Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 30 avril 2013

နာဂပူပုံရိပ်လေးများ


                                        
                                  နာဂပူမြို့ရဲ့ကျက်သရေဆောင်ဒိရှဘူမိစေတီမြတ်ကြီး။
                            ဒိရှဘူမိစေတီတော်အတွင်းဗောဓိပင်အောက်တွင်အမှတ်တရ။

                                        
 အတွေးများကိုလန်းဆန်းစေသောမြို့ ၊ ကြည်နူးမှုတွေ ၊ယုံကြည်မှု
တွေကိုပေးသောမြို့၊ လူပေါင်း ငါးသိန်းကျော်တစ်ပြိုင်နက်ဗုဒ္ဓဘာသာသို့
ကူးပြောင်းသော ကမ္ဘာ့အကြီးဆုံး ဘာသာတရားကူးပြောင်းပွဲကြီးကျင်းပ
သောမြို့ ။ 

ထိုမြို့ကား အိန္ဒိယနိုင်ငံ တောင်ပိုင်းကစာရေးသူတို့ကျောင်းတက်ရာ နာဂပူမြို့လေးပင်ဖြစ်၏ ။
အင်္ဂလိပ်လက်ထက် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးနှစ်
နီးပါး ရေးဆွဲပေးခဲ့သော ဒေါက်တာအမ်ဘေဒကာ၏မြို့ ။

ငါသည် ဟိန္ဒူဘာသာဝင်တစ်ယောက်အနေနဲ့ မွေးဖွားလာ၏ သို့သော်ဟိန္ဒူဘာသာဝင်
အဖြစ်နဲ့မသေ..ဟုဒေါက်တာအမ်ဘေဒကာပြောခဲ့၏ ။ပြောသည့်အတိုင်း
နှစ်ပေါင်းများစွာ ကျန်ဘာသာများကိုလေ့လာခဲ့၏ သူသေခါနီးနှစ်လအလို
တွေ့ရှိခဲ့ ယုံကြည်ခဲ့သော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်၏။ 

ကုသိနာရုံရှိ မြန်မာဆရာတော်ကြီးထံတွင် သရဏဂုံသီလစောက်တည်ကာ သူနှင့်
တကွ ငါးသိန်းကျော်သောလူတို့ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့ကြသည် ။
ကမ္ဘာမှာနာမည်ကြီးသော ဘာသာရေးကူးပြောင်းပွဲကြီးလည်းဖြစ်ခဲ့သည်။
 
 ထိုမြို့သို့ ဦးဇင်းတို့ မြန်မာရဟန်းတော်(၂၃)ပါး နာဂပူတက္ကသိုလ်မှာph.D တက်ရောက်နေကြပါတယ်
 လမ်းတစ်လျှောက်မှာလည်း သာသနာ့အလံများစိုက်ထူထားသည်ကို ကြည်နူးဖွယ်
တွေ့ရသည်။

မိမိတို့နိုင်ငံမှာတောင်လမ်းဘေးတချက်ဆီမှာသာသနာ့အလံတွေတတ်ဆင်ထားတာမတွေ့ရပါဘူး ဘာသာခြားတိုင်းပြည်မှာ ဒီလိုအလံများနေ့တိုင်းတွေ့ခဲ့ရလို့ဝမ်းသာပီတိတွေဝေနေခဲ့မိတယ်
တွေ့ခဲပါ၏ မြင်ခဲပါ၏ အရုဏ်ဆွမ်းနေ့ဆွမ်းကပ်ချင်သော အလှူရှင်များကား လုနေပါ၏။ 

ခက်တာကစာရေးသူတို့ကုလားအစားစာမစားနိုင်လို့မသိချင်ယောင်ဆောင်နေလိုက်ရသေးတယ်။ 
သူတို့အတွက်ဒီလိုရဟန်းအများဖူးရဖို့ အင်မတန်မှခက်
ခဲလှပါ၏။ ဦးဇင်းတို့အတွက်လည်း ဗုဒ္ဓဘာသာအများတွေ့ဖို့ခက်ခဲပေ၏။
 

