Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 26 mai 2012

ကြီးပွားတိုးတက်ရန် မြတ်ဗုဒ္ဓဘာသာ

စာမရေးဖြစ်တာတော်တော်ကြာသွားပြီ စာရေးသူ ခရီးသွားနေတာနဲ့မရေးဖြစ်တာပါ ခုကောခရီးကပြီးပြီလားဆိုတော့မပြီးသေးပါ သို့သော်  ရေးချင်တာနဲ့ထိုင်ပြီးရေးလိုက်တာပါ အချိန်တော်တော်ကြာ စဉ်းစားကြည့်တယ် ဘာရေးရမလဲပေါ့။ 

အဲဒီအချိန်မှာလူတယောက်က ဗုဒ္ဓဘာသာတွေဟာ ဆေးစွဲသမားနဲ့တူနေတယ်လို့ပြောတယ် ခဏကြာသူနဲ့စကားပြောဖြစ်ခဲ့တယ် စာရေးသူကလဲ ဘာလို့တူတာလဲ တူခြင်းအကြောင်းကိုရှင်းပြခိုင်းတာပေါ့ သူကလဲစာရေးသူကိုရှင်းပြပါတယ်။

 ဆေးသမားဟာဆေးစွဲသွားရင် ဘာအလုပ်မှမလုပ်ချင်ဘဲ ကြီးပွားမဲ့လမ်းတွေအကုန်ပိတ်ကုန်တယ် လူတွေဟာလဲဗုဒ္ဓဘာသာစစ်စစ်ဖြစ်သွားရင်ကြီးပွားမည့်လမ်းတွေပိတ်ကုန်တယ်တဲ့ ရောင့်ရဲသလိုနဲ့
 ပျင်းကုန်ကြတယ်လို့ပြောပါတယ် စာရေးသူ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ 

သူဘာကြောင့်ဒီလိုတွေးသလဲပေါ့တကယ်တော့ မြတ်ဗုဒ္ဓဟာလောကလူတွေကြီးပွားမည့်နည်းလမ်း
တွေဟောကြားခဲ့ပါတယ် စာရေးသူကလဲဘုန်းကြီးပဲ သူပြောတော့ပြန်လည်ရှင်းပြရမှာ တာဝန်ရှိတယ်လေ။ 

အဲဒါနဲ့ ခဏကြာစဉ်းစားပြီးသူ့ကို မြတ်ဘုရားဟောကြားခဲ့တာကိုပြောပြဖြစ်ခဲ့ပါတယ်  တခါတုံးက ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိနိဂုံးမှာမြတ်ဘုရားသီတင်းသုံးခိုက် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားလာရောက်ရှောက်ထားပါတယ်အရှင်ဘုရားတချို့သော
သူတွေဟာစည်းစိမ်ဥစ္စာချမ်းသာကြတယ်။ 

တချို့သူတွေဆိုရင်သူတို့အိမ်ဟာနန်းတော်ကြီးအလား စည်းစိမ်ပြည့်ဝလို့ကြီးပွားချမ်းသာနေကြတယ် တပည့်တော်လဲ ကြီးပွားချမ်းသာချင်ပါတယ်  ကြီးပွားမည့်နည်းလမ်းအရှင်ဘုရားမှာမရှိဘူးလား တပည့်တော်ကိုသနားကရုပြုသောအားဖြင့်ပေးသနားပါလို့လျှောက်ထားတယ် မြတ်ဘုရားက ရှိတာပေါ့ ကွယ် ကြီးပွားကြောင်းတရားလေးပါးရှိတယ်။ 

ဘာတွေလဲဘုရား မှတ်ထားကွယ့် ပြောပြမယ်
 (၁)ဥဋ္ဌာန သမ္ပဒါ ထကြွလုံးလရှိခြင်းဖြင့် စီးပွားဥစ္စာရှာရမယ်။ 

(၂)အာရက္ခသမ္ပဒါ စည်းစိမ်ဥစ္စာတွေ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်စီးပွားရှာရမယ် 

(၃)ကလျာဏမိတ္တသမ္ပဒါ သူတော်ကောင်းမိတ်ဆွေကိုပေါင်းသင်းကာစီးပွားရှာရမယ်။ 

(၄)သမဇီဝိတသမ္ပဒါရရှိလာသောစည်းစိမ်ဥစ္စာကိုအ၀င်အထွက်ညီမျှအောင်ကျင့်သုံးခြင်းဖြင့်စီးပွားရှာရမယ်။ 
 ဟုဟောကြားခဲ့ပါတယ်။ 

သူ့ကိုစာရေးသူ ဥဋ္ဌာနသမ္ပဒါ၏အင်္ဂါ ငါးချက်ပြောပြဖြစ်ပါသေးတယ် သူကလဲ စိတ်ရှည်ရှည်နဲ့နားထောင်နေလို့လဲ စာရေးသူပြောပြခဲ့တာပါ အင်္ဂါငါးချက်ကတော့......


