Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mercredi 5 septembre 2012

မေတ္တာရှေးဦး(၁၅)ပါး

စာရေးသူတို့ကျောင်းမှာဆရာတော်ဆီဒကာတယောက်ကလာတယ်စာရေးသူလည်းအနားမှာရှိနေတော့
ဗဟုသုတရအောင်အသာလေးနားထောင်နေလိုက်တယ်ဒကာကဘာလျှောက်လည်းဆိုတော့မေတ္တာသုတ်မှာလာတဲ့
 မေတ္တာရှေးဦးအကျင့်(၁၅)ပါးနှင့်ညီမှ မေတ္တာပွားရာရောက်မယ်မညီဘူးဆိုရင် မေတ္တာပွားရာမရောက်ဘူးလို့
တပည့်တော်သိထားတယ် တကယ်တော့ ပုထုဇဉ်တို့အဖို့မလွယ်ကူလှပါ မေတ္တာရှေးဦး(၁၅)ပါးနှင့်ညီဖို့ ဆိုတာဟာလည်း တပည့်တော်အထင်မလွယ်ကူပါဘူးဘုရားတဲ့ ။

ဆရာတော်ကပြောပါတယ် အင်္ဂါနှင့်ညီရင်တော့ ပိုပြီး အကျိုးရှိပါတယ် သို့သော် မေတ္တာသာပွားပါ စေတနာနှင့်တူတဲ့အကျိုးတော့ရပါလိမ့်မယ်တဲ့  လောကဥပမာအားဖြင့်ပြောရရင် လူတယောက်ဟာကဗျာတပုဒ်ရေးတယ်သူရေးတဲ့ကဗျာတပုဒ်ကိုဘယ်လိုရသတွေပါလည်းဆိုတာကိုသူမသိပါ ဒါပေမဲ့ ကဗျာဆရာတွေက သူကဗျာလေးဟာ ရသမျိုးစုံနဲ့မို့ သူကဗျာလေးကိုရွေးချယ်လိုက်တယ်။။

ဆရာတွေကသူ့ကိုမေးတယ် ဘယ်လိုခံစားမှုလေးတွေနဲ့ရေးတာလဲ မင်းရဲ့ကဗျာလေးက သိင်္ဂါရ ရသ ကရုဏာရသ ၀င်္က၀ုတ္တိတွေနဲ့ပြည့်စုံနေလို့လူတိုင်းကိုဆွဲဆောင်နေတယ် စာရေးတဲ့ သူက ကျွန်တော်ကဗျာရဲ့ရသတွေကိုဆရာပြောမှသိတာပါ ရေးနေတဲ့အချိန် ရေးပြီးတဲ့အချိန်ကျွန်တော်မသိရိုးအမှန်ပါ။

အခုလည်းမေတ္တာသာနာနာပွားပါတဲ့ မေတ္တာရှေးဦးအကျင့် (၁၅) ပါး ပါဝင်လာပါလိမ့်မယ်လို့ ဆရာတော်ပြန်မိန့်ပါတယ် ။

ဆရာတော်က နောက်ထပ်တခုထပ်မိန့်ပါသေးတယ် ဒကာတော်ကို၊ရဟန်းတွေထိန်းသိမ်းရတဲ့သိက္ခာပုဒ်က အကျဉ်းအားဖြင့် နှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်လို့ပြောကြတယ် အကျယ်အားဖြင့် ဘယ်လောက်ရှိလဲ သိလားလို့ဆရာတော်ကမေးပါတယ် အတိအကျတော့မသိပါဘုရားလို့ဒကာတော်ကပြန်လျှောက်တယ်။

အေး   မှတ်ထား ..ကုဋေ ကိုးထောင် တရာ့ရှစ်ဆယ့်ငါးသန်း သုံးသန်းခြောက်ထောင်ရှိတယ်၊ စာရေးသူလည်းအတိအကျကို ဆရာတော်ပြောမှသိတယ် ၊ ဆရာတော်ကဆက်ပြောတယ် ဘုရားရှင်လက်ထက်က ရဟန်းတပါးရှိတယ်။ 

သူကဘုရားကိုလျှောက်တယ် တပည့်တော်စောင့်ထိန်းရတဲ့သိက္ခာပုဒ်တွေများလွန်းလို့ တပည့်တော်လူဘောင်ကိုပြန်ချင်ပါတယ်ဘုရား ဘုရားရှင်က စောင့်ထိန်းရတဲ့သိက္ခာပုဒ်နည်းရင် ရဟန်းဘ၀ပျော်ရွှင်စွာနေထိုင်ပြီး ရဟန်းတရားအားထုတ်မလား ဆိုတော့ နည်းရင်ဖြင့် အားထုတ်ပါ့မယ်။

