Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 4 janvier 2014

ခက်ခဲလွန်းလတ် ပဋ္ဌာန်းမြတ်


ပဋ္ဌာန်းဆိုတဲ့ စကားကို တစ်လုံးချင်း လေ့လာကြည့်တဲ့အခါ ပ+ဌာန၊ ပ-တစ်ပုဒ်၊ ဌာန-တစ်ပုဒ် ခွဲထားတာကိုတွေ့ရပါတယ်။ ပ-ဆိုတဲ့စကားက အမျိုးမျိုးအပြားပြားလို့ အဓိပ္ပါယ်ရပါတယ်။ ဌာနဆိုတာကအကြောင်းလို့အဓိပ္ပါယ်ရပါတယ်။ ဒါကိုလိုရင်းအဓိပ္ပါယ်ပြန်လိုက်တဲ့ အခါအမျိုးမျိုးအ ပြားပြားများတဲ့အကြောင်းကို ပဋ္ဌာန်းလို့ခေါ်ဆိုနိုင်ပါတယ်။ ဒီပဋ္ဌာန်းကျမ်းတော်မြတ်မှာနည်းတွေအ များကြီးရှိပါတယ် အနန္တနယပဋ္ဌာန်းလို့လဲခေါ်နိုင်ပါတယ်။

မယ်တော်အတွက်ကျေးဇူးဆပ်

မြတ်စွာဘုရားရှင်ဟာခြောက်ဝါလွန်မြောက် ၊ခုနစ်ဝါအရောက်တွင်တာဝတိံသာ နတ်ပြည် မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သံတုဿိတနတ်သားကို အကြီးအမှူးပြုပြီးတော့စင်္ကြဝဠာတိုက် တစ် သောင်းရှိ နတ်ဗြဟ္မာအပေါင်းတို့အားမဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင်ပဋ္ဌာန်း ကျမ်းတော် မြတ် ကိုဟောကြား တော်မူခဲ့ပါတယ်၊ ဒါကြောင့်ပဋ္ဌာန်းကျမ်းတော်မြတ်ကို မယ်တော်အတွက်ကျေးဇူး ဆပ်တရားတော် တောင်ပြောစ မှတ် ပြုခဲ့ကြပါတယ်

နက်နဲလှသော ပဋ္ဌာန်းကျမ်း

ပဋ္ဌာန်းကျမ်းတော်မြတ်ရဲ့ ခက်ခဲနက်နဲကျယ်ဝန်းပုံကို အဋ္ဌကထာဆရာများက ပင်လယ် သမုဒ္ဒရာ ဥပမာပေးပြီးရေးခဲ့ပါတယ် ၊ ပင်လယ်ပြင်ဟာထောက်လို့မရလောက်အောင် နက်နဲလွန်း လှပါတယ်။ ကမ်းကိုမမြင်ရလောက် အောင်ပဲကျယ်ဝန်းလှပါတယ်၊ ဒါကြောင့်ပဋ္ဌာန်းကျမ်းဟာ ပင်လယ်ဖြစ်ပြီးပင်လယ်ဟာ ပဋ္ဌာန်းကျမ်းလောက် ကျယ်နိုင်ပါတယ်လို့ဆိုနိုင်ပါဘူး၊ အမှန်တော့ ပဋ္ဌာန်းကျမ်းတော်မြတ်ဟာ တိုင်းတာနှိုင်းဆလို့ မရနိုင်ပါဘူးပင်လယ်ပြင်ထက် ပဋ္ဌာန်းကျမ်းတော် မြတ်က နက်နဲကျယ်ဝန်းလှပါတယ်။

အမိမြန်မာပြည်မှာသာ ပဌာန်းတွေတော်တော်များများရွက်ဖတ်နေတာတွေ့ရတယ် အမိမြန် မာပြည်ဟာဗုဒ္ဓဘာသာအများစုနေထိုင်ပြီး သာသနာလည်းတကယ် နေလို လလိုထွန်းလင်းနေ တော့  အားရဝမ်းသာစရာတစ်ခုအဖြစ် တွေ့မြင်နေကြရတာပါ။

စာရေးသူတို့နေထိုင်ရာ နာဂပူမြို့လေးကတော့ ဗုဒ္ဓဘာသာအများစုတော့ဟုတ်ပါတယ် သို့သော် သံဃာဆိုတဲ့ ရဟန်းတွေမရှိတော့ပဋ္ဌာန်းအကြောင်းလည်း နားမလည် ပဋ္ဌာန်းဆိုတာ ဘာမှန်းမသိ ဖြစ်နေကြရတယ် ဒီလိုဘဝမျိုးကို တို့မြန်မာတွေမရောက်ပဲ သာသနာနဲ့ကြုံကာ ပဋ္ဌာန်း တရားတွေ နာရ ကြားရ မှတ်သားရနဲ့ ဘယ်လောက်များကုသိုလ်ကံကောင်းလိုက်သလဲ?

