လောကကြီးထဲမှာ
မေတ္တာလောက်ကောင်းသောတရားဘာမှမရှိပါဘူးမေတ္တာတရားဟာလောကကြီးတခုလုံးတွင် တန်ခိုးအထက်ဆုံးအချမ်းသာဆုံးတရားပါပဲချမ်းသာမှုတကာတို့တွင်ဘယ်ချမ်းသာနဲ့မှမတူပါဘူး
မေတ္တာတရားကိုသာစွဲစွဲမြဲမြဲလက်ကိုင်ထားရင်သံသရာကျင်လည်ရသည့်တိုင်ကြောက်စရာမလိုတော့ဘူး။
သူတပါးပျက်စီးရာကိုဘယ်သောအခါမှမလုပ်နဲ့မပြောနဲ့မကြံနဲ့ မေတ္တာနဲ့ယှဉ်သောစိတ်ကိုသာထားပါ
ကောင်းသောအလုပ်ကိုလုပ်ပါ ကောင်းသောစကားကိုပြောပါ ကောင်းတာတွေပဲကြံပါ လက်ရှိအချိန်ဟာ တန်ဖိုးအရှိဆုံးအချိန်ဖြစ်တယ် လက်ရှိအချိန်ကိုသေတဲ့အထိသယ်ဆောင်သွားပါ။
လောကမှာ အလိုအပ်ဆုံးသောအရာဟာ မေတ္တာတရားပါပဲ စာရေးသူ အဖြစ်အပျက်ကလေးတခုတင်ပြပါရစေတခါတုံးကနယူးယေက်မြိုဆင်းရဲသားရပ်ကွက်ကလူကလေးများ
ကိုအနီးအနားမှာရှိတဲ့ လယ်ပိုင် ခြံပိုင်ရှင်တို့ရဲ့အိမ်များတွင် တအိမ်တယောက်ကျ စိမ်းစိမ်းလန်းလန်းရှိတဲ့ ယာ တော တောင် တို့ကိုအကြိမ်ကြိမ် ကြည့်ရှု့စေပြိး စိတ်ပျော်ရွှင်စေရန် စိတ်လန်းဆန်းစေရန် အသင်းသားတွေကို ကူညီမစဖို့ တိုင်ပင်ကြတယ် အားလုံးကလည်းသဘောတူလက်ခံကြတယ်။
ဆင်းရဲသောကလေးတယောက်ကိုလက်ခံလိုက်မိသောလက်ပိုင်ရှင်တဦးအိမ်မှအသင်းသားတွေနဲ့
အတူပျော်ပွဲစားထွက်ဖို့အချိန်ကြုံကြိုက်တယ်ထိုကလေးကိုအိမ်မှာထားခဲ့ရမလား ခေါ်သွားရမလား
ခေါ်သွားရင်လည်း အဆင်မပြေ ကျန်တဲ့သူတွေအနှောက်အယှက်ဖြစ်မှာစိုးတယ် ထားခဲ့ရင်လည်း အိမ်၇ှိပစ္စည်းခိုးမှာကြောက်ရသေးတယ် နောက်ဆုံးခေါ်သွားဖြစ်တယ်။
ပျော်ပွဲစားသောနေရာတွင်ရေစီးသန်သောချောင်းတခုမှာ ကလေးသားလေးတွေ ဖောင်စီးပြီးကစားကြတယ် ထိုနေရာလေးမှာ ကလေးသားလေးများအလွန်ပျော်ရွှင်ကြတယ် ။
ကလေးသားလေးများရေကစားနေခိုက်လူကြီးတွေကကုန်းပေါ်သို့တက်သွားကြတယ်ဖောင်ကစားနေသော
ကလေးငယ်များထဲတွင်ကလေးငယ်တယောက်ကချောင်းထဲသို့ကျသွားတယ်ကလေးငယ်၏ထိတ်လန့်သော
အသံကိုကြားရသောအခါလူကြီးတွေပြေးကာလာကြတယ်လူကြီးတွေမရောက်ခင် ဆင်းရဲသားကလေးငယ်က ချောင်းထဲကိုကျသွားတဲ့ ကလေးငယ်ကိုကယ်လိုက်ပါတယ် သဌေးသားကလေးငယ်ကိုကျတော့ အထွေးထည်တွေပေး အကြင်နာမှုတွေ ယုယမှုတွေပေးကြတာပေါ့ ။
ဆင်းရဲသားကလေးငယ်ကျုတော့တုံရည်စွာနဲ့ ဘေးနားမှာထိုင်နေရတယ် အကြင်နာမှုတွေ ယုယမှုတွေပေးမဲ့သူတယောက်မှမရရှိပါဘူး ဒါကိုဆင်းရဲသားကလေးငယ်က လိုချင်မက်မောမိတယ်လေ။
တုံရည်စွာနဲ့ ထိုင်နေသောကလေးငယ်ကိုမြင်တဲ့လူကြီးတယောက်က ဆင်းရဲသားကလေးငယ်ရဲ့အပြုမူကိုသဘောကျလို့ ပိုက်ဆံစုပြီး ဆင်းရဲသားကလေးငယ်ကိုပေးလိုက်တယ် ။