 ညအိပ်ယာဝင်ရင် နေ့ခင်းကတွေ့သမျှအဖြစ်အပျက်
တို့သည် ညအခါ အတွေးများကိုဖြစ်ပေါ်စေသည် ။ ငါတို့မြန်မာနိုင်ငံမှာ
ခဏခဏ ကုလားဗမာအဓိကရုဏ်းတွေဖြစ်သည်၊ ဖြစ်တိုင်းလည်းအဆုံး
ရှုံးတွေများသည်။ 

ဘာသာနှစ်ခု၏ ဆန့်ကျင်ဘက် အယူဝါဒများကြောင့်
၎င်း၊ လူမျိုးခြားသောကြောင့်၎င်း၊ ပြဿနာများဖြစ်ကြ၏။ မြန်မာပြည်မှာ
လွတ်လပ်စွာကိုးကွယ်ခွင့်ရှိ၏ ။ ခရစ်ယန်၊ ဟိန္ဒူ၊ များလည်းရှိ၏ ။လူမျိုး
ခြားသောကြောင့်ဖြစ်သည်ဟုဆိုလျှင် ဟိန္ဒူဘာသာဝင်များနှင့်ပါဖြစ်သင့်
သည်၊ လူမျိုးကြောင့်မဟုတ် ဘာသာနှစ်ခု၏ ဆန့်ကျင်ဘက်အယူဝါဒကြောင့်
ဖြစ်၏၊ 

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယန်ဘာသာတို့သည် မေတ္တာကိုအခြေခံ
သောကြောင့် တိရိစ္ဆာန်အသက်ကိုပင် သတ်လျှင်အပြစ်ရှိသည်ဟုခံယူ
ကြ၏။ မွတ်စလင်တို့ကား ကျွဲသတ် နွားသတ် ဆိတ်သတ် ကြက်သတ်
သတ်ကြ၏ လည်လှီးသတ် ပူဇော်ကြ ပသကြ၏။ မယားလေးယောက်ယူ
ကာ မွတ်စလင်သားဖောက်၍ ဘာသာပြန့်ပွားအောင်လုပ်၏။ မြန်မာမ
တွေကို ရသလောက်ယူ၏။ ဗလီကိုရသလောက်ဆောက်၏ ။သူတို့လူဦး
ရေများလာသောအခါ တိုင်းရင်းသားအဖြစ်ပေါ်ပေါ်တင်တင်တောင်းဆို
လာကြ၏။

 မြန်မာတို့မကျေနပ် ။ ချကြပြန်၏။ မီးရှို့ကြပြန်၏ ။ကယ်ဆယ်
ရေးတွေလုပ်ရပြန်၏ ။အွန်လိုင်းပေါ်မှာ ဘာသာရေးလူမျိုးရေးတွေတိုက်
ကြပြန်၏။ ကြားနေကာ ဖြန်ဖြေပေးရပြန်၏။ အချိန်တွေကုန်ပါသည်။
ဆုံးရှုံးမှုတွေများပါသည်။ ဖွံ့ဖြိုးတိုးတက်ချင်သော နိုင်ငံကြီးနှောင့်နှေး
ရပါသည်။ 

ဥပဒေအောက်မှာပဲနေစေချင်သည်၊ ဥပဒေကိုလည်းတိတိ
ကျကျဆောင်ရွက်စေလိုသည်၊ လာဘ်စားခြင်းတွေမရှိ၊ ဘက်လိုက်မှု
တွေမရှိပဲ။ ညီညီမျှမျှ ဖြစ်စေချင်သည်။ မွတ်စလင်တွေကို စရိုက်မတူလို့
နှင်ထုတ်လို့လည်းမရပေ။ သူတိုလည်းဒီမြေမှာနေ ဒီရေသောက်ပြီးကြီး
လာသူတွေဖြစ်၏ ။

ဒီမြေမှတစ်ပါး အခြားပြေးစရာမရှိပေ။ အကြမ်းဖက်
ပြန်ရင်လည်း ဗုဒ္ဓ၀ါဒနှင့်မညီညွှတ် ၊။ ဒီလိုပြဿနာမျိုးတွေက နောင်
လည်းဖြစ်ဦးမှာပဲ။ ဒါဆိုဘယ်လို လုပ်မလဲ မှန်ကန်သောအတွေးတစ်ခု
တော့လိုအပ်သည်။ ပြဿနာတိုင်းမှာအဖြေတစ်ခုတော့ရှိနေသည်။
 
