သူငယ်ဘဝတွင်
အခြေခံ ခံစားမှုပိုင်းဆိုင်ရာ ကျေနပ်မှုတွေလိုအပ်ပါသည်။ ဒါတွေမရှိလျှင် ကြီးပျင်းလာ
သောအခါ သူ့အတွက်အဆင်မပြေမှုတွေ ဖြစ်ပွားနိုင်ပါသည်။
လုံခြုံမှု
ပထမဆုံးလိုအပ်ချက်မှာ
"လုံခြုံမှု" ဖြစ်၏။ သာယာပျော်ရွှင်ပြီး လုံခြုံစိတ်ချရသော
အိမ်ပတ်ဝန်းကျင် မရှိဘဲနှင့် ကလေးငယ်သည် လောကကြီးကို ရင်မဆိုင်နိုင်ပါ။
လူဆင်းရဲပါစေ။ အိမ်စုတ်ပြတ်ပါစေ။ အခက်အခဲ အနှောက်အယှက်တွေ ရှိပါစေ။
သူသည်ညီညွတ်စည်းလုံးသော မိသားစုဝင်တစ်ဦးဖြစ် လျှင် သူ့အတွက် ဘာမှပူစရာမလိုပါ။ စည်းစည်းလုံးလုံးမရှိ၊
ရန်တကျက်ကျက်ဖြစ်နေသော အိမ်ထောင် စုတွင်ကြီးပြင်းရသော ကလေးမှာကား မလိုအပ်သော
စိုးရိမ်ကြောင့်ကျမှုတွေနှင့်သာ မလုံမခြုံကြီးပျင်း လာရပါသည်။
အိမ်ထောင်ရေးပြိုကွဲတာတွေ၊
ကွာကြရှင်းကြတာတွေဖြစ်လျှင်အထိ အနာဆုံးမှာ ရင်သွေးငယ်လေး တွေသာ ဖြစ်ပါမည်။ မိဘတွေ
အဆင်မပြေဖြစ်ကြလျှင် အပြစ်မဲ့သားကောင်ဖြစ်သော ကလေးများ၏ ဘဝမှာ အစိတ်စိတ်အမွှာမွှာ
ဖြစ်ကြရစမြဲ။
ကျွန်တော်တစ်ခါက
(၉) နှစ်အရွယ် ဖတဆိုးမိတဆိုးလေးတစ်ဦးနှင့် တွေ့၏။ သူတစ်လသားအရွယ် တွင် သူ့မိခင်က
စွန့်ပစ်သွားသည်။ သူ့ဘဝတစ်လျှောက်လုံး မိဘမဲ့ဂေဟာတွင် ကြီးပျင်းလာခဲ့ရ၏။ သူ့ကို
ကျွန်တော်က မေးကြည့်သည်။ "သားလေး၊ အိမ်ဆိုတာဘာလဲကွဲ့"။ "အိမ်ဆိုတာ
လုံခြုံစိတ်ချ ရပြီးနေလို့ကောင်းတဲ့ နေရာလို့ထင်ပါတယ်" ဟု ဖြေသည်။ သူ၏
အဓိပ္ပာယ်ဖွင့်ဆိုချက်ထက်ပို၍ ကျွန်တော်လည်း မပြောနိုင်ပါ။
လောကကြီးကားတရစပ်ပြောင်းလဲနေ၏။ရှုပ်ထွေးပွေလီလှ၏။ကလေးငယ်တစ်ဦးအတွက် သေချာ သော
ရပ်တည်စရာနေရာသည် တစ်ခုတည်းသာရှိသည်။ အဲဒါကတော့အိမ်။ အိမ်ဆိုရာတွင်လည်း စောစောက
ကလေးပြောပြသလိုပင် လုံလဲလုံခြုံ၊ နေလို့ကောင်းတဲ့ နေရာလည်း ဖြစ်ရပါမည်။
ချစ်တတ်သော၊ ရိုးဖြောင့်သော၊ တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိသော လူတွေကြားထဲတွင်
နေရသော ကလေးအဖို့ ထိုသီရိဂေဟာမျိုးလောက်နေလို့ ကောင်းသောနေရာ အခြားဘယ်မှာမှ
မရှိနိုင်ပြီ။
ချစ်ခြင်းမေတ္တာ
ကလေးအတွက်ဒုတိယအရေးအကြီးဆုံးမှာ"ချစ်ခြင်းမေတ္တာ"။ကလေးသည်အချစ်ခံရရန်အလွန်
အရေးကြီး၏ ကလေးအားလုံးဤအချက်တွင် ကံမကောင်းနိုင်ကြပါ။
