လျှောက်လက်စ လမ်းတစ်ခုမှာ
သောက်လက်စ ကော်ဖီတခွက်
မိုးမလုံတဲ့ မိမိရဲ့ခန္ဓာအိမ်ထဲ
ဆက်နေဖို့ဆိုတာလည်း
သမုဒ္ဒရာရေပွတ် ခဏတက်တဲ့
ပမာမျှသာပါပဲ။
အတွေးကိုယ်စီနဲ့ မတူညီတဲ့လူ့လောကထဲမှာ
သူကတမျိုး ကိုယ်ကတဖုံ
အတွေးကိုယ်စီရှိကြတယ်
အဲဒီအရာတွေနှိုင်းဆကြည့်တဲ့အခါ
ညီညွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
လူနှစ်ယောက် ရုပ်ချင်းတူပေမဲ့
စိတ်ချင်းတူဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး
မဖြစ်နိုင်တာများတဲ့ လူ့လောကဘ၀ထဲမှာ .
အချိန်တန်လို့ သေသွားပြန်တော့လည်း
နားခိုရာအစစ် ချမ်းသာအစစ်ကိုတကယ်မရယူနိုင်ကြပြန်ဘူး။
မင်းဘယ်လောက်ထိ မရေရာတဲ့ဘဝကို
တည်ဆောက်နေအုံးမှာလဲကွယ်
ရပ်တံ့ပါတော့လား ရပ်တံ့ပါတော့လား....ဓမ္မစမ်းရေ
0 comments:
Enregistrer un commentaire