ဒီလိုဆိုရင်…”စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခံဝဟံ၊”  လို့မိန့်လိုက်ပါတယ်၊ အဓိပ္ပါယ်လေးက ချစ်သားရဟန်း ပညာရှိရဟန်းဆိုတာ စိတ်ဆိုတဲ့ သိက္ခာပုဒ်တခုတည်းကိုသာစောင့်ရှောက်ပါ၊ စိတ်ကိုသာနိုင်ရင် နိဗ္ဗာန်တိုင်အောင်ချမ်းသာသုခကို ပေးနိုင်ပါတယ် လို့မြတ်ဘုရားမိန့်လိုက်ပါတယ် လူဘောင်ပြန်ချင်တဲ့ရဟန်း စိတ်ကိုထိန်းကာ နေထိုင်လိုက်လို့ ရဟန္တာဖြစ်သွားတယ်တဲ့။

ဆရာတော်ပြောတာကိုစာရေးသူသဘောပေါက်လိုက်တယ်၊စောင့်ထိန်းရမည့်အင်္ဂါရပ်တွေဘယ်လောက်များများ ကာယကံမှုဝစီကံမှုမနောကံမှုကိုထိန်းသိမ်းလိုက်ခြင်းအားဖြင့်စိတ်ကိုအကောင်းဆုံးဖြစ်အောင် မွေးမြူလိုက်ချင်းအားဖြင့် နိဗ္ဗာန်တိုင်အောင်ချမ်းသာသုခရနိုင်ပါလားဆိုတာကိုပေါ့။

ဒကာတော်လည်းသဘောပေါက်သွားဟန်တူတယ်ခေါင်းတညိတ်ညိတ်နဲ့ခဏကြာတော့ဒကာတော်ပြန်သွားတယ်၊ ဆရာတော်ရဲ့ ဥပမာလေးကို စာရေးသူသဘောကျလို့ခုလို ရေးသားမိလိုက်တာပါ ။

ဒကာတော်လည်းပြန်ရောဆရာတော်ကိုစာရေးသူ မေးမိတယ် မေတ္တာရှေးဦး(၁၅)ပါးဘာတွေလည်းဆရာတော် ဆရာတော်ကစာရေးသူကိုဘာပြောတယ်မှတ်လဲထိပ်ခေါက်လိုက်ရတဲ့နင်အမြဲရွက်နေတယ်လေ မေတ္တာသုတ်ထဲက သက္ကော ဥဇုစ သုဟုဇူစတွေလေ စာရေးသူအဲဒါမှသိလိုက်ပြီ။

စာရှု့သူတို့လည်း စာရေးသူလိုရနေပေမဲ့ မသိဘဲနေမှာစိုးလို့ (၁၅)ပါးလုံးတင်ပြပါရစေ။

(၁) သက္ကော..ဆိုတာက စွမ်းနိုင်တာကိုဆိုလိုတာပါ၊စွမ်းနိုင်သူဆိုသည်မှာ ပဓာနိယင်္ဂတရားငါးပါးနဲ့ပြည့်စုံသူဖြစ်ရမည်။

(၂)ဥဇူစ…၀စီနှတ်ထွက်တော် မှန်ကန်ဖြောင့်မတ်ခြင်းဖြင့် လူအချင်းချင်းလှည့်ပါတ်ချင်းစသော မုသားပြောချင်းမှ ရှောင်ကြဉ်ရမည်။

(၃)သုဟုဇူစ..ကောက်ကျစ်စဉ်းလဲမှုမရှိစေရ ၊အလွန်ဖြောင့်မတ်ရမည် ၊ရေမြင့်ရေလွှမ်း ကြာမြင့်ကြာလွှမ်း၊ဆိုသကဲ့သို့တွေ့ရာမြင်ရာအာရုံတိုင်းမှာ စိတ်ပါဝင်စားအကုသိုလ်မပွားရ ဆင်ချင်တုံတရား ယောနိသောမနသိကာရ ဖြင့်သင့်တင့်လျှောက်ပါတ်တဲ့တရားကိုနှလုံးသွင်းပါ။