အဖေမပေါ်သောကလေးငယ်အဖို့မွေးကထဲကအမနာပပြောစကားသံများနှင့်မျက်ရည်ကြားတွင် ကြီးပျင်းလာရမှာသေချာသည်။သူ့အတွက်မိခင်ကတော့ရှိမည်။သို့သော်ဖခင်မရှိသည့်အတွက်တစ်ခြမ်းပဲ့
မေတ္တာသာရမည်။
သားယောက်ျားလေးလိုချင်နေသောမိဘများမှာသမီးလေးမွေးလာလျှင်လည်းပြဿနာပေးတတ်၏။ သမီးကြီးလာလျှင်သူတို့ကပြောမည်။ငါတို့လိုချင်တာကယောက်ျားလေး၊ဘယ်နှယ့်မိန်းကလေးမွေး လာရတာလဲ။
တစ်ခါတစ်ခါအစွန်းရောက်ပြီးမိန်းကလေးကိုယောက်ျားလေးနာမည်ပေး၊ယောက်ျားလေးလိုဝတ်စားဆင်ယင်ပေး။ "ကျမတို့တကယ်လိုချင်တာကယောက်ျားလေးရှင့်"ဟုသမီးရှေ့တွင်အခြားသူတွေကိုပြော။ ဒါတွေကပြဿနာ။ဤကလေးမျိုးမှာကျောင်းရောက်လျှင်ဝိုင်းအလှောင်ခံရမည်။ကလေးကိုယ်တိုင်မှာ သိမ်ငယ်စိတ်တွေဝင်လာမည်။
ကလေးအတွက်ဤလောကကြီးသည်အသစ်စက်စက်။လူကြီးတွေအတွက်တော့ရိုးနေပြီ။ကလေးအတွက်
အရာရာသည်စိတ်ဝင်စားစရာ။လူကြီးတွေအတွက်တော့ဘာမှမဆန်း။ငယ်ငယ်ရွယ်ရွယ်နှင့်
အိမ်ထောင်ကျပြီးကလေးရသောမိဘများအဖို့သူတို့ကိုယ်တိုင်ပင်နို့နံ့မစင်သေး၍ကလေးအတွေးနှင့် သူတို့အတွေးသည် သိပ်မကွာလှပေ။ ထို့အတွက် ပြဿနာမပေါ်။
အလယ်အလတ်အရွယ်မိဘများအဖို့မူကလေးအတွေးအမြင်ကိုသဘောပေါက်နားလည်ရန် အထူးကြိုးစားရမည်။လေးဆယ်ကျော်လာပြီဆိုလျှင်ကားကျွန်တော်တို့အဖို့လောကကြီးသည် အတော်တည်ငြိမ်နေပြီ။သိပ်စိတ်ကူးမယဉ်၊သိပ်စိတ်မလှုပ်ရှား။ထိုအခါမိမိကလေး၏ဘဝအမြင်ကို နားလည်ရန်
အတော်အားထုတ်မှရမည်။
မိဘငယ်ငယ်ရွယ်ရွယ်ကကလေးတွေနှင့်ပြိုင်ဆော့နိုင်၏။သဲတွေရွှံ့တွေနှင့်လိုက်ကစား၍ရ၏။
ပြေးဟယ်လွှားဟယ်လုပ်၍ရ၏။ကလေးနှစ်ယောက်ကိုကျောပေါ်တင်ပြီး ဖအေကြီး လေးဘက် ထောက်သွားကာ
ဆင်စီးတမ်းကစား၍လည်းရ၏။
မိဘတွေက
စည်းကမ်းတွေ တင်းကြပ်စွာထုတ်၊ အပြစ်ပေးဒဏ်ပေးတာတွေ သိပ်လုပ်လျှင် ကလေးက
သူ့ကိုမချစ်လို့ ဒီလိုလုပ်သည်ဟုပင် ထင်မည်။ ထို့ကြောင့်စည်းစနစ်လည်း ပေးတန်ပေး၊
ယုယချစ်ခင် မှုလည်း ပြတန်ပြမှ တော်ကာကျမည်။
မိမိကိုယ်ကိုယုံကြည်စိတ်
တတိယအရေးကြီးသည်ကားကလေး၏မိမိကိုယ်ကိုမိမိယုံကြည်စိတ်၊မကြောက်မရွံ့စိတ်ပင်ဖြစ်သည်။
တစ်ခါကကြုံဖူးသောဖခင်တစ်ဦးအကြောင်းပြောပါဦးမည်။မိုးကြိုးတွေပစ်၊မိုးတွေချိန်းသောညကဖခင်သည် သူကိုယ်တိုင်ကြောက်လာပြီးသူ့သားလေးလည်းသူ့လိုပဲကြောက်မည်ဟုထင်ကာသားအိပ်နေသောအခန်းသို့
သွားသည်။
