Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 31 mars 2013

ဗုဒ္ဓဘာသာတို့ရဲ့ကိုယ့်ကျင့်သိက္ခာ။



ကမ္ဘာကြီးသည်ယခုခောတ်လူသားတို့သိရှိနားလည်ထားကြသောအံ့မခန်းဖွယ်ရာတိုးတက်နေမှုကိုယခင် မည်သည့်အခါကမျှမကြုံခဲ့ဘူးပေ။ သို့ရာတွင်..လူသားတို့သည်အံ့ဖွယ်ရာတိုးတက်မှုမျိုးကိုရရှိထားပါလျှက်သူ၏စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာကိုလျစ်လျူရှု့
ထားသည်မှာကံမကောင်းဆုံးသောအချက်ပင်ဖြစ်ပါတယ်။
                                                        ရုပ်ပစ္စည်းကြွယ်ဝမှုသည်အရာအားလုံး၏အဆုံးစွန်ပန်းတိုင်ဖြစ်သည်ဟုထင်မှတ်ကြလျက်လူသားသည်ရုပ်ဝတ္ထုအောင်မြင်မှုထက်
မျက်စိကန်းသွားဟန်ရှိပါတယ်၊ရုပ်ပစ္စည်းကြွယ်ဝမှုတခုတည်းကလူသားတို့ရှာဖွေနေကြသောစစ်မှန်သောပျော်ရွှင်မှု..သို့မဟုတ်..
စိတ်ပိုင်းဆိုင်ရာချမ်းသာမှုကိုမပေးစွမ်းနိုင်ကြောင်းကိုလူသားတို့မေ့ပျောက်သွားကြသည်။

ရုပ်ပိုင်းတိုးတက်မှုအပေါ်ထပ်ဆင့်လျှက်လူသားတို့သည်မိမိတို့၏ကိုးကွယ်မှုဘာသာအသီးသီးမှတဆင့်စစ်မှန်သောပျော်ရွှင်မှုနှင့်
စိတ်ပိုင်းဆိုင်ကောင်းကျိုးချမ်းသာကိုရှာဖွေကြရမည်၊စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုနှင့်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတို့သည်လူသားအားလုံးတို့
အားစစ်မှန်သောပျော်ရွှင်မှုကိုပေးဆောင်ရန်အတွက်အစဉ်လက်တွဲသွားရမည်။

စာရိတ္တယိုယွင်းမှုသည်နေရာတကာတွင်တည်ရှိနေသည်ခောတ်သစ်လူထုဆက်သွယ်မှုစနစ်များ၏အားကောင်းလာမှုအရည်အသွေးတို့ တိုးတက်လာသည်နှင့်အမျှလူသား၏လူသားသို့လူသားမဆန်သောအပြုအမူများကိုကျွန်ုပ်တို့ပိုမိုများပြားစွာတွေ့မြင်သိရှိလာကြရသည်၊
လူသားအချင်းချင်းရက်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတို့မှာမကြုံစဖူးတွေ့ဖြစ်ပေါ်နေတယ်၊လူတဦးစီသည်သူနေထိုင်သောအဖွဲ့အစည်းအပေါ်ထား
ရှိရမည့်တာဝန်ဝတ္တရားများကိုမေ့လျော့နေကြသည်.. သို့မဟုတ် လျစ်လျူရှု့ထားကြသည်။

စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများသည်ရုပ်ပိုင်းတိုးတက်မှုနှင့်အမြတ်အစွန်းများရရှိရေးအတွက်ရက်စက်စွာ အမူးအရူးယှဉ်ပြိုင်လုယက်ရှာဖွေနေကြရာတွင်လူသားတို့၏ရည်မှန်းမှုအတွက်ဆင်ခြင်စဉ်းစားအလျင်းမပြုပဲ သူတို့၏ကြိုးပမ်းမှုနောက်သို့သာအစဉ်တစိုက်လိုက်နေကြပေသည်လူ့ဂုဏ်သိက္ခာဟူသောအရာမျိုးကိုရှိသေး
သည်ကိုသူတို့မေ့လျော့နေကြပေသည်။

ယင်းသို့ အကြီးအကျယ်ရုတ်တရက်ပျက်စီးမည့်ကြီးမားသောဘေးအန္တရာယ်အခြေနေကိုမြင်သိလာကြသည့်အခါလူ့ဂုဏ်သိက္ခာနှင့်စာရိတ္တအလေ့
အကျင့်များကိုထိန်းသိမ်းလိုသောလူများစွာတို့သည်လူသား၏အတောမတတ်နိုင်လောဘကိုထိန်းချုပ်ရန်နှင့်လူသားစိတ်ငြိမ်းချမ်းမှုနှင့်
ယှဉ်စပ်သည့်လူ့ဂုဏ်သိက္ခာသို့ဦးတည်သောလမ်းကြောင်းပေါ်သို့ရောက်အောင်ထိန်းကျောင်းပေးရန်တို့တွက်အဖြေရှာမရတော့ ၀မ်းနည်းပက်လက်နှင့်လက်မြှောက်လိုကြတော့သည်။

 လူသားသည်အာကာသကိုအောင်နိုင်ပြီုးဖြစ်တယ်…..သူသည်..သူ့ကို..အလွန်ကြီးကျယ်သောသတ္တ၀ါတဦးအဖြစ်သို့မြှင့်တင်ရန်ကိုပင်
အမြဲကြိုးပမ်းလျှက်ရှိပါသည်၊သို့ရာတွင်..သူသည်..အခြားသူတို့အတွက်မေတ္တာကရုဏာစိတ်ဓာတ်ဖြင့်ဖော်ရွေသောလူသားတဦးအနေနဲ့
့ပြုမူရန်ကိုကိုတိုင်လမ်းညွန်နိုင်စွမ်းတော့မရှိချေဘူး။