 မြတ်စွာဘုရားတရားဟောလိုက်တိုင်း လူပေါင်းများစွာအကျွတ်တရား
ရကြသည်။ အကျွတ်တရားဟူသည် အနည်းဆုံး ဟိန္ဒူဘာသာမှ ဗုဒ္ဓ
ဘာသာဖြစ်လာခြင်းပင်ဖြစ်၏။ တစ်ချို့ အရိယာများပင်ဖြစ်ကြ၏ ။ 

ငါတို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ပါလျှက် ဗုဒ္ဓ၏တရားတော်များဖြင့် အကျွတ်
တရားမရသေးသော မွတ်စလင်များကို အကျွတ်တရားရအောင်မဟော
နိုင် မစည်းရုံးနိုင်ဘူးလား။ မွတ်စလင်တိုင်းလူဆိုးမဟုတ်ဘူးဆိုတာတော့
လက်ခံပါ။ 

တစ်ချို့ စည်းပွားရေးလူမှုရေးတွေစသည့်အကြောင်းအမျိုးမျိုး
ကြောင့် မိမိဘာသာကိုမစွန့်နိုင်သော်လည်း ဗုဒ္ဓဘာသာကိုလက်ခံယုံ
ကြည်သော ဘာသာခြားများရှိနေသည်ဆိုတာကို ယုံကြည်ပါ။ သူတို့
ကိုနွေးနွေးထွေးထွေးဆက်ဆံပါ ကြိုဆိုပါ။ 

တစ်ချို့မွတ်စလင်များသည်ဗုဒ္ဓဘာသာခံယူထားသူများထက်ပင် ဗုဒ္ဓတရားတော်များကိုပို၍သိသည်။
ရဟန်းတော်များနှင့်ပင်တရားဆွေးနွေးနိုင်သည်ကို ကိုယ့်တွေ့ကြုံဖူးသည်။
ဘုရားသာသနာမကုန်သေးသည့်တွက် ကျွတ်တန်းဝင်မည့်သတ္တ၀ါတွေ
ကျန်နေသေးသည်။ 

သူတို့လည်းကျွတ်တန်းဝင်မည့်သတ္တ၀ါထဲတွင်ပါသည့်အတွက် စည်းရုံးကြပါ သာသနာပြုကြပါ။ အောက်ကပုံကိုကြည့်ပါကုလားရုပ်ကြီးနဲ့ ဗုဒ္ဓဘာသာဖြစ်နေကြသည်။ 

မွတ်ကုလားတွေလည်းဗုဒ္ဓဘာသာဖြစ်လာကြမည်ဆိုလျှင်သို့မဟုတ် အခြားဘာသာတွေလိုမေတ္တာတရားကိုလက်ကိုင်ထားကြမည်ဆိုရင်။
ဗုဒ္ဓသာသနာတော်ကြီးလည်းနေလိုလလိုထွန်းလင်းတောက်ပမည်တကမ္ဘာလုံးလဲအေးချမ်းမည်။

သတ္တ၀ါတွေလည်း သံသရာဝဋ်ဆင်းရဲကလွတ်မြောက်မည်။ မြန်မာနိုင်ငံကြီးလည်း ပြိုင်တူတွန်းလျှင်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ရွေ့လာလိမ့်မည်။
တရုပ်အမေရိကန်ရုရှားတို့သည် မြန်မာနိုင်ငံကို မော်ကြည့်ရပေလိမ်မည်။..။ 

စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး အားကစားနှင့်
ဘာသာရေးနယ်ပယ်တို့တွင် ကမ္ဘာ့ထိပ်တန်းဖြစ်လာလိမ့်မည် ။
သူငယ်ချင်းတယောက်ရေးထားတာလေးပြင်ထားလိုက်တာပါ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။
စမ်းရေတို့သည် ပူပျင်းလှတဲ့အိန္ဒိယရဲ့နွေအခါတောင် သတ္တိရှိရှိယိုစိမ့်ကာစီးဆင်းနေလေရဲ့....

0 comments:

Enregistrer un commentaire