Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 27 décembre 2013

နိဗ္ဗာန်သည် ဘယ်အရပ်၌တည်ရှိပါသနည်း



အထက်ပါခေါင်းစဉ်နှင့်ပါတ်သက်ပြီး မေးခဲ့ဖူးပါတယ် တခါက မိလိန္ဒမင်းကြီးက အရှင်နာဂသေနအားမေးလျှောက်ဖူးတယ် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အထက်အရပ် အောက်အရပ် ဖီလာအရပ်တို့တွင်မည်သည့်အရပ်၌နိဗ္ဗာန်တည်ရှိသနည်း?

အရှင်နာဂသေနက မင်းကြီးအား ဖြေကြားခဲ့ပုံမှာပညာသားပါလှသည် မင်းကြီးအရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အထက်အရပ် အောကအရပ် ဖီလာအရပ်တို့တွင် နိဗ္ဗာန်တည်ရှိသည့်နေရာမရှိပါ။

ယင်းနောက် မိလိန္ဒမင်းကြီးကအကယ်၍ နိဗ္ဗာန်သည် မည့်သည့်အရပ်တွင်မျှမရှိခဲလျှင်နိဗ္ဗာန်ဟူသည်မရှိသည်သာမကနိဗ္ဗာန်ကိုသိမြင်ပြီးသူများသည်လည်း

မှားယွင်းစွာသိမြင်ခြင်းသာဖြစ်ကြောင်းငြင်းဆိုသည်။

ထို့အပြင်မိလိန္ဒမင်းက အကယ်၍ကမ္ဘာပေါ်တွင်ကောက်ပဲသီးနှံထွက်သည့်လယ်မြေများ အသီးသီးသည့်သစ်ပင်များ ကျောက်မျက်ရတနာတွင်းများရှိခဲ့လျှင် ထိုအရာများထွက်သည့်နေရတခုရှိရမည်သာဖြစ်တယ်။

ထို့အတူ အကယ်၍နိဗ္ဗာန်ရှိသည်ဆိုလျှင်နိဗ္ဗာန်အတွက်နေရာတခုရှိရမည်၊သို့မဟုတ်ဘဲနိဗ္ဗာန်ဖြစ်ပေါ်

ရန်နေရာမရှိဆိုဘိမူထိုးထွင်းသိမြင်ရသောနိဗ္ဗာန်ဟူသည်မရှိဟုငြင်းချက်ထုတ်သည်၊

မင်းကြီးရဲ့ငြင်းဆိုချက်ကို အရှင်မြတ်ကခုလိုလေးဖြေရှင်းပေးလိုက်ပါတယ်။ မင်းကြီးနိဗ္ဗာန်ကိုသိုမှီးထားရန်နေရာမရှိပါ သို့ပေမဲ့ နိဗ္ဗာန်တည်ရှိပါ၏ ယောနိသောမနသိကာရဖြင့်မှန်ကန်စွာကျင့်ကြံအားထုတ်သောသူမြင်နိုင်ပါ၏..

ဥပမာ မီးကိုထိန်းသိမ်းထားမည့်နေရာမရှိသော်လည်း မီးသည်တည်ရှိပါ၏ လူတယောက်တုတ်ချောင်းနှစ်ခုကိုပွတ်တိုက်မိပါကမီးကိုရရှိပါ၏၊

ထို့အတူနိဗ္ဗာန်ကိုထိန်းသိမ်းထားမည့်နေရာမရှိသော်လည်းယောနိသောမနသိကာရဖြင့်မှန်ကန်စွာ

ကျင့်ကြံအားထုတ်သောသူသည်နိဗ္ဗာန်သည်တည်ရှိပါ၏။

နိဗ္ဗာန်ကိုအသွင်အပြင်ပုံသဏ္ဍာန်အားဖြင့်ဖော်ပြရန်မရှိ သက်တမ်းအရွယ်အစားလိုက်ဖော်ပြရန်မရှိ နိဗ္ဗာန်တန်ဖိုးနဲ့ပါတ်သက်ပြီးတော့ဟောကြားထားတာတော့အတိအကျရှိခဲ့ပါတယ်။