ထိုအကြောင်းအရာများ၏၀မ်းနည်းဖွယ်အခြေနေကိုယနေ့တည်ရှိနေသည့်အကြောင်းအရင်းမှာလူသားသည်ခောတ်သစ်ယဉ်ကျေးမှု
ကိုပြုစုပျိုးထောင်ရာတွင်လမ်းမှားကိုရွေးချယ်မိသောကြောင့်ပင်ဖြစ်ပါတယ်၊လူသည်ရုပ်ဝတ္ထုတိုးတက်ခြင်းကသာပျော်ရွှင်ခြင်းကိုပေးဆောင်နိုင်
သည်ဟူသောအယူမှားဖြင့်ရုပ်ဝတ္ထုတိုးတက်မှုကိုနတ်ဘုရားအသွင်အားထားကိုးကွယ်လာကြသည်၊လည်းကောင်းအနေဖြင့်မှားယွင်းသော
အယူအဆတခုပင်ဖြစ်ပေသည်။

လူသည်ရာစုပေါင်းများစွာဘာသာရေးခေါင်းဆောင်များပေးကမ်းခဲ့သည့်တန်ဖိုးမဖြတ်နိုင်သောအကြံဥာဏ်များကိုဘေး
ဖယ်ထားပြီးခေါင်းမာစွာရွေးချယ်ခဲ့သောကြောင့်မှားယွင်းသွားခြင်းဖြစ်ပေသည်၊
သိပ္ပံပညာသည်လျင်မြန်သောအကျိုးတရားနှင့်ရုပ်ဝတ္ထုတိုးတက်မှုကိုအတိုင်းအတာတခုထိပေးစွမ်းနိုင်သည်ဟုဝန်ခံသော်လဲရုပ်ဝတ္ထုမှ
ရရှိသည့်အကျိုးအမြတ်များသည်ခဏသာဖြစ်ပြီးကြာရှည်မခံပေ။

စိတ်ပိုင်းငြိမ်းချမ်းမှုမပါသောရုပ်ဝတထုတိုးတက်မှုသည်စစ်မှန်ပြီးခိုင်မြဲသောပျော်ရွှင်မှုကိုမပေးနိုင်ပါ၊ လူသား၏စိတ်ပိုင်းဆိုင်မြင့်မားမှုသည်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကိုအပြည့်အ၀လိုအပ်ပေသည်သို့မှသာလျှင်
စိတ်၏တည်ငြိမ်မှုနှင့်တည်မြဲခိုင်ခံ့သောပျော်ရွှင်မှုကိုရနိုင်ပေမည်။

အတိတ်ကာလကလူသားတို့၏အပြုအမူနှင့်ဆိုင်သောကမ္ဘာသမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ယနေကခောတ်လူသားတို့၏ကိုယ်ကျင့်
တရားသည်သူ၏ဘိုးဘေးတို့၏ကိုယ်ကျင်ကတရားထက်မသာလွန်ကြောင်းကိုကျွန်တော်တို့လက်ခံရပေလိမ့်မယ်၊ဒါပေမဲ့ကျွန်တော်တို့၏
ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင်အရောင်တင်ပေးရပေလိမ့်မယ်။

လူတယောက်၏ဖွဲ့စည်းမှုတွင်အဆိုးတရားသည်သဘာဝအစိတ်အပိုင်းတရပ်မျှသာဖြစ်သည်ဟုအချို့သောပညာရှင်တွေကယူဆကြတယ်၊
သို့အတွက်သူ့ကိုကောင်းအောင်ပြုလုပ်ရန်စင်ကြယ်မှုသည်လက်တွေ့မကျဘဲအကျိုးမရှိသည့်အလုပ်မျှသာဖြစ်ပေလိမ့်ဟုဆိုနိုင်ပေမည်
အမျိုးအစားအမျိုးမျိုးရှိသောလူသားတို့၏လူသတ်မှုအကြမ်းဖက်မှုမုဒိမ်းမှုလုယက်မှုစသောကြောက်မက်ဖွယ်ရာဆိုးသွန်းသည့်လုပ်ရပ်များကို
ထိုသူတို့သက်သေညွန်ပြခဲ့ကြ၏။

လူသားကိုယဉ်ကျေးအောင်ကြိုးပမ်းမှုများနှင့်ဆန့်ကျင်လျက်နိုင်ငံတိုင်းလိုလိုဖိနှိပ်မှု၏ကြောက်မက်ဖွယ်ရာများကိုကျွန်တော်တို့
ဆက်လက်မြင်တွေ့နေရသည်ဟုလူတွေကဆင်ချေပေးကြတယ်တခါတရံကောင်းခြင်း၏အနည်းငယ်မျှသောပမာဏသည်
အလွန်တရာများပြားနေသည့်အတွက်အဆိုးတရား၏အလယ်တွင်ဘယ်လိုမြန်းကြာရှည်စွာတည်ရှိနေသည်ကိုစာရေးသူအံ့သြနေမိတယ်။

လူ့အမျိုးအနွယ်တိုးတက်အောင်လုပ်ဆောင်ဖို့အတွက်တွေးခေါ်ရှင်တချို့ကမျှော်လင့်ချက်စွန့်လွှတ်နေစဉ်အခါဘာသာရေးပုဂ္ဂိုလ်များက
သူတို့နှင့်ကွဲပြားသောအမြင်ထားရှိခဲ့ကြ၏၊သူတို့သည်ချားလမိန်းအသောကနှင့်အက္ကဘာကဲ့သို့သောဘုရင်များအကြောင်းကိုပြောဆိုကြ၏၊

ထိုဘုရင်များ၏ဘာသာရေးကိုနက်ရှိုင်းစွာနားလည်မှုတို့ကသူတို့အားလူသားအတွက်ကောင်းကျိုးမြောက်များစွာသယ်ပိုးနိုင်အောင်
ကူညီပေးခဲ့ကြ၏။ဗုဒ္ဓဘာသာသည် လူမှာအလွန်ဆိုးသောသဘောရှိသည်ကိုလက်ခံထားပါတယ်၊သို့သော်..ထိုအဆိုးသဘောကို နားလည်မှု စိတ်ဓာတ်ကြံ့ခိုင်မှု တို့ဖြင့်ပယ်ဖျက်နိုင်သည်ဟုသင်ကြားပေး၏၊