ဒီစကားနဲ့ပါတ်သက်ပြီး နာဂပူသာသနာအကြောင်းနည်းနည်းပြောချင်ပါတယ် နာဂပူဆိုတာ အတွေးလေးတွေလန်းဆန်းစေသောမြို့ ကြည်နူးမှုတွေ ယုံကြည်မှုတွေကိုပေးသောမြို့ လူပေါင်း ခြောက်သိန်းကျော် တပြိုင်နက်ဗုဒ္ဓဘာသာသို့ကူပြောင်းသော ကမ္ဘာကအကြီးဆုံးဘာသာ တရား ကူးပြောင်းပွဲကြီး ကျင်းပသောမြို့ကလေးတမြို့ဖြစ်ပါတယ်။

ထိုမြို့ကလေးကအိန္ဒိယနိုင်ငံတောင်ပိုင်း စာရေးသူတို့ကျောင်းတက်ရာ နာဂပူမြို့ ကလေး ပင်ဖြစ်ပါတယ်၊ အင်္ဂလိပ်လက်ထက် အိန္ဒိယနိုင်ငံ၏၏ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးနှစ်နီးပါးရေ ဆွဲပေးခဲ့သောဒေါက်တာအမ်ဘေဒကာ၏မြို့ကလေးပေါ့။

သူ၏ထင်ရှားသောစကားလေးကတော့ … 

‘‘I was born as a Hindu but I will not die as a Hindu for this my power.”

ငါသည် ဟိန္ဒူဘာသာဝင်တယောက်အနေနဲ့မွေးဖွားလာခဲ့တယ် သို့သော်ဟိန္ဒူဘာသာ ဝင် အဖြစ်အနေနဲ့ ငါမသေ ဘာကြောင့်လည်းဆိုရင် ကျွန်တော်ရဲ့ရင်ထဲက စွမ်းအားတခုကြောင့်ပဲ ဟု ဒေါက်တာအမ်ဘေဒကာကပြောကြားခဲ့တယ်၊ သူပြောခဲ့သည့်အတိုင်း နှစ်ပေါင်းများစွာ ကျန်ဘာ သာများကို လေ့လာခဲ့ပါတယ် သူသေခါနီး နှစ်လအလို တွေ့ရှိခဲ့ယုံကြည်ခဲ့သော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်၏။

ကုသိနာရုံရှိ မြန်မာဆရာတော်ကြီးထံတွင် သရဏဂုံသီလဆောက်တည်ကာ သူနှင့်တကွ ခြောက်သိန်းကျော်သောလူတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြသည်၊ ကမ္ဘာမှာနာမည်ကြီးသော ဘာ သာရေးကူပြောင်းပွဲကြီးလည်းဖြစ်ခဲ့လေသည်။

ဒီအကြောင်းထည့်ရေးရင် ဆရာတော်အကြောင်းမပါလို့မပြီး ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းကိုဖော်ပြရမည်ဆိုလျှင် ကျေးဇူးရှင်ဆရာတော်ကြီးစန္ဒမုဏိ လောင်းလျာကို မြန်မာနိုင်ငံ တော် ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ် ရမ်းချောင်းတိုက်နယ် ပေါက်ပင်ကွင်း ကျေး ရွာ၌ ခမည်းတော် ဦးကျော်အောင်+ မယ်တော် မိဝင်းယေးတို့မှ ၁၈၇၅ ခု မေလ(၂၅)နေ့ တွင် ဖွားမြင်တော်မူသည်၊ ငယ်မည်မှာ (သာပန်းဦး)ပင်ဖြစ်ဖြစ်သည်၊ မွေးချင်းသုံးယောက်အနက် အကြီးဆုံးသားဦးရတနာဖြစ်ပါတယ်။

အသက်(၁၂)အရွယ်မှာ စစ်တွေမြို့ရှိ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ စန္ဒိမာ ကို ဥပဇ္ဈာယ်ပြုလျှက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၌ ပျောက်ကွယ်နေ သော ထေရဝါဒဗုဒ္ဓသာသနာတော်ကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဆောင်ရွက်လျှက်ရှိသည် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလနှင့် ဗိုလ်မှူးကြီး အော်ရကဲလ်တို့၏ တော်ကောက် ခြင်းကိုခံရသဖြင့် အသက်(၁၅)နှစ်အရွယ်သာမဏေဘဝကပင် အိန္ဒိယနိုင်ငံသို့ သာသနာပြုရန် ကြွရောက်တော်မူခဲ့ပါတယ်။