အဲဒီလူက ဆင်းရဲသားကလေးငယ်ကိုဘယ်လိုပြောပြီးပေးသလဲဆိုတော့ မင်းရဲ့ အကျင့်စာရိတ္တ မင်းရဲ့အပြုအမူမင်းရဲ့အသိဥာဏ်ကိုအလေးထားမိလို့ ပေးတာပါဒီပိုက်ဆံလေးကိုလက်ခံပေးပါဆိုတော့
ဆင်းရဲသာကလေးငယ်ကလက်မခံပါဘူး ကျွန်တော်လိုချင်တာ ပိုက်ဆံမဟုတ်ပါဘူး တစုံတယောက်သောသူရဲ့ ကြင်နာမှု ယုယမှုလို့ခေါ်တဲ့မေတ္တာတရားကိုရရင်ကျေနပ်ပါပြီတဲ့။
နောက် မိဘမဲ့ ဂေဟာကိုကြုံကြိုက်လို့ စာရေးသူလိုက်သွားလိုက်မိတယ် အဲဒီအချိန်မှာ ကလေးငယ်ဟာသူ့မှာရှိတဲ့ပိုက်ဆံလေးနဲ့သူရဲ့သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးလုပ်နေတာတွေ့ရတယ် အဲဒီအချိန်မှာ စာရေးသူ မနေနိုင်တာနဲ့ ကလေးငယ်ကိုမေးမိပါတယ်။
သမီး… သမီးရဲ့ မွေးနေ့ပွဲလေးမှာ ဘာလက်ဆောင်လိုချင်သလဲ လိုချင်တာရှိရင်ပြောပါ စာရေးသူက၀ယ်ပေးပါမယ်လို့ပြောလိုက်မိတယ် ကလေးငယ်ကဘာပြောသလဲဆိုတော့ ဘာမှမလိုအပ်ပါဘူး သမီးအလိုချင်ဆုံးသောအရာဟာ တစုံတယောက်သောသူက သမီး ရဲ့နဖူးလေးကို နမ်းကာကြင်နာမှုတွေ ယုယမှုတွေပေးရင်ကျေနပ်ပါပြီ သမီးအလိုချင်သောအရာဟာမေတ္တာတရားပါပဲ။
မေတ္တာတရားငတ်မွတ်နေသောကလေးငယ်များ ဒုက္ခရောက်နေသောသတ္တ၀ါတွေ မိမိရဲ့ ဘာမှပေးဆပ်ရတာမဟုတ်တဲ့ဘာမှငွေကြေးကုန်ကြတာမဟုတ်ဘဲနဲ့လိုအပ်နေတာလေးကို ဖြည့်ပေးလိုက်ရတာက အင်မတန် တန်ဖိုးကြီးမားတဲ့ ကုသိုလ်ထူးကိုရရှိလိုက်တာပါပဲ။
မိမိက “အလှတခုအဖြစ်အသုံးပြုလိုက်တဲ့အရာဝတ္ထုတွေက သူ့အတွက်ဘ၀တခုလိုဖြစ်နေမယ်ဆိုရင် ပေးဆပ်လိုက်စမ်းပါ ပေးရဲတဲ့သတ္တိတွေမွေးလိုက်စမ်းပါ”။
အယ်လက်ဇန္ဒြား ဆီဇာ နပိုလီယံ တို့က ကမ္ဘာလောကကြီးကို ဒေါသနဲ့အုပ်စိုးခဲ့တယ် စာရေးသူတို့ရဲ့မြတ်ဘုရားကတော့ မေတ္တာတရားနဲ့ ကမ္ဘာလောကကြီးကိုအုပ်စိုးခဲ့တယ် မြတ်ဘုရားရဲ့ တပည့်သား သာဝကတွေပီပီမြတ်ဘုရားရဲ့ နည်းစနစ်အတိုင်း မေတ္တာတရားနဲ့ ကမ္ဘာလောကလူသားတွေကို ဖြန့်ဝေပေးလိုက်စမ်းပါ။
မိမိကိုယ်ကို မေတ္တာ ဘတ္တရီအိုးအဖြစ်နဲ့
မိမိကိုယ်ကို မေတ္တာဒိုင်နမို အဖြစ်နဲ့
မိမိကိုယ်ကို မေတ္တာအသံလွှတ်စက်တခုအဖြစ်နဲ့တကမ္ဘာလုံးကို ဖြန့်ဝေလိုက်ကြစမ်းပါ ။
ကဲပြောနေကြာတယ် အခုပဲဖြန့်ဝေလိုက်ကြရအောင်
အားလုံးသတ္တ၀ါ ဘေးရန်ကွာ ကျမ္မာကြပါစေ
စိုးရိမ်ကြောင့်ကြ ဗျာပါဒ ကင်းပကြပါစေ။
ဆင်းရဲခပ်သိမ်း အကုန်ငြိမ်း အေးငြိမ်းကြပါစေ။
တသက်ပါတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြပါစေ။
တပည့်တော်တို့ရဲ့မေတ္တာ အရှိန်အ၀ါကြောင့် ကမ္ဘာသူကမ္ဘာသား စင်္ကြာဝဠာသူစင်္ကြ၀ဠာသား သတ္တ၀ါများ အေးချမ်းကြပါစေ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။
0 comments:
Enregistrer un commentaire