လူအပေါင်းတို့သည်အထူးအားဖြင့်အစိုးရ ခေါင်းဆောင်များနှင့်ပညာရေးကျွမ်းကျင်သူများသည်ဘ၀၏သဘာဝအမှန်ကိုနားမလည်ကြသည့်
အတွက်သူတို့၏ကလေးများကိုမှန်ကန်သောဘ၀တန်ဖိုးများကိုသင်ကြားပေးရန်မကြိုးပမ်းကြချေ၊ထိုနှစ်ဆယ့်တစ်ရာစုနှစ်သည်ပညာရေးသည်
အသင့်တော်ဆုံးသူသာအသက်ရှင်ကျန်ရစ်မည်ဟူသောသတ္တဗေဒသိပ္ပံဆရာဒါဝင်၏အယူအဆပေါ်တွင်အခြေခံထားသည်၊

ထိုဒဿနအမြင်သည်လူငယ်များအားမယုံသင်္ကာဖြစ်ဖို့၊လောဘကြီးဖို့၊ရန်လိုဖို့၊တကိုယ်ကောင်းဆန်ဖို့၊အမှန်တကယ်ပင်အားပေး
အားမြှောက်ပြုတတ်ပါတယ်။

အလ်လဒတ်စ်ဟတ်စလေး ရေးသားသောကျွန်းအမည်ရှိစာအုပ်တွင်လက်ရှိပညာရေးစနစ်နှင့်မတူသောအခြားပညာရေးစနစ်တခုရှိကြောင်း
ကိုကျွန်တော်တို့အားဖော်ပြထားပါတယ် ထိုစာအုပ်မှာ အသက်ရှင်ကျန်ရစ်ခြင်းကိုတကိုယ်ကောင်းဆန်ခြင်းဖြင့်အာမခံချက်မပေးနိုင်ဘဲ မျှဝေခြင်း ပေးကမ်းခြင်းတို့ဖြင့်သာ အာမခံချက်ပေးနိုင်သည်ဟုဖော်ပြထားပါတယ်။

ရုပ်ဝတ္ထုတိုးတက်မှုအတွက်ရည်မှန်းထားသောကျွန်တော်တို့၏ခောတ်ပညာရေးစနစ်သည်လူငယ်တို့အား ရန်လိုမှု ကိုယ်ကျိုးရှာဘက်သို့ဦးတည်စေခြင်းအတွက်တာဝန်ရှိတယ်၊ယနေ့ကျွန်တော်တို့အရေးတကြီးလိုအပ်နေသောအရာမှာလူအပေါင်းတို့အား
ရုပ်ဝတ္ထုတိုးတက်မှုကိုသာမျက်ကန်းရှာဖွေခြင်းမပြုပဲစိတ်ပိုင်းဆိုင်ရာအမိုက်မှောင်ကင်းပြီးဥာဏ်အလင်းရခြင်းကိုရှာဖွေရန်လမ်းညွှန်ပေးသော
စာရိတ္တပညာနှင့်ကိုယ်ကျင့်တရားများစနစ်တခုဖြစ်သည်၊

ထိုစနစ်သည် ပုဂ္ဂိုလ်ရေးဓနဥစ္စာကြီးပွားတို့တက်မှုလောက်သာမဟုတ်ဘဲနဲ့အများကောင်းစားရေးအတွက်ပါစွမ်းဆောင်ပေးရမည်။
ဗုဒ္ဓဘာသာသည်လူသားတို့အားငြိမ်းချမ်းစွာညီညွတ်မျှတစွာနေထိုင်ရန်သင်ကြားပေး၏ မြတ်ဘုရားသည်သူ၏တပည့်များအားသူ၏
သင်ကြားချက်များကိုမျက်ကန်းယုံကြည်မှုဖြင့်လက်မခံစေဘဲထိုသင်ကြားချက်များအားမိမိ၏ကိုယ်ပိုင်အသိဥာဏ်ဖြင့်အတွေ့အကြုံတို့အရ အမှန်တကယ်လက်ခံထိုက်သည်မထိုက်သည်ကိုသေသေချာချာစူးစမ်းလေ့လာစုံစမ်းပြီးမှသာလက်ခံရန်အလေ့အနက်တိုက်တွန်းတော်မူပါတယ်။

မြတ်စွာဘုရားသည်သူ၏တပည့်များအားတရားတော်ကိုလုံဝဥဿုံလက်ခံယူလိုစေကာမူစိတ်တွင်အမြင်မကြည်လင်မရှင်းလင်းဘဲပြည့်ပြည့်စုံစုံ
နားမလည်ဘဲလက်ခံခြင်းကိုငြင်းပယ်တော်မူပါတယ်။

မြတ်ဘုရားသည်လူသားအားလုံးကိုစံပြဘ၀များအတိုင်းနေထိုင်ရန်အလိုရှိတော်မူသည် ။မြတ်ဘုရားအလိုရှိတာတွေကတော့ ကြင်နာတတ်ရမည် သနားညှာတာတတ်ရမည် တဦးနှင့်တဦးကိုယ်ချင်းစာတရားထားရမည် လုပ်ကိုင်ပြုမူမှုဆက်ဆံမှုမှန်သမျှတွင်စိတ်ရှည်မှုသည်းခံမှုနှင့်နားလည်မှုတို့ကိုကျင့်သုံးရမည်။

မြတ်ဘုရားသည်သူ၏အထွဋ်အထိပ်သို့ရောက်သောသဗ္ဗညုတဥာဏ်တော်ဖြင့်လူ့အဖွဲအစည်းတွင်အားနည်းချက်များနှင့်အန္တရာယ်တွင်း
နက်ကြီး၇ှိကြောင်းကိုသိမြင်တော်မူပါတယ်၊မြတ်ဘုရားသည်လူသားတို့အားအဓိပ္ပါယ်ရှိသည့်ဘ၀ကိုရယူရန်အသိဥာဏ်အလင်းပေးဖို့ လွတ်မြောက်စေဖို့ ပြုပြင်ပြောင်းလွဲဖို့အတွက် ဗုဒ္ဓဓမ္မကိုသင်ပြပေးတော်မူခဲ့သည် မြတ်ဘုရား၏သင်ပြချက်များသည် ရှင်းလင်းပြည့်စုံကျယ်ပြောလှပေသည် မွေးဖွားသည်မှသေဆုံးသည်အထိ လူတဦး၏ဘ၀ကို တခုလုံးအကျုံးဝင်အောင်ဖော်ပြထားသည်။

