မိတ်ကောင်းဆွေကောင်း ဆိုရာမှာ အပေါ်ယံပေါင်းပြီး သာရင်ပေါင်း မသာရင်မပေါင်းဘူး
ဆိုတဲ့ ၊ ကိုယ်နဲ့ပေါင်းသင်းနေတဲ့ ရေပေါ်ဆီ မိတ်ဆွေမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး...။
ကိုယ်မြင့်မားတဲ့အချိန်မှာ ဘေးကနေ မုဒိတာ ပွားများပြီး ကိုယ့်အကျိုးစီး
ပွားကို ထိမ်းသိမ်းပေးတဲ့ သူ...။
ကိုယ်နိမ့်ပါးပျက်ဆီးကျရှုံးနေတဲ့
အချိန်မှာ ကိုယ့်ကို မေတ္တာစေတနာအပြည့်ဖြင့်အူလှိုက်သည်းလှိုက် ထပ်တူမျှနာကျင်ပေးတဲ့သူတွေကိုသာ မိတ်ကောင်းဆွေကောင်းလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်....။
အချိုးအကွေ့ဒုက္ခသုခပေါင်းများစွာရှိနေတဲ့
လူ့ဘ၀မှာ ရှင်သန်နေရတဲ့ လူတစ်ဦးအတွက် အမှန်တကယ် မိတ်ကောင်းဆွေကောင်း ရှိဖို့လိုအပ်လှပါတယ်...။
ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားက ကုရုင်္ဂ ဇာတ်မှာ ခုလိုလေးဟောထားပါတယ်
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်- ဘုရားလောင်းသည် ကုရုင်္ဂသမင်ဖြစ်၏။ ခေါက်ရှာငှက်၊ လိပ်တို့နှင့် မိတ်ဆွေဖြစ်ကြ၏။ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကြ၏။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်- ဘုရားလောင်းသည် ကုရုင်္ဂသမင်ဖြစ်၏။ ခေါက်ရှာငှက်၊ လိပ်တို့နှင့် မိတ်ဆွေဖြစ်ကြ၏။ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကြ၏။
တစ်နေ့၌ ကုရုင်္ဂသမင်သည် ညဦးတွင် သောက်ရေဆင်းသောက်ရာမှ မုဆိုးတစ်ယောက်ထောင်သော ကျော့ကွင်း၌မိ၏။ ကုရုင်္ဂသည် အသံကို မြည်လေ၏။ ခေါက်ရှာငှက်နှင့် လိပ်တို့သည် ငါတို့မိတ်ဆွေ သမင်၏ အသံတည်းဟု ပြေးလာကြ၏။ မိတ်ဆွေ သမင်၏ ဒုက္ခကို တွေ့ကြလျှင် အသက်ကိုကယ်ရန် တိုင်ပင်ကြ၏။
ခေါက်ရှာငှက်က-
`အဆွေလိပ် သင့်မှာ သွားရှိ၏။ သားရေကျော့ကွင်းကို ကိုက်၍ ဖြတ်ပါ။ ငါက မုဆိုး ရုတ်တရက်မလာနိုင်အောင် လုပ်မည်´ဟု ပြော၏။
`အဆွေလိပ် သင့်မှာ သွားရှိ၏။ သားရေကျော့ကွင်းကို ကိုက်၍ ဖြတ်ပါ။ ငါက မုဆိုး ရုတ်တရက်မလာနိုင်အောင် လုပ်မည်´ဟု ပြော၏။
လိပ်သည် သားရေကျော့ကွင်းကို
သွားတို့ဖြင့် ကိုက်ဖြတ်ပြီး ခေါက်ရှာငှက်သည် မုဆိုးနေရာ ရွာသို့သွားကာ သစ်ပင်တွင်
စောင့်နေ၏။
အရုဏ်တက်ချိန်တွင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာ၏။ သစ်ပင်ပေါ်က ခေါက်ရှာငှက်သည် မုဆိုးထွက်လာသည်နှင့် အတောင်နှစ်ဘက်ကိုခါပြီး မျက်နှာကို ဆီး၍ရိုက်၏။
အရုဏ်တက်ချိန်တွင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာ၏။ သစ်ပင်ပေါ်က ခေါက်ရှာငှက်သည် မုဆိုးထွက်လာသည်နှင့် အတောင်နှစ်ဘက်ကိုခါပြီး မျက်နှာကို ဆီး၍ရိုက်၏။
မုဆိုးသည် စောစောစီးစီး
နိမိတ်မကောင်းဟု အိမ်ပြန်ပြီး တစ်ရေးအိပ်လိုက်၏။
မိုးလင်းလျှင် နောက်တစ်ဖန် မုဆိုးသည် လှံကိုထမ်း၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် မျက်နှာကိုဆီး၍ အဆောင်ဖြင့် ရိုက်ပြန်၏။ မုဆိုးသည် နိမိတ်မကောင်းဟုဆိုကာ ပြန်၍ အိပ်ပြန်၏။
မိုးလင်းလျှင် နောက်တစ်ဖန် မုဆိုးသည် လှံကိုထမ်း၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် မျက်နှာကိုဆီး၍ အဆောင်ဖြင့် ရိုက်ပြန်၏။ မုဆိုးသည် နိမိတ်မကောင်းဟုဆိုကာ ပြန်၍ အိပ်ပြန်၏။
မိုးစင်စင်လင်းလျှင် မုဆိုးသည်
လှံကိုကိုင်၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် ရှေ့မှ အမြန်ပြေးသွားပြီး
မုဆိုးလာပြီဟု ပြော၏။
လိပ်သည် သားရေကျော့ကွင်းကို
ကိုက်ဖြတ်ရာ တစ်လွန်းမျှသာ ကျန်တော့၏။ သွားတို့မှာ ကြွေကျမတတ်ဖြစ်၍ ခံတွင်း၌
သွေးအလိမ်းလိမ်း ကပ်လျက်ရှိ၏။
ကုရုင်္ဂသမင်သည်
မုဆိုးလာနေသည်ကိုမြင်လျှင် သားရေကျော့ကွင်းကို အတင်းရုန်းဖြတ်၍ တောသို့
ဝင်ပြေးလေ၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျားမှ ကြည့်နေ၏။ လိပ်သည် ပင်ပန်းလွန်းသဖြင့်
မပြေးနိုင်ဘဲ ထိုနေရာတွင်ပင် ၀ပ်၍ နေ၏။
မုဆိုးသည် သမင်လွတ်သွားရာ နေရာတွင်
လိပ်ကိုမြင်၍ လိပ်ကိုကောက်ယူကာ အိတ်ထဲ၌ ထည့်ပြီး သစ်ငုတ်တစ်ခုမှာ ချိတ်ထား၏။
မိတ်ဆွေသုံးဦးအကြံဖြစ်ခြင်း...
