Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

vendredi 24 janvier 2014

သူတို့အတွေးနှင့်သူတို့အမြင်


စာရေးသူခေါင်းထဲအတွေးတခုဝင်ရောက်တိုက်ခိုက်သွားတယ် ဘာလဲဆိုတော့စာရေးသူတို့ကျောင်းမှာ တောထွက်ရဟန်းကြီးတပါးရှိတယ်
သူက သင်္ဘောသား ခုတော့အသက်ကရှစ်ဆယ်ကျော်ပြီ ရဟန်းဝတ်တာ ရှစ်ဝါလောက်ရှိပြီ သူကငယ်ဖြူတွေကိုပြောလေ့ပြောထရှိတဲ့ စကားလေးတခွန်းရှိတယ်။

အရှင်ဘုရားတို့ငယ်ဖြူတွေဟာ တောသားတွေ ဆင်းရဲလို့ငတ်လို့ဝတ်လာကြတာတဲ့ တောမှာနေစရာမရှိ စားစရာမရှိလို့ဝတ်လာကကြတာသာသနာမှာတောသားတွေချည်းပဲတဲ့။

အဲဒီလိုကိုရင်တွေကိုခဏခဏပြောတတ်တဲ့သူရဲ့အမူအကျင့်ကိုကြာလာတော့စာရေးသူကိုယ်တိုင်ကြည့်မရ
aတာ့ပါ ဒါနဲ့သူနဲ့စကားပြောဖြစ်ပါတယ်။

ဦးဇင်းကြီး လောကလူတွေ ဘုရားကိုဘာလို့ကိုးကွယ်ကြတာလဲ စည်းစိမ်ပျက်စီးလို့လား ဒုက္ခရောက်နေကြလို့လား ချမ်းသာချင်ကြလို့လား အိုမင်းရင့်ရော်ပြီး အားကိုးရာမဲ့လို့ အားကိုးရာအစစ်ကိုတကယ်လိုချင်လို့လားဆိုတော့သူပြန်မဖြေဘူး။

တပည့်တော်အရှင်ဘုရားကိုရဋ္ဌပါလမထေရ်အကြောင်းပြောပြချင်ပါတယ် ခဏလောက်သည်းခံပြီးနားထောင်ပေးပါဆိုတော့သူကလက်ခံပေးပါတယ်။

ဘုရားရှင်လက်ထက် ကုရုတိုင်းပြည်တွင် ကောရဗျမင်း အုပ်စိုးသည်။ ထိုတိုင်းပြည်တွင် ရဋ္ဌပါလ သူဌေးသားတစ်ဦးရှိသည်။ သူသည် အသက်ငယ်ရွယ်သူဖြစ်သလို စည်းစိမ်ချမ်းသာများနှင့်လည်း ပြည်စုံသူဖြစ်သည်။

ဘုရားရှင်ဟာ ကုရုတိုင်း ထုလ္လကောဋ္ဌိက နိဂုံးရွာသူ ရွာသားများအား တရားဟောတော်မူတယ်။ တရားနာပရိတ်သက်ရဲ့အစွန်ဆုံး မှာ ရဋ္ဌပါလသူဌေးသားလည်း တရားလာနာပါတယ်။

တရားအဆုံးမှာ ရဋ္ဌပါလသူဌေးသား ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရာတော်များအပေါ် သူ့အမြင်ကိုသုံးသပ်တယ်။ ဘုရားရှင်ဟောကြားသည့်တရားတော်များအရ ဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ်မယ်ဆိုတာကိုသဘောပေါက်တယ်။

ဒါနဲ့မိဘများထံခွင့်ပန် ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ ဒီလိုနဲ့ ရဋ္ဌပါလရဟန်းဟာ ဘုရားရှင်နဲ့အတူသာဝတ္ထိမြို့ဇေတ၀န်ကျောင်းသို့လိုက်ပါလာခဲ့တယ်။ဇေတ၀န်ကျောင်းတော်သို့ ရောက်တယ်
ဆိုရင်ပဲအရှင်ရဋ္ဌပါလရဟာတပါးတည်းဆိတ်ငြိမ်တဲ့နေရာကိုသွားပြီးတရားအားထုတ်လိုက်ရာ ရက်အနည်းငယ်အတွင်းမှာပဲရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