သူ၏သင်ပြချက်များကိုနားလည်နိုင်စွမ်းမရှိကြသော ဒါမှမဟုတ် လက်ခံအသင့်မဖြစ်ကြသောသူတို့သည်ထိုသင်ပြချက်များကိုစံမြင့်လွန်းသည် အကောင်အထည်မဖော်နိုင်ဟုအကဲဖြတ်ကြလိမ့်မယ် ထိုသို့အခိုင်အမာပြောဆိုစေကာမူသူ၏သင်ပြချက်များကိုအရိုးရှင်းဆုံးစကားလုံးများဖြင့်ဖော်ပြရလျှင် ကောင်းတာလုပ် မကောင်းတာကိုရှောင် စိတ်ကိုဖြူစင်အောင်ထား ခြင်းပင်ဖြစ်ပါတယ်
ထိုစကားလုံးများသည် ဗုဒ္ဓခောတ်ကမှန်ကန်ခဲ့သည့်တိုင်း ယနေ့ခောတ် နောင်လာမည့်ခောတ်ကာလတွင်လည်းမှန်ကန်ပြီးအဥုံးကျနေမည်သာဖြစ်ပါတယ် တကယ်လို့များလူတိုင်းကသာ မိမိအတွက်ရောသူတပါးအတွက်ပါကောင်းသည်များကိုပြုလုပ်ပြီးသူတပါးနှင့်မိမိကိုယ်ထိခိုက်နစ်နာမည့်မကောင်းမှုမျိုးကို
လုံးဝရှောင်ရှားမည်ဆိုလျှင်ယနေကခောတ်ကမ္ဘာမြေကြီးဟာနေထိုင်ရန်ပိုပြီးကောင်းမွန်သောနေရာတခုဖြစ်နေပါလိမ့်မယ်။

ဗုဒ္ဓဘာသာတရားတော်များသည်ယောင်္ကျားများနှင့်မိန်မးများအားမိမိတို့၏စွဲမြဲသောကြိုးပမ်းချက်အရယခုဘ၀မှာပင်ဆန္ဒပြည့်ဝခြင်းနှင့်ကျေနပ်
ခြင်းတို့ကိုရရှိစေရန်အတွက်လည်းကောင်းလူသားအားလုံအတွက်အကျိုးဖြစ်ထွန်းပြီးကောင်းကျိုးချမ်းသာရရှိရေးအတွက်လူမှုးရေးစနစ်တခုကို
ဖန်တီးဖို့အားပေးတိုက်တွန်းရန်အတွက်လည်းကောင်းပုံစံဖော်ထားခြင်းပင်ဖြစ်ပါတယ်။

ဗုဒ္ဓတရားတော်သည်တကိုယ်ကောင်းမဆန်သောကိုယ်ကျင့်တရားစည်းမျဉ်းများပေးကမ်းစွန့်ကြဲတတ်မှုမေတ္တာတရားနှင့်အရေးတယူပြုမူတတ်မှုနှင့်
အတူဆွေမျိုးများမိတ်သင်္ဂဟများသိကျွမ်းသူများ၏ကောင်းစားခြင်းနှင့်ကောင်းကျိုးချမ်းသာအတွက်စစ်မှန်သောစည်းကမ်းကျင့်ဝတ်များစိတ်ဓာတ်များကို
တိုးတက်စေပါသည်။

လူသားတို့၏ဘ၀သည်ကြီးကျယ်မြင့်မြတ်သည်၊မြတ်ဗုဒ္ဓက ဒါကြောင့်ဒုလ္လဘတရားငါးပါးကိုဟောထားခဲ့တယ် လူသားတဦးဖြစ်ဖို့အတော်ကိုခက်ခဲလှပါတယ်၊မြတ်ဘုရားဓမ္မဟာမြင့်မြတ်တဲ့အခြေခံတရားတွေဖြစ်သည့်အတွက်ကြောင့်
လက်ရှိပစ္စုန်ဘ၀မှာတဦးနှင့်တဦးနားလည်မှုရှိရမယ်၊နားလည်မှုဟာသိပ်အရေးကြီးတယ်၊

လူတယောက်မှာ ဓမ္မလို့ခေါ်တဲ့ယဉ်ကျေးမှုမရှိဘဲ ဘ၀တခုကိုလျစ်လျူရှု့ပြီးနေထိုင်နေမယ် တရားဓမ္မမရှိဘဲအ၀ိဇ္ဇာအမိုက်မှောင်ထဲမှာနေနေမယ်အဲဒီလူကိုလူလို့ခေါ်မရနိုင်ပါဘူး၊အချိန်ဖြုန်းတဲ့သူဟုသာသတ်မှတ်ရပါလိမ့်မယ်။

လူတိုင်းကောင်းမွန်တဲ့အလုပ်ကိုလုပ်နိုင်ရမည်သူတပါးကိုလည်း အသိပညာအလင်းရောင်တွေပြသနိုင်ရမည် လူသားတွေဟာငြိမ်းချမ်းနဲ့အရာဝတ္ထုကိုထိန်းသိမ်းထားနိုင်ရမည် တူညီသော ကိုယ်ကျင့်တရားတွေ တိုးတက်အောင်လုပ်ဆောင်နိုင်ရမည် သံသရာရဲ့နောက်ဆုံးနိဗ္ဗာန်ရသည့်တိုင်အောင်ယခုလက်ရှိဘ၀ရောနောက်ဘ၀တွေပါ မြင့်မြတ်တဲ့ကောင်းမွန်မှုတွေမြင့်မြတ်တဲ့ကိုယ့်ကျင့်တရားတွေ အသိဥာဏ်တွေ မြင့်မြတ်တဲ့သင်ကြားမှုတွေ ထားရှိရမှာဖြစ်ပါတယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။

jeudi 28 mars 2013

ပါရမီဖြည့်ခြင်းအနုပညာ

 
                 
ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။
အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန့်လာတဲ့အခါလောကကျေးဇူးကိုသိမြင်ပြီးလောကနဲ့ဝန်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ် ပညာက ကြီးကျယ်မြင့်မြတ် လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။