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘံ
ဧတ္ထ အာပေါစပထဝီ တေဇော ဝါယော နဂါဓတိ
ဧတ္ထ ဒီဃဉ္စ ရဿဉ္စ အနုံ ထူလံ သုဘာသုဘံ
ဧတ္ထ နာမဉ္စ ရူပဉ္စ အသေသံ ဥပရုဇ္ဈတိ
ဝိညာဏဿ နိရောဓေန ဧတ္ထေတံ ဥပရုဇ္ဈတိ။

မကောင်းသော အပိုင်းအခြားမရှိသော ထက်ဝန်းကျင်ဆိပ်ကမ်းရှိသော ဥာဏ်အထူးဖြင့်သိအပ်သောနိဗ္ဗာန်သည်ရှိ၏ နိဗ္ဗာန်၌မြေ ရေလေ မီးမတည်ပေ နိဗ္ဗာန်၌ အ၇ှည် အတို အငယ်အကြီး အကောင်းအဆိုး မရှိ နိဗ္ဗာန်၌ ရုပ်နာမ်ချုပ်၏ နိဗ္ဗာန်၌ ဝိညာဉ်ချုပ်ခြင်းကြောင့် ရုပ်နာမ်ချုပ်၏။

ဥပမာတခုပြောပြရလျှင် မျက်စိမကောင်းတဲ့မမြင်တဲ့သူသည် နေနဲ့လ ကိုမမြင်နိုင်သကဲ့ပင် မျက်မမြင်မမြင်နိုင်လို့ နေ နှင့်လ အမှန်တကယ်မရှိဘူးလို့မဆိုနိုင်ပေ နေ နှင်လ ထင်၇ှားရှိပါလျှက် မျက်မမြင်ပုဂ္ဂိုလ် ကုသိုလ်ကံမကောင်း၍သာမမြင်နိုင်ခြင်းဖြစ်ပါတယ်။

အလားတူပင်လောကီပုဂ္ဂိုလ်တို့သည် လောကုတ္တရာပညာဥာဏ်မရှိခြင်းကြောင့် နိဗ္ဗာန်ကိုမမြင်နိုင်ခြင်းဖြစ်ပေတယ် ထို့ကြောင်းကို သဂြိုလ်ကျမ်းမှာ “နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ စတုမဂ္ဂဥာဏေန သစ္ဆိကာတဗ္ဗံ “ နိဗ္ဗာန်ကိုလောကုတ္တရာ မဂ်ဥာဏ်ဖြင့်သာတွေ့မြင်အပ်ပါတယ်။

