(၁) ဗုဒ္ဓုပ္ပါဒသုခ
(၂) သဒ္ဓမ္မဒေသနာသုခ
(၃) သာမဂ္ဂီသုခ
(၄) တပေါသုခ
သုခလေးပါးကို မြတ်စွာဘုရား အစဉ်အတိုင်း ဟောကြားခဲ့တယ်၊
၁။ ဗုဒ္ဓုပ္ပါဒသုခ
မြတ်စွာဘုရားတို့ရဲ့ ပွင့်ထွန်း ဖြစ်ပေါ်တော်မူရခြင်းသည် ချမ်းသာသုခရကြောင်း
ဧကန်အမှန် ဖြစ်သောကြောင့် ချမ်းသာသုခလို့ပဲ ဆိုရပါတယ်။ ဤတွင် ဘုရားပွင့်
တော်မူခြင်းအတွက် သုခဘယ်လောက်ကြီးတယ်ဆိုတာ အကယ်၍သာ ဘုရားမ
ပွင့်ရင် ဒီ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ ပယ်ရမဲ့တရား၊ ပွားရမဲ့တရား၊ ဘာမျှ မ
သိတော့ဘူး။
အခုတော့ မြတ်စွာဘုရား ဖြစ်ထွန်းပွင့်တော်မူလာလို့ ဒီတရားက ပယ်ရမဲ့တရား
ဒီတရားက ပွားများရမယ့် တရားဆိုတာ လူနတ်ဗြဟ္မာ သတ္တဝါတွေ အချုပ်အား
ဖြင့် ပိုင်းပိုင်းခြားခြား သိကြတယ်။ သိတဲ့အတွက် ပယ်ရမယ့်တရား ပယ်လို့၊ ပွား
ရမယ့်တရား ပွားကြလို့ အောက်ထစ်တန်းစား လူ့ချမ်းသာ နတ်ချမ်းသာ၊ ထိုအ
ထက်တက်လို့ရှိရင် နိဗ္ဗာန်ချမ်းသာကို အရဟတ္တဖိုလ်ပေါက် ချမ်းသာသုခ ရောက်
ကြရတယ်။ဗုဒ္ဓုပ္ပါဒသုခသည် ဘုရားရှင်ဘက်က ပေးရမယ့်သုခ ဖြစ်ပါတယ်။
၂။ သဒ္ဓမ္မဒေသနာသုခ
မြတ်စွာဘုရားသည် အကယ်၍ ဖြစ်ထွန်းပွင့်ပေါ်ရုံသာ ပွင့်ပေါ်၍ ကိုယ်တော်တစ်
ကိုယ်တည်း ချမ်းသာရေး အလေးပေးပြီး လေးဆယ့်ငါးဝါ တရားမဟောဘဲ အ
ကယ်၍များ ဖလသမာပတ်ကို နေ့ရောညရော ဝင်စားပြီးတော့ တရားမဟောပဲ
ကိုယ်တော်သက်တော်စေ့လို့ ပရိနိဗ္ဗာန် စံသွားရင် ဘယ်သူသိမလဲ။ ဒီတရား ပယ်
ရမဲ့တရား ပွားရမယ့်တရား ဘာမှ သိမှာ မဟုတ်ဘူး။
မြတ်စွာဘုရား လေးဆယ့်ငါးဝါ ကာလကြာအောင် ပယ်ရမယ့်တရား ပွားရမယ့်တ
ရားများကို နည်းအမျိုးမျိုးဖြင့် ဟောကြားပြသတော်မူခဲ့တယ်။ အဲဒီလို ဟောကြား
ပြသတော်မူခဲ့လို့ပဲ ပယ်ရန် ပွားရန် တရားများကို သိပြီးတော့ ပယ်ကြ ပွားကြလို့
ချမ်းသာသုခ ရကြတာပဲ။သဒ္ဓမ္မဒေသနာသုခလဲပဲ မြတ်စွာဘုရားဘက်က ပေးရမယ့်သုခ ဖြစ်ပါတယ်။
၃။ သာမဂ္ဂီသုခ
မြတ်စွာဘုရား ဟောကြားတဲ့ သဒ္ဓမ္မဒေသနာသုခကိုရမှ သာဝကတို့သည် ဘုရား
ရဲ့အဆုံးအမ ဓမ္မဒေသနာကို ရကြသဖြင့် ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြတယ်။
သူ, မတရား၊ ငါ, တရားတယ်၊ သူကားလွဲစင်၊ ငါမှန်ထင်တည့်၊ ဆန့်ကျင်စကား
တစ်ယောက်နဲ့တယောက် အငြင်းပွားနေလျှင်၊ အငြင်းပွားနေမှုကို ကြောက်ဖွယ်