ပါရမီဆိုတာမြင့်မြတ်သူတွေရဲ့ပုံရိပ်၊သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင် တွေရဲ့စရဏဖြစ်ပေမဲ့ မြင့်မြတ်သူတွေနဲ့ သာမန် လူတွေရဲ့ ကြားမှာ ကာရံစည်းခြားထားတဲ့ နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။

လူတိုင်းသွားလာနိုင်လောက်အောင်ကြီးမားကျယ်ပြန့်စွာဖောက်လုပ် ထားတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုပါ။ ဒီလမ်းမကြီးပေါ်မှာ လျှောက်လှမ်း နိုင်ဖို့ဆိုတာ ရွှေတွေ၊ ငွေတွေ၊ ရားထူးတွေ၊ ဂုဏ်အရှိန်အ၀ါ ပကာသနတွေ ဘာတစ်ခုမှရှိဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သဒ္ဓါ၊ မေတ္တာ၊ ပညာစတဲ့ သူတော် ကောင်းတရားတွေ အပြည့်အ၀ရှိဖို့တော့ လုံးဝလိုအပ်ပါတယ်။

သတ္တ၀ါတွေဟာ နေ့စဉ်”အာရုံ”လမ်းမကြီးပေါ်မှာ “ကံ”ခြေထောက်တွေနဲ့ လျှောက်လှမ်း နေရင်း “ဘ၀”ခြေရာသစ်တွေကို ထင်ကျန် ရစ်စေ နေကြတာပါ။ 

အဲဒီအထဲမှာ အသိဥာဏ်နဲ့ နှလုံးသား ကောင်းမွန်သူတွေရဲ့ခြေရာတွေကပြည့်ပြည့်စုံစုံ လှလှပပဖြစ်နေတတ်ပြီး အသိဥာဏ်နည်း နှလုံးသား မည်းသူတွေရဲ့ခြေရာတွေကတော့ တစ်ပိုင်းတစ်စ မလှမပဖြစ်နေတတ်ပါတယ်။ပြည့်စုံလှပတဲ့ ခြေရာ သစ်တွေဟာ နောက်ဆုံးမှာ “ပါရမီရှင်”တွေဖြစ်လာကြပြီး တစ်ပိုင်းတစ်စ မလှပတဲ့ခြေရာသစ်တွေ ကတော့ သံသရာဝဋ်ကြွေးနွံထဲမှာပဲ နစ်ဝင်ပျောက်ကွယ်ကုန်တတ်ကြပါတယ်။

“ပါရမီ”လို့ ခေါ်ဆိုသတ်မှတ် မြင့်မြတ်တဲ့အမှုကိစ္စအပေါင်းက (၁၀)ခု ရှိပါတယ်။

(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)

(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)

(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)

(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)

(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)

(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)

(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)

(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=
အဓိဋ္ဌာန်ပါရမီ (Determination)

(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ
(Loving-kindness)

(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)
တို့ပဲဖြစ်ပါတယ်။

သာသနာတော်မှ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမသြ၀ါဒကို ခြေခြေမြစ်မြစ် လက်ခံရရှိပြီးသား သူတစ်ဦးအဖို့ ဘ၀သံသရာရှေ့ရေးနဲ့ ပတ်သက်လာရင် (၁) ဒီဘ၀မှာ ကျွတ်တမ်းဝင်ဖို့၊ (၂) ဆုတစ်ခု ခုကို ရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ ဒီအရေးကိစ္စနှစ်ခုကလွှဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ဗုဒ္ဓ သာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့ နောက်ဆုံးပန်းတိုင်ဟာ အရိယာပုဂ္ဂိုလ် ဖြစ်ဖို့ပါ။ 

အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ အရိယသစ္စာကို သိမြင်နိုင်ရမှာပါ။ အရိယသစ္စာကို သိမြင်နိုင်ဖို့ဆိုတာ ပါရမီမရှိဘဲ မဖြစ်နိုင်ပါ။
ပါရမီဆိုတာမြင့်မြတ်မှုသို့သွားရာ တစ်ကြောင်းတည်းသော ခရီး၊ တစ်ခုတည်းသော လမ်းမကြီး ဖြစ်ပါတယ်။ 

ပါရမီလမ်းမကြီးကို စွန့်ပြီး မြင့်မြတ်မှုပန်းတိုင်ဆီကို ရောက်နိုင်ရိုးမရှိပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနံ့တွေ သင်းပျံ့နေဆဲ ယခုလိုကာလမျိုးမှာ မြင့်မြတ်မှုကို မြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ်“၀တ်” ထားပြီး ပြုလုပ်အားထုပ်သင့်ကြပါ တယ်။

တကယ်တော့ “ပါရမီ”ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုးတန်ဖိုးထားစရာ အလှပဆုံး “တော်ဝင်ပန်းတစ် ပွင့်”ပါ။ ဒီပန်းကို ခွတ်ဆူးနိုင်ဖို့ဆိုတာ အခြေခံအားဖြင့် တစ်ပါးသူတွေရဲ့ ဒုက္ခကိုလျော့ပါးအောင် ပြုလုပ်လိုတဲ့ ကရုဏာ၊ အများအကျိုး လောကအကျိုးကို တိုးပွားအောင် ရွက်ဆောင်နိုင်တဲ့ ပညာ ရှိဖို့လိုပါတယ်။ 

တကယ်လို့ ဒီတရားနှစ်ပါးကသာ ကိုယ့်နှလုံးသားမှာ ခမ်းခြောက်နေပြီဆိုရင် ပါရမီ ဆိုတဲ့ပန်းကို လက်လှမ်းမီစရာအကြောင်း မရှိပါဘူး။

ပါရမီဆိုတာလုပ်ငန်းအပေါ်မှာအခြေမခံဘဲ နှလုံးသွင်းအပေါ်မှာသာ အခြေခံပါတယ်။ နှလုံးသွင်းစေတနာက ကရုဏာနဲ့ ပညာတရားတို့ဝန်းရံပြီး မြင့်မြတ်မှုရှိပါမှ ပါရမီမည်နိုင်ပါတယ်။ 