(၁)  မိမိလုပ်မည့်စီးပွားရေးမှာကျွမ်းကျင်လိမ္မာရခြင်း၊


(၂)မပျင်းမရိထကြွလုံးလရှိရခြင်း။


(၃)လုပ်ငန်းမှာဆင်ချင်နိုင်သောဥာဏ်ပညာရှိရခြင်း။


(၄)အလုပ်ကိုကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ရခြင်း။


(၅)ဦးစီးဦးဆောင်မှုပြုပြီးစီမံညွှန်ကြားနိုင်ခြင်း၊တို့ပဲဖြစ်ပါတယ်။


စာရေးသူကလဲ သူ့ကို မေးလိုက်မိတယ် အထက်ဖေါ်ပြပါအချက်လေးချက်နဲ့ ဒုတိယမြောက်အချက်ငါးချက်နဲ့ ဘယ်လောက်ညီမျှလဲပေါ့ အဲဒါနဲ့ သူက စာရေးသူကို သူတွေ့ခဲ့သော ရွှေမြိုင်မြို့ရဲ့အကြောင်းလေးပြောပြပါတယ်။ 

စာရေးသူလဲနားထောင်နေမိတယ်ဘာပြောမလဲပေါ့ တခါတုံးက သူ့ဦးလေးတော်သူဟာ ဆိုင်ကယ်တက္ကဆီထောင်မလို့တဲ့ ဆိုပြီးဘုန်းကြီးတပါးသွားလျှောက်တယ် ဘုန်းကြီးကပြောပြပါတယ် ထောင်ရအောင် ဆိုင်ကယ်အကြောင်းမင်းက ဘယ်လောက်နားလည်လဲဆိုတော့ သူ့ဦးလေးဟာ ဆိုင်ကယ်သာမောင်းတတ်တာ ဆိုင်ကယ်အကြောင်းတလုံးတပါဒမှမသိပါ။ 

ဒါပေမဲ့ သူ့ညီကနားလည်တယ်ဘုရား သူလုပ်ပေးမယ်လို့ပြောပါတယ် ကိုယ်ကိုတိုင်မကျွမ်းကျင်ဘဲနဲ့ မလုပ်ရင်ကောင်းမယ် မဟုတ်ရင်အရှုံးပေါ်မယ်  ဘုန်းကြီးကပြောပါတယ် ဦးလေးကဘုန်းကြီးပြောတဲ့အချိန်မှာဆိုင်ကယ်တွေက၀ယ်ပြီးသွားပြီ အဲဒီလိုနဲ့ ပြောမကြာပါဘူး။ 

ဦးလေးဆိုင်ကယ်တွေက၀ယ်မိတယ်အဟောင်းတွေမို့ ခဏခဏ ပြင်ရ စက်ပစ္စည်းပိုင်းကမကျွမ်းကျင်ဝယ်ထားတဲ့ဆိုင်ကယ်တွေက မှောက်တာကမှောက် ပျက်တာကပျက်နဲ့ နောက်ဆုံးအရှုံးပေါ်ပြီး ဆိုင်ကယ်အားလုံး အောက်ဈေးနဲ့ရောင်းလိုက်ရတယ်လေ။ 

ဒါဆိုမကျွမ်းကျင်လို့ပေါ့နော် တဲ့ ...စာရေးသူပြောပြလိုက်ပါတယ် မင်းသိလျှက်နဲ့ ဒီစကားပြောထွက်တယ်ဆိုတော့ သူက စာရေးသူဆီက တရားစကားကြားချင်လို့ စတာပါတဲ့ သူကဆက်ပြီးစာရေးသူကိုပြောပါတယ်ကျွမ်းကျင်တဲ့အထိဆိုရင်အချိန်တော်တော်ကြာအုံးမယ်ဘုရား။

နောက်.. အမေမွေးကတည်းကကျွမ်းကျင်ပြီးသားမွေးတဲ့သူ လောကကြီးမှာတယောက်မှပါမလာဘူးဘုရားတဲ့ စာရေးသူလဲသူပြောတာမှန်တော့ ဟုတ်ပါတယ် လက်ခံပါတယ် ဟုပြောလိုက်ပါတယ် စာရေးသူက ကျွမ်းကျင်မှုမရှိရင် ကိုယ်တိုင်ကိုယ်ကျလုပ်ရတယ်သူတပါးနဲ့မလွှဲရပါဘူး သူတပါးထက် ပိုပြီးလုံးလပိုရှိရမယ် ကိုယ်လုပ်မည့်အလုပ်ကို ဦးစီးဦးဆောင်လုပ်ရမယ် အလုပ်ကိုဆင်ချင်ဥာဏ်ရှိရမယ်လေ။ 

ဒါမှသာလျှင်ကိုယ်လုပ်မည့်အလုပ်ကကြီးပွားမှာမဟုတ်လား (တင်ပါး)နောက်ဆုံးအချက်တွေ တပည့်တော်မစဉ်းစားမိပါဘူး တဲ့ ဒါဆိုရင် မှတ်ထားပေါ့ကျွမ်းကျင်မှုမရှိရင်သူတပါးကိုမလွှဲနဲ့ ကိုယ်တိုင်ကိုယ်ကျလုပ် ဟုတ်မဟုတ်စဉ်းစား ဒါမှကြီးပွားမှာပေါ့ဟုပြောလိုက်တယ်။ 

သူလဲ စာရေးသူကို တကယ်ပဲနော် ဦးဇင်းကတော့ဟုပြောသွားတယ် ဘာကိုဆိုလိုတာလဲတော့မသိပါ  ဒီဆောင်းပါးလေးအသွင်ပြောင်းလိုက်တာကတော့ စာရှု့သူတို့ကိုသိစေချင်တဲ့ဆန္ဒသက်သက်ကြောင့်ပါ အားလုံးကြီးပွားတိုးတက်အောင်မြတ်ဘုရားဟောကြားခဲ့သောသမ္ပဒါတရားလေးပါးနဲ့ညီအောင်ကျင့်သုံးပြီး ကြီးပွားအောင်လုပ်ကြပါလို့ တိုက်တွန်းရင်း။။။။။။။။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ၊၊၊၊၊၊




0 comments:

Enregistrer un commentaire