လူ့ဘုံဋ္ဌာန လူ့လောက၀ယ်၊
ပြင်ကြဆင်ကြ လိမ်းချယ်ကြနှင့်၊
အလှများစွာ ရှိနေပါ၏။
မြင်ကာတွေ့ရ ရုပ်အလှသည်။
ဘ၀အတွက်တာ အကာသာတည်း။
လှတာချင်းတူ ယှဉ်ကြည့်မူကား။
ယဉ်သူကသာ ပိုလှပါ၏။
ယဉ်တာချင်ယှဉ် ယှဉ်ပြိုင်မူကား။
စိတ်ဖြူသူက ပိုလှပါ၏။
စိတ်လှရုပ်လှ ထိုနှစ်၀၀ယ်။
စိတ်လှဖြောင့်မတ် ဂုဏ်ယူအပ်၏။
စိတ်ဓာတ်ဖြူစင် အလှရှင်ကို။
ချစ်ခင်တမ်းတ လေးစားကြ၏။
လောကလူ့ရွာ စည်ပင်လာဖို့။
သာယာချမ်းမြ တင့်တယ်ကြဖို့။
စိတ်လှသူတွေ လိုအပ်နေပြီ။
မိတ်ဆွေဘယ်သို့ လှမည်နည်း။
0 comments:
Enregistrer un commentaire