သို့မဟုတ်ပါက ပါရမီ မမည်နိုင်ပါ။ ဒါကြောင့် ဒါနလုပ်ငန်းတိုင်း ပါရမီမဖြစ်၊ သီလလုပ်ငန်းတိုင်း ပါရမီမခေါ်၊ ဘာဝနာလုပ်ငန်းတိုင်း ပါရမီ မမြောက်ပါ။ အချုပ်ဆိုရရင် ကုသိုလ်ကောင်းမှုလုပ်တိုင်း ပါရမီ မဖြစ်နိုင်ပါ။

ဘ၀ကောင်းနဲ့ စည်းစိမ်ချမ်းသာကို တိမ်းညွတ်တဲ့စိတ်လည်း မရှိ၊ မှားယွင်းတဲ့အတွေးခေါ် ဒိဋ္ဌိနဲ့လည်း မယှဉ်၊ မိုးကောင်းကင်သဖွယ် အတွယ်အတာလည်းကင်းပြီး၊ ဗောဓိဥာဏ်ဆိုတဲ့ တစ်ဖက် ကမ်းကိုသာ တမ်းတမ်းစူးစူးအထူးရည်ရွယ်ကာစင်ကြယ်တဲ့ စိတ်နဲ့ ပြုလုပ်အားထုတ်အပ်တဲ့ ဒါနမှု၊ သီလမှုစတာတွေသာ ပါရမီအစစ် ဖြစ်နိုင်ကြပါတယ်။ 

ပါရမီဆိုတာအရေအတွက်ပြဋ္ဌာန်းတဲ့ဆောင်ရွက်ချက်မဟုတ်ဘဲအရည်အချင်းပြဋ္ဌာန်းတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ 

ကရုဏာတရားနဲ့ဒေါသကိုဖယ်ရှင်း၊ပညာတရားနဲ့လောဘမောဟတို့ကိုပယ်ခွင်းနိုင်ပြီး လုပ်ရပ်တိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ အငွေ့အသက်ကင်းပါမှ ပါရမီရနံ့ သင်းပျံ့နိုင်တာပါ။

ကြီးကျယ်ခန့်ညားပြီးမြင့်မြတ်လှတဲ့သူတော်ကောင်းတွေရဲ့နှလုံးသားဆိုတာဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်ခြမ်းမှာ ပညာအပြည့်ရှိပါတယ်။ အဲဒီကရုဏာ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကိုစတေးပြီး အများကောင်းစားရေးအတွက် လောကအပေါ် စေတနာအပြည့်အ၀ ထားရှိခြင်းဟာ “သူတော်ကောင်းတို့ရဲ့ အစဉ်အလာ တာဝန်တစ်ခု”ပါ။

ပါရမီ နယ်ပယ်မှာ တာဝန်နဲ့လုပ်ငန်းဟာ အင်မတန်ကွဲပြားခြားနားပါတယ်။ သူတော်ကောင်းနှလုံးသားကို အမှီရကာ မြင့်မြတ်တဲ့ သဘောကိုဆောင်ရင် “တာဝန်”ဖြစ်ပြီး သို့မဟုတ်ပါက “လုပ်ငန်း”မျှသာ ဖြစ်ပါ တယ်။ တာဝန်ဟာ ပါရမီအရာမြောက်ပြီး လုပ်ငန်း ကတော့ ကုသိုလ်အရာမှာပဲ တည်ပါတယ်။ ကြေးနဲ့ ရွှေဟာ “၀ါ”တာခြင်းတူပေမဲ့ “တန်ဖိုး”ခြင်း မတူညီနိုင်သလို ရိုးရိုးကုသိုလ်နဲ့ ပါရမီ ကုသိုလ်ဟာလည်း ကုသိုလ်ခြင်းတူပေမဲ့ အရှိန်အ၀ါ အကျိုးပေးတာခြင်း အင်မတန်ခြားနားပါတယ်။

ရိုးရိုးကုသိုလ်ဟာ ကိုယ်ကျိုးရှာ အသာစံလိုမှု ပါဝင်နေတတ်တာမို့ အကြောင်းအားမကောင်းသလို အကျိုးပေးလည်း မသန်တတ်ပါဘူး။ ရိုးရိုးကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကီကျိုးမှာလမ်းဆုံးနေ တတ်ပြီး အကျိုးပေးပြီးရင်လည်း အသစ်ကပြန်စရတာမို့ (ရှာလိုက် ရလိုက် ကုန်သွား လိုက်နဲ့)သံသရာ လည်နေတတ်ပါတယ်။ 

တစ်ခါတစ်ရံ အကြောင်းမညီညွတ်လို့ လုံးဝအကျိုးမပေးဘဲ အဟောသိကံဖြစ် သွားရတာတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။

ပါရမီကုသိုလ်ကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အရင်းတည်တာမို့ အကြောင်းအား ကောင်းသလို အကျိုးပေးလည်းသန်ပါတယ်။ပါရမီကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကုတ္တရာဖြစ်တာမို့ လောကီသံသရာထဲမှာ လည်မနေတတ်သလိုလမ်းဆုံးမရောက်ခင်ပျောက်ပျက်သွားရိုးမရှိတာကြောင့်အဟောသိကံဖြစ်သွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးကုသိုလ်အများစုဟာ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းစတဲ့အဖြစ်တွေနဲ့ လောကကို မိမိဘ၀အ တွက် သိမ်းပိုက်ရန် အားထုတ် တတ်တာကြောင့် အတ္တအသိနဲ့ ငြိနေပြီး တဏှာ၊ မာန၊ ဒိဋ္ဌိတရားဆိုး တွေကို အားပြုတတ်ပါတယ်။ 

ဒီလိုမျိုး ကုသိုလ်တွေဟာ လောကအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေပါ တယ်။ ပါရမီကုသိုလ်ကတော့ အနိမ့်ဆုံး အညတရများ အပါအ၀င် လောက တစ်ခုလုံးအတွက် မိမိရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွတ်နိုင်တာကြောင့် အနတ္တဥာဏ်နဲ့ ဆက်ဆံနေပြီး သဒ္ဓါ၊ မေတ္တာ၊ ပညာ တရားတို့ကို အားပြုတတ်ပါတယ်။ ဒီလိုကုသိုလ်မျိုးဟာ လောကအတွက် ဘေးမဖြစ်ဘဲ ဆေးဖြစ်စေ ပါတယ်။