(၄)သုဝစောစ..ပြောဆိုဆုံးမရာတွင် ကြီးငယ်မဟူဝန်ခံလွယ်သူ နာယူလွယ်သူ ပြုပြင်ဖို့မခက်သူ လူတိုင်းနှင့်လိုက်လျောညီထွေနေတတ်သူ။

(၅)မုဒုစ..ကိုယ် နှတ် နှလုံးသုံးပါးလုံးမှာ နူးညံ့ပြောပြောင်းစွာလုပ်ကိုင် ပြောဆိုတတ်သူ။

(၆)အနတိမာနိ..မာနထောင်လွှားသူမဖြစ်စေရ။

(၇)သန္တုဿကောစ..ရှိသမျှနှင့်ရောင့်ရဲတင်းတိမ်လွယ်သူဖြစ်ရမည်။

(၈)သုဘရောစ..မွေးမြူလွယ်သူဖြစ်ရမည် ။

(၉)အပ္ပကိစ္စောစ..ဗာဟိရ ပလိဗောဓနည်းပါးသူဖြစ်ရမည်။

(၁၀)သလ္လဟုက၀ုတ္တိစ..အသက်မွေးပေါ့ပါးချောင်ချိသူဖြစ်ရမည်  ကိန်းမကြီးသူ ပေါ့ပါးသွက်လက်သူဖြစ်ရမည်။

(၁၁)သန္တိန္ဒြိယောစ..မျက်စိနားစသော အိနြေ္ဒခြောက်ပါးစောင့်စည်းထိန်းသိမ်းသဖြင့်သိမ်မွေ့ငြိမ်သက် တည်ကြည်သူဖြစ်ရမည်။


(၁၂)နိပကောစ..ဥာဏ်ပညာအမျှော်အမြင် အကြံအစည် အကျင့်ဟူသော လောကအရေး ဓမ္မအရေး တို့မှာမိမိနှင့်ပါတ်ဝန်းကျင်အကျိုးမဲ့မဖြစ်စေရန်ရင့်ကျက်တည်ကြည်သောဥာဏ်ရှိသူဖြစ်အောင်ကြိုးစားရမည်။

(၁၃)အပ္ပဂဗ္ဘောစ..ကိုယ် နှတ် နှလုံး သုံးပါး မြင့်မောက်တက်ကြွမှုမရှိစေရ (မာနမကြီးရတာကိုဆိုလိုတာပါ) ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားခြင်းဟူသော အကျင့်ရှိရမည်။

(၁၄)ကုလေသွ နနုဂိဒ္ဓေါ..ဆွေမျိုး ဒကာဒကာမအစွဲ  ဒေသအစွဲ ပုဂ္ဂိုလ်အစွဲ မရှိစေရ။

(၁၅)နစခုဒ္ဒမာစရေကိဉ္စိယေန၀ိညူ ပရေ ဥပ၀ဒေယျုံ..ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့မည့်သေးငယ်သောအပြစ်တောင်မှမပြုမကျင့်ရဟူသော မြတ်ဘုရားအဆုံးအမတိုင်နေထိုင်ရမည်။

ခုဆိုခဲ့ပြီးသောမေတ္တာရှေးဦး အကျင့် (၁၅)ပါးနှင့်ညီမှ မေတ္တာပွားတာ အကျိုးရှိတယ် အကျိုးပေးထက်သန်တယ်ပေါ့ ဒါကြောင့်မို့စောစောကဒကာကပြောတာကိုးဟုတွေးနေမိလိုက်တယ်။

ဆရာတော်ကို စာရေးနေရင်း အော် ဒါကြောင့်ဆရာခေါ်တာကိုး ရနေပေမဲ့ သတိမထားဘူးဆိုရင်ဘာမှမသိပါလား ဆရာကတော့သတိမူတော့သိတာပေါ့။ 

ဆရာတော်ပြောတယ် နေ့တိုင်းလိုလို  စားရင်လည်းသတိမူ သွားရင်လည်းသတိမူ အိပ်ရင်လည်းသတိမူ အရာရာတိုင်းသတိရှိနေမှသတိမရှိရင်အမှားတွေများတတ်တယ်စာရှု့သူတို့လည်းသတိထားပြီး
 မေတ္တာသာနာနာပွားပေးလိုက်ပါ မေတ္တာပွားရင် အင်္ဂါတွေပါလာပါလိမ့်မယ် ကြိုးစားပြီးမေတ္တာပွားကြရအောင်…..ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။




0 comments:

Enregistrer un commentaire