တနေ့ ရဟန်းတော်ဟာ ဘုရားရှင်ထံ ခွင့်ပန်ကာ ဇာတိမွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဋ္ဌိက နိဂုံးရွာကို ပြန်ကြွတော် မူလာခဲ့တယ်။ရဋ္ဌပါလ ရဟန်းတော်ရောက်ရှိနေကြောင်းကို ကောရဗျမင်း ကြားသည်နှင့် စိတ်ဝင်စားကာ ရဟန်းတော်ရှိရာမင်းရဲ့ဥယျာဉ်တော်အတွင်းသို့ရောက်လာကာ ရဟန်းတော်အား ရှိခိုးဦးချပြီး…

’’ အရှင်ဘုရား….လောကမှာကံမကောင်းအကြောင်းမလှ ဒုက္ခရောက်လို့ပဲဖြစ်စေ၊ အနာရောဂါထူပြောပြီး ကျန်းမာရေးမကောင်းလို့ပဲဖြစ်စေ၊ စီးပွားဥစ္စာများဆုံးပါးကာ ဘ၀မှာ ရစရာမရှိအောင် ဆင်းရဲသွားလို့ပဲဖြစ်စေ၊ အိုမင်းမစွမ်းလို့ပဲဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ရဟန်းပြုကြတာတွေ့ရပါတယ်ဘုရား၊

အခုတော့ အရှင်ဘုရားမှာ အရွယ်ကလည်းငယ်၊ ကျန်းမာရေးကလည်း ကောင်း၊ စီးပွားဥစ္စာများလည်း ချမ်းသာနေပါလက်နဲ့ ဘာကြောင့် ရဟန်းပြုရတာလဲဘုရား’’ လို့ ရဟန်းတော်အား မေးလျှောက်ပါတယ်။

ထိုအခါ ရဟန်းတော်က သူလူ့ဘ၀ဖြစ်စဉ်က ရဟန်းဘ၀သို့မရောက်ရောက်အောင်တွန်းပို့ပေးလိုက်တဲ့ ဓမ္မသဘာဝတရားလေးမျိုးကို ဘုရားရှင်ထံမှ နာယူခဲ့ရသည့်အတိုင်းပြန်လည်မိန့်ကြားတော်မူပါတယ်…

ထိုအချက်(၄)ချက်မှာ…

၁။ ဒကာတော်မင်းကြီး………….. သတ္တလောကကြီးအတွင်းရှိကြတဲ့ လူ၊နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးဟာ သတ္တ၀ါရယ်လို့ဖြစ်လာကတည်းက စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ ၊ရက်၊ လ၊ နှစ် တဖြည်းဖြည်းနဲ့ကြီးရင့်လာ ကြပါတယ်။

ဒါဟာ မွေးကတည်းက အိုခြင်းတရားကြီးက အချိန်နှင့်အမျှကြီးရင့်အောင် တွန်းပို့ခံနေ ကြရတာပါ။ ဒါတွင် မက နောက်ဆုံးဘ၀တခုရဲ့ အဆုံးနိဂုံးဖြစ်တဲ့ သေခြင်းတရားဆီကိုလည်း တွန်းပို့ ခံနေကြရပါတယ်။

ဒါကြောင့်လည်း သတ္တ၀ါတွေဟာ အိုမှု၊ သေမှုအဆင့်ဆင့်တွန်းပို့ခံနေကြရတဲ့ အတွက် မတည်မြဲကြဘူး၊ ဘာကြောင့်ဆိုရင် ကြီးရင့်မှုမရှိတဲ့ဘ၀၊ သေခြင်းမရှိတဲ့ဘ၀ရယ် မရှိလို့ပါဘဲ။