သားလေးအခန်းဝသို့ရောက်ချိန်တွင်စောစောကထက်ကျယ်သောမိုးချိမ်းသံကြီးကြားလိုက်ရသည်။ ဖခင်ဖြစ်သူကသားတော့သိပ်ကြောက်နေမှာပဲထင်၏။သို့သော်သား၏အသံကိုကြားလိုက်ရတော့ သူအံ့သြသွားသည်။ "ဒီထက်ကျယ်ကျယ်ချုန်းလိုက်စမ်းပါ
မိုးမင်းကြီးရယ်" တဲ့။
အဖေကသာအခန်းထဲဝင်ပြေးကာ"သားရေမကြောက်နဲ့နော်"ဟုပြောကာပွေ့ဖက်၏။ဖခင်ဖြစ်သူ ရင်တွေခုန်ပြီးကြောက်နေတာကိုသားကသိသွားသည်။ခုနကကြောက်ရကောင်းမှန်းမသိသောသားက ယခုကြောက်လာ၏။
မိဘတို့၏ကြောက်စိတ်သည်ကလေးများထံကူးစက်တတ်၏။ အချို့မိခင်တွေက ပူပန်တတ်သည်။ "သားရေ၊
မတက်နဲ့၊ကျသွားမယ်နော်"၊"ဓားကိုမကိုင်နဲ့ရှလိမ့်မယ်"ဟုစိုးရိမ်စိတ်ဖြင့်သတိပေးတာ တွေက ကြောက်စိတ်ကို ပိုပွားစေသည်။
မိမိကိုယ်မိမိယုံကြည်စိတ်မရှိဘဲတုန်တုန်ယင်ယင်ဖြစ်၍မတော်တဆထိခိုက်မှုပိုဖြစ်နိုင်သည်။ ဓားမရှအောင်ကိုင်နည်း၊လှေကားပေါ်မှမကျအောင်ဆင်းနည်း၊တက်နည်းတွေကိုသင်ပေးသင့်သည်။
"ဓားမကိုင်နဲ့ရှလိမ့်မယ်"ဆိုသည့်စိုးရိမ်သံပါသောစကားအစား"ဓားမရှအောင်ဒီလိုကိုင်ရတယ်" ဟုပြသသင့်သည်။ကလေးများမှာလျင်မြန်စွာအတုခိုးတတ်ရာတစ်ခါနှစ်ခါပြရုံနှင့်စနစ်တကျ လုပ်တတ်ကိုင်တတ်လာသည်။
လုံခြုံစိတ်ချမှုဟူသည်ကလေးစိတ်တွင်းမှာရှိသကဲ့သို့လုံခြုံစိတ်ချသောပတ်ဝန်းကျင်မှလည်းဆင်းသက်လာနိုင်ပါသည်။ အကြောင်းကြောင်းကြောင့် ကလေးသည် အပြစ်သိပ်ရှိသလို ခံစားတတ်၊
ကြောက်ရွံ့သလိုဖြစ်တတ်၏။
မိမိကိုယ်မိမိယုံကြည်စိတ်သည်အစပထမတော့မရှိလှ။သူ့ဖာသာသူမလုံမခြုံဖြစ်နေသည်။ သူ့အတွေးသူ့ခံစားမှုများကို သူပြန်ကြောက်ရသည်။ သို့ဖြင့်
အလွန်အမင်း ရှက်တာ၊ အထီးကျန်တာ၊ မပျော်ရွှင်တာတွေ ဖြစ်လာမည်။
ကိုယ့်ဖာသာကိုယ်ကြောက်တတ်လာလျှင် ဘဝကြီးကိုယုံကြည်မှုရှိစွာ ရည်ရွယ်ချက်ရှိစွာ
လျှောက်လှမ်းနိုင်ဖို့ အရည်အသွေးတွေ ကင်းမဲ့လာပေ မည်။
မိဘများအပေါ်ယုံကြည်မှု
မိဘအပေါ်ကလေး၏ယုံကြည်မှုသည်လည်းတကယ်ပင်အရေးပါသည်။ကလေးပေါက်စများသည်
မိဘတွေဘာလုပ်လုပ်မှန်မည်ထင်တတ်ကြ၏။ မိဘတွေကို အနန္တတန်ခိုးရှင်တွေဟု မှတ်ကြ၏။
မိဘတွေကို သိပ်အထင်ကြီးသည်။ မိဘတွေပြောတာမှန်သမျှ သံသယကင်းစွာ ယုံကြည်ကြ၏။ မိဘအပေါ်
လုံးဝဥဿုံ ယုံကြည်မှုရှိသည်။
ကြာလာတော့လည်းမိဘတွေ၏ချို့ယွင်းချက်များကိုသူတို့သိလာ၏။မိဘတွေကပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးကျင့်ကြံတတ်ပုံတွေသိလာသည်။မိဘတွေ၏မရိုးသားမှုတွေမြင်လာသည်။