သမင်သည် မနီးမဝေးမှ ပြန်၍ကြည့်၏။ လိပ်ကိုကောက်ယူထည့်ထားသည်ကိုမြင်၏။ ငါ့ကျေးဇူးရှင်ကို ကယ်ရမည်ဟု မပြေးနိုင်ဟန်နှင့် မုဆိုးကို ကိုယ်ယောင်ပြ၏။
သမင်သည် မနီးမဝေးမှ ပြန်၍ကြည့်၏။ လိပ်ကိုကောက်ယူထည့်ထားသည်ကိုမြင်၏။ ငါ့ကျေးဇူးရှင်ကို ကယ်ရမည်ဟု မပြေးနိုင်ဟန်နှင့် မုဆိုးကို ကိုယ်ယောင်ပြ၏။
မုဆိုးသည် သမင်ခြေနာနေပြီ
မပြေးနိုင်ဟု လှံကိုကိုင်၍ လိုက်၏။ သမင်သည် မုဆိုးကို သွေးဆောင်ခေါ်ကာ ဝေးတော့မှ
အမြန် ပြေးပြီး ခြေရာဖျောက်၏။ တစ်ဖန် တစ်ဖက်လမ်းမှ လျင်မြန်စွာပြေး၍ လွယ်အိတ်ကို
ချိုဖြင့်ချိတ်ယူကာ မြေသို့ချ၍ လိပ်ကိုလွတ်စေ၏။
သမင်သည် ခေါက်ရှာငှက်နှင့်
လိပ်တို့အား... `မိတ်ဆွေကောင်းတို့ သင်တို့ကြောင့် ငါ့မှာ အသက်ရှင်ခွင့်ရပေသည်။
သင်တို့အား ငါ၏ အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသည်။ ယခု မုဆိုးလာ၍ ဖမ်းတော့မည်။
အဆွေလိပ်လည်း ရေထဲသို့ဆင်းလော့၊ အဆွေ ခေါက်ရှာငှက်သည်လည်း အခြားသစ်ပင်သို့
ပြေးဝင်၍ နေလော့´ဟု တိုင်ပင်၍ ခြေရာဖျောက်လိုက်ကြ၏။
ဒီဇာတ်တော်ထဲကလို
တယောက်နဲ့တယောက်ကျေးဇူးသိတတ်ပြီးရိုင်းပင်းဖို့လိုအပ်ပါတယ်၊ တကယ်တော့ လူ့ဘ၀ ဖြတ်သန်းခြင်းခရီးစဉ်ထဲမှာ
ရှင်သန်နေကြတဲ့ ကျွန်တော် တို့တတွေဟာ လှုပ်ရှားရုန်းကန် လူ့ဘ၀အမှန် ဆိုတဲ့ စကားစဉ်လေးအတိုင်း လူ့ဘ၀ကို အရှုံးမပေးစတမ်း
ရှင်သန်လှုပ်ရှားနေကြရမှာ မှန်သော်လည်း...... မိမိတစ်ဦးတည်းဖြေရှင်းမရသော လူ့ဘ၀အခက်အခဲတွေနဲ့
ကြုံတွေ့လာရတဲ့ အခါ အကူအညီ ဧကန်မလွဲ လိုအပ်တတ်ကြပါတယ်...။
ဒီလိုအကူညီကလည်း ကိုယ်တယောက်ထဲမလုပ်နိုင်ပါဘူး ကိုယ်ဘယ်လောက်ပဲတော်တော်
တယောက်သောမိတ်ဆွေရဲ့အကူညီကတော့လိုအပ်တာအမှန်ပါပဲ ဒါကြောင့် မိတ်ဆွေကောင်းကိုမှီပြီးလောကီလောကုတ်နှစ်ဖြာသောအကျိုးစီးပွားလုပ်နိုင်ရမယ်။
ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ လူ့ပြည်ရပ်ရွာမှာလည်း လူတို့သည် တဦးနှင့်တဦး ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ တဦးနှင့်တဦးမိတ်ဆွေကောင်းပီသစွာ ကျင့်ကြံရပါတယ်…ဓမ္မစမ်းရေ

0 comments:
Enregistrer un commentaire