မအေး ဘေးအနေနဲ့ရှုကြ။ အငြင်းမပွားဘဲနဲ့ ညီညွတ်ခြင်းကို ချမ်းသာအေးမြတဲ့
ခေမတရားအနေနဲ့ ချစ်သားချစ်သမီးတို့ ရှုကြ။ အဲဒီလို ရှုကြမြင်ပြီးလျှင် ကိုယ်စီ
နှစ်ရပ် ညီညွတ်ကြလေ၊ အချင်းချင်းမေတ္တာ ရှေ့သွား ပြုပြီးတော့ ပြေပြေပြစ်ပြစ်
စကား ပြောကြလေ။
အဲဒီသြဝါဒတွေ ငါဘုရားတစ်ဆူတည်း၏ သြဝါဒ မဟုတ်ဘူး။ ဧသာဗုဒ္ဓါနုသာသနီ
= ဤသြဝါဒ အနုသာသနီတွေကို အဆူဆူသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါ
ဒအနုသာသနီ ဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားဘက်က သဒ္ဓမ္မဒေသနာသုခ လမ်း
ညွှန်းပေးချက်အရ ဝိဝါဒဟာဘေးပဲ၊ မညီညွတ်ခြင်းဘေး၊ ညီညီတ်ခြင်းသည် ငြိမ်း
အေးတယ်လို့ သိရတယ်။ သိလို့မို့လို့ ညီညွတ်ကြတယ်။
အသီးသီး အသင်းအပင်းဖွဲ့စည်းပြီးတော့ ညီညီညွတိညွတ် ရှိကြတာကိုပင် ပထမချမ်းသာသုခ၊ သာဝကတွေဘက်က ပြုလုပ်ရမယ့် သုခဖြစ်တယ်။ သူတော်စင်တွေအနေဖြင့် အစဉ်အလိုက်
ဂါရဝမင်္ဂလာတရား ရှေ့ထားပြီးတော့ တစ်ဦးနဲ့တစ်ဦး ကိုယ်ရောစိတ်ရော ညီညီ
ညွတ်ညွတ် ရှိနေခြင်းသည် မိမိတို့ဘက်က သာမဂ္ဂီသုခကို ပထမရယူလိုက်ခြင်း
ဖြစ်ပါတယ်။
ပရဟိတအဖွဲ့အစည်းတခုမှာ လူတွေဘယ်လောက်များများ များချင်သလောက်များပါစေ အဖွဲ့ဝင်တွေအားလုံးရဲ့စိတ်ထဲမှာ ကိုယ်သာကွဲတာ စိတ်ထားချင်းကတူတူပဲ သူလည်းငါ့လို ပရဟိတစိတ်ရှိသူပဲ ဘယ်တော့အခါမှကိုယ်ကျိုးမမျှော်တဲ့သူပဲ သူဂုဏ်ကိုကိုယ်ကြည့် ကိုယ်ဂုဏ်ကိုသူကြည့်ပြီးအချင်းချင်းညီညွတ်ခြင်းဟာ သာမဂ္ဂီသုခပါပဲ။
၎။ တပေါသုခ
ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြတဲ့ သာဝကတို့ရဲ့ ရှင်အပေါင်း၊ ရဟန်းအပေါင်း၊ လူ
အပေါင်း၊ ရှင်လူအပေါင်း ဆိုတဲ့လူ, သံဃာ ညီညွတ်ရုံသာ ညီညွတ်၍ မငြင်းခုံသာ
ရုံ မငြင်းခုံဘဲ၊ အလုပ်မလုပ်ကြရင် တပေါသုခ မရနိုင်ဘူး။
အဲဒီလို သာမဂ္ဂီသုခရအောင် ကြိုးစားကြပါ။ တပေါသုခရအောင် အချင်းချင်းစိတ်ဝမ်းကွဲနေသော အဖွဲ့အစည်းကို ပြောရင် မဖြစ်ပါဘူး၊ ပြောရင် ဒုက္ကထာ= နားဆင်းရဲတဲ့ စကားပင် ဖြစ်ပါတယ်။
အဲဒီလို အချင်း
ချင်း စိတ်ဝမ်းကွဲပြီးတော့ ဘာမှအလုပ်မလုပ်ဘဲနဲ့ ကိလေသာကို ပူပန်စေတတ်တဲ့
အလုပ်ကို မလုပ်ဘဲနဲ့၊ ကုသိုလ်တရားတွေကို လျော့ပါးသွားစေတတ်တဲ့ ဝိဝါဒအ
