စာရေးသူတွေးနေမိတာက ငါစာရေးနေတာဘာကြောင့်လဲ ဘာလို့ရေးနေတာလဲ ဂုဏ်မက်လို့လား လာဘ်လာဘအတွက်လားဘ၀တခုရဲ့ရိက္ခာအတွက်ဆိုရင်တော့မရေးပါနဲ့လူတွေအသိဥာဏ်ရစေချင်တဲ့
ဆန္ဒသက်သက်ဆိုရင်တော့ရေးပါဟုတွေးတောကာ ကိုယ့်ကိုကို ပြန်ဆုံးမရင်း…
ရွှေကျင်ဆရာတော်ကြီးကိုသတိရလို့ဆရာတော်ကြီးရဲ့ရိက္ခာအတွက်သိက္ခာအပျက်မခံပုံလေးကို
အတုယူစေချင်တဲ့ဆန္ဒရယ်ကြောင့်လည်းကောင်းမိမိရေးရသည်မှာမိမိသိသည့်စာပေဗဟုသုတ
စာရှု့သူတို့အားသိစေချင်တဲ့ဆန္ဒရယ်ကြောင့်လည်းကောင်း ရွှေကျင်ဆရာတော်ကြီးအကြောင်းရေးလိုက်မိပါတယ်။
တခါတုံးက မင်းတုံးမင်းကြီးကရွှေကျင်ဆရာတော်အပါအ၀င်ဆရာတော်အချို့ကိုဥယျဉ်တော်ကိုပင့်ဖိတ်လိုက်ပါတယ်
ဆရာတော်တွေဥယျဉ်တော်သို့ရောက်နေပေမဲ့မင်းတုံးမင်းကြီးရောက်မလာသေးတာကြောင့် ဆရာတော်တွေ ဥယျဉ်တော်အတွင်းအညောင်းပြေ လှည့်လည်ကြည့်ရှုတော်မူနေပါတယ်။
ရွှေကျင်ဆရာတော်တို့လည်းနေရာကထပြီး လမ်းလျှောက်ရင်းသစ်ပင်တပင်အောက်အရောက်မှာ သစ်ကိုင်းတကိုင်းကိုလှမ်းကိုင်ပြီးရပ်နေလိုက်ပါတယ်။
ဆရာတော်သစ်ကိုင်းကိုကိုင်းထားဆဲမှာ မင်းတုံးမင်းကြီးရောက်လာပါတယ် ဒါပေမဲ့ ဆရာတော်ကသစ်ကိုင်းကို ကိုင်းထားဆဲ ကိုင်ထားတဲ့သစ်ကိုင်းကိုလွှတ်ခြင်းမပြုပါဘူး။
ကိုင်မြဲကိုင်ထားလျှက်ပါ လက်ကမြှောက်ပြီးသစ်ကိုင်းကိုကိုင်ထားတာဆိုတော့ချိုင်း(ဂျိုင်း)မွေးတွေကအထင်သားပေါ်နေတာပေါ့
ချိုင်း(ဂျိုင်း)မွေးတွေအထင်သားပေါ်နေပေမဲ့ဆရာတော်လက်ကိုလုံးဝပြန်မရုပ်သိမ်းပါ။
နေမြဲတိုင်းနေနေတော့ ဆရာတော်တပါးဝင်ပြောပါတယ်” ရွှေကျင်ဆရာတော်က မင်းတုံးမင်းကြီးကို ချိုင်း (ဂျိုင်း)မွေးတွေလှစ်ပြနေတာလား လို့ပြောလိုက်ပါတယ်။
တကယ်တမ်းရွှေကျင်ဆရာတော်က ဘုရားဟောစာပေအတိုင်းနေထိုင်လိုက်တာပါ မဟာနိဒ္ဒေသပါဠိတော်မှာ ကြည်ညိုမှုကိုရှေ့ရှု့ပြီး နေထိုင်မှုကိုပြုပြင်ခြင်း ကုဟန ပုဂ္ဂိုလ်မဖြစ်အောင်နေမြဲတိုင်းနေထိုင်လိုက်တာပါ၊
လာဘ်လာဘကိုတောင်းတပြီးသူတပါးကြည်ညိုအောင်နေထိုင်မှုကို ပြုပြင်လိုက်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်တတ်ပါတယ်။
ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ လာဘ်လာဘဟာလဲသမ္မာအာဇီဝနဲ့ ရတဲ့ပစ္စည်းမဟုတ်တော့ပါဘူး ရလာတဲ့ပစ္စည်းဝတ္ထုကိုသုံးမိခဲ့ရင်အာဇီဝပါရိသုဒ္ဓိပျက်ပါတယ်ဒါတွေကိုသိတဲ့ရွှေကျင်ဆရာတော်က
