ကျွန်ုပ်တို့သည်မိဘနှစ်ပါးရဲ့ကြိမ်ဖန်များစွာပြုခဲ့ဖူးသောကျေးဇူးများကြောင့်လူတလုံးသူတလုံးဖြစ်ခဲ့ရပါတယ်။လူ့ဘ၀သန္ဓေတည်သည်မှလူဖြစ်လာသည်ထိ အားအကိုးရဆုံးမှာလဲ မိဘနှစ်ပါးပင်..
သည်မိဘနှစ်ပါးကပင် ….
ကြိမ်ဖန်များစွာအစာရေစာတိုက်ကျွေးခဲ့ပါတယ်
ကြိမ်ဖန်များစွာကိုယ်ဖိရင်ဖိ ယုယခဲ့တယ်
ကြိမ်ဖန်များစွာအငိုတိတ်ရန်ချော့မြူနိုင်ခဲ့ပါတယ်
ကြိမ်ဖန်များစွာအအိပ်ပျက် အစားပျက်အနစ်နာခံရပါတယ်
ကြိမ်ဖန်များစွာကျမ္မာရေး သန့်ရှင်းရေးအတွက်ကိုယ်လက်သုတ်သင်ခဲ့ပါတယ်
ကြိမ်ဖန်များစွာဒုက္ခပေးခြင်းမှသည်းခံခဲပါတယ်ခွင့်လွှတ်ခဲ့ပါတယ်
ကြိမ်ဖန်များစွာ အလိုဆန္ဒကို လိုက်လျောနှစ်သိမ့်ကြည်းနူးစေခဲ့ပါတယ်
ကြိမ်ဖန်များစွာဘေးအန္တရာယ်များမှဟန့်တားကာကွယ်ပေးခဲ့ပါတယ်
ကြိမ်ဖန်များစွာကိုယ်စွမ်းကိုယ်စ အရည်သွေး ရရှိစေရန် ပြုစုပျိုးထောင်ခဲ့ပါတယ်
ကြိမ်ဖန်များစွာလူ့ဘ၀မှာခြေစုံရပ်နိုင် လှုပ်ရှားနိုင်အောင်ထူမတ်အားပေးခဲ့ပါတယ်
ကြိမ်ဖန်များစွာအများနည်းတူလူ့ဘ၀ခရီးဆက်နိုင်ရေးအတွက်လမ်းညွှန်စီစဉ်ပေးခဲ့ပါတယ်
ကလေးဘ၀မှသည်လူလားမြောက်ကာအိုးနှင့်အိမ်နှင့်မိသားစုဝန်းကျင်သစ်တခုဖြစ်လာသောအခါ
တရားသော ဖြူစင်သော အသက်မွေးဝမ်းကျောင်းနည်း ကိုယ်စီဖြင့်စားဝတ်နေရေးဖြေရှင်းပေးရလေသည်။
မိဘများကမိမိအပေါ်ကြိမ်ဖန်များစွာ မေတ္တာ ကရုဏာ စေတနာများထားနိုင်ခဲ့သည့်နည်းတူမိမိကလည်း
မိမိ၏မိသားစုအပေါ်ထပ်တူပြုစုကျွေးမွေးစောင့်ရှောက်ရသည်မှာလိုက်နာရသောနိယာမတရားပင်မဟုတ်လား ယဉ်ကျေးသောတင့်တယ်သောအစဉ်အလာကောမဟုတ်လား?
မိမိလျှောက်လှမ်းလာခဲ့သောလမ်းတေလျှာက်အချိန်မှီပြုသင့်သည်ကိုပြုဖြစ်ရန်နှင့်ရှောင်သင့်သည်
ကိုရှောင်နိုင်ရေးမှာရွေးချယ်ချင့်ချိန်ဆုံးဖြတ်နိုင်သောအတွေးအမြင်များလိုအပ်တယ်လေ။
ဥပမာ….. မျိုးစေ့ မျိုးပင် ရေ မြေ ရာသီ ဥတု ကာလ ဒေသ စိုက်ပျိုးသည့်နည်းတို့ကို
ကျွမ်းကျင်စွာသိ၇ှိစိုက်ပျိုးတတ်သူပမာပြုသင့်သည်ကိုအချိန်မှီပြုမှသာလျှင်
မိမိလိုအပ်သောလိုအပ်ချက်များရနိုင်မည်သည်သာ။
ထိုကြောင့်မိဘကျေးဇူးဆပ်ခြင်း
မိဘကိုကျွေးမွေးစောင့်ရှောက်ခြင်းအချိန်မှီ ပြုသင့်သည်များကိုပြုနိုင်ခြင်းသည်လူ့ယဉ်ကျေးမှုအလှတရား
မင်္ဂလာတရားပင်မဟုတ်ပါလား?။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။။။
0 comments:
Enregistrer un commentaire