ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့မြန်မာစကားပုံဟာလောကလူတွေအလယ်မှာထင်ရှားတဲ့စကားပုံလေးတခုပေါ့
ဒီစကားပုံလေးကတကယ်ပဲလားငရဲထက်ဝဋ်ကိုပိုကြောက်ရမှာလားဆိုတဲ့အတွေးမျိုးတွေဝင်တတ်လာကြလို့
စာရေးသူရေးချင်စိတ်ပေါ်ပေါက်လာတာပါ။
ဒီစကားပုံဟာ ဘုရားရှင်၏တရားဓမ္မနှင့်ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့စကားပုံလေးတခုပါ
ဝဋ်ဟူသောစကားဟာ ဝဋ္ဋဟူသောပါဠိစကားကထွက်ပေါ်လာတာပါ သူ၏အဓိပ္ပါယ်ကတော့ သံသရာလည်ပါတ်ခြင်း
အကြောင်းပြီးအကျိုး အကျိုးပြီးအကြောင်း ဆက်စပ်မှုတွေများပြားခြင်း မကောင်းသောအမှုတွေအတွက်သံသရာခရီးမှာဆိုးမှုးကံတွေခံစားရခြင်းဆိုသောသဘောအနက်ရှိပါတယ်။
သဂြိုလ်ကျမ်းလေးမှာတော့ဝိပါကဝဋ်ဆိုတာပြထားပါတယ်၊
ဒါကြောင့်မြန်မာတို့က ဝဋ်လည်တတ်တယ် ဝဋ်ကြီးလိုက်တာ ဟူသောစကားလေးတွေအစဉ်အမြဲသုံးတတ်တာသတိထားမိမယ်ထင်ပါတယ်။
ဝဋ်လိုက်ပုံနဲ့ပါတ်သက်ပြီးကိုယ်တွေ့ဖြစ်ရပ်မှန်လေးတခုတင်ပြချင်ပါတယ်
စာရေးသူရဲ့ဆရာ ပေါင်းကျိုးလို့ ရန်ကုန်ဆေးရုံကြီးမှာတက်ရတယ်..ရက်နှစ်ဆယ် နှစ်ဆယ့်ငါးရက်ခန့်ကြပါတယ်။
စာရေးသူတို့အနီးနားမှာ
ပေါင်ကျိုးတာတွေကော ခြေသလုံးသစ်ပင်ပိမိတာတွေကော တံခါးညှုပ်မိလို့ ခြေသလုံးကြီးအသားမရှိလို့ပေါင်ကအသားအစားထိုးတာတွေပေါများလိုက်ကြတာ။
အဲဒီမှာအထူးခြားဆုံးသူငယ်လေးတယောက်စာရေးသူရဲ့ဆရာနဲ့ကပ်လျက်ရှိသည့်သူငယ်လေး
သူကတော့ခါးကိုသစ်ပင်ကိုင်းနဲ့ပိမိတာတဲ့အောက်တပိုင်းသေနေလေရဲ့ အပေါ်ပိုင်းကတော့အကောင်းပကတိအတိုင်းပါပဲ
။
ဒါပေမဲ့..သူငယ်လေးရဲ့အောက်ပိုင်းကတော့အရမ်းနာကျင်စွာခံစားနေရတော့အမြဲအော်ဟစ်နေရတယ်
ဒါကိုကြည့်ပြီးသနားကရုဏာသက်မိတာတော့အမှန်၊ နေ့စဉ်ရက်ဆက်အော်နေရတဲ့ သူငယ်လေးလည်းမောတော့ခဏနား
အမောပြေဆက်အော် ဘေးကလူတွေလည်းအိပ်ရသူရ မရသူမရနဲ့ပေါ့ စာရေးသူကတော့သူငယ်လေးရဲ့အော်သံကတော့ရိုးနေပါပြီ။
တနေ့သောည ၁ နာရီလောက်အော်သံကတော့အတော်ကိုထူးခြားတယ်
သူအော်သံက ဘာလဲဆိုတော့ အမေလေးဗျ နောက်မရိုက်တော့ပါဘူး နောက်မလုပ်တော့ပါဘူးတဲ့ ဒါနဲ့စာရေးသူလည်းမနေနိုင်တော့ဘဲ
သူငယ်လေးရဲ့အမေကိုသွားမေးမိတယ်။
