မြင့်မိုရ်တောင်မင်း ။
ဘယ်သို့မြင့်လဲ ။
အမေ့မေတ္တာ ။
နှိင်းယှဉ်ပါက ။
နွားဦးချိုမျှ ။
ဖြစ်ခဲ့ရ၏ ။
သမုဒ္ဒရာ ။
အသို့ကျယ်လဲ ။
အမေ့မေတ္တာ ။
နှိင်းယှဉ်ပါက ။
မိုးရေစက်မျှ ။
ဖြစ်ခဲ့ရ၏ ။
မဟာပထ၀ီ ။
မည်သို့ကျယ်လဲ ။
အမေ့မေတ္တာ ။
နှိင်းယှဉ်ပါက ။
ဝါးရွက်မျှပင် ။
ရှိခဲ့ချေဟု ။
မာတုပေါသက ။
သုတ်မှာမိန့်မြွက် ။
ထားရှိခဲ့သည် ။ အော်…..
အမေ့မေတ္တာ ။
အတိုင်းအဆမရှိစွတကား။။။။။။။။
ဧပြီလငါးရက်နေ့ကျရောက်လာမည့်အမေ့မွေးနေ့အမှတ်တရ …
0 comments:
Enregistrer un commentaire