Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 18 septembre 2012

လောကကိုကျေးဇူးဆပ်လိသူ

ဒီခေါင်းစဉ်ကိုစဉ်းစားကတည်းကမြတ်ဗုဒ္ဓကိုအထူးသတိရမိပါတယ်၊မြတ်ဗုဒ္ဓသည်ဒီပင်္ကရာ
 မြတ်ဘုရားရှင်လက်ထက်ကတည်းကသုမေဓာရှင်ရသေ့ဘ၀နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော်လဲ
လောကရဲ့ဆွေတော်မျိုးတော်တို့အားသူနဲ့အတူတခါတည်းခေါ်သွားချင်တာကြောင့်လေးအသင်္ချေနဲ့
ကမ္ဘာတသိန်းပါရမီတွေဖြည့်ကျင့်အပင်ပန်းတွေခံအဆင်းရဲတွေခံကာမြတ်ဘုရားအဖြစ်သို့ရောက်ရှိအောင် အတော်ကြိုးစားခဲ့ရတယ်။

မြတ်ဘုရားအဖြစ်သို့ရောက်ရှိသောအခါလေးဆယ့်ငါးဝါပါတ်လုံးမနားမနေလူနတ်ဗြဟ္မာသတ္တ၀ါတို့အား
တရားရေအေးတိုက်ကျွေးရင်း…နောက်ဆုံးပရိနိဗ္ဗာန်ဝင်စံခါနီးအထိ၊သုဘဒ္ဒရဟန်းကြီးအားလောကကိုကျေးဇူးဆပ်ခဲ့တယ်။

နောက် တယောက်မြင်မိတာကစာရှု့သူတို့ဗိမ္ဗိသာရမင်းဆိုတာသာသနာမှာထင်ရှားတဲ့မင်းတပါးဖြစ်သည့်အတွက်ကြောင့်
အထူးပြောစရာမလိုပါ၊ဒါပေမဲ့…မင်းကြီးလဲလောကကိုဘ၀နဲ့စတေးပြီးလောကကိုကကျေးဇူးဆပ်လိုသူအဖြစ်နဲ့မြင်မိလို့
စာရေးသူနည်းနည်းရေးချင်မိတယ်။

ဗိမ္ဗိသာရ မင်းဟာသောတာပန်မင်းဖြစ်တယ်၊ဘာဖြစ်လို့ မင်းကြီးဟာတရားဓမ္မကိုဆက်လက်အားမထုတ်ဘဲ ဘာဖြစ်လို့ဒီလောက်နဲ့ကျေနပ်နေရတာလဲလို့တွေးမိလို့ပါ။

တကယ်တော့မင်းကြီးဟာသောတာပတ္တိဖိုလ်၏အရသာကိုခံစားပြီးနောက်ကျန်နေသော သကဒါဂါမိမဂ်..ဖိုလ်.အနာဂါမိမဂ်..ဖိုလ်.အရတ္တမဂ်..ဖိုလ်…တရားခံစားဖို့ရန်ဆက်လက်ပွားများ
အားထုတ်လိုသော်လဲ မင်းကြီးမှာဆောင်ရွက်ရန်ကိစ္စရပ်တာဝန်လေးတရပ်ရှိနေသေးလို့လို့ထင်ပါတယ်။

လူဆိုတာလောကမှာမိမိလုပ်လိုသောလုပ်ငန်းများကိုလုပ်ရသည်မဟုတ်၊ လုပ်သင့်သောလုပ်ငန်းများကိုလူသားမျိုးနွယ်တွေအတွက်လုပ်ဖို့ရန်သာဖြစ်တယ်။

သဒ္ဓမ္မော ၀ိဂုဏော သေယျော၊ ပရဓမ္မာ  သုနုဋ္ဌိတာ”။ မိမိ၏တာဝန်သည်လောကအမြင်အားဖြင့်ဂုဏ်ငယ်စေကာမူ..လောကအမြင်အားဖြင့်
ဂုဏ်ကြီးသူတပါးတာဝန်ကိုဝင်ရောက်ဆောင်ရွက်ခြင်းထက်ပိုပြီးမြင့်မြတ်ပါတယ်။

