Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 27 mai 2012

လေထန်တိုင်သာပွင့်သောပန်းများကြွေလျှင်



                   

                      လေထန်တိုင်းသာပွင့်ကြွေပါမူ ဘယ်မှာပန်းများကျန်မည်နည်း။


                      လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ ဘယ်မှာမြေကြီးကျန်မည်နည်း။

                      
                         ကျရှုံးတိုင်သာ ငိုရပါမူ ဘယ်မှာမျက်ရည်ကျန်မည်နည်း။

    
                                    အမှောင်တ၀က် လင်းတလက်သည်

        
                                     တရက်တခါကြုံရမည်သာတည်း။

    
                    အရှုံးတလှည့် နိုင်တလှည့်မှာ မျက်လှည့်ပမာ တွေ့မြဲသာတည်း။

               
                                     ဘ၀သည်ကားတိုက်ပွဲများပင်

           
                                    လှုပ်ရှားရသောလူရွာတောဝယ်

      
                          လင်းသောမှောင်သော အောင်သောရှုံးသော

        
                         မုန်းသောချစ်သော သစ်သော ဟောင်းသော

          
                           ပူသော အေးသော နုသောကြမ်းသော

           
                               စောသောစိတ်ဖြာ မနေသာပေ

           
                                လဲရာကထ ကျရာကတက်

    
                      ပျက်ရာကဆောက် ရှေ့သို့ဆောက်ပြီး

        
                             ရောက်ရာဘ၀ အားမာန်ပြရင်း

       
                             ရုန်းရ ကန်ရ မည်တကား။(တိပိ ဂန္ဓာရုံ ဦးပညာသာမိမှ ကူးယူတင်ပြ မျှဝေပါတယ်)။

                                                            ဓမ္မစမ်းရေ သောက်သုံးနိုင်ပါစေ........

          

တိရစ္ဆန်နှင့်ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာကံထိုက်ပါတယ်

ပိုင်ရှင်ရှိသောအမျိုးသမီးဆယ့်နှစ်ယောက်တို့သည် လူဇာတ်မဟုတ်သောတိရစ္ဆာန်ထီးတို့နှင့်လွန်ကျူးလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။

သာဓကအနေအားဖြင့်ဓမ္မပဒအဌကထာတွင်ပသေနဒီကောသလမင်းကြီးရဲ့မိဖရားခေါင်ကြီးဖြစ်သော
မလ္လိကာမိဖရားသည်တနေ့သောအခါ ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်သောအခါ ရှေးသို့ကုန်းပြီးဒူးခေါင်း
ကိုရေဆေးနေစဉ်မိမိအလွန်ချစ်သောအိမ်မွေးခွေးကြီးကနောက်ကျောပေါ်တက်ပြီးပေါင်းသင်းရောယှက်မှုပြုပါတယ်။ 

မိဖုရားကြီးကလဲ ထိုကာမအတွေ့ကို အထူးအဆန်းတခုအနေနဲ့သာယာပြီးငြိမ်ခံနေသည် ထိုမလ္လိကာမိဖုရားကြီးသည်ကွယ်လွန်ခါနီးတွင်ထိုမကောင်းမှုကံကို အောက်မေ့မိသဖြင့်
အ၀ီစိငရဲတွင်လူတို့အရေအတွက်အားဖြင့်(၇)ရက်ကျခံရသည်(၇)ရက်ကျော်လွန်မှတုသိတာနတ်ပြည်မှာဖြစ်ပါတယ် ဒါကြောင့် တိရစ္ဆာန်နှင့်ဆက်ဆံသောလူများကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။

samedi 26 mai 2012

ကြီးပွားတိုးတက်ရန် မြတ်ဗုဒ္ဓဘာသာ

စာမရေးဖြစ်တာတော်တော်ကြာသွားပြီ စာရေးသူ ခရီးသွားနေတာနဲ့မရေးဖြစ်တာပါ ခုကောခရီးကပြီးပြီလားဆိုတော့မပြီးသေးပါ သို့သော်  ရေးချင်တာနဲ့ထိုင်ပြီးရေးလိုက်တာပါ အချိန်တော်တော်ကြာ စဉ်းစားကြည့်တယ် ဘာရေးရမလဲပေါ့။ 

