Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 17 avril 2012

ဘုရားအလောင်းတော်ဘာကြောင့်ဒုက္ကရစရိယာကျင့်ရသလဲ?အပိုင်း(၂)



စာရေးသူနှစ်ရက်လောက်ခွါလိုက်မိတယ် အဘယ့်ကြောင့်လဲဆိုတော့ ကျောင်းသားတွေရဲ့နှစ်သစ်ကူးသင်္ကြန်လေးကိုပါဝင်နေလို့ပါပဲ မိမိကိုယ်တိုင်လဲကျောင်းသားလေ ဒီနေ့တော့ကိစ္စလေးပြီးလို့ဆက်လိုက်ကြရအောင်။   

မိလိန္ဒမင်းကြီးကဆက်မေးတယ် အရှင်ဘုရား တကယ်လို့များစင်္ကြာရတနာဆိုက်ရောက်လာမယ်ဆိုရင်ဘုရားလောင်းတော်တောထွက်ရာကနေ
ပြန်လာပါအုံးမလားတဲ့   အရှင်နာဂသေနက မင်းမြတ် မာနတ်၏အသင်းပင်းဖြစ်သောနတ်သားသည် ဘုရားလောင်းအားသွေးဆောင်ဖြားယောင်းရန်မုသားဆိုခြင်းသာဖြစ်တယ်။ 

တကယ်လို့စင်္ကြရတနာဆိုက်ရောက်လာလျှင်လဲဘုရားလောင်းတော်ပြန်လာမည်မဟုတ်ပေ ဥပမာအားဖြင့်ပြောရမယ်ဆိုရင်  ဟိမ၀န္တာရှိ သော အနောတတ်အိုင်ကြီးမှရေသည် ဂင်္ဂါသို့စီးဆင်းတယ် ဂင်္ဂါမှ သမုဒ္ဒရာသို့စီးဆင်းတယ် မဟာသမုဒ္ဒရာမှ  ပါတာလမုခမည်သော နဂါးပြည်သို့စီးဆင်းတယ် ထိုရေသည် နဂါးပြည်မှပြန်ဆုတ်ကာ အနောတတ်အိုင်သို့ နောက်ကြောင်းပြန်စီးဝင်ပါမည်လော?လို့ပြန်မေးလိုက်တော့ မစီးဝင်တော့ပါတဲ့။ 

ထိုနည်းတူပါပဲ မင်ကြီး ဘုရားလောင်းတော်သည်သဗ္ဗညုတဥာဏ်ရရှိရေးအတွက် လေးသင်္ချေနှင့်ကမ္ဘာတသိန်း
 ပါရမီတွေဖြည့်ကျင့်ခဲ့ရတယ်လေ ယခုပါရမီပြည့်စုံလို့နောက်ဆုံးဘ၀သို့ရောက်ခဲ့လေပြီ သဗ္ဗညုတဥာဏ်ရခါနီးနေပြီလေ ခြောက်နှစ်ကြာလျှင်လောက၏အထွဋ်အထိပ်သို့ဆိုက်ရောက်တော့မည် ထိုကဲ့သို့သောဘုရားလောင်းတော်သည်တဖန်ပြန်အုံးမည်လော?။

  အရှင်မပြန်တော့ပါတဲ့  ဟုတ်ပါတယ်မင်းမြတ် ထိုမဟာပထ၀ီမြေကြီးသည်တောများ  တောင်များ နှင့်တကွ မဟာသမုဒ္ဓနစ်မြှပ်ကောင်နစ်မြှပ်ပေလိမ့်မည် ဂင်္ဂါရေသည်ဆန်တက်ကောင်းဆန်တက်လိမ့်မညမဟာသမုဒ္ဒရာနွားခြေရာကွက်လောက်
ခန်းခြောက်ကောင်းခန်းခြောက်လိမ့်မည် မြင့်မိုလ်တောင်မင်းဟာအစိတ်ရာထောင် ပြိုကွဲကောင်းပြိုကွဲလိမ့်မည်။

 နေမင်းလမင်းကြယ်တာရာတို့သည် မြေပေါ်သို့ကြွေကျကောင်းကြေကျလိမ့်မည်
ဘုရားလောင်းတော်ကားသဗ္ဗညုတဥာဏ်မရရှိဘဲပြန်ဆုတ်နစ်တော့မည်မဟုတ်ပါ ဘာကြောင့်လဲဆိုရင် သံယောဇဉ်အားလုံးကိုပယ်ဖြတ်ပြီးသောကြောင့်ပါမင်းကြီး။   