ဓမ္မစမ်းရေ…

jeudi 26 décembre 2013

ဓမ္မစမ်းရေအတွေးစာစုများ

*သင် အောင်မြင်ကြီးပွားလာချိန်မှာ တကယ်ထိန်းချုပ်ရမှာက ကိုယ်ကျင့်တရားပဲ

ကိုယ်ကျင့်တရားမထိန်းချုပ်ဘဲ မာနနဲ့ရောယှက်နေမယ်ဆိုရင် တော့

သင့်ဘဝကတော့ဘယ်လောက်ပဲအောင်မြင်နေပါစေ ကျရှုံးနေပြီဆိုတာ

သတိပြုလိုက်စမ်းပါ။ 


* ဆင်းရဲတဲ့နိုင်ငံ ဆင်းရဲတဲ့ လူမျိုး ဆင်းရဲတဲ့ မိသားစု

ဆင်းရဲတဲ့ပါတ်ဝန်းကျင်အတွက်

အရင်းအနှီးဟာ ကိုယ်ကျင့်တရားပဲ

အရင်အနှီးကောင်းမှ အတိုးအပွားဖြစ်တဲ့ ပညာ ဥစ္စာရမယ်

ဒါကြောင့်...ကိုယ့်မှာရှိတဲ့ အရင်းအနှီးကိုအလကားလုပ်မပြစ်ကြပါနှင့်။

  
*ဘဝမှာဘယ်လောက်ပဲ ဆင်းရဲနေပါစေ

ဘယ်လောက်ပဲ ကျရှုံးနေပါစေ

ဘယ်လောက်ပဲ အောင်နိုင်နေပါစေ

ဘယ်လောက်ပဲ ကျော်ကြားနေပါစေ

ကိုယ်ကျင့်တရားနဲ့တူတဲ့ သီလကိုတော့ အသက်နဲ့လဲပြီး ကာကွယ်ဖို့လိုတယ်

ဒါမှသာလျှင် သင့်အနာဂါတ် ကောင်းမွန်နေလိမ့်မယ်။

  
*လူ့ဘဝသစ်ပင် ရှင်သန်ကြီးထွားစေဖို့

ကိုယ်ကျင့်တရားဆိုတဲ့ သန့်ရှင်းကြည်လင်တဲ့

ရေနဲ့လောင်ပြီး ပြုပြင်ကြပါစို့။


* ကြီးပွားတိုးတက်လိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

ကျော်ကြားထင်၇ှားလိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

လူချစ်လူခင်ပေါလိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊၊

လူတော်လူကောင်းဖြစ်လိုလျှင် ကိုယ်ကျင့်တရား စောင့်ထိန်းပါ၊

ကမ္ဘာကျော်ပုဂ္ဂိုလ်ထူးဖြစ်လိုလျှင် ကိုယ်ကျင့်တရားစောင့်ထိန်းပါ၊

ဖြစ်လိုလျှင်....


* လောကရဲ့ အလှပဆုံး အဆင်းရနံ့

အမြင့်မြတ်ဆုံး ကိုယ်ကျင့်သိက္ခာ

ကမ္ဘာ့အငြိမ်းချမ်းဆုံးသော အရာကို ပေးနိုင်တာက...သီလပဲ

ဒါကြောင့်...တို့တတွေ အလှပဆုံးသောရနံ့ကို နှစ်သက်ပါသလား?

ငြိမ်းချမ်းမှုကိုလိုလားပါသလား?


  
*ဘဝကို ပျော်ရွှင်စရာ စိတ်မြေ့စရာလေးတွေနဲ့ တည်ဆောက်နိုင်ရင် ဘဝဟာနေချင်စရာပါပဲ

သို့သော် ....အမုန်းတရား အာဃာတ ရန်ငြိုးတွေနဲ့နေမယ်ဆိုရင်တော့ ဘဝကပျင်းစရာကြီးဟု

သင်ပြောလာမှာ သေချာပါတယ်။


* သြော်.. လောကလူတွေ အကောင်းဘယ်လောက်လုပ်လုပ်

သမိုင်းကြောင်းမကောင်းခဲ့တော့ အကောင်းကိုမမြင်ကြဘူး၊

ဒါကြောင့်...လူတွေ သမိုင်းကြောင်းကောင်းအောင်နေဖို့လိုပါတယ်

သမိုင်းကြောင်းကောင်းအောင်ကြိုးစားကြပါ.

  
*လူတွေက ဘာနဲ့တူသလဲဆိုရင် အချိန်တန်ရင် အရည်ပျော်တတ်တဲ့ ဖယောင်းတိုင်နဲ့တူတယ်

လူတွေဟာအချိန်တန်ရင် ကိုယ့်လုပ်တဲ့အမှုမှာမူတည်ပြီးသွားကြမှာပဲ

အချိန်မတန်ခင် ဖယောင်းတိုင်ဟာ လူတွေအတွက် အလင်းတန်းပေးခဲ့သလို

တို့တတွေ လူတွေအတွက် အလင်းတန်းပေးနိုင်ခဲ့ပြီလား?

  
*မျက်စိကောင်းလျှက်နဲ့ မမြင်ရသူထက်

မျက်စိမမြင်ရလို့ မျက်စိမြင်လာအောင်

အထူးတလည် လုပ်ဆောင်သောသူက

သာပြီး တော်တယ် မြတ်ပါတယ်၊ 


* မီးကလည်း မလင်း

လကလည်း မသာ

ခြေထောက်တော့ခိုက်မိတော့မှာပဲ၊

ပညာကလည်း မရှိ

ပစ္စည်းဥစ္စာကလည်း မပါ

ကိုယ်ကျင့်သီလကလည်း မွဲ

ထိုပုဂ္ဂိုလ်တော့...လူစင်မှီမှာမဟုတ်တော့ပါဘူး၊

  
*ဆားမပါတဲ့ဟင်း စားလို့မကောင်းဘူး

တက်မပါတဲ့လှေ ခရီးမရောက်ဘူး

ကိုယ့်ကျင့်သီလမကောင်းတဲ့သူ လူမပီသဘူး

ဒါကြောင့်..

