတ်ကူး

ဒီနေ့သာ...................ဘ၀ဖြစ်တယ်

ဒီနေ.မှာပဲအကောင်းဆုံးလုပ်ဆောင်ပါ ။

ဘ၀ကြိုးဝိုင်းထဲမှာဒုက္ခကိုဇွဲနှင့်အလဲထိုးပါ ။

လုပ်ချင်တာထက်လုပ်သင့်တာလုပ်ဖို.အရေးကြီးတယ်

ဘယ်အတွက်ကြောင့်ပဲဖြစ်ဖြစ်

သင်ငိုကြွေးပြီးသောအချိန်မှာ.....အခြားသူများ၏မျက်ရည်က

ပင်လယ်ထဲသို.၀င်ရောက်သွားကြလေပြီ ။

ဘ၀သည် ချိန်ခွင်လျှာတစ်ခုလိုပင်....

ငယ်စဉ်ကပေါ့ပေါ့နေခဲ့လျှင်.....ကြီးလာသောအခါ..လေးလံသောဝန်ကိုထမ်းရသည် ။

ငယ်စဉ်ကလေးလံသောဝန်များကို ကြိုးစားထမ်းခဲ့ပါမှ.ကြီးသောအခါပေါ့ပါးစွာနေရမည် ။

တကယ်တော့အမှားဆိုတာကြောက်စရာမဟုတ်ပါသင်ခန်းစာယူစရာသာဖြစ်သည် ။

ကြောက်စရာအကောင်းဆုံးက အမှားကိုအမြဲကြောက်နေခြင်းပင်ဖြစ်တယ်။

စာရေးသူရဲ့အတွေးမဟုတ်ပါစာဖတ်ရင်းတွေ့လို့မျှလိုက်တာပါ။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ…



0 comments:

Enregistrer un commentaire