လောကုတ္တရာအနေနဲ့ပြောရရင်မြင့်မြတ်တယ်ဆိုတာလုပ်ငန်းအကြီးအသေးအပေါ်မှာမူမတည်၊မိမိလုပ်တဲ့ လုပ်ငန်းမှာတာဝန်ကျေပွန်အောင်လုပ်ဆောင်ခြင်း စိတ်ထားကောင်းစွာထားခြင်းအပေါ်မှာမူတည်ပါတယ်။

လောကဟူသည် အမြဲလည်ပါတ်နေသောနာရီလေးနဲ့တူပါတယ်၊နာရီလေးမှာလက်တံလေးတွေရှိတယ်၊
အဲဒီလက်တံလေးတွေဟာသူဟာနဲ့သူလည်ပါတ်နေမှအချိန်ဆိုပြီးလူတွေသတ်မှတ်ရတာ၊
တကယ်လို့လက်တံလေးတွေကလည်ပါတ်မှုမရှိဘူးဆိုရင်လက်တံတခုခုကတာဝန်မကျေဘူးဆိုရင်
လူတွေရဲ့အချိန်သတ်မှတ်မှုဟာလည်းရမှာမဟုတ်ပါဘူး။

ဒါကြောင့်မြင့်မြတ်မှုဟူသည်လုပ်ငန်းအကြီးအသေးအပေါ်မှာမူမတည်၊မိမိလုပ်ငန်းဆောင်ရွက်ရာတွင်
ကျွေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမျိုးကသာမူတည်ပါတယ်။

ဗိမ္ဗိသာရမင်းကြီးမှာဆောင်ရွက်ရမည့်တာဝန်ကိစ္စရပ်ကလေးရှိပါတယ်၊ထိုတာဝန်ကိစ္စက
ဖုဿမြတ်စွာဘုရားရှင်လက်ထက်ကသံဃိကပစ္စည်းသုံးခဲ့မိလို့ပြိတ္တာဖြစ်နေသောဆွေတော်မျိုးတော်
တို့အားကယ်တင်ရေးကိစ္စရပ်ကလေးပါပဲ။

မိမိဆွေတော်မျိုးတော်တို့အားကယ်တင်ရေးကိစ္စမှာ"ကံဟူသည်အစိန္တေယျဖြစ်သည်ဟူသောမြတ်ဘုရားဒေသနာအရ"
ဆိုရင်အထူးအဆန်းတော့မဟုတ်ဘုရားအမှူးရှိသောသံဃာတော်တွေဆွမ်းသင်္ကန်းဆက်ကပ်လိုက်ပြီးဆွေတော်မျိုးတော်
တို့အားအမျှဝေခြင်းပင်ဖြစ်၏။

ဆွေတော်မျိုးတော်တို့ကသာဓုနုမောဒနာပြုနိုင်လျှင်ချက်ချင်းအကျိုးကျေးဇူးကိုရနိုင်ပါတယ်၊
ထိုကိစ္စရပ်တွေဆောင်ရွက်နိုင်ဖို့လဲ မြတ်ဘုရားသည်မင်းကြီးထံမှဝေဠုဝန်ကျောင်းတော်ကြီးကို
အလှူခံပြီးနောက်တနေ့မှာ တိရောကုဋ္ဋသုတ်ကိုဟောတော်မူခဲ့သည်မဟုတ်လား?။

ထိုသုတ်မှာ မြတ်ဘုရားကမင်းကြီးဟာလူတို့၏ဘ၀ပေးတာဝန်ကိုနားလည်အောင်ဟောကြားခဲ့တယ်၊
သတ္တ၀ါဟူသည်အစမထင်သောသံသရာကကျင်လည်ခဲ့ရသည်သံသရာကျင်လည်နေသမျှကာလပါတ်လုံး..
တဦးနှင့်တဦးဆွေမျိုးတော်စပ်ခဲ့ဖူးပါတယ်မိတ်ဆွေဖြစ်ခဲ့သလိုရန်သူလည်းဖြစ်ခဲ့ပါတယ်ကျေးဇူးရှင်လည်းဖြစ်ခဲ့ပါတယ်။

ရာသီဥတုကလည်းကောင်း..အစာအာဟာရကလည်းကောင်း..ပုဂ္ဂိုလ်သတ္တ၀ါတို့လည်းကောင်း..
နေရာဋ္ဌာနကလည်းကောင်း..သတ္တ၀ါတွေမှာကျေးဇူးပြုနေကြတာပါပဲ၊ဟုမြတ်ဘုရားဟောတော်မူခဲ့ပါတယ်၊
ထိုဒေသနာအရဆိုရင် လောကမှာရှိနေသောသူမှန်သမျှကျေးဇူးရှင်တွေချည်းပါပဲ။

"လူဆိုတာတတ်နိုင်သလောက်မိမိပါတ်ဝန်းကျင်ကိုပြန်လည်ကျေးဇူးဆပ်လိုသည့်သဘောဖြင့်ဆက်ဆံရာ၏"
 ကျေးဇူးဆပ်တယ်ဆိုတာသူ့ဆီကတစုံတခုသောမျှော်လင့်ချက်မထားဘဲသူ့ကိုထောက်ပံ့မှုသက်သက်ဖြင့်ကျေးဇူးဆပ်ရာ၏။

"သူတပါးကိုများများပေးနိုင်လေမိမိများများကျေနပ်ရလေ"၊ထိုကြောင့်မြတ်ဘုရားကတိရောကုဋ္ဋသုတ်မှာလောကကိုကျေးဇူးရှင်
အဖြစ်ကြည့်တတ်သောကတညုတမျက်စိဖြင့်ကြည့်တတ်အောင်ဟောထားခဲ့ပါတယ်။

တကယ်လို့ဗိမ္ဗိသာရမင်းကြီးဟာလောကီအနေနဲ့ကြည့်ရင်မင်းလုပ်ဖို့ရန်စိတ်မ၀င်စားတော့ဘဲ
လောကုတ္တရာအလုပ်များသာစိတ်ဝင်စားနေရင်ဗိမ္ဗိသာရမင်းကြီးသည်လောကအပေါ်တာဝန်မကျေသူဖြစ်ရလိမ့်မယ်။

အမှန်အားဖြင့်မင်းကြီးသည်မင်းဘ၀ဖြင့်ပင်လောကအပေါ်ကျေးဇူးဆပ်ခြင်းအားဖြင့်လိုသေးသောပါရမီကိုဖြည့်စည်းကာ
တခုသောဘ၀တွင်အရဟတ္တမဂ်..ဖိုလ်..သို့မျက်မှောက်ပြုမည့်သူဖြစ်ကြောင်းမြတ်ဘုရားသိတော်မူပြီးဖြစ်သည်မဟုတ်ပါလား?။

စာရေးသူရဲ့ဆရာကတော့ကမ္ဘာလောကလူသားတွေကိုအလင်းတန်းရစေဖို့ထွန်းလင်းပေးတဲ့ငွေစန္ဒာလမင်းပမာ
ကမ္ဘာလောကလူသားတွေကိုအကျိုးမပြုနိုင်သော်လဲတပင်သောငါဟာတသောင်းမကသောငှက်တွေနားခိုဖို့ရန်
ငါရှင်သန်ကြိုးစားမယ်တဲ့။စာရှု့သူတို့လဲလောကကိုကျေးဇူးဆပ်လိုသူအဖြစ်နဲ့ရှင်သန်ကြိုးစားနိုင်ကြပါစေ။။။။။


0 comments:

Enregistrer un commentaire