စာရေးသူဒီခေါင်းစဉ်လေးကိုကြားရစဉ်ကတည်းကဆောင်းပါးလေးတပုဒ်ရေးချင်နေတာ..သို့သော်..
မရေးဖြစ်ခဲ့ပါ
ဒီစကားလေးဟာတန်ဖိုးသိပ်ရှိတယ် character ဆိုတာပါဠိလိုဆိုရရင်သီလပါပဲ သီလဆိုတာကတော့လူတယောက်ရဲ့ပြုမူပြောဆိုကျင့်ကြံနေထိုင်ပုံဟုခေါ်ဆိုရသောကိုယ့်ကျင့်တရားကို
သီလလို့ခေါ်ဆိုပါတယ်။
powerဆိုတာကတော့လူဆိုရင်တော့ရာထူးစည်းစိမ်အာဏာဂုဏ်သတင်းကျော်စောမှုတွေကိုခေါ်ဆိုတာပါ
ဘုန်းကြီးဆိုရင်တော့ဘုန်းကြီးတာကိုဆိုတာပေါ့။
လူတယောက်၏တန်ဖိုးဟာကိုယ်ကျင့်တရားပါပဲကိုယ့်ကျင့်တရားကောင်းရင်ပါဝါတက်တာပါပဲ
ကိုယ်ကျင့်တရားမကောင်းရင်ပါဝါကျတာပါပဲဒါကြောင့်ပါဝါတက်ချင်ရင်ကိုယ်ကျင့်တရားကောင်းအောင်နေဖို့
လိုပါတယ်။
လောကမှာခြေထောက်နဲ့တူတဲ့ကိုယ်ကျင့်တရားမျက်စိနဲ့တူတဲ့ပညာတရားဆိုတာရှိပါတယ်၊ခြေထောက်နဲ့တူတဲ့
ကိုယ်ကျင့်တရားမရှိရင်ပညာနဲ့တူတဲ့မျက်စိရှိနေသော်လည်းကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမသွားနိုင်ဘူးမရောက်နိုင်ဘူးပေါ့။
ခြေထောက်နဲ့တူတဲ့ကိုယ်ကျင့်တရားရှိနေသော်လည်းမျက်စိနဲ့တူတဲ့ပညာမရှိရင်လည်းဘာမှမမြင်နိုင်ပါဘူး
ပညာရှိပြီးကိုယ့်ကျင့်တရားမကောင်းရင်လည်းဘယ်လောက်ချမ်းသာချမ်းသာအဲဒီပုဂ္ဂိုလ်မအောင်မြင်နိုင်ဘူး။
အောင်မြင်မှုရချင်ရင်ကိုယ်ကျင့်တရားကောင်းအောင်နေကြ
ဒီနေရာမှာကြားညှပ်ပြီးပြောချင်တယ် လူကြီးလူကောင်းတဲ့ဘာကိုလူကြီးလူကောင်းလို့ခေါ်တာလဲအသက်ကြီးလို့ခေါ်တာလား?ပိုက်ဆံရှိလို့ခေါ်တာလား? ပညာတတ်လို့ခေါ်တာလား?
စာရေးသူကတော့ပြောချင်ပါတယ်လူကောင်းဆိုတာကကိုယ်ကျင့်တရားကောင်းသူကိုလူကောင်းလို့ခေါ်ပါတယ်
အသက်လည်းကြီးတယ်ကိုယ်ကျင့်တရားလည်းကောင်းတယ်ဆိုရင်အဲဒီပုဂ္ဂိုလ်ဟာလူကြီးလူကောင်းပေါ့။
နောက်..လူတော်လူကောင်းကိုယ့်အပေါ်တော်တဲ့သူ..ကိုယ့်အပေါ်ကောင်းတဲ့သူကိုလူတော်လူကောင်းလို့
ခေါ်တာလား? မြတ်ဘုရားကတော့ကိုယ်ကျင့်တရားကောင်းပြီးတတ်သိပညာရှိတဲ့သူကိုလူတော်လူကောင်းလို့ခေါ်တာပါ
နောက်သူယုတ်မာနဲ့သူတော်ကောင်း..ကိုယ်ကျင့်တရားညံ့သူကိုယ်ကျင့်တရားပျက်စီးသူကိုသူယုတ်မာလို့ခေါ်တယ်
ကိုယ်ကျင့်တရားကောင်းသူတတ်သိပညာရှိတဲ့သူကိုတော့သူတော်ကောင်းလို့ခေါ်တယ်။
သူယုတ်မာနဲ့သူတော်ကောင်းခွဲခြားပေးတာကလည်းကိုယ်ကျင့်တရားပဲလေ
ကိုယ်ကျင့်တရားသည်လူ၏အရေးကြီးဆုံးသောအရာဖြစ်တယ်၊ဒါကြောင့်အနောက်တိုင်းပညာရှင်တွေက
when
wealth is lost,nothing is lost.
when health is lost,something is lost.
when
character is lost,everything is lost.