ဘာမေးသလဲဆိုတော့ သူငယ်လေးကဘာအလုပ်တွေလုပ်သလဲပေါ့
သူငယ်လေးရဲ့အမေကပြောပြရှာပါတယ် ခင်နေတာကိုး သူငယ်လေးဟာ မိုးရာသီမှာဆိုနေ့စဉ်ရက်ဆက်ဖားတွေထွက်၇ိုက်ပါတယ်တဲ့
သူအခုဒီဝဋ်ကျွေးတွေလက်ရှိဘဝမှာတင်ဆပ်နေရပါပြီတဲ့။
သြော်..ဒါကြောင့်ဒီသူငယ်လေး ဒီလိုမျိုးအော်တာကိုးလို့စာရေးသူကတော့မှတ်ချက်လိုက်မိတယ်
အနားကတခြားလူနာတွေကော လူနာစောင့်တွေကော သြော်..ဆိုသောအသံပြိုင်တူထွက်လာကြတယ်။
စာရေးသူကတော့အတွေးတခုဝင်လာမိပါတယ် ဒီသူငယ်လေးဟာအခုဘဝမှာတင်
တင်နေတဲ့အကြွေးကိုဆပ်လိုက်နိုင်ပြီ ငါကောတပါးသူအတွက် အကြွေးတင်ရှိတာတွေရှိနေသလား အကြွေးရှိရင်တော့ဆပ်ရမှာပါပဲ
ငါတင်လား မဟုတ်ဘူး ဝဋ်ကျွေးဆိုတာ မြတ်ဘုရားတောင်ဆပ်ရတာပဲ။
ဒီလိုတွေးပြီးတော့ဒေဝဒတ် ကိုချက်ချင်းလက်ငင်းသွားသတိရမိတယ်
သြော်… ရာဇဝင်မှာ လူမိုက်ရယ်လို့ထင်ရှားသူဆိုတော့ လူမိုက်အချင်းချင်းသတိရမိတာတော့မဆန်းပါဘူး
ဒီအကြောင်းလေးတင်ပြချင်ပါတယ်။
ဂေါတမမြတ်စွာဘုရား၏၀ိပါတ်တော်
လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီးတောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။
လွန်လေပြီးသောအခါက ဂေါတမ မြတ်စွာဘုရားအလောင်းတော်သည်
သူကြွယ်မျိုး၌ဖြစ်၏။ဖခင်တူညီငယ်နှင့်စည်းစိမ်ဥစ္စာကိုအကြောင်းပြုပြီး
ခိုက်ရန်ဖြစ်ရာညီငယ်ကိုလိမ်လည်လှည့်ဖျားခေါ်ပြီးတောင်ချောက်ကြား၌
ကျောက်ဖြင့်ထုခတ်သတ်လေ၏။
ဤမကောင်းမှုအကုသိုလ်ကြောင့်ငရဲ၌ခံရရုံမျှမကနောက်ဆုံးဘုရားဖြစ်သောဘ၀၌ပင်
အရှင်ဒေ၀ဒတ်၏ဂိဇ္ဈကူဋ်တောင်စောင်း၌ကျောက်မောင်းဆင်လုပ်ကြံခြင်းကိုခံခဲ့ရလေသည်။
တောင်ထိပ်မှကျောက်တုံးကြီးလိမ့်လာသောအခါဘုရားရှင်၏ဘုန်းတော်ကြောင့်
လမ်းခုလတ်မှကျောက်တုံးတတုံးကဆီးကြိုခံလင့်၏။ထိုကျောက်တုံးခြင်းထိခတ်စဉ်ကျောက်လွှာတစ်ခုပဲ့
စင်ထွက်၍ဘုရားရှင်၏ခြေမတော်ကိုထိခိုက်ပြီးဆင်းရဲဒုက္ခများစွာခံစားရလေသည်။
ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။ ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး
ထိုကျောက်ထိခတ်မှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကြောင်းကံတခုရှိသေး၏။ ဘ၀တစ်ခု၌ဘုရားအလောင်းသည်ကလေးငယ်သဘာဝကစားနေစဉ်အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး
ဆွမ်းခံဝင်လာ၏ကလေးငယ်သည်ပျော်ရွှင်လိုသဖြင့်အရှင်ပစ္စေကဗုဒ္ဓ၏ခြေမတော်ကိုကျောက်ဖြင့်ပစ်ခတ်၏
ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏ထိုမကောင်းမှုဒဏ်ကြောင့်
ခြေမတော်ကိုထိသဖြင့်အလွန်နာကျင်သောဝေဒနာကိုခံစားရ၏ထိုမကောင်းမှုဒဏ်ကြောင့်
ခြေမတော်ကိုကျောက်ထိရုံမျှသာမဟုတ်သွေးစိမ်းတည်သည်အထိဒဏ်ရာအနာတရဖြစ်ပြီးဆင်းရဲဝေဒနာကို
ကြာရှည်စွာခံစားရလေသည်။
ကြာရှည်စွာခံစားရလေသည်။
ထိုကျောက်ထိမှုနှင့်ဆက်စပ်၍နောက်ထပ်ရှေးဘ၀အကုသိုလ်ကံအကြောင်းတစ်မျိုးလည်းရှိနေသေးသည်၊
ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီး
ဂေါတမဘုရားအလောင်းတော်သည်ပဒေသရာဇ်မင်းဖြစ်ခဲ့ဖူး၏ထိုဘ၀တွင်လူယုတ်မာနှင့်ပေါင်းမိပြီး
သောက်စားမူးယစ်အပြစ်မရှိသူအားဓါးဖြင့်ခွဲစိတ်ခဲ့ဖူးလေသည်။
ထိုအကုသိုလ်ကံကြောင့်ငရဲ၌ခံရပြီးနောက်ဘုရားရှင်ဖြစ်တော်မူလာသောဘ၀မှာပင်ခြေတော်ကိုကျောက်ထိရုံ
သွေးစိမ်းတည်ရုံနှင့်မပြီးသေးဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူ
သွေးစိမ်းတည်ရုံနှင့်မပြီးသေးဆေးဆရာဇီဝက၏ဓါးဖြင့်ခွဲ၍ခြေမ၌တည်နေသောသွေးခဲကိုထုတ်ယူ
ကုသမှုအတွက်ပြင်းစွာသောဝေဒနာကိုခံစားရလေသည်။
အရှင်မောဂ္ဂလာန်၏၀ိပါတ်တော်
တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရမိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။
အရှင်မောဂ္ဂလာန်၏၀ိပါတ်တော်
တစ်ခုသောဘ၀၌မယား၏အလိုဆန္ဒအရမိဘနှစ်ပါးကိုတောသို့ ထုတ်ပြီး
သူခိုးဓါးပြအယောင်ဆောင်ကာရိုက်ခဲ့ဖူး၏ထိုအကုသိုလ်ကံကြောင့်သေလျှင်
ငရဲသို့ကျခဲ့၏။
နောက်ဆုံးအရှင်မောဂ္ဂလန်ဘ၀၌တန်ခိုးအရာမှာဧတဒဂ်ရပါလျှက်ခိုးသူတို့၏ရိုက်နှက်မှုကိုခံရပြီး
ပရိနိဗ္ဗာန်စံခဲ့ရလေသည်။ပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲကျရောက်ရုံမျှမပြီးသေးအခွင့်သင့်သောဘ၀မှာ
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။
ဝဋ်ဆင်းရဲဒုက္ခကိုဆက်လက်ခံစားရသေးသည်။မခံစားရအောင်မည်သူမျှမရှောင်လွဲနိုင်ကြချေ။
ငရဲဆိုရာ
