Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 6 janvier 2014

ဓမ္မစမ်းရေ အတွေးစာစုများ

အောင်မြင်သောလူတယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူပါတယ်

တန်ဖို့ရှိ ကိုယ်ကျင့်သီလနဲ့ပြည့်စုံသောသူဖြစ်ဖို့ကျတော့

သိပ်ခက်ခဲပါတယ်...တန်ဖိုး၇ှိသောသူဖြစ်အောင်ကြိုးစားကြရအောင်။




တန်ဖိုးရှိ ကိုယ်ကျင့်သီလနဲ့ပြည့်စုံသူဖြစ်အောင်ဖြစ်ဖို့ကအရေးကြီးပါတယ်

ပညာတတ်တွေကိုယ်ကျင့်သီလနဲ့မပြည့်စုံလို့ တို့တတွေရဲ့

အနာဂါတ်ပျောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ?.



 ရှုံးနိမ့်သောသူ ပြဿနာများစွာတက်နေသူတွေကြားထဲမှာတော့

မင်းတယောက် စိတ်ဓာတ်ခွန်အားရှိဖို့နဲ့

ငိုကြွေးမနေဖို့ကတော့လိုမယ်ထင်တယ်။




ဘဝကိုပြုပြင်တာက ပညာ

ဘဝကိုလှည့်စားတာက စိတ်

ဘဝကိုဆွဲဆောင်တာက သံယောဇဉ်

သံယောဇဉ်ကို ဆွဲဆောင်တာက အပေါင်းသင်း

ဒါကြောင်. .....အပေါင်းမိတ်ဆွေက ဘဝမှာ အရေးပါလှပါတယ်။




စိတ်ဓာတ်ကျခြင်းဟာ

အချိန်ဖြုန်းခြင်းတမျိုးပဲလို့

ငယ်ငယ်ကဆရာသမားတွေဆုံးမခံခဲ့ရဘူးတယ်

လူတွေအတွက်အချိန်ဟာရွှေလိုပဲတန်ဖိုးရှိတယ်ဆိုရင်

မင်းစိတ်မကျပဲ အချိန်ကိုလေးစားလိုက်ပါ။


 လူတွေဟာ နှတ်ကြောင့်ပဲ မုန်းခဲ့ကြတယ်

လူတွေဟာ နှတ်ကြောင့်ပဲချစ်ခဲကြတယ်

လူတွေဟာ နှတ်ကြောင့်ပဲမနာလိုမှုတွေဖြစ်ခဲ့ကြတယ်

လူတွေဟာနှတ်ကြောင့်ပဲ ရန်တွေဖြစ်ကြတယ်

လူတွေဟာ နှတ်ကြောင့်ပဲ သေတဲ့အထိပြတ်စဲကြတယ်

သြော်..နှတ်ကလေးထိန်းလိုက်နိုင်ရင် ကောင်းလိမ့်မယ်။


 လှိုင်းတွေဘယ်လောက်ထန်ထန်

ရေတွေဘယ်လောက်ကြီးကြီး

မိုးတွေဘယ်လောက်ရွာရွာ

နေတွေဘယ်လောက်ပူပူ

အပြုံးမပျက်ဘဲ ဘဝကိုရပ်တည်နေနိုင်တဲ့

ပန်းဗေဒါလိုလောကမှာ နေနိုင်တာမိဘနှစ်ပါးပဲရှိတယ်။ဓမ္မစမ်းရေ

0 comments:

Enregistrer un commentaire