လူပီသအောင် ကိုယ်ကျင့်သီလကောင်းအောင်စောင့်ထိန်းဖို့လိုတယ်။


* လောကလူတွေဟာ

ကိုယ့်အကြောင်းကိုသိအောင်အရင်မကြိုးစားကြဘဲ

တပါးသူအကြောင်းကိုသိအောင်ကြိုးစားနေကြတယ်

ကိုယ့်အကြောင်းကိုသိအောင်ကြိုးစားကြပါ

ဒါမှသာလျှင်...ကိုယ့်အတွက်တန်ဖိုးရှိလိမ့်မယ်။

  
*တချို့ကပညာတတ်တွေကိုအားကျကြတယ်

တကယ်တော့လောကမှာ အသိတရားတွေနဲ့

လောကကိုပေးဆပ် မိမိကိုယ်ကိုကိုယ်ကျင့်သီလကောင်းအောင်

နေထိုင်နိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ လူတော်ပါ လူ့သူတော်ကောင်းပါ။ ဓမ္မစမ်းရေ..


lundi 9 décembre 2013

ဒုက္ခဆိုတာကြောက်စရာလား?

                          
ဘဝရဲ့အစ အလယ် အဆုံးလူတွေမှာဒုက္ခတရားတွေချည်းပါပဲ အငိုနဲ့စ အငိုနဲ့ဆုံး သံသရာတလျှောက်ငိုခဲ့ရတဲ့မျက်ရည်ဟာ သမုဒ္ဒရာရေထက်မနည်းဘူးဟုမြတ်ဘုရားဟောကြားခဲ့တယ်။

ဒုက္ခဆိုတဲ့အနက်အဓိပ္ပါယ်ကိုဆင်းရဲခြင်းလို့ဘာသာပြန်ရင်မလုံလောက်ပါဘူး ဒုက္ခဆိုတဲ့စကားလုံးနှစ်ခုဟာ တည်မြဲခြင်းမရှိ ဖောက်ပြန်ပျက်စီးခြင်းသဘော အထင်ကြီးစရာမရှိ သာယာဖွယ်ကင်း စက်ဆုတ်ခြင်း ထိန့်လန့်စရာ လုံးဝရန်သူအစစ်ဆိုတဲ့အဓိပ္ပါယ်ပြန်ရင်တောင်မလုံလောက်နိုင်ဘူး ဒုက္ခရဲ့အဓိပ္ပါယ် (၂၅)မျိုးလောက်ရှိနေတာကိုး။

စာပေမှာတော့...
ဒုက္ခ ဒုက္ခ
ဝိပရိဏာမ ဒုက္ခ
သင်္ခါရဒုက္ခ ဆိုပြီးသုံးခုပြထားတယ်။
ပထမ ဒုက္ခနဲ့ ဒုတိယ ဝိပရိဏာမ ဒုက္ခတွေကတော့သိလွယ်တဲ့ ပညတ်ဒုက္ခတွေပါ သင်္ခါရဒုက္ခကတော့ ရုပ်နာမ် တရားတွေကို သင်္ခါရနယ်ပယ်ထဲ ထဲထဲဝင်ဝင်သိမြင်နိုင်တဲ့သူဟာအင်မတန်နည်းပါးပါတယ်။

ပညတ်ဒုက္ခတွေကိုသိနေရုံနဲ့အရိယာမဖြစ်နိုင်ဘူး ပရမတ်လို့ခေါ်တဲ့ သင်္ခါရဒုက္ခတွေကိုသိနိုင်ပါမှဘဝကိုတကယ်စက်ဆုတ်ပြီး နိဗ္ဗိဒါ ဥာဏ်ကိုဖြစ်စေပြီးနိဗ္ဗာန်ရောက်နိုင်မှာပါ။