ငရဲဆိုတာကတော့ နိရယဆိုတဲ့ပါဠိစကားကဆင်းသက်လာတာပါချမ်းသာသုခမရှိသည့်နေရာ
ဆင်းရဲမှုကြီးရှိသောနေရာဖြစ်သောကြောင့် နိ-အယ၊အယ ချမ်းသာမှုမှန်သမျှ- နိ မရှိလို့နိရယ
ငရဲလို့ခေါ်ဆိုတာပါ။
ငရဲမှာအပ
ငရဲမှအပပြုဆိုတာကတော့ကြဉ်လိုက်တာပါပဲမိမိမကောင်းမှုတွေဘယ်လောက်ပဲလုပ်လုပ်
သေခါနီးကာလမှာ ကုသိုလ်တွေနဲ့လုံးထွေးယစ်ပါတ်ကုသေဆုံးနိုင်ရင်
ကုသိုလ်သောမနဿနဲ့သေနိုင်ရင် ငရဲကိုအပပြုနိုင်မှာပါပဲ။
သာဓကအနေနဲ့တင်ပြရရင်
မြတ်ဘုရားလက်ထက်ကတမ္ဗဒါဋ္ဌိကမည်သောသူသတ်ယောင်္ကျားတယောက်
ရှိခဲ့ဖူးတယ် သူကနှစ်ဆယ့်ငါးနှစ်တို့တိုင်တိုင်ဘုရင်ကသေမိန့်ပေးခံသောသူတွေကိုသတ်ခဲ့သောသူပါ
သူဟာသေရင်ငရဲရောက်မှာအသေချာပါပဲ။
အရှင်သာရိပုတ္တရာကယ်မလိုသဖြင့်တရားဓမ္မဟောကြားလိုက်လေသည်
သူသတ်ယောင်္ကျားလဲ တရားဓမ္မနာရလို့ဆွမ်းတွေလှူတရားတွေနာတရားကိုဆင်ချင်ကာသေဆုံးရလို့
တုသိတာနတ်ပြည်မှာနတ်သားသွားဖြစ်ရတယ်လေ၊
ဒါကကုသိုလ်ကနိုင်အောင်လိုက်နိုင်တာပေါ့ ဒါကိုအပပြုတယ်လို့ခေါ်တယ်။
နောက်တခုတင်ပြရလျှင်အဂုင်္လိမာလကိုကားလူတိုင်းသိကြမှာပါ
လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင်မြတ်စွာဘုရားကကယ်ချွတ်တော်မူသဖြင့်အကျွတ်
ဖြတ်မည်ဟုတစ်ချောင်းသာလိုတော့သည့်နေ့တွင်မြတ်စွာဘုရားကကယ်ချွတ်တော်မူသဖြင့်အကျွတ်
တရားရလေသည်။
ရဟန္တာ ဖြစ်တော်မူပြီးပြုခဲ့မိသောအကုသိုလ်ကံကြောင့်ငရဲသို့မလားရောက်ပေ။
ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။
ရဟန္တာဖြစ်သည်အထိတရားဓမ္မကိုနာယူကျင့်ကြံသောကုသိုလ်ကံဖြင့်ငရဲကို အပ ပြု လိုက်ခြင်းဖြစ်ပေသည်။
နောက်ဆုံးအနေနဲ့ပြောရလျှင် ငရဲကိုတော့အပပြုလို့ရချင်ရမယ်
ဝဋ်ကိုတော့ဘယ်သောအခါမှအပပြုလို့မရပါဘူး ကိုယ်ကတပါးသူကိုဒီလိုပြောခဲ့သလား ဒီလိုကိုယ်ထိလက်ရောက်စော်ကားခဲ့သလား
ဒီလိုစိတ်နဲ့မကောင်းကြံစည်ခဲ့သလား သင်လုပ်သလို သင်ပြောသလို သင်ကြံစည်ခဲ့သလို သင်ထံပြန်ရောက်ပါလိမ့်မယ်
မလွဲဧကန်ပါပဲ…..ဓမ္မစမ်းရေ..
(မှတ်ချက်)..
ဗုဒ္ဓဘာသာကောင်းတယောက်စာအုပ်နှင့်ရန်ကုန်ဆေးရုံမှာတွေ့ခဲ့သောသူငယ်လေးတဦးကိုမှီး
ညမ်းပြုစုရေးးသားသည်။
0 comments:
Enregistrer un commentaire