အဲဒီအချိန်မှာလူတယောက်က ဗုဒ္ဓဘာသာတွေဟာ ဆေးစွဲသမားနဲ့တူနေတယ်လို့ပြောတယ် ခဏကြာသူနဲ့စကားပြောဖြစ်ခဲ့တယ် စာရေးသူကလဲ ဘာလို့တူတာလဲ တူခြင်းအကြောင်းကိုရှင်းပြခိုင်းတာပေါ့ သူကလဲစာရေးသူကိုရှင်းပြပါတယ်။

 ဆေးသမားဟာဆေးစွဲသွားရင် ဘာအလုပ်မှမလုပ်ချင်ဘဲ ကြီးပွားမဲ့လမ်းတွေအကုန်ပိတ်ကုန်တယ် လူတွေဟာလဲဗုဒ္ဓဘာသာစစ်စစ်ဖြစ်သွားရင်ကြီးပွားမည့်လမ်းတွေပိတ်ကုန်တယ်တဲ့ ရောင့်ရဲသလိုနဲ့
 ပျင်းကုန်ကြတယ်လို့ပြောပါတယ် စာရေးသူ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ 

သူဘာကြောင့်ဒီလိုတွေးသလဲပေါ့တကယ်တော့ မြတ်ဗုဒ္ဓဟာလောကလူတွေကြီးပွားမည့်နည်းလမ်း
တွေဟောကြားခဲ့ပါတယ် စာရေးသူကလဲဘုန်းကြီးပဲ သူပြောတော့ပြန်လည်ရှင်းပြရမှာ တာဝန်ရှိတယ်လေ။ 

အဲဒါနဲ့ ခဏကြာစဉ်းစားပြီးသူ့ကို မြတ်ဘုရားဟောကြားခဲ့တာကိုပြောပြဖြစ်ခဲ့ပါတယ်  တခါတုံးက ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိနိဂုံးမှာမြတ်ဘုရားသီတင်းသုံးခိုက် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားလာရောက်ရှောက်ထားပါတယ်အရှင်ဘုရားတချို့သော
သူတွေဟာစည်းစိမ်ဥစ္စာချမ်းသာကြတယ်။ 

တချို့သူတွေဆိုရင်သူတို့အိမ်ဟာနန်းတော်ကြီးအလား စည်းစိမ်ပြည့်ဝလို့ကြီးပွားချမ်းသာနေကြတယ် တပည့်တော်လဲ ကြီးပွားချမ်းသာချင်ပါတယ်  ကြီးပွားမည့်နည်းလမ်းအရှင်ဘုရားမှာမရှိဘူးလား တပည့်တော်ကိုသနားကရုပြုသောအားဖြင့်ပေးသနားပါလို့လျှောက်ထားတယ် မြတ်ဘုရားက ရှိတာပေါ့ ကွယ် ကြီးပွားကြောင်းတရားလေးပါးရှိတယ်။ 

ဘာတွေလဲဘုရား မှတ်ထားကွယ့် ပြောပြမယ်
 (၁)ဥဋ္ဌာန သမ္ပဒါ ထကြွလုံးလရှိခြင်းဖြင့် စီးပွားဥစ္စာရှာရမယ်။ 

(၂)အာရက္ခသမ္ပဒါ စည်းစိမ်ဥစ္စာတွေ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်စီးပွားရှာရမယ် 

(၃)ကလျာဏမိတ္တသမ္ပဒါ သူတော်ကောင်းမိတ်ဆွေကိုပေါင်းသင်းကာစီးပွားရှာရမယ်။ 

(၄)သမဇီဝိတသမ္ပဒါရရှိလာသောစည်းစိမ်ဥစ္စာကိုအ၀င်အထွက်ညီမျှအောင်ကျင့်သုံးခြင်းဖြင့်စီးပွားရှာရမယ်။ 
 ဟုဟောကြားခဲ့ပါတယ်။ 

သူ့ကိုစာရေးသူ ဥဋ္ဌာနသမ္ပဒါ၏အင်္ဂါ ငါးချက်ပြောပြဖြစ်ပါသေးတယ် သူကလဲ စိတ်ရှည်ရှည်နဲ့နားထောင်နေလို့လဲ စာရေးသူပြောပြခဲ့တာပါ အင်္ဂါငါးချက်ကတော့......