လူ့သဘာဝအတိုင်းပင် ထိုအခါ၌
မိဘအပေါ်ယုံကြည်မှုတွေ လျော့လာ၏။
ထို့ကြောင့်ကျွန်ုပ်တို့သည်စိတ်ပိုင်းဆိုင်ရာအရကျန်းမာစွာနှင့်ရိုးသားဖို့၊မှန်ကန်ဖို့လိုသည်။ကလေး တစ်ယောက်အဖို့မိဘကလိန်တာညာတာကိုမှတ်ထားတတ်၏။အမှန်တရားအားဖုံးကွယ်မှုကို သူတို့မကြိုက်။ ဤနေရာတွင် လိန်ပညာပေးကလည်း အရေးပါ၏။
ကလေးတွေကသူတို့ကိုဘယ်လိုမွေးလာသလဲဟုမေးတတ်ကြ၏။လူကြီးတွေကလှည့်ပတ်ဖြေသည်။
ကလေးတစ်ယောက်ကျောင်းမှပြန်လာပြီးအင်ဂျင်စက်အကြောင်းသူ့အဖေကိုမေးသည်။အဖေကစာရွက်ယူ၊ ခဲတံယူကာသေသေချာချာစိတ်ပါလက်ပါရှင်းပြတတ်မည်။
သို့သော်ထိုကလေးပင်အိမ်ဘေးကမိန်းမကြီးဘာဖြစ်လို့ကလေးမွေးတာလဲဟု မေးလျှင်ကား တောင်ပြော၊
မြောက်ပြောလျှောက်ဖြီးဖြန်းဖြေကြမည်။ကလေးကအမှန်တရားကိုမသိ။သို့သော်ယုတ္တိယုတ္တာမရှိတာတော့
သူသိသည်။
အဖေပြောတာအမှန်မဟုတ်တာ သူသိသည်။ ဤတွင် အဖေ့အပေါ်သူမယုံချင်တော့။
ကလေးမေးတာတိတိကျကျဖြေနိုင်ရန်လိန်ပညာရေးကိုသိထားရန်လို၏။လိန်မှုကိစ္စသည်ဘဝ၏
အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကလေးနားလည်အောင်ပြောပြရမည်။
ထိုသို့မှမဟုတ်လျှင်ကလေးသည်လိန်ကိစ္စကိုကြောက်စရာ၊ရွံစရာ၊ရှက်စရာဟု မြင်လာမည်။
ယောက်ျားကလေးကမိန်းကလေးကိုကြောက်၊မိန်းကလေးကယောက်ျားလေးကိုကြောက်တာတွေ မလိုအပ်ဘဲ ဖြစ်လာမည်။
သို့တည်း မဟုတ်မှားယွင်းသောအသိဖြင့် လိင်ကိစ္စတွင် အလွန်အကျွံနစ်သွားချင်
နစ်သွားမည်။
မိသားစုယူနစ်
မိသားစုတွင်းညီညွတ်ပျော်ရွှင်ရန်အရေးကြီးကြောင်းထပ်တလဲလဲပြောပြီးပါပြီ။မိသားစုသည်အခြေခံလူမှုအရေး အဖွဲ့အစည်းလေးဖြစ်၏။ကလေးငယ်သည်လည်းသူသည်ဤအဖွဲ့အစည်းဝင်ပေါက်စလေးဖြစ်ကြောင်း သိထားရမည်။
အိမ်သည်ဘော်ဒါဆောင်မဟုတ်။ဘုန်းကြီးကျောင်းမဟုတ်။ပညာရေးဖြစ်စဉ်သည်အိမ်တွင်သာအမှန်အကန် ဖြစ်ရမည်။ မိသားစုတွေပျော်ပျော်ပါးပါးနှင့်စည်းစည်းလုံးလုံး၊ရိုင်းရိုင်းပင်းပင်းရှိကြရာ နေထိုင်ကောင်းသော နေရာသည်
အိမ်ဖြစ်၏။
လူတိုင်းသူ့တန်ဖိုးနှင့်သူရှိနေသောနေရာသည်အိမ်ဖြစ်၏။အိမ်သည်နံရံလေးဘက်ကာထားပြီး
ရွှေဘောင်ကွပ်ထားသော၊ပန်းချီကားတွေချိတ်ဆွဲထားသောနေရာမည်ကာမတ္တမဟုတ်။ မေတ္တာတွေလွှမ်းခြုံ မွှန်းထုံရာနေရာသည်သာအိမ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။။
0 comments:
Enregistrer un commentaire