အချုပ်ပြောရရင် ရိုးရိုးကုသိုလ်ဟာ လောကီကျိုးကိုသာ ဖြစ်စေနိုင်တယ်။ အဆိပ်ရှိတယ်၊ မခိုင်မာဘူး၊ ပျက်စီးပျောက်ကွယ်တတ်တယ်။ပါရမီကုသိုလ်ကတော့လောကီကျိုးကိုသာမကလောကုတ္တရာအကျိုးကိုပါ ဖြစ်စေနိုင်တယ်။ 

အဆိပ်မရှိ၊ ခိုင်မာတယ်၊ မပျက်ပြယ်ပါဘူး။ ဒါကြောင့်မို့ အသိဥာဏ် ကြီးသူတိုင်းဟာ ရိုးရိုးကုသိုလ်ထက် ပါရမီကုသိုလ်ကိုပိုပြီးမြတ်နိုးတန်ဖိုးထားလေ့ရှိပါတယ်။ 

တကယ်တော့လည်း ပါရမီကုသိုလ်ရဲ့ မြတ်နိုးဖွယ်ရသကို သူတော်ကောင်းနှလုံးသားရှိမှ ခံစားနား လည်နိုင်တာပါ။

ပါရမီအမှု ၁၀-ခုကိုကြည့်ရင် ပါရမီဖြည့်တယ်ဆိုတာ ဘ၀သံသရာ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ အစီအစဉ်မဲ့ မျောပါနေခြင်း မဟုတ်ဘဲ အစီအစဉ်နဲ့ စနစ်တကျ ကူးခတ်နေခြင်းဆိုတာ ပေါ်လွင်လှပါ တယ်။

 မြင့်မြတ်တဲ့ရည်မှန်းချက်အပေါ်မှာ အခြေခံတဲ့ ကံအဆောက်အဦ (ပုညသမ္ဘာရ)၊ ဥာဏ်အ ဆောက်အဦ (ဥာဏသမ္ဘာရ)တွေ မြင့်တက်ရင့်ကျက်ခိုင်မာ ပြည့်စုံလာခြင်းကို “ပါရမီဖြည့် တယ်”လို့ ခေါ်ဆိုတာပါ။

ဒါကြောင့် ပါရမီဖြည့်တယ်ဆိုတာ သံသရာတစ်ခွင် ကျင်လည်ခဲ့ရစဉ် ဘ၀တွေမှာ ကိလေသာ “မြစ်”၊ ဒုစရိုက် “ချောင်း”၊ အနုသယ “အင်းအိုင်”တွေရဲ့ တိုက်စား, လှိုက်စား, နှိုက်စားခံရမှုတွေ ကြောင့် ချိုင့်ဝင်နိမ့်ပါး ပျက်စီးသွားခဲ့ရတဲ့နေရာတွေမှာ အစားထိုးနိုင်ဖို့ သိပ်ပေးခြင်း၊ ရည်မှန်းချက်ပန်း တိုင်ကို လှမ်းကိုင်ခူးဆွတ်နိုင်အောင် စိတ်အား၊ ဥာဏ်အား၊ အကျင့်အားတွေ ကို ဖြည့်ဆည်းမြှင့်တင် ပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဒီနေရာမှာ ဘာ့ကြောင့် “ပါရမီဖြည့်ဖို့လိုသလဲ”ဆိုတဲ့ မေးခွန်းဟာ ပါရမီဖြည့်ခြင်း အနုပညာရဲ့ အဓိက အသည်းနှလုံးဖြစ်ပါတယ်။ (၁) အများအကျိုး, လောကအကျိုးကို ထူးချွန်ထက်မြက်စွာ သယ် ပိုးရွက်ဆောင်နိုင်ဖို့နဲ့၊ (၂) ဗောဓိဥာဏ်ကို ရနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုဟာ ပါရမီဖြည့်ဖို့ရာ အဓိက လိုအပ်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

“ပါရမီဖြည့်တယ်”ဆိုတာ (တစ်နည်းအားဖြင့်ပြောရရင်) လောဘ၊ အတ္တ၊ မာနတွေကြောင့် အကျည်းတန်အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို အလှပ၊ အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင်ခြယ်မှုန်းပြုပြင်တန်ဆာဆင်ပေးတာကိုခေါ်တာပါ။ 

ဘုရား အလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်တယ်ဆိုတာ မိမိရဲ့ဘ၀၊ မိမိရဲ့စေတနာကို လှသည်ထက်လှအောင် အားထုတ် ခြင်းဖြစ်ပါတယ်။

ကြာပန်းရဲ့အလှဟာ ရေကန်ကို တန်ဆာဆင်နိုင်သလို ဘ၀ရဲ့အလှဟာလည်း လောကကို တန်ဆာဆင်ပေးနိုင်ပါတယ်။ 

ပါရမီတွေပြည့်ဝလို့မိမိရဲ့ဘ၀ကပို၍ပို၍လှလေ၊လောကကိုလည်းပို၍ပို၍လှအောင်တန်ဆာဆင်နိုင်လေဖြစ်ပါတယ်။ 

ဒါကြောင့် အများအကျိုး လောကအကျိုးကို ထူးချွန် ထက်မြက်စွာ သယ်ပိုး ရွက်ဆောင် လိုသူတွေဟာ ပါရမီပြည့်အောင် ဖြည့်ကျင့် အားထုတ်ကြတာပါ။

နောက်ပြီး ဗောဓိဥာဏ်ကို ရရှိခြင်းဟာ ဘ၀မှာ အမြင့်မားဆုံး အကျိုးစီးပွား၊ အမွန်မြတ်ဆုံး ပန်း တိုင်ဖြစ်ပါတယ်။ 

တခြားအကျိုးစီး ပွားတွေဟာ အ၀ိဇ္ဇာ (မသိမလိမ္မာမှု)က ရှာပေးတဲ့ပန်းတိုင်ဖြစ်ပြီး၊ ဗောဓိဥာဏ်သည်သာ ၀ိဇ္ဇာ (တတ်သိလိမ္မာမှု)က ရှာဖွေပေးတဲ့ ပန်းတိုင်ဖြစ်ပါတယ်။ 