ဒီတော့ဒုက္ခကိုသိတယ်ဆိုတာ သင်္ခါရဒုက္ခသိမှ ဒုက္ခကိုတကယ်သိတယ်ခေါ်နိုင်မှာပါ ရိုးရိုးသာမာန်သိနေရုံနဲ့တော့သိတယ်မခေါ်နိုင်ပါဘူး ဒီအကြောင်းနဲ့စပ်ပြီးကြားဖူးထားတာလေးရှိတယ်။

 တခါတုံးကရွာတရွာရဲ့တဘက်ကမ်းမှာအင်မတန်သာယာလှပတဲ့တော
အုပ်တခုရှိပါတယ်သစ်ပင်တောတောင်တွေကစိမ်းစိမ်းစိုစိုကျေးငှက်ကလေးတွေကလည်းအလွန်ပေါ
ရှဉ့်ကျားမလေးတွေကလည်းဆော့ကစားကမ္ဘာ့မျက်လုံးအလှပိုင်ရှင်ဖြစ်တဲ့သမင်မလေးတွေကလည်း
အန္တရာယ်မရှိတဲ့တောထဲမှာနေရတော့အလွန်ပျော်စရာပေါ့။

တောအုပ်ရဲ့အလယ်မှာစမ်းချောင်းကလေးကလည်းစီးဆင်းသံတွေနဲ့အတူသာယာလှပတဲ့မြင်ကွင်း..
.တောရဆောက်တည်တဲ့ရဟန်းတပါးရဲ့အကျင့်သီလသိက္ခာတွေနဲ့အလှဆင်ထားတော့ဂနိုင်တောကြီးက
လှချင်တိုင်းလှနေလေရဲ့။

တောရဆောက်တည်တဲ့ရဟန်းမှာပြုစုလုပ်ကျွေးနေတဲ့ကပ္ပိယကြီးလည်းရှိတယ် ရဟန်းကနေ့စဉ်နေ့တိုင်းတရားဘာဝနာအားထုတ်နေသတဲ့ ကြုံတွေ့လာတဲ့သင်္ခါရတရားအာရုံတိုင်းကိုရဟန်းက ငြီးငွေ့စွာနဲ့ ဒုက္ခ ဒုက္ခ မြင်ရင်လည်း ဒုက္ခ ကြားရင်လည်းဒုက္ခ စားရင်လည်း ဒုက္ခ နေရာတိုင်းမှာဒုက္ခလို့ချည်းညည်းညူသတဲ့။

ကပ္ပိယကြီးကလည်းရဟန်းဒုက္ခလို့ငြီးနေတာကိုတရားသဘောနဲ့မတွေးဘဲဘာမြန်းဒုက္ခရောက်နေလဲမသိဟု
အမြဲတွေးနေသတဲ့တနေ့တော့မြို့ကဒကာတွေရဟန်းကိုဖူးမြော်ရင်းကောင်းမွန်သောအစားစာတွေ
ဆက်ကပ်ကြတယ် အင်းဒုက္ခတွေစားရပေအုံးမည်ဟုညည်းညူသတဲ့။

အဲဒီအနားမှာလိုရာကိစ္စကိုပြုစုပေးနေတဲ့ကပ္ပိယကြီးက ဒီလောက်ကောင်းမွန်တာစားနေတာတောင်ငြီးနေသေးတယ် တို့မြန်းဒီလိုဒုက္ခအမြဲတွေ့ချင်လိုက်တာဟုစိတ်ကူးနေသတဲ့။

ကျောင်းအနီးမှာနေတဲ့မျောက်ကြီးကလည်းဒုက္ခဆိုတဲ့စကားကိုနေ့တိုင်းကြားနေရတော့စိတ်ဝင်စားနေသတဲ့ ဒါနဲ့ခရီးသွားလူတယောက်ကိုမေးမြန်းသတဲ့ဟေးဆရာ..ဒုက္ခဆိုတာဘာလဲဗျသိသလားဒုက္ခကဘယ်လို
အမျိုးစားလဲကောင်းတဲ့အရာဝတ္ထုလားပြောစမ်းပါဒုက္ခရှိရင်လည်းပေးစမ်းပါခရီးသွားကလည်း
ဒုက္ခဆိုတာမကောင်းဘူးမကြိုက်ပါနဲ့လို့ပြောလဲမရဘူးစိတ်ဝင်းစားနေလေရဲ့။