အရှင်နာဂသေနကသံယောဇဉ်အကြောင်းပြောတော့မင်းကြီးကသံယောဇဉ်ကဘယ်လောက်ရှည်ပါသလဲ?တဲ့ သံယောဇဉ် အနှောင်အဖွဲ့တို့ကား အမိ အဖ မယား သားသမီး ဆွေမျိုး မိတ်ဆွေ ဥစ္စာ လာဘ်ပူဇော်မှု အစိုးရခြင်း ကာမဂုဏ်ဟုဆိုပြီးဆယ်ပါးရှိတယ်။ 

ထိုသံယောဇဉ်တည်းဟူသောအနှောင်အဖွဲ့တို့ဖြင့်နှောင်ဖွဲခြင်းခံရလျှင် သတ္တ၀ါတို့သည်လွတ်ရာကျွတ်ရာသို့မထွက်ခွါနိုင် ထွက်ခွါသော်လဲပြန်လာကြရသည် ဘုရားလောင်တော်သည်ကား ထိုသံယောဇဉ်တွေပယ်ဖြတ်ပြီးသွားချေပြီ။ 

 အဲဒါနဲ့ မင်းကြီးကစကားဆက်တိုင်းမေးနေပါတော့တယ် နတ်သား၏စကားကြောင့်ဘုရားလောင်းတော်သည် ဥာဏ်မရင့်ကျက်သေးမှီ တောထွက်လာငြားအံ့ဘုရားလောင်း၏ဒုက္ကရစရိယာ
အကျင့်သည်အကျိုးရှိပါမည်လောဟူသောမေးခွန်းဆက်လာပြန်တယ် 

အဲဒါနဲ့ အရှင်နာဂသေနက မင်းကြီး လောကမှာကဲ့ရဲ့ရှုတ်ချဖွယ်ရာယုတ်ညံ့သောသူဆယ်ယောက်တို့သာရှိကြကုန်၏ ထိုဆယ်ယောက်ကတော့......

 လင်နှင့်ကင်းကွာသောမိန်းမ 

အင်အားနည်းပါးသူ 

 အဆွေအမျိုးမဲ့သူ 

 အစားကြီးသောသူ 

ဆရာထံမဆည်းကပ်သူ 

 ယုတ်မာသောအဆွေခင်ပွန်း၇ှိသူ

 ပစ္စည်းဥစ္စာချို့တဲ့သူ 

အကျင့်ယုတ်သူ 

ယုတ်ညံ့သောအလုပ်ကိုလုပ်သူ 

လုံးလမရှိသောသူ ဟုဆိုပြီးဆယ်ယောက်ရှိပါတယ်။ 

ဘုရားလောင်းတော်သည် ထိုဆယ်ယောက်တို့တွင် ပါဝင်သော လုံးလမရှိသူဖြစ်ကာနတ်သာ၏ကဲ့ရဲ့ဖွယ်မဖြစ်လိုသောကြောင့်လည်းကောင်းအကျင့်တည်းဟူသောအလုပ်ဖြင့်
မမေ့မလျော့နေထိုင်လိုသောကြောင့်လည်းကောင်း ဒုက္ကရစရိယာကိုကျင့်နေတာပါ။ 

ထိုအကျင့်ဖြင့်မရင့်ကျက်သေးသောဥာဏ်ကိုရင့်ကျက်စေတယ် ထိုသို့ရင့်ကျက်ခြင်းကား ဒုက္ကရစရီယာအကျင့်၏အကျိုးပေတည်းဟုပြန်လည်ဖြေကြားခဲ့ပါတယ်  နောက်ဆုံးခြုံပြောရရင် 

ဘုရားလောင်းတော်သည် မရင့်ကျက်သေးသောဥာဏ်ကိုရင့်ကျက်စေခြင်းငှာ လည်းကောင်း သဗ္ဗညုတဥာဏ်ရရှိခြင်းပြီးသတ္တ၀ါတွေကယ်တင်ခြင်းငှာလည်းကောင်း ခန္ဓာကိုယ်ကိုစက်ဆုတ်ပြီးနိဗ္ဗာန်ကိုဝင်ရောက်စေချင်သောဆန္ဒကြောင့်လည်းကောင်းဒုက္ကရစရိယာကိုကျင့်ခြင်းဖြစ်ပါတယ်
လို့တင်ပြရင်း  ဥာဉ့်လဲနက်လို့ဒီလောက်နဲ့ပဲနားကြအုံးစို့…….ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ…..

0 comments:

Enregistrer un commentaire