မြတ်ဗုဒ္ဓသည်သဗ္ဗညုတဥာဏ်ရရှိပြီးသည့်နောက် လောကကြီးကိုကြည့်ရှု့တော်မူပါတယ်၊
၊မြတ်ဗုဒ္ဓတွေ့တာက ဥာဏ်ပညာနုံ့သောသူတွေကိုသာများသောအားဖြင့်တွေ့ရတယ် ဥာဏ်ပညာထက်သောသူတွေ့တာနည်းလို့ မြတ်ဗုဒ္ဓစဉ်းစားသွားတယ်။
ငါ့ရဲ့တရားတော်တွေဟာလေးနက်တယ်၊နက်ရှိုင်းလွန်းလှတယ၊်ဥာဏ်ပညာနုံချာသောသူတို့အဖို့
သိဖို့မလွယ်ကူဒီလိုဥာဏ်ပညာနုံချာတဲ့သူတွေကိုတရားဓမ္မဟောကြားခြင်းအားဖြင့်ကိုယ့်ကိုကို
အပင်ပန်းခံတာနဲ့အတူတူပဲ တရားဟောဖို့စိတ်တွန့်သွားတယ်။
အဲဒီလိုစိတ်အကြံဖြစ်နေတဲ့အချိန်မှာ သဟမ္ပတိဗြဟ္မာကြီးကမြတ်ဘုရားရဲ့အတွေးကိုသိလို့ မြတ်ဘုရားကိုလျှောက်ပါတယ်၊
ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်ဘုရားလူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းကို
တရားရေအေးတိုက်ကျွေးပါလော့အရဟံအစဘဂ၀ါအဆုံးကိုးပါးသောဂုဏ်တော်တို့နှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရားလူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းအားတရားရေအေးတိုက်ကျွေးပါလော့..
သုံးကြိမ်တိုင်မြတ်ဘုရားအားလျှောက်တင်ပါတယ်။
မြတ်ဘုရားကလည်းရှေးကသူမြင်ခဲ့တဲ့အကြောင်းကိုပြောပြပါတယ်၊ သဟမ္ပတိဗြဟ္မာကြီးက မြတ်ဘုရားအား ဥပမာလေးနဲ့လျှောက်တယ်၊
ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား..လောကရေပြင်ကျယ်မှာလောကကိုအလှဆင်တဲ့ကြာမျိုးစုံပွင့်ကြပါတယ်ဘုရား
အဲဒီကြာတွေကသူတို့ပွင့်ကြတာဟာမျိုးစုံပါပဲဘုရားတချို့သောကြာပွင့်ကလေးတွေဟာရေပေါ်မတက်နိုင်လို့ရေအောက်ကပဲ
ပွင့်ကြပါတယ်ဘုရားရေအောက်ကပွင့်ကြလို့လောကကိုအလှမဆင်နိုင်ကြဘူး။
တချို့သောကြာပွင့်ကလေးတွေကရေနဲ့တပြေးညီပွင့်ကြပါတယ်၊ရေနဲ့တပြေးညီပွင့်ကြတဲ့
့ကြာပွင့်ကလေးတွေကတော့လောကကိုတထောင့်တနေရာကနေပြီးအလှဆင်ပေးနိုင်တဲ့ကြာပွင့်ကလေးတွေလဲရှိပါတယ်။
တချို့သောကြာပွင့်ကလေးတွေကတော့ရေထက်ကျော်ပြီးပွင့်ကြပါတယ်၊
၊ရေထက်ကျော်ပြီးပွင့်ကြတဲ့ကြာပွင့်ကလေးတွေကတော့လောကကိုပိုပြိးအလှဆင်ပေးနိုင်တဲ့သဘောရှိပါတယ်ဘုရား။
ခုလဲပဲ…ဥာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ဥာဏ်ပညာအလည်အလတ်ရှိတဲ့ပုဂ္ဂိုလ်ဥာဏ်ပညာနုံ့တဲ့ပုဂ္ဂိုလ်ဟူသည့်
သုံးဦးရှိသည့်အနက်ဥာဏ်ပညာနုံ့တဲ့သူကိုထားပြီးကျန်သောနှစ်ဦးကိုထောက်ထားသောအားဖြင့်မြတ်ဘုရား