ဒါနဲ့ခရီးသွားကလည်းတောကျောင်းကိုသွားမေးချေ ဒါနဲ့မျောက်ကလေးကလည်းတောရကျောင်းကိုသွားသတဲ့ ကျောင်းသွားတော့ရဟန်းကမရှိတဲ့အချိန်မို့ ကပ္ပိယကြီးနဲ့တိုးသတဲ့ ကပ္ပိယကြီးကလည်း ဘာကိစ္စရှိလို့လဲဆိုတော့ဒုက္ခဆိုတာသိချင်လို့ ဒုက္ခအကြောင်းပြောပြ ဒုက္ခရှိရင်ပေးစမ်းပါ။

ကပ္ပိယကြီးလည်းဒုက္ခဆိုတာမကောင်း မလိုချင်ပါနဲ့ပြောလည်းမရ အကြိမ်ကြိမ်တောင်းနေတာနဲ့ ဒါဖြင့်ရင် မနက်ဖြန်ကျောင်းကိုလာခဲ့ မနက်ဖြန်လာရင်ဒုက္ခထုတ်ကိုပေးမယ်ဆိုတော့မနက်ဖြန်ဆိုတာတွေးပြီးပြန်သွားသတဲ့။

ကပ္ပိယကြီးကလည်းမျောက်ပြန်သွားတာနဲ့ဂုန်နီအိပ်ထဲကိုတောခွေးတကောင်ထည့်ပြီးထုတ်ထားလိုက်တယ် မနက်မိုးလင်းတာနဲ့ ဒုက္ခလိုချင်တဲ့မျောက်ကအစောကြီးထလာလေရဲ့။

ကပ္ပိယကြီး ဘယ်မလဲဒုက္ခ ကျပ်ကိုပေးတော့ ကပ္ပိယကြီးကလည်းကျောင်းအောက်မှာထုတ်ထားအထုပ်ကိုမလာပြီးမျောက်ကိုခုချက်ချင်းဖြေမကြည့်ရဘူး လွင်တီးခေါင်တခုရောက်မှဖွင့်ကြည့်ရမယ်လို့ပြောပြီး ပေးလိုက်တယ် အဲဒီအချိန်မှာမင်းလိုချင်တဲ့ဒုက္ခ တွေ့ချင်နေတဲ့ဒုက္ခ တွေ့လိမ့်မယ်။

မျောက်ကြီးကလည်းသူတွေ့ချင်နေတဲ့ဒုက္ခကိုတွေ့ရတော့မှာမို့ပေးလိုက်တဲ့အထုပ်ကိုထမ်းကာ
လွင်တီးခေါင်ကိုအမြန်ရောက်အောင်သွားသတဲ့ လွင်တီးခေါင်လည်းရောက်ရောဖွင့်ကြည့်လိုက်တဲ့အခါ ညကအစာမစားရတဲ့တောခွေးကြီးကဒေါသတထောင်းထောင်းထပြီး မျောက်ကိုလိုက်ကိုက်တော့တာပဲ
 မျောက်ကလည်းသစ်ပင်မရှိတဲ့လွင်တီးခေါင်မှာမို့တောစပ်ရောက်အောင်မနည်းပြေး သစ်ပင်ပေါ်မနည်းတက်လိုက်ရတယ်တဲ့။

အမလေး မောလိုက်တာ ဒုက္ခဆိုတဲ့အကောင်က မျက်လုံးပြူးပြူး အစွယ်ကားကားနဲ့အတော်ဆိုးတာပဲ ဒုက္ခဆိုတဲ့အကောင်ကိုကြောက်ပါပြီဟုညည်းညူသတဲ့။

တကယ်တော့ရဟန်းပြောတဲ့ဒုက္ခဆိုတဲ့အကြောင်းအရာကို ကပ္ပိယကြီးကမသိဘူး ကပ္ပိယကြီးသိတဲ့ ဒုက္ခအကြောင်းကိုမျောက်ကလိုက်မမှီဘူး တကယ်တော့ ပုံပြင်ထဲမှာတင်မဟုတ်ဘူး လောကအလယ်မှာလဲ ဒုက္ခရဲ့အဓိပ္ပါယ်ကိုကိုယ့်သဘောနဲ့ကိုသိနေကြတာပါပဲ။