လုပ်တွေ၊ ဆန့်ကျင်ဘက် အလုပ်တွေကိုသာ လုပ်နေတဲ့ အဖွဲ့အစည်းကို သွားပြော
ရင်လဲပဲ၊ တပေါသုခ လုပ်ကြပါ ပြောရင်လဲပဲ သူတို့ နားဆင်းရဲတဲ့ စကားပဲ၊ နားဆင်း
ရဲမှုပဲ ဖြစ်ရမယ်။
သမ္မာပယောဂ ရှေ့သွားပြုပြီးတော့၊ မြတ်စွာဘုရားရဲ့ အဆုံးအမသြဝါဒ သာသနာ
ကို သမ္မာပယောဂဖြင့် ကြိုးစားပြုစုလိုက်နာ ကျင့်သုံးတဲ့အတွက် ကျင့်သုံးသ
လောက် လောဘတွေ၊ ဒေါသ၊ မောဟတွေ ခေါင်းပါး။ ဒေသနာတည်းဟူသော အ
မြိုက်နည်းဖြင့် လောဘ၊ ဒေါသ၊ မောဟတွေကို ပြန်ပြီးတော့ လောင်မြိုက်ပေးလိုက်
တယ်။
အဲဒီလို ပေးလိုက်တဲ့အတွက် သူတော်ကောင်းတွေမှာ တပေါကမ္မ၊ ကိလေ
သာတို့ကို ပူပန်စေတတ်တဲ့ ကောင်းမှုကုသိုလ်အမှုကို ပြုကြအားထုတ်ကြတဲ့အ
တွက် လောဘတည်းဟူသော အပူတွေငြိမ်းပြီးတော့ အလောဘ၊ အဒေါသ၊ အ
မောဟနဲ့ ယှဉ်တဲ့ အအေးဓါတ်၊ ချမ်းသာသုခ ဓါတ်ကိုကိုယ်စီကိုယ်ငှ ရကြတယ်။
မြတ်စွားဘုရားသည် ဗုဒ္ဓုပ္ပါဒသုခ၊ သဒ္ဓမ္မဒေသနာသုခ၊ သာမဂ္ဂီသုခ၊ တပေါသုခ - သုခလေးပါး မြတ်စွာဘုရား ဟောကြားခဲ့တယ်၊
ယင်းသုခလေးပါးတွင် ရှေ့နှစ်ပါး ဗုဒ္ဓုပ္ပါဒသုခနှင့်သဒ္ဓမ္မဒေသနာသုခကား ဆရာဖြစ်
တဲ့ မြတ်စွာဘုရားနဲ့ဆိုင်ရာ သုခဖြစ်ပါတယ်။ နောက်နှစ်ပါးဖြစ်တဲ့ သာမဂ္ဂီသုခ နှင့်
တပေါသုခကား တပည့်သာဝကတို့ ပြုလုပ်ရမယ့် သုခဖြစ်ပါတယ်။
မြတ်ဘုရားကတော့တာဝန်ကျေပွန်နိုင်ပြီး လေးသင်္ချေနဲ့ကမ္ဘာတသိန်း ဘုရားဖြစ်ဖို့ပါရမီတွေဖြည့်ကျင့်ခဲ့တယ် ဖြည့်ကျင့်ခဲ့လို့ ဗုဒ္ဓုပ္ပါဒသုခဆိုတာကိုစာရှု့သူ စာရေးသူတို့အပါဝင်သတ္တဝါခပင်းရရှိကြရတယ်။
မြတ်ဘုရားပွင့်ထွန်းပေါ်ပေါက်ပြီးတော့လည်းတရားရေအေးတိုက်ကျွေးခြင်းလို့ခေါ်တဲ့
သဒ္ဓမ္မဒေသနာသုခကိုလည်းမြတ်ဘုရားလေးဆယ့်ငါးဝါပါတ်လုံး ဒီဟာကား ကုသိုလ် ဒီဟာကားအကုသိုလ်ဆိုတာခွဲခြားသိနိုင်ပြီ။
မြတ်စွာဘုရား တာဝန်ပေးထားခဲ့တဲ့အတိုင်း နောက်နှစ်ပါးဖြစ်တဲ့ သာမဂ္ဂီသုခ၊တပေါသုခ၊ ဒီသုခနှစ်ပါးကို ဘုရားအလိုကြ တာဝန်ကိုယ်စီယူကြကာ ကိုယ့်တာဝန်ကိုကိုယ်ကျေဖို့လိုပါတယ်
ကိုယ့်တာဝန်ကိုကိုယ်သိတတ်စွာ ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေ။
(မင်းကွန်းဆရာတော်တရားတော်ကိုမှီးငြမ်းပြီးရေးသားသည်)။ ဓမ္မစမ်းရေ ....
0 comments:
Enregistrer un commentaire