(၁)  မိမိလုပ်မည့်စီးပွားရေးမှာကျွမ်းကျင်လိမ္မာရခြင်း၊


(၂)မပျင်းမရိထကြွလုံးလရှိရခြင်း။


(၃)လုပ်ငန်းမှာဆင်ချင်နိုင်သောဥာဏ်ပညာရှိရခြင်း။


(၄)အလုပ်ကိုကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ရခြင်း။


(၅)ဦးစီးဦးဆောင်မှုပြုပြီးစီမံညွှန်ကြားနိုင်ခြင်း၊တို့ပဲဖြစ်ပါတယ်။


စာရေးသူကလဲ သူ့ကို မေးလိုက်မိတယ် အထက်ဖေါ်ပြပါအချက်လေးချက်နဲ့ ဒုတိယမြောက်အချက်ငါးချက်နဲ့ ဘယ်လောက်ညီမျှလဲပေါ့ အဲဒါနဲ့ သူက စာရေးသူကို သူတွေ့ခဲ့သော ရွှေမြိုင်မြို့ရဲ့အကြောင်းလေးပြောပြပါတယ်။ 

စာရေးသူလဲနားထောင်နေမိတယ်ဘာပြောမလဲပေါ့ တခါတုံးက သူ့ဦးလေးတော်သူဟာ ဆိုင်ကယ်တက္ကဆီထောင်မလို့တဲ့ ဆိုပြီးဘုန်းကြီးတပါးသွားလျှောက်တယ် ဘုန်းကြီးကပြောပြပါတယ် ထောင်ရအောင် ဆိုင်ကယ်အကြောင်းမင်းက ဘယ်လောက်နားလည်လဲဆိုတော့ သူ့ဦးလေးဟာ ဆိုင်ကယ်သာမောင်းတတ်တာ ဆိုင်ကယ်အကြောင်းတလုံးတပါဒမှမသိပါ။ 

ဒါပေမဲ့ သူ့ညီကနားလည်တယ်ဘုရား သူလုပ်ပေးမယ်လို့ပြောပါတယ် ကိုယ်ကိုတိုင်မကျွမ်းကျင်ဘဲနဲ့ မလုပ်ရင်ကောင်းမယ် မဟုတ်ရင်အရှုံးပေါ်မယ်  ဘုန်းကြီးကပြောပါတယ် ဦးလေးကဘုန်းကြီးပြောတဲ့အချိန်မှာဆိုင်ကယ်တွေက၀ယ်ပြီးသွားပြီ အဲဒီလိုနဲ့ ပြောမကြာပါဘူး။ 

ဦးလေးဆိုင်ကယ်တွေက၀ယ်မိတယ်အဟောင်းတွေမို့ ခဏခဏ ပြင်ရ စက်ပစ္စည်းပိုင်းကမကျွမ်းကျင်ဝယ်ထားတဲ့ဆိုင်ကယ်တွေက မှောက်တာကမှောက် ပျက်တာကပျက်နဲ့ နောက်ဆုံးအရှုံးပေါ်ပြီး ဆိုင်ကယ်အားလုံး အောက်ဈေးနဲ့ရောင်းလိုက်ရတယ်လေ။ 

ဒါဆိုမကျွမ်းကျင်လို့ပေါ့နော် တဲ့ ...စာရေးသူပြောပြလိုက်ပါတယ် မင်းသိလျှက်နဲ့ ဒီစကားပြောထွက်တယ်ဆိုတော့ သူက စာရေးသူဆီက တရားစကားကြားချင်လို့ စတာပါတဲ့ သူကဆက်ပြီးစာရေးသူကိုပြောပါတယ်ကျွမ်းကျင်တဲ့အထိဆိုရင်အချိန်တော်တော်ကြာအုံးမယ်ဘုရား။