ဝိဇ္ဇာက ရှာဖွေ ပေးတဲ့ ဒီပန်းတိုင်ဆိုတာ ပါရမီပြည့်မှ ရောက်နိုင်တာမျိုးပါ။ ဒါကြောင့် ဗောဓိဥာဏ်ရလိုသူတွေဟာ ပါရမီပြည့်အောင် ဖြည့်ကျင့်အားထုတ်ကြတာပါ။

ပါရမီဆိုတာ လူစွမ်းကောင်း လူရည်ချွန်တွေရဲ့ သီးသန့်ဥစ္စာ မဟုတ်ပါဘူး။မြင့်မြတ်တဲ့နှလုံး သားနဲ့လောကကိုချစ်ခင်အလှဆင်လိုသူတိုင်းဖြည့်ကျင့်ဆည်းပူးနိုင်တဲ့လူ့ကျင့်ဝတ်တွေပါ။ 

ရိုးရိုးရှင်းရှင်းပြောရရင် ပါရမီဖြည့်တယ်ဆိုတာ လူသားတစ်ဦး အနေနဲ့ မြင့်မြတ်တဲ့လူ့ကျင့်ဝတ်တွေကို လူသားဆန်ဆန် ပီပြင်စွာ ဖြည့်ကျင့်အားထုတ်တာကို ခေါ်တာပါ။ 

ပါရမီဆိုတာ မိမိအတွက် စွန့်လွတ် အနစ်နာခံရတာမို့ အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့စရာ မကောင်းပေမဲ့ အနှစ်သာရအနေနဲ့ကတော့လောကအတွက်မြင့်မြတ်တဲ့ “စံ”တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ်အတိ ဖြစ်ပါတယ်။ 
တကယ်တော့ပါရမီဖြည့်ခြင်းအနုပညာဆိုတာမိမိဘ၀ကိုသာမကလောကနဲ့ဝန်းကျင်ကိုပါ အကောင်းဆုံးအလှဆင်ပေး တတ်တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။

စီးဆင်းနေတဲ့ရေဟာ သူလိုရာမရောက်ခင် လမ်းမှာ တွေ့သမျှ ချိုင့်ဝှမ်းတွေကို ဖြည့်တင်းသွားရ သလို ပါရမီရှင်တစ်ဦးဟာလည်း သူလိုရာပန်းတိုင်ကို မရောက်ခင် ဘ၀မှာ တွေ့ရသမျှ ဟာကွက် ပျော့ကွက် လိုအပ်ချက်တွေကို ကြည်နူးဝမ်းမြောက်စွာ စွန့်လွတ်ဖြည့်ဆည်းသွားမှာပါ။

ကရုဏာ ပညာတရားတွေနဲ့ မိမိဘ၀ကိုစတေးပြီး အများအကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ ကျင့်ဝတ်၊ သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ဒီကမ္ဘာပေါ်မှာ ပါရမီပန်းတွေကတော့ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ……………။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။

lundi 25 mars 2013

                                                 Buddhist Ethisc

 The world has never experienced such phenomenal material progress as it is realising in this age.However,despite this wonderful progress,it is most unfortunate that mankind tends to neglect its spiritual well being.


Mankind appears to have been blinded by material achievements thinking that materialism is the end- all of everything.mankind has forgotten that materialism alone does not provide the true happiness or spiritual well-being sought after by mankind.

Men must seek true happiness and spiritual well-being through their respective religions as an additional adjunct to materialism. Spiritual solace and material is must go hand and hand to provide true happiness for all.

Moral degradation exists everywhere. with increased efficiency of modern mass communication. We have become much more aware of man”s inhumanity to man on ascale unheard of  hitherto.individual tend to forget or completely ignore their obligation and duties to the society in which they live.

Business organization in their ruthless mad scramble for profits and material gain are pursuing their efforts without any sense of human decency. They have forgotten that there is such a thing as human dignity.

In the light of such a catastrophic situation. Many people concerned with the upholding of human dignity and ethical practices, are tempted to throw up their hands in sheer despir of ever finding a solution to curb man”s inordinate greed and to steer him along the path of human decency coupled with spiritual solace.

Man has conquered space.man is even trying to elevate himself to a super being but man has not been capable of conducting himself as a decent human being with spiritual love and compassion for others.

This sad state of affairs prevails today because man has chosen to take the wrong path in developing  modern civilization.man has deified materialism in the mistaken belief that materialism alone can bring happiness.that is a fallacy.

Man has gone wrong  because he has willfully chosen to ignore the invaluable advice given by our spiritual leaders over the centuries.whilst it is admitted that science can produce quick results and a measure of material gain, the resultant benefits from such material gain are illusory and short-lived.

As against such illusory and short-lived gains,the benefits that we derive by fllowing the noble teachings of our noble religious leaders are those of real lasting happiness  and not illusory.

Material gain without spiritual solace does not provide true and lasting happiness.spiritual backing is absolutely necessary for man”s spiritual upliftment,leading to tranquility of mind and everlasting happiness.

If we study world  history conceening man”s behaviour in the past. We will readily agree that modern man”s moral conduct is no better than that of his ancestors although we tend to glorify our civilization.

Some modern thinkers are of the opinion that evil is a natural part of man”s make-up and trying to make him good and pure is simply an impractical and futile task. They point to the terrifying evil actions of murder,violence, rape, pillage, carried out by all types of people.

They argue that inspite of efforts to cilivize man.we have continued to witness the horrors of persecution in almost every country.sometimes we wonder how the small element of goodness has prevailed for so long in the face of so much evil.

While some thinkers are giving up hope of ever improving the human race.Religious people have a completely different point of view. They talk about kings like Charlemagne. Asoka , and Akbar whose deep understanding of religion has helped them to do so much good for mankind.

Buddhism accepts that there is evil in man. But it teaches that this evil can be eradicated by understanding and determination.Bceause people, especially government leaders and education sts,fail to understand the true nature of life,they do not attempt to teach their young the right values.in this century, education is based on the Darawinian concept of the survival of the fittest and of couse this philosophy tends to lead the young to be suspicious, greedy, aggressive and self-seeking.

In a lovely book Island by Aldous Huxley we are shown that there is an alternative to the present education syatem where we are shown that survival is not guaranteed by selfishness but by sharing and giving.

Our