ဒုက္ခဆိုတာကြောက်စရာမဟုတ် စိတ်ဝင်စားစရာပါ ဒုက္ခ၇ှိမှသုခရှိမယ် ဒုက္ခမရှိရင်သုခမလာရောက်နိုင် မြတ်ဘုရားက သစ္စာလေးပါးကိုဟောတဲ့အခါမှာ ဒုက္ခကိုပယ်ဖို့မဟုတ် သိဖို့သာဖြစ်တယ်။

ဒုက္ခဆိုတာ ရဲ့ရင်သူတွေအတွက်အတွေ့အကြုံကောင်းတခုပါ အတွေ့ကြုံကောင်းတခု၇ှိမှ အလုပ်တခုလုပ်တဲ့အခါမှာအဆင်ပြေပါတယ်၊ ဒါကြောင့် ဒုက္ခကိုချစ်စရာအဖြစ်လက်ခံပြီး အတွေ့အကြုံကောင်းတွေရအောင်ယူပါ။

တကယ့်ပရမတ်သဘောဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ သင်္ခါရဒုက္ခကိုသိနိုင်ဖို့ကြိုးစားဖို့လိုပါတယ်ဒါမှသာလျှင်လိုပန်းတိုင်ရောက်မည်မဟုတ်လား?
ဓမ္မစမ်းရေ။



jeudi 5 décembre 2013

နိဗ္ဗာန်ရောက်ချင်ရင် ငါ့ကိုမချစ်နဲ့



တခါတုံးကရွာတရွာမှာအလွန်ချမ်းသာတဲ့လူတယောက်ရှိတယ်သူဟာဘာသာရေးကိုအလွန်လေးစားတယ်

သူမှာတဦးတည်းသောသမီးလေးကိုလည်းအလေးထားစေတယ်တနေ့တော့သူဟာရွာမှာဘုန်းတော်ကြီး
ကျောင်းတကျောင်းဆောက်လုပ်ပြီးစာပေတတ်တဲ့သံဃာတော်တပါးပင့်ပြီးလှူဒါန်းထားတယ်။
ကျောင်းတင်မဟုတ်ဘဲ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးလှူဒါန်းတဲ့ဒကာကြီးမိသားစုပေါ့ သမီးပျိုလေးကလည်း ၁၇ နှစ် ဝိပဿနာသတိပဋ္ဌာန်တရားတွေကိုလည်းတရိုတသေလိုက်စားတယ်။

ကျောင်းကိုလည်းနေ့စဉ်နေ့တိုင်းသွားပြီးဆွမ်းပို့တာကိုသူပဲတာဝန်ယူထားပြီးအပျက်မကွက်ပို့တယ်

မသိတဲ့တရားတွေလည်းဘုန်းတော်ကြီးဆီမေးပေါ့ဒီလိုနဲ့သမီးလေးဟာကျောင်းကိုသွားပြီးဆွမ်းတွေပို့
တရားဓမ္မတွေမေးနဲ့အရွယ်နဲ့မလိုက်တရားဘာဝနာတွေစိတ်ဝင်စားနေတာပေါ့။

တနေ့တော့ဘုန်းကြီးကိုသမီးလေးကမေးတယ် အရှင်ဘုရားဒီကျောင်းကဘယ်သူ့ကျောင်းလည်းဘုရား? နင့်အဖေကငါ့ကိုလှူထားတာငါ့ကျောင်းပေါ့ဟ..လို့ဖြေလိုက်တယ်။

နောက်တနေ့လည်းကျောင်းဒကာသမီးလေးကမေးပြန်တယ်အရှင်ဘုရား ဒီသင်္ကန်းက ဘယ်သူ့သင်္ကန်းလဲဘုရား? ရပ်ရွာရှိဒကာဒကာမတွေကငါ့ကိုလှူထားတော့ငါ့သင်္ကန်းပေါ့ဟ
သပိတ်ကရော ငါဆွမ်းခံဖို့လှူထားတာ ငါ့သပိတ်ပေါ့ဟ ဒါဖြင့်ရင်ကျောင်းဝိုင်းထဲမှာပေါက်နေတဲ့သစ်ပင်တွေကရော ငါ့ကျောင်းဝိုင်းထဲကသစ်ပင်တွေ ငါ့သစ်ပင်တွေပေါ့ဟ မေးတိုင်း ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ တငါငါနဲ့ပြောနေတဲ့ဘုန်းကြီးကို ကျောင်းဒကာသမီးလေးမေးလိုက်တယ်။