နောက်.. အမေမွေးကတည်းကကျွမ်းကျင်ပြီးသားမွေးတဲ့သူ လောကကြီးမှာတယောက်မှပါမလာဘူးဘုရားတဲ့ စာရေးသူလဲသူပြောတာမှန်တော့ ဟုတ်ပါတယ် လက်ခံပါတယ် ဟုပြောလိုက်ပါတယ် စာရေးသူက ကျွမ်းကျင်မှုမရှိရင် ကိုယ်တိုင်ကိုယ်ကျလုပ်ရတယ်သူတပါးနဲ့မလွှဲရပါဘူး သူတပါးထက် ပိုပြီးလုံးလပိုရှိရမယ် ကိုယ်လုပ်မည့်အလုပ်ကို ဦးစီးဦးဆောင်လုပ်ရမယ် အလုပ်ကိုဆင်ချင်ဥာဏ်ရှိရမယ်လေ။ 

ဒါမှသာလျှင်ကိုယ်လုပ်မည့်အလုပ်ကကြီးပွားမှာမဟုတ်လား (တင်ပါး)နောက်ဆုံးအချက်တွေ တပည့်တော်မစဉ်းစားမိပါဘူး တဲ့ ဒါဆိုရင် မှတ်ထားပေါ့ကျွမ်းကျင်မှုမရှိရင်သူတပါးကိုမလွှဲနဲ့ ကိုယ်တိုင်ကိုယ်ကျလုပ် ဟုတ်မဟုတ်စဉ်းစား ဒါမှကြီးပွားမှာပေါ့ဟုပြောလိုက်တယ်။ 

သူလဲ စာရေးသူကို တကယ်ပဲနော် ဦးဇင်းကတော့ဟုပြောသွားတယ် ဘာကိုဆိုလိုတာလဲတော့မသိပါ  ဒီဆောင်းပါးလေးအသွင်ပြောင်းလိုက်တာကတော့ စာရှု့သူတို့ကိုသိစေချင်တဲ့ဆန္ဒသက်သက်ကြောင့်ပါ အားလုံးကြီးပွားတိုးတက်အောင်မြတ်ဘုရားဟောကြားခဲ့သောသမ္ပဒါတရားလေးပါးနဲ့ညီအောင်ကျင့်သုံးပြီး ကြီးပွားအောင်လုပ်ကြပါလို့ တိုက်တွန်းရင်း။။။။။။။။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ၊၊၊၊၊၊




mercredi 16 mai 2012

လူကောင်းလူတော်ဆယ်ချက်



(၁) မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

 (၂) လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်

 ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

 (၃) ဂရုဏာစိတ်ထားတယ်

 တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

 (၄) ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်

 ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

 (၅) ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်

ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်ကပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

(၆) ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်

တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်းဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။

(၇) အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်

 အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာ တတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီးတန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီကမြစ်ဖျားခံတာပဲ။

(၈) အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်

 အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

 (၉) လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်

 စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yogaသင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

 (၁၀) အားကစားကို ခုံမင်နှစ်ခြိုက်တယ်

 အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။
 ရိုးသား ဖြောင့်မတ် မှန်ကန်မှုတိုင်းအတွက်
 ရလဒ်ကောင်းတွေအချိန်တိုင်းရှိမှာမဟုတ်ပေမဲ့
 သင့်အတွက်တော့ အမြဲစိတ်လုံခြုံမှု ရှိနေပါလိမ့်မယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။

lundi 14 mai 2012

အခက်ကြီးရှစ်မျိုး

                 
                                 ပညာမရှိလျှင်                 ကြီးလေခက်လေ၊

                                 စိတ်ထားမကောင်းလျှင်     ကြီးလေခက်လေ၊

                  
                                 ဥစ္စာမရှိလျှင်                  ကြီးလေခက်လေ၊


                                 မသိတတ်လျှင်               ကြီးလေခက်လေ၊


                                 မနေတတ်လျှင်              ကြီးလေခက်လေ၊


                                မစားတတ်လျှင်              ကြီးလေခက်လေ၊


                                မသွားတတ်လျှင်             ကြီးလေခက်လေ၊

                 
                                မပြောတတ်လျှင်             ကြီးလေခက်လေ။ ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။

