လေထန်တိုင်းသာပွင့်ကြွေပါမူ ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်သာ ငိုရပါမူ ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတလက်သည်
တရက်တခါကြုံရမည်သာတည်း။
အရှုံးတလှည့် နိုင်တလှည့်မှာ မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကားတိုက်ပွဲများပင်
လှုပ်ရှားရသောလူရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သော ဟောင်းသော
ပူသော အေးသော နုသောကြမ်းသော
စောသောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့ဆောက်ပြီး
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရ ကန်ရ မည်တကား။(တိပိ ဂန္ဓာရုံ ဦးပညာသာမိမှ ကူးယူတင်ပြ မျှဝေပါတယ်)။
ဓမ္မစမ်းရေ သောက်သုံးနိုင်ပါစေ........
0 comments:
Enregistrer un commentaire