သူ၏ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ (၁၉၅၆) ခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ တရာရေးရာဝန်ကြီး ဒေါက်အင်ဘေဒကာဦးဆောင်သော အိန္ဒိယနိုင်ငံသား ခြောက်သိန်းကျော်တို့အား မဟာရာစာထရာပြည်နယ် နာဂပူမြို့ ဒိရှဘူမိအရပ်၌ ဗုဒ္ဓဘာသာဝင်းများအဖြစ်သို့ ချီးမြင့်နိုင်ခဲ့ပါသည် ။

ထိုမြို့မှာ ဦးဇင်းတို့မြန်မာရဟန်းတော်များနာဂပူတက္ကသိုလ်မှာ Ph.D တက်ရောက်နေကြပါ တယ်  နာဂပူမြို့ရဲ့လမ်းတလျောက်မှာလည်း သာသနာ့အလံများ စိုက်ထူထားသည်ကို ကြည်နူး ဖွယ်မြင်ကွင်းအဖြစ်တွေ့မြင်ရပါတယ် ။

မိမိတို့နိုင်ငံမှာတောင် လမ်းဘေးဝဲယာ တဖက်တစ်ချက်ဆီမှာ သာသနာ့အလံတွေ တပ် ဆင်ထားတာမတွေ့ရပါဘူး ဘာသာခြားတိုင်းပြည်မှာ ဒီလိုအလံများ နေ့တိုင်းတွေ့ရလို့ ဝမ်းသာ ပီတိတွေဝေနေခဲ့မိတယ် တွေ့ခဲပါ၏ မြင်ခဲပါ၏ အရုဏ်ဆွမ်း နေ့ဆွမ်းကပ်ချင်သော အလှူရှင်များ လုနေကြပါတယ်။

ထိုများလောက်သဒ္ဓါတရားပေါများသော မြို့ကလေးမှာ ပဋ္ဌာန်းတရားမကြားရ မနာရတဲ့ အတွက် သူတို့လေးတွေရဲ့ ဘဝလေးကိုစာနာစိတ်ဝင်မိတယ် အမိမြန်မာပြည်က ဗုဒ္ဓဘာသာ ဝင်တွေသိပ်ကို ကံကောင်းကြတယ် အလွန်တရာမှ တွေ့ရမြင်ရ ကြုံရခဲ့တဲ့တရားတွေနဲ့ တွေ့ကြရ နာကြရနေပြီလေ။

ပဋ္ဌာန်းတရားကျယ်ဝန်းတာနဲ့ပါတ်သက်ပြီး ဝတ္ထုလေးတခု တင်ပြပါရစေ…..

တခါတုံးက အရှင်မဟာမဟာဂတိဂမိယတိဿဒတ္ထမထေရ်မြတ်ဟာ ဗောဓိပင်ကိုဖူးမြော်ရန် သီဟိုလ်ကျွန်းကနေ ပင်လယ်ခရီးသင်္ဘောစီးပြီးကြွတော်မူခဲ့ပါတယ်။

မထေရ်မြတ်ဟာ သင်္ဘောပေါ်ကနေ ရေပြင်အဆုံးမျှော်ကြည့်နေမိပါတယ် ကမ်းနှစ်ဖက်စ လုံးကို နည်းနည်းလေးတောင်အရိပ်အရောင်မျှမမြင်ရပါဘူးအဲဒီအခါ အရှင်မြတ်ရဲ့စိတ်ထဲမှာ အကြံ  စည်တွေဒီလိုဖြစ်လာတယ်။

ပင်လယ်သမုဒ္ဒရာကြီးဟာ အလွန်နက်နဲပြီးကျယ်ဝန်းလှပါတကား၊ ပင်လယ်သမုဒ္ဒရာကြီး ဟာအလွန်နက်နဲပြီးကျယ်ဝန်းသလို ပဋ္ဌာန်းကျမ်းတော်မြတ်ဟာလည်းအလွန်နက်နဲကျယ် ဝန်းလှပါ လားဆိုတဲ့တွေးတောကြံစည်နေရင်းနဲ့ ဆိပ်ကမ်းကိုတွေးမြင်လာပါတော့တယ်။

ဒိတော့မှမထေရ်မြတ်က သြော်..သမုဒ္ဒရာပင်လယ်ကြီးကျယ်ဝန်းတယ်ဆိုတာ တကယ် တော့ အောက်ခြေမှမြေပြင်နဲ့ပိုင်းခြားပြီး အထက်ဘက်မှာလေဟာပြင်အနားကွတ်ထားပါလား တဖက်မှာစင်္ကြာဝဠာတောင်တန်းနဲ့ခါးပန်းသတ်ပြီး တဖက်မှာတော့ ဆိပ်ကမ်းနဲ့ နှတ်ခမ်း သတ် ထားပါလား?