samedi 12 mai 2012





အသက်ရှည်ဆေးလဲဖြစ် တပါးသောသူလဲကုသိုလ်ဖြစ်လို့ပြုံးကြည့်လိုက်ပါ။။။။။။

jeudi 10 mai 2012

 
              ဘုရားပေးတဲ့အသက်ရှည်ဆေး

တခါတုံးကစာရေးသူတို့ဆရာတော်ကိုကျောင်းဒကာလာပြီးအသက်ရှည်ဆေးလေးပေးပါတပည့်တော်
ကိုဗေဒင်ဟောထားတယ်ဒီနှစ်ထဲမှာအသက်ဆုံးရှုံးရဖွယ်ရှိတယ် ရေကြောင့်ဆုံးရှုံးရလိမ့်မယ်လို့
ဟောထားတယ်ဘုရား ဆရာတော်ကပြောပါတယ်။

 ဗေဒင်ပဲကွာမယုံပါနဲ့ကိုယ်ကကောင်းအောင်နေရင်စိတ်ထားကောင်းရင်မင်းအသက်ရှည်ပါတယ် ဒကာတော်မဟုတ်ဘူးဘုရားတပည့်တော်ဗေဒင်ဆရာကိုတယောက်ထဲမေးတာမဟုတ်ဘူးနှစ်ယောက်
သုံးယောက်မေးထားတာ ဒီအတိုင်းပဲ နည်းနည်းလေးမှ မပြောင်းဘူး။ 

အကုန်းလုံးထပ်တူပဲဘုရားဒါကြောင့်တပည့်တော်ကိုအသက်ရှည်ရာရှည်ကြောင်း
 ဆေးလေးတော့ပေးပါ ဆိုတော့ ဆရာတော်က ငါကဆရာဝန်မဟုတ်ဘူး ငါ့မှာရှိတာကတော့ဘုရားဆေးပဲရှိတာဒကာကြီးကလဲတပည့်တော်တောင်းတာဟာလဲ ဘုရားဆေးပဲတောင်းတာပါ ပေးတော်မူပါဟုလျှောက်ထားတယ်။   

ဆရာတော်က အေး…ဘုရားဆေးကတော့......

ရေစစ် ဆေး ကျောင်းအဟောင်းပြုပြင် ပဉ္စင် အဋ္ဌ သီလဖြူစင်သက်ရှည်ကြောင်းစု ကောင်းမှုခြောက်အင် အခွင့်စိုက် ပြုလိုက်ထာဝစဉ်တဲ့    

ဒကာတော်အသက်ရှည်ချင်ရင်တော့ ရေစစ်လှူ ဆေးလှူ ကျောင်းလှူ စေတီဟောင်း
 ကျောင်းဟောင်း လမ်းဟောင်း တံတားဟောင်း စသော အဟောင်းတွေပြုပြင် ငါးပါးသီလ ရှစ်ပါးသီလ ဖြူဖြူစင်စင် ထိန်းသိမ်းရမည်။ 

ခုပြောလိုက်တာတွေပြည့်စုံရင်တော့ ဗေဒင်ဟောတာတွေအကုန်လုံးမှားကုန်လိမ့်မယ် လို့မိန်းထားတဲ့စကားလေးတွေကိုမှတ်သားခဲ့ရဘူးတယ်။ 

ခုလိုပြောလိုက်တော့ဒကာတော်က စာရေးသူတို့ကျောင်းကို ဟိုဘက်ဒီဘက်ပေါက်တဲ့လမ်းကြီးကိုကတ္တရာလမ်းခင်းပေးပြီးလှူဒါန်းခဲ့ပါတယ်။


