ထလော့မြန်မာ အိုမြန်မာတို့၊
တို့ရွာတို့မြေ တို့မြေရွာဝယ်၊
စေတီစပါး များလဲများ၏၊
များပါလေလဲ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ ကာလကြာလျှင်၊
ယာစကာမျိုး တညှိးညှိးနှင့်၊
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကျား၊
လှည့်လည်သွားလျှက်၊
မစားလေရ ၀မ်းမ၀ဘူး၊
ဆွမ်းမျှမတင် နိုင်ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့၊
တို့ရွာတို့မြေ တို့မြေရွာဝယ်၊
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား များလဲများ၏၊
များပါလေလဲ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ ကာလကြာလျှင်၊
မြင်သာမြင်ရ မစားရလို့၊
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့၊
အားမပျော့နှင့် မလျှော့လုံးလ၊
သူကစပြီး ငါကအားလုံး၊
လက်ရုံများမြောင် ဥာဏ်များမြောင်ဖြင့်၊
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့၊
တို့ရွာတို့မြေ ဘယ်သူ့မြေလဲ၊
တို့ယာစပါး ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန် ပွန်းလော့လုပ်ငန်း၊
ဥာဏ်ရှေ့ပန်းပြီး၊
တ၀မ်းတစိတ်ညီစေသတည်း။။။ဆရာဇော်ဂျီကဗျာလေးကြိုက်လို့မျှလိုက်ပါတယ်။။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ…….
0 comments:
Enregistrer un commentaire