ပဋ္ဌာန်းကျမ်းကြီးဆိုတာကတော့ ထက်အောက်ဝဲယာမှာ ပိုင်းခြားသတ်မှတ် ချက် မရှိအောင်ပဲ နက်နဲကျယ်ဝန်းလှပါလားလို့ပဋ္ဌာန်းကျမ်းကြီးရဲခက်ခဲနက်နဲပုံကိုတွေးတောကြံစည်ရင်း တရားသဘောကိုဆင်ချင်သုံးသပ် တော်မူလိုက်ရာ ရဟန္တာဖြစ်သွားပါတော့တယ်။

ရောင်ခြည်တော်ခြောက်သွယ်ထွက်ပေါ်စေတာပဋ္ဌာန်းတရားပဲ

မြတ်စွာဘုရားဟာ အဘိဓမ္မာခုနှစ်ကျမ်းကို ဘုရားဖြစ်ပြီးနောက် စတုတ္ထမြောက်ရတနာဃရ သတ္တာဟ မှာစံတော်မူစဉ်သုံးသပ်ဆင်ခြင်တော်မူပါတယ် အဘိဓမ္မာခုနှစ်ကျမ်းတွင် ရှေ့ခြောက် ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသောအခါမှာ မြတ်ဘုရားရဲ့ခန္ဓာကိုယ်မှ ရောင်ခြည်တော်များဟာ ထွက်ပေါ်ကွန့်မြူးခြင်းမရှိသေးပါဘူး။

ခုနှစ်ကျမ်းမြောက်ဖြစ်တဲ့ ပဋ္ဌာန်ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ မြတ်  ဘုရား ရဲ့ခန္ဓာကိုယ်မှရောင်ခြည်တော်များကွန့်မြူးထွက်ပေါ်လာခဲ့ပါတယ်။

မြတ်ဘုရားရဲ့ကိုယ်တော်မှရောင်ခြည်တော်များထွက်ပေါ်လာသည့်အခါ ကမ္ဘာလောကကြီးတခုလုံး ရေ မြေ လေ တစ်ခုမှမကျန်အရာအားလုံးဟာ ရွှေဖြင့်ပြီးတဲ့ ရွှေရုပ် ကဲ့သို့ ရောင်ခြည်တော်တို့ဖြင့်လိမ်းကျံကွန့်မြူးအလွန့်အလွန်ပဲ သာယာလှပလာကြပါသည်။

ဒါကြောင့်ရုပ်ချောချင်ကြတယ်ဆိုရင် ရုပ်ချောတဲ့သားသမီးများကို အလိုရှိကြတယ် ဆိုရင် တော့ ပဋ္ဌာန်းကျမ်းတော်မြတ်ကို ယုံယုံကြည်ကြည်နဲ့အမြဲမပြတ်ရွက်ဖတ် ပူဇော်သင့်လှပါသည်။

ပဋ္ဌာန်းကျမ်းတော်မြတ်ကို ရွတ်ဖတ်ဆင်ခြင် နှလုံးသွင်းကြတဲ့သူတွေဟာ ယခုမျက်မှောက် ဘဝမှာ လောကီလိုအင်ဆန္ဒများအားလုံးပြည့်စုံနိုင်ခြင်း လောကုတ္တရာနယ်ပယ်မှာလည်း ကိလေ သာ  ကင်းကွာ ရဟန္တာဖြစ်ရခြင်းအကျိုးတရားများကို ရရှိနိုင်ပါတယ်၊

ဒါကြောင့် ပဋ္ဌာန်းကျမ်းတော်မြတ်ကိုသင်ယူကြပါ လေ့လာကြပါ ရွတ်ပွားဆင်ခြင်ကြပါလို့ အလေ့အနက်တိုက်တွန်းအပ်ပါတယ်။

*ပဋ္ဌာန်းမြတ်ဒေသနာ ရခဲတာ အမှန်သိစေသော်(ဝ်)*
(ဓမ္မစမ်းရေ)

0 comments:

Enregistrer un commentaire