မနုဿတ္တဘာဝေါဒုလ္လဘောဆိုတဲ့ တရားတော်မှာ မနုဿ လို့ ဟောတော်မူခဲ့၏ မြန်မာလိုအဆို လူ ဖြစ်တယ်လို့ ဆို၏၊လူသားပေါ့။မြတ်စွာဘုရားက ဘာကြောင့် လူ လို့ ခေါ်သလဲ?
မနုဿမှာ ပါဠိစကားနှစ်ခု ဆက်ထားသော မာနရယ်၊ ဥဿရယ်၊ မန နဲ့ ဥဿတွဲတော့
မနုဿ ဖြစ်သွား၏။ မနဆိုတာ စိတ်၊ ဥဿဆိုတာ မြင့်မြတ်တာ၊ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဟူ၍ဆို၏။
သာရတ္ထဋ္ဋီကာ ကျမ်းမှာ မနုဿရဿန္နတာယမနုဿ - စိတ်ထားမြင့်မြတ်သောကြောင့် မနုဿ ဟုခေါ်ဆိုထား၏။ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မှာ
အရည်အချင်း(၃)မျိုးရှိ၏။
(၁) သူရော - ရဲစွမ်းသတ္တိရှိခြင်း၊
(၂) သတိမန္တော - သတိတရားနဲ့ ပြည့်စုံခြင်း၊
(၃) ဗြဟ္မစရိယ၀ါသော - မြတ်သောအကျင့်ကိုကျင့်ကြံနိုင်ခြင်း ဟူ၍ ဖြစ်သည်။
မနုဿ-လူသားမှန်လျှင် ရဲစွမ်းသတ္တိ ရှိရမည်၊သတ်ဖြတ် တိုက်ခိုက်၊ ခိုးဆိုး၊ဆဲဆိုရဲသော အရာကိုပြောသည်မဟုတ်။
ဒါနပြုတဲ့နေရာ၊ သီလဆောက်တည်တဲ့နေရာ၊ ဘာဝနာတရားအားထုတ်တဲ့နေရာ
တွေမှာ နောက်မတွန့် ပဲ ရဲစွမ်းသတ္တိရှိခြင်းမျိုးကို ဆို၏၊မနုဿလူသား မှန်လျှင် သတိတရားရှိရ၏။ ကိုယ့်စိတ်ကို သတိထားကြည့်ရ၏ ကိုယ်တိုင် ဘာကြံ
တွေးတောနေသည်ကို သတိထားရင် သိတက်၏။
စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ် နဲ့  အမြဲသတိထားပြီတော့ မကောင်းတာ မကြံစည်ဘဲ ကောင်းတဲ့အရာကိုသာကြံစည်ပြီး ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်၏။
မနုဿလူသားမှန်လျှင် မြတ်သောအကျင့်ကိုသာ ကျင့်သုံးရ၏၊နိဗ္ဗာန်ရောက်ကြောင်းတရား၊ သတိပဋ္ဌာန်တရား၊ မဂ္ဂင်ရှစ်ပါး စတဲ့ ဗောဓိပက္ခိယတရား
(၃၇)ပါးကို ကျင့်သုံးရ၏။
ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ဒီအရည်အချင်းမျိုးရှိမှ မနုဿ စာရင်းဝင်၏။ လူဖြစ်ဖို့ လွယ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဒါနဲ့  မှတ်ကျောက်တင်ကြည့်ပါ။
မနုဿလို့ ခေါ်တဲ့ လူနည်းနည်းပဲရှိပါတယ်။ မနုဿ မဟုတ်တဲ့ သူတွေဟာ အမနုဿ တွေပါ။ လူနဲ့ ပုံသဏ္ဍာန်တူပေမယ့်မနုဿလူစစ်မဟုတ်ကြပါ။ အမနုဿလူတွေပါ။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ
0 comments:
Enregistrer un commentaire