နေထိုင်မှုမပြင်ဘဲနေလိုက်တာပါ။
ခုခောတ်လူတွေဟာ မိမိရဲ့ဂုဏ်သိက္ခာကို ဘ၀တခုကောင်းစာဖို့အတွက်ငွေကျေးဥစ္စာတွေနဲ့ လြဲပစ်လိုက်ကျတယ် တကယ်တော့ မိမိရဲ့ရိက္ခာအတွက် မိမိမှာရှိတဲ့ ဂုဏ်သိက္ခာကိုမလဲသင့်ပါဘူး။
ငါးရာငါးဆယ် မဟာသုတသောမဇာတ်မှာ စွန့်ရမည့်အရာ အဆင့်ဆင့်ကိုပြထားတာတွေ့ရပါတယ် ပထမအဆင့်ကလက်ခြေစတဲ့ကိုယ်အင်္ဂါနဲ့ပစ္စည်းဝတ္ထုတခုခုစွန့်ဖို့ကြုံလာရင်ပစ္စည်းဝတ္ထုကိုစွန့်ဖို့ဝန်မလေးပါနဲ့ ပစ္စည်းဝတ္ထုဆိုတာ အချိန်မရွေးရှာကြံလို့ရလို့ပါ။
ဒုတိယအဆင့်ကမိမိရဲ့အသက်နဲ့ကိုယ်အင်္ဂါတခုခုစွန့်ဖို့ကြုံလာရင်လက်ခြေစသည့်ကိုယ်အင်္ဂါကိုစွန့်ဖို့ဝန်မလေးပါနဲ့ ကိုယ်အင်္ဂါပျက်စီးတာဟာ ပြုပြင်လို့ရပါတယ် မိမိရဲ့အသက်ရဖို့ဆိုတာမလွယ်ကူပါဘူး။
တတိယအဆင့်က ကိုယ်ကျင့်သိက္ခာနဲ့ပစ္စည်း ၀တ္ထု ကိုယ်အင်္ဂါ လက် ခြေ စွန့်ဖို့တခုခုကြုံလာရင် ပစ္စည်းဝတ္ထု ကိုယ်အင်္ဂါ လက်ခြေတွေကိုစွန့်ပစ်လိုက်ပါ ကိုယ့်ကျင့်သိက္ခာကိုတော့ဘယ်သောအခါမှ အပျက်အစီးမခံပါနဲ့ လူတွေပြောနေတဲ့ ရိက္ခာအတွက်တော့သိကခာတော့အပျက်မခံဆိုတာ ငါးရာငါးဆယ် မဟာသုတသောမဇာတ်ကလာတာပါ။
ခု လူ့လောကကြီးထဲမှာ လူတွေက ရိက္ခာအတွက်ဆို သိက္ခာတွေဘာတွေ နားလည်ဟန်မတူတော့ဘူး လုပ်ရဲလာတာတွေတွေ့နေကြပြီ ဟိရိ သြတ္တပ္ပ ဆိုတာ ဘာလဲလို့မေးနေရပြီ။
မြတ်ဘုရားကတော့လူဟာ ဟိရိ သြတ္တပ္ပ မရှိရင် တိရစ္ဆာန်နဲ့အတူတူပါပဲ ဟိရိ သြတ္တပ္ပ တရားနှစ်ပါးဟာလောကကြီးကိုကာကွယ်စောင့်ရှောက်တဲ့တရားနှစ်ပါးပဲ ဒါကြောင့် စာရေးသူပြောချင်တာကမိမိရဲ့ဂုဏ်သိက္ခာကိုဘ၀အတွက်ရိက္ခာဖြစ်တဲ့ငွေကျေးဥစ္စာနဲ့ဘယ်သောအခါမှ
မလဲမိပါစေနဲ့ ရလာတဲ့တခဏတာဘ၀လေးကို အကျိုးရှိရှိ အသုံးချတတ်ဖို့တိုက်တွန်းလိုပါတယ်။
ရိက္ခာအတွက်တော့
သိက္ခာတော့အပျက်မခံ
လူသလွှားမှာလည်း
မုသားလျှာ သကာဖုံး
ပြုံးပန်းမပန်
နှလုံးခါးနဲ့လည်းအကောက်မကြံ
ဖောက်ပြန်တဲ့ လမ်းကိုလည်းမလျှောက်
ဘ၀တာရေတပွတ်မှာ
အလှမပါလို့ အနေခက်ပေမဲ့
ခဏတာ အသရေ ပျက်မှာကိုတော့
သေမှာထက်ကြောက်။။။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ……
0 comments:
Enregistrer un commentaire