တရားဟောတော်မူပါ၊မြတ်ဘုရားရဲ့တရားတော်ကိုနာယူဖို့ရန်လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးကမျှော်လင့်နေကြပါတယ်ဘုရား ဟုလျှောက်တင်လိုက်ပါတယ်။
ဒီစကားကိုဘာလို့ပြောတာလည်းဆိုတော့ မြတ်ဘုရားကလောကကြီးကိုရယူမှုနဲ့လာတာမဟုတ်ဘူး၊
ပေးလိုသူအဖြစ်နဲ့လာတာဖြစ်လို့တသောင်းသောစင်္ကြ၀ဠာတိုက်ကနတ်ဗြဟ္မာတွေဝမ်းပန်းတသာကြိုဆိုကြတယ်၊
၊တောင်းပန်မှုတွေပြုကြတယ်၊ ဒါဟာပေးလိုသူတို့ရဲ့စွမ်းအား ပေးလိုသူတို့ရဲ့သတ္တိတွေပါပဲ။
နောက်..မြတ်ဘုရားကဗာရာဏသီမြို့ကိုကြွပြီးပဉ္စ၀ဂ္ဂီငါးဦးကိုတရားဟောဖို့ကြွမြန်းတဲ့အချိန်အခါမှကောဏ္ဍည ဘဒ္ဒိယ ၀ပ္ပ မဟာနာမ် အဿဇိ တို့ကမြတ်ဘုရားကြွလာတာမြင်လို့သူတို့ငါးဦးတိုင်ပင်ထားကြတယ်။
အစားကြူးတဲ့ရဟန်းကြီး..လာဘ်လာဘပေါများအောင်ကျင့်ကြံတဲ့ရဟန်းကြီးလာနေပြီ ငါတို့သူတို့မခေါ်ကြနဲ့ ခရီးဦးကြိုဆိုမှုလည်းမပြုကြနဲ့ ဟုတယောက်ကိုတယောက်ပြောပြီး ကတိက၀တ်ပြုထားကြတယ်။
မြတ်ဘုရားလဲ သူတို့နားရောက်ရောဘယ်သူမှ မနေနိုင်တော့ပါဘူး တယောက်ကသပိတ်ကိုယူ တယောက်ကခြေဆေးပေး တယောက်ကနေရာထိုင်ခင်းပေး တယောက်ကသောက်ရေတွေကပ် တယောက်ကစိုနေတဲ့ခြေထောက်ကိုသုတ်ပေးနဲ့သူတို့ပြုထားတဲ့ကတိက၀တ်တွေကိုအားလုံးကိုမေ့လျော့ကုန်ပါတော့တယ်။
ဒါဟာဘာကြောင့်လဲ..မြတ်ဘုရားသူတို့ဆီသွားတာဟာရယူမှုအတွက်သွားတာမဟုတ်မြတ်ဘုရားကသူတို့ဆီကို တရားဓမ္မတွေပေးဖို့သက်သက်နဲ့သွားတာပါ။
သူတို့ဆီကိုပေးလိုသူအဖြစ်နဲ့ချဉ်းကပ်တာဒါကြောင့်သူတို့တွေဘယ်လိုပင်ကတိက၀တ်ပြုငြားသော်လည်း
မနေနိုင်ရှာပါဘူး၊မြတ်ဘုရားကိုပြုစုလုပ်ကျွေးကြရတယ်၊ဒါဟာပေးလိုသောသူတို့ရဲ့သတ္တိပေးလိုသူတို့ရဲ့စွမ်းအား
ဂုဏ်အင်တွေပါပဲ။
လောကကြီးထဲမှာရှိနေတဲ့ သူတွေကိုကြည့်လိုက်ပါအုံး မိမိအိမ်ကိုအသပြာတောင်းဖို့လာတဲ့သူနဲ့ အသပြာပေးဖို့လာတဲ့သူနှစ်ယောက်ကိုcompareလုပ်ကြည့်ပါ ထူးထူးခြားခြားမြင်တွေ့ရပါလိမ့်မယ်။
ဒါကြောင့်မို့ စာရေးသူပြောချင်တာက သူတပါးအလေးဂရုပြုတာခံချင်ရင် ကြည်ညိုတာခံချင်ရင် လူတိုင်းလူတိုင်းကိုပေးလိုသူအဖြစ်နဲ့ချဉ်းကပ်ကြပါဘယ်သောအခါကာလမှရယူလိုသည့်ပုံစံမျိုးနဲ့မချသ်းကပ်မိပါစေနဲ့
ပေးလိုသူအဖြစ်နဲ့ချဉ်းကပ်ကြရင် အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ စိတ်ချမ်းသာစရာတွေသယ်ဆောင်လာပါလိမ့်မယ် မယုံရင်စမ်းကြည့်လိုက်ပါ။
အားလုံပေးလိုသူအဖြစ်နဲ့ချဉ်းကပ်နိုင်ကြပါစေ။။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire