Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 30 avril 2013

ကမ္ဘာအလှပဆုံးအဆင်းတန်ဆာ


ကမ္ဘာမှာအလှအပဆုံးတန်ဆာတွေမြောက်များစွာရှိပါတယ်သို့သော်သီလတည်းဟူသောအဆင်းတန်ဆာကို
မှီရန်မဖြစ်နိုင်ပါသီလတည်းဟူသောအဆင်းတန်ဆာသည်မိမိကိုယ်သာအလှအပဆုံးတန်ဆာဆင်နိုင်သည်
မဟုတ်တလောကလုံးကိုလှပအောင်တန်ဆာဆင်နိုင်စွမ်းရှိပါတယ်။

 မြင်ရသူအပေါင်းကိုလဲစိတ်ကိုအေးမြကြည်လင်စေ၏ မိုင်ပေါင်းထောင်ပေါင်းများစွာကလည်း သီလရဲ့ရနံ့ကိုရစေနိုင်၏ လောကလူတွေပြောကြတယ် ပန်းသတင်းလေညှင်းဆောင်တဲ့ ပန်းတို့၏ရနံ့ဟာ လေညှာကိုမသွားနိုင်ပါ လေအောက်မှာသာဆောင်နိုင်ပါတယ်။ 

သီလရဲ့ရနံ့ကတော့လေအောက် လေညှာမရွေးပါ တကမ္ဘာလုံးကလူတွေအလှပဆုံး အမွှေးပျံ့ဆုံးရနံ့ကိုပေးနိုင်ပါတယ် ဒါကြောင့်ရှေးပညာရှင်တွေက လှပချင်သူတွေအတွက်အဆိုပြုကြတယ် 

သီလလုံခြုံအောင်နေကြပါ၊သီလလုံခြုံသောသူနဲ့စိတ်ထားမြင့်မြတ်သူတွေအတွက်အသားရေဟာ
စိုပြည်ဝင်းပလာတယ်ထိုသူ၏မျက်နှာတော်ဟာတရိပ်ရိပ်တက်နေသောနေ၀န်းတရိပ်ရိပ်တက်နေသော
 လပြည့်နေ့ရဲ့လ၀န်းပမာကျက်သရေရှိလှ၏။ 

သီလမရှိသောသူ ဘယ်လောက်ပင်လှပအောင် ရောင်စုံကာလာတွေနဲ့ချယ်သစေကာမူ မိမိရဲ့စိတ်ထားလေးကမပြုမပြင်ဘဲနေမယ်ဆိုရင်မိမိရဲ့မျက်နှာတော်လေးဟာပုပ်သိုးနေမည်မှာ
အသေချာပင်ဖြစ်၏ပုပ်သိုးနေတဲ့အရာဝတ္ထုကိုအဘယ်သို့သောပုဂ္ဂိုလ်များကြိုက်နှစ်သက်သည်
ဟုကြားဘူးသလဲ်?

သီလမရှိသောသူဟာမျက်နှာတော်မှာသာပြသသည်မဟုတ်ကိုယ်ရနံ့လေးကလည်းပြသတာပါပဲ
အဘယ်မျှလောက်သောအကောင်းစားရေမွေးအသုံးပြုထားသော်ငြားလည်း ချွေးထွက်လာသည့်
အခါနံ့စော်နေတဲ့ရနံ့ကိုပြန်လည်ပြီးခံစားကြရတာပါပဲ။ 

ပညာရှိသူတော်ကောင်းတွေကသီလမရှိသောသူရဲ့ရနံ့ဟာထောင်ပေါင်းဝေးကွာသောအရပ်ကနံစော်ကြတယ်
ဟုဆိုတယ်ထောင်ပေါင်းများစွာဝေးကွာသောအရပ်ကမိမိရဲ့မကောင်းတဲ့ရနံ့ကိုမခံနိုင်လို့ရှောင်ပြေးကြရတယ်တဲ့၊