၂။ ဒကာတော်မင်းကြီး…………..သတ္တ၀ါတွေဟာ ဘေးရောဂါဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အားကိုး စရာရှာရတာ သဘာဝပါ။ ဒါပေမဲ့ သတ္တ၀ါတွေမှာ ရောဂါဆိုးကြီးတွေမှ ကင်းလွတ်အောင် စွမ်းဆောင် ပေးနိုင်တဲ့သူ၊ အားကိုးရတဲ့သူကိုရှာဖွေလို့မတွေ့ရတဲ့အတွက် အားငယ်နေကြရသူတွေပါ။

ဒါကြောင့်လည်း ဘုရားရှင်က လောကမှာ မိဘ၊ သားသမီး မကယ်နိုင်တဲ့ ဘေးဆိုးကြီးတွေဆိုတာ ရှိတယ်။ အဲဒါကို ‘ အ မာတာ ပုတ္တိက ဘယာတိနာမ ‘ လို့စာပေက ဆိုပါတယ်။

အိုမှု၊ နာမှု၊ သေမှုတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် မိဘကလည်း သားသမီးကို မကယ်နိုင်သလို သားသမီးကလည်း မိဘကို မကယ်နိုင်ကြ။ တောင်မင်းကို မြောက်မင်းမကယ်နိုင်ဆိုသလိုပါပဲ။

၃။ ဒကာတော်မင်းကြီး…………..” သတ္တ၀ါတွေမှာ ကိုယ်ပိုင် ဥစ္စာမရှိကြဘူး။ ကိုယ်ပိုင်ဆိုင်တယ်လို့ မှတ်ထင်နေတဲ့အရာတွေကို မပျောက်ပျက်သွားအောင် ဆုပ်ကိုင်ထားလို့မရပါဘူး။
တနေ့ကျရင် ကိုယ်ချစ်လှတဲ့ သက်ရှိသက်မဲ့အရာမှန်သမျှကို စွန့်ခွာသွားကြရမှာ အမှန်ပါ။ ဒါကြောင့် ယခု လက်ရှိဘ၀မှာ ကိုယ့်သဘောအတိုင်းဆုပ်ကိုင်ထားလို့မရတဲ့ ပစ္စည်းဥစ္စာတွေကို ကိုယ်ပိုင်ဖြစ်အောင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုနဲ့ ပြောင်းလဲယူရမှာပါ။

မိမိနဲ့ပါတ်သက်တဲ့ ဇနီးမယား၊ သမီးသား၊ လင်သားဆွေသညာများဟာ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်ပြောပြော၊မခွဲနိုင်ဘူးလို့ပဲပြောပြော၊တနေ့ကျရင်ကိုယ့်ကိုစွန့်ခွာသွားကြမြဲဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ငြင်းစရာမရှိတော့၊ ကိုယ်နဲ့ပါတ်သက်တာတွေကို မပိုင်ဆိုင်သလို၊ မိမိကိုယ်ကိုလည်း မပိုင်ဆိုင်ပါ။

ဒီလိုအကြောင်းအရာတွေကို ဘုရားရှင်က လမ်းကြောင်းညွှန်ပြတော်မူခဲ့တဲ့အတွက် အသိအမြင် တိုးတက်လာရခြင်းဖြစ်တယ်။ ဒီလိုနဲ့ တနေ့မှာ အားလုံးကိုစွန့်ခွာပြီး ဘ၀ခန္ဓာဟောင်းကို စွန့်ခွာသွား ကြရမှာဖြစ်တဲ့အတွက် ကျုပ်ဟာ ရဟန်းဘ၀ရောက်လာရခြင်း ဖြစ်ပါတယ် ။

၎။ ဒကာတော်မင်းကြီး…………..”သတ္တ၀ါတွေဟာ ဘယ်လောက်ပဲ ပြည့်စုံတယ်ပြောပြော လိုချင်မှု တရားတွေကို ထိန်းချုပ်လို့ မရပါ။ တစ်ထောင်ရသူက တစ်သိန်းလိုချင်တယ်။ တစ်သိန်းရသူက တစ်သန်းလိုချင်တယ်။ ရသမျှ နဲ့ မရောင်ရဲနိုင်ဘူး။