ဒါဆိုရင် ဘုန်းကြီးကောဘာကြောင့်ဝတ်တာလဲဘုရား? နိဗ္ဗာန်ရောက်ချင်လို့ အေးချမ်းချင်လို့ ပူနေတဲ့ကိလေသာမီးတွေကြောက်လို့ လို့ဖြေလိုက်တယ် ဒါဖြင့်ရင် ဘုန်းကြီးကိုကျောင်းဒကာသမီးက နိဗ္ဗာန်ရောက်ချင်ရင် အေးချမ်းချင်ရင် ငါ့ကိုမချစ်နဲ့ပေါ့လို့ပြောထားခဲ့လိုက်တယ်။

ဘုန်းကြီးကတော့ကျောင်းဒကာသမီးပြောတဲ့စကားတွေတွေးရင်ကျန်နေခဲ့တယ်..ဘုန်းကြီးကဘယ်လိုတွေး

သလဲဆိုတော့ သြော်.. ငါ့ကိုတရားပြခဲ့တယ် နိဗ္ဗာန်ရချင်ရင် ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ အစွဲသက္ကာယဒိဋ္ဌိတွေဖြုတ်ပစ်ဖို့ပဲ။

တကယ်တော့ ငါစွဲဟာ လောကီမှာရော လောကုတ္တရာမှာနည်းလေကောင်းလေပဲ ငါရဲ့နှလုံးသားမှာငါစွဲတွေများနေလို့ နေရာပြည့် အချိန်ပြည့် အသိဥာဏ်ကောင်းတွေကို သူတို့တွေကစိုးမိုးထားတယ်။

ငါစွဲတွေဖျောက်ငါ့နှလုံးသားမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မဝိဟာရတရားလေးနဲ့

အစားထိုးနေလိုက်တာနှင့်အမျှငါ့နှလုံးသားမှာသူတော်ကောင်းတရားတွေ ပေါက်ဖွားရှင်သန်ဖို့နေရာတွေ
ပေါ်လာမှာမြေကြီးလက်ခက်မလွဲပဲဟုတွေးပြီးနေလေရဲ့။

အဲဒီလိုတွေးပြီးကတည်းကဘုန်းတော်ကြီးဟာတရားနဲ့ပဲပျော်နေပါတော့တယ် စကားပြောတော့လည်းတရားဓမ္မနဲ့ပဲ စားတာလဲတရားဓမ္မနဲ့ သွားတာလဲတရားဓမ္မနဲ့ပဲနေတော့တယ်တဲ့ နောက်ဆုံးဘုန်းတော်ကြီးဟာ တရားဘာဝနာမှာပဲပျော်မွေ့ နိဗ္ဗာန်ရောက်ဖို့ကြိုးစာနေတော့တယ် ငါ့ကိုမချစ်တော့ဘူး။

ခုလည်းပြောထားခဲ့တဲ့ပုံပြင်ထဲကလိုပဲလောကလူတွေနဲစာရေးသူအပါဝင် ငါစွဲတွေဖြုတ် ငါ့ဥစ္စာ ငါ့ပစ္စည်းလို့တွေးနေကြတဲ့သူတွေ ငါ့ကိုချစ်နေရင်တော့ ဝေးရအုံးမည်ပေါ့နိဗ္ဗာန်နဲ့ ငါစွဲတွေမဖြုတ်သမျှကမ္ဘာကြီးငြိမ်းချမ်းဖို့ဝေးရပေတော့မပေါ့မဝေးရလေအောင် ကမ္ဘာကြီးငြိမ်းချမ်းရလေအောင် ငါစွဲတွေကိုအတတ်နိုင်ဆုံးဖြုတ်ကြရအောင်လား…….ဓမ္မစမ်းရေ။