ဒီအတွက်ကြောင့်မို့ သီလရဲ့အဆင်းတန်ဆာဟာပျိုပျိုအိုအို အရွယ်မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်မြန်းနိုင်သော အလှအပဆုံးအဆင်းတန်ဆာဟာသီလပါပဲ ဒီအဆင်းတန်ဆာဘယ်မှာမှရှာစရာမလိုပါ မိမိရဲ့ခန္ဓာထဲမှာတွေ့နိုင်ပါတယ်။

                စောင့်စည်းရဲ့မည့်သိက္ခာပုဒ်တွေကအများကြီးလား မများပါဘူး သုံးခုထဲပါ 

မကောင်းသောအပြုအမူလုပ်တော့မယ်ဆိုရင်ထိန်းလိုက်ပါ မလုပ်မိအောင် 

မကောင်းသောစကားကိုပြောတော့မယ်ဆိုရင် ထိန်းလိုက်ပါ မပြောမိအောင် 

မကောင်းသောအကြံတခုမိမိရဲ့စိတ်ထဲမှာရောက်လာပြီဆိုရင် မကြံစည်မိအောင်ထိန်းချုပ်ပါ

ဒါဆိုရင် သီလရှိသောသူဖြစ်သွားပါပြီသီလရှိသောသူဖြစ်သွားရင်ကမ္ဘာမှာတန်ဖိုးအရှိဆုံးအဆင်းတန်ဆာထဲမိမိပါသွားပြီ
ဖြစ်တဲ့အတွက်ဘာအရောင်ကာလာတွေနဲ့မှချယ်သစရာမလိုတော့ဘူးမိမိဟာအလိုလိုလှပနေပြီးသားဖြစ်နေပြီ။ 

သီလရဲ့အဆင်းတန်ဆာဟာအိုးမင်းသည့်တိုင်အောင်စိတ်ချမ်းသာအေးမြစေပြီးကျက်
သရေအရှိဆုံးအဆင်းတန်ဆာလို့လဲပြောလို့ရပါတယ်၊

ဒါကြောင့်မဃဒေဝမှာခုလိုစပ်ဆိုထားပါတယ်

 သီလရတနာ မြတ်တန်ဆာလည်း သတ္တဝါခပင်း မင်းဆင်းရဲသား မပိုင်းခြားဘူး
 လေးပါးမျိုးနွယ် ကြီးငယ်မဆို ရွယ်ပျိုရွယ်ရင့် ဆင်တိုင်းတင့်၏။

နောက်ပြီး ကမ္ဘာကျော် မဟာစည်ဆရာတော်ကလည်းခုလိုစပ်ဆိုခဲ့ပါသေးတယ်၊ 

သီလရနံ့ မွှေးပျံ့ကြိုင်စွာ သီလဆင်းသိုင်းရှု့တိုင်းလှပါ 
သီလစောင့်ငြား မလားပါယ်ရွာ မြတ်သီလနိစ္စကိုးကွယ်ရာတဲ့။

ကဲ့ စာရှု့သူတို့လှချင်မှာပါ စာရေးသူလည်းလှချင်တာပါပဲ ဒါကြောင့် မိမိကိုယ်ကိုအလှပဆုံးနည်းပညာတွေ့ပြီဆိုတော့ ပြင်ဖို့က ကိုယ်တာဝန်လေ 
 နည်းပညာရှိလျက်နဲ့အဲဒီနည်းပညာကိုအသုံးမပြုဘူးဆိုရင် ဘယ်သူအပြစ်လဲစဉ်းစားကြည့်ပါ 

အဌသာလိနီအဌကထာမှာတော့ခုလိုဥပမာပေးထားတယ် မစင်ပေနေသောခြေထောက်ကိုသန့်စင်စေတာရေပဲ ရေရှိလျက်နဲ့မစင်ကိုမဆေးကြောဘူးဆိုရင်
 ရေရဲ့အပြစ်မဟုတ်ဘူး မိမိရဲ့အပြစ်တဲ့ ခုလဲလှပအောင်ဆင်မြန်းပေးတဲ့နည်းပညာတွေ့ပြီ နည်းပညာကိုမသုံးမပြုရင်ကိုယ့်အပြစ်ပဲလေ…………ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။

0 comments:

Enregistrer un commentaire