အမြဲတမ်းလိုချင်နေပါတယ်။ တဏုာက ခိုင်းတဲ့ အတိုင်း မငြင်းသာလုပ်ဆောင်ပေးနေရတဲ့အတွက် သတ္တ၀ါအားလုံးဟာ တဏုာ့ကျွန်တွေချည်းပါပဲ။ အားလုံးဟာ တဏုာဆိုတဲ့အရှိန်အ၀ါရှိတဲ့ သူရဲ့ခိုင်းစေမှုကိုအမြဲတမ်းလိုက်နာကာ လုပ်ဆောင်ပေးနေ ကြရတာပါ။

ဒီလိုဆောင်ရွက်ပေးမှုဟာ အရင်ဘ၀များစွာကလည်း ဆောင်ရွက်ပေးခဲ့ရပြီ။ အခုလည်း ဆောင်ရွက်ပေးရမြဲ၊ နောင်လည်း ဘ၀မပြတ်သမျှ ဆောင်ရွက်ပေးနေရဦးမှာပါ။ ဒီလိုတဏုာ့ကျွန် အဖြစ်မှ လွတ်အောင်ရုန်းချင်တဲ့အတွက် ကျုပ်ရဟန်း ပြုလာရတာဖြစ်တယ် “ လို့ ရဋ္ဌပါလ ရဟန်းတော် က ကောရဗျမင်းအား မိန့်တော်မူခဲ့ပါတယ်။

တပည့်တော်တို့သာသနာမှာ ရဋ္ဌပါလတို့ကို ဆရာတော်သံဃာတော်တွေများစွာရှိတယ်အရမ်းမပြောနဲ့ သံဃာတော်တွေကဘာမှမပြောသော်လည်းအပြစ်ကမနေဘူး အရှင်ဘုရားသတ္တိရှိလို့ပြောပေမဲ့ အရှင်ဘုရားအတွက်တပည့်တော်သနားလို့ပါလို့ပြောပြီးအတွေးလေးနဲ့ထွက်လာခဲ့မိတယ်။

သြော်..ဟုတ်ပါတယ်လောကလူတွေဟာကိုယ့်ကိုကိုတဏှာရဲ့ကျေးကျွန်ဖြစ်နေတယ်ဆိုတာလဲသိကြပါတယ်
သိလျှက်နဲ့ဆက်လက်ပြီးမိုက်နေကြတယ် သိလျှက်နဲ့မိုက်တာဟာ လူမိုက်အစစ်ပါ သို့သော် အပြစ်ကိုအပြစ်မှန်းသိပြီးပြင်လိုက်မယ်ဆိုရင်တော့မှီပါသေးတယ်။

အသက်ကြီးတယ် ငယ်တယ်ဆိုပြီးပြောမနေကြပါနဲ့ခုသိတာလား ခုချက်ချင်းထလုပ်လိုက်ပါ ခုတရားအားထုတ်ချင်စိတ်ပေါက်နေတာလား ခုချက်ချင်းထအားထုတ်လိုက်ပါ ကုသိုလ်လုပ်တယ်ဆိုတာနောက်ကျတယ်ဆိုတာမရှိဘူး။

သိပြီးမလုပ်ဘူးသံသရာရေယဉ်ကျောမှာအလိုက်သင့်စီးမြောကာတခြားအမှိုက်တွေနဲ့အတူမြောပါသွားမယ်
ဆိုရင်တော့တန်ဖိုးရှိတဲ့လူ့ဘဝရလာတဲ့အခိုက်မှာဘာမှတန်ဖိုးမရှိတဲ့အလုပ်တွေနဲ့သေသွားမယ်ဆိုရင်တော
့နှမြောစရာပါပဲ။ 
 သြော်...လူဆိုတာသူ့အတွေးနဲ့သူပဲလေ ကောင်းအောင်တွေးပြီး ကောင်းအောင်မြင်တတ်ဖို့ပဲလိုတာပါပဲ....

ဓမ္မစမ်းရေ....

0 comments:

Enregistrer un commentaire