 နောက်ပြိး ဒကာကြီးဟာ ရွာဘက်တွေဆင်းပြီးတတ်နိုင်သမျှအလှူတွေလုပ်  တံတားတွေပြုပြင်လမ်းတွေခင်းဇရပ်တွေဆောက် နောက်ပြီးဒကာကြီးဟာကျောင်းပဲနေပြီး ဆရာတော်ဆီမှာအမြဲသီလတွေယူ၊

ဒီလိုနဲ့နေလိုက်တာဒီနှစ်အတွင်းအသက်ဆုံးရှုံးရလိမ့်မယ်လို့ဟောထားတဲ့ဗေဒင်ဆရာတွေ
အကုန်အရှက်ရသွားစေတယ် ဒကာကြီးဟာတနှစ်မဟုတ်ပါဘူး ဆယ်စုနှစ်ကုန်အောင်နေသွားရပါတယ်။

 နောက်ပြီး သိပ္ပံပညာရှင်တွေကလဲ ပြောထားတာရှိတယ် အသက်ရှည်ဆေးလေ သိပ္ပံပညာရှင်တွေက အကောင်းမြင်တတ်သောသူသည် အသက်ရှည်ကြောင်း အမေရိကန်နိုင်ငံတွင်ပြုလုပ်သည့်သုတေသနစစ်တမ်းတရပ်တွင်ဖော်ပြထားတာတွေ့ရတယ်။ 

သူတို့ကပြောတယ်လူသားတွေကိုလေ့လာကြည့်တယ်အဆိုးမြင်တတ်သောသူများသည်
 သွေးဖိအားနှင့် ကိုလက်စထရော ပါဝင်မှုမြင့်မားသည်ကိုတွေ့မြင်ရတယ်။ 

အကောင်းမြင်တတ်သောသူမှာနှလုံးရောဂါဖြစ်နိုင်ခြေ(၉)ရာခိုင်နှုံးလျှော့နည်းပြီး မည်သည့်အကြောင်းနှင့်မဆိုသေဆုံးနိုင်ခြေ (၁၄)ရာခိုင်နှုံး လျှော့နည်းသည် (တနည်း)အားဖြင့်အသက်ရှစ်နှစ်ပိုရှည်သည်ကိုတွေ့ရတယ်ဟုပြောထားတာဖတ်ဖူးတယ်။   
သုတေသနပညာရှင်တွေပြောတဲ့စကားဟာ မြတ်ဘုရားနဲ့တထပ်ထဲကျနေတာတွေ့ရတယ် ဒါကြောင့်မို့ စာရှု့သူတို့ အသက်ရှည်ချင်တယ်ဆိုရင် ဘုရားဆေးနဲ့ သုတေသနပညာ၇ှင်တွေရဲ့အကောင်းမြင်မှုတွေကျင့်သုံးမယ်ဆိုရင် သေချာပါတယ်    အနာဂါတ်မှာ ပျော်ရွှင်မှုတွေနဲ့ဖြတ်သန်းနေထိုင်ရင်းအသက်ရှည်သွားမှာကို……သိကြပါစေ သိသည့်အတိုင်းကျင့်နိုင်ကြပါစေ……..ဓမ္မစမ်းရေသောက်သံုးနိုင်ပါစေ။။။။

ဖတ်မိခဲ့သောစာတိုလေး

                                              မျှလိုက်ပါတယ်...ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။

mercredi 9 mai 2012

ဓမ္မစမ်းရေဖတ်မိသမျှစာတိုလေးများ

                           ရိက္ခာအတွက်တော့

                           သိက္ခာတော့အပျက်မခံ

                           လူ့တလွှားမှာလဲ

                           မုသားလျှာ သကာဖုံး

                              ပြုံးပန်းမပန်

                     နှလုံးခါးနဲ့လဲ အကောက်မကြံ

                 ဖောက်ပြန်တဲ့လမ်းကိုလဲမလျှောက်

                        ဘ၀တာရေပွတ်ပမာ

                     အလှမပါလို့အနေခက်ပေမဲ့

                  ခဏတာအသရေပျက်မှာကိုးတော့

                      သေမှာထက်ကြောက်။       ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ…..