ဒီနေရာမှာပါဠိစာပေလေးနည်းနည်းဝင်ချင်တယ်
နစခုဒ္ဒ မာစရေကိဉ္စိ တော်ပြီဒီလောက်ပါပဲ ဒီစာတန်းလေးနဲ့ဗုဒ္ဓဘာသာတွေအတွက်အဆန်းဖြစ်မည်မထင်
မေတ္တာသုတ်မှာတွေ့ရပါတယ် အဓိပ္ပါယ်လေးက မကောင်းမှုကိုနည်းနည်းလေးမှမပြုမိပါစေနဲ့တဲ့ မိမိရဲ့ကာယကံမှု
ဝစီကံမှု မနောကံမှုကိုထိန်းသိမ်းဖို့ပါပဲ။
ကိုယ်ကလုပ်ချင်တယ်ဆိုရင်လုပ်ရမည့်အချိန်လား
ပြောတော့မည်ဆိုရင်ပြောရမည်အချိန်လားနေရာလား ကြံစည်တော့မည်ဆိုရင်လည်းကြံစည်ရမည့်နေရာလားအချိန်လားဆိုတာသိရပါ့မယ်။
ဒီလိုထိန်းသိမ်းလိုက်တာဟာ
ကိုယ်ကျင့်တရားပါပဲ နိုင်ငံတိုးတက်ချင်တယ်ဆိုရင် လူမျိုးရေးတိုးတက်ချင်တယ်ဆိုရင်ဘာသာတရားတိုးတက်ချင်တယ်ဆိုရင်လူတိုင်းကိုယ်ကျင့်တရားကောင်းဖို့
လိုပါတယ်။
ဒီနေရာမှာပုံပြင်လေးတခုဝင်ချင်တယ်တခါတုံးကလက္ခဏာဖတ်လုပ်ပြီးလှည့်လာကာလုပ်ကိုင်စားသောက်နေသော
သူတယောက်၇ှိတယ်သူဟာလက္ခဏာဖတ်တာသိပ်ပြီးကျွမ်းကျင်တယ်။
လမ်းမှာခြေရာတခုတွေ့တယ်ခြေရာကိုကြည့်တော့မင်ရဲ့လက္ခဏာဖြစ်နေတယ် သူကလည်းသူရဲ့ပညာကိုယုံတော့ခြေရာနောက်ကိုလိုက်တယ်တဖြေးဖြေးနဲ့လိုက်ရင်းတောထဲရောက်သွားတယ်
တောထဲရောက်တော့သူလိုက်နေတဲ့သူကိုတွေ့ပါပြီ
ခြုံထဲမှာလက်ကြားညှပ်ကာကျင်ငယ်စွန့်နေတဲ့သူ လက္ခဏာဖတ်တဲ့ဆရာကသူ့ကိုသေသေချာချာကြည့်တယ်ကျင်ငယ်စွန့်သူကခင်ဗျားဘာကြည့်တာလဲ?
ကျွန်တော်ကျင်ငယ်စွန့်တာကြည့်တာလား?
လက္ခဏာဖတ်တဲ့ဆရာကမဟုတ်ရပါဘူး ဆရာကြီးကိုမေးဆရာရှိလို့ပါ ဘာမေးမှာလည်းမေးဆိုတော့ဆရာကြီးဘာလုပ်စားလဲ
ကျွန်တော်ဇာတ်ထောင်စားတယ် ဟုတ်ပါပြီ ဇာတ်ထဲမှာဘယ်အခန်းကပါလဲ ဘုရင်အခန်းကပါတယ်။
အော်..
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ပြောပြီးထွက်လာခဲ့တယ် လက္ခဏာဖတ်တဲ့ဆရာကတွေးတယ်ဒီလိုလက်ကြားညှပ်ပြီးကျင်ငယ်စွန့်မကောင်းသောအမူအကျင့်လေးကြောင့်
သူဟာတိုင်းပြည်အုပ်ချုပ်ရမည့်အစားဘာမှမဟုတ်တဲ့ဇာတ်ထဲမှာမင်းဖြစ်နေရတာပါလားလို့တွေးလိုက်မိတယ်။
ကျန်တဲ့ငါးပါးသီလထားလိုက်ပါအုံးဒီလိုမကောင်းတဲ့အမူအရာလေးကတောင်မင်းအဖြစ်ကလွဲချော်ရတယ်
ဒါကြောင့်မကောင်းမှုကိုနည်းနည်းလေးမှမလုပ်မိစေနဲ့လို့မြတ်ဘုရားမ့်တာကိုးလို့တွေးလိုက်မိတယ်။
ရှေးပညာရှိတွေကတော့လူရဲ့တန်ဖိုးဟာကိုယ်ကျင့်တရား ကိုယ်ကျင့်တရားသည်လူ၏အသက် ထို့ကြောင့်ကိုယ်ကျင့်တရားကိုအသက်ထက်သမျှတန်ဖိုးထားစောင့်ထိန်းကြတဲ့။
ကိုယ်ကမကောင်းမှုပြုမိတော့မယ်ဆိုရင် နစခုဒ္ဒ မာစရေကိဉ္စိ ဆိုတဲ့ပါဠိလေးကိုသတိရလိုက်ပါ
မိမိရဲ့ ကာယကံ ၀စီကံမှု မနောကံမှုကိုထိန်းသိမ်းပြီး လူဆိုရင်လဲ အာဏာပါဝါ စည်းစိမ်ဂုဏ်ထူးတွေတိုးတက်အောင်ဘုန်းကြီးဆိုရင်လဲဘုန်းကြီးအောင်လုပ်ပြီး
လူမျိုးရေးအတွက် ဘာသာရေးအတွက်နိုင်ငံရေးအတွက်လုပ်ဆောင်နိုင်ကြပါစေ။
သီလခေါ်ဆို
ကိုယ်ကျင့်ကောင်းမှ တောင်းတိုင်းတတိုင်း ရနိုင်တယ်
ပဒေသာပင်
အိမ်မှာပေါက်သလိုကောက်ယူသုံးလို့ရနိုင်တယ်။
ကိုယ်ကျင့်ကောင်းကျိုး
ချက်ချင်းတိုး အားကိုးလောက်ပေတယ်။
အဲဒါကြောင့်
ကိုယ်ကျင့်သီလ ဒီဘ၀ တည်မြဲကြမယ်ကွယ်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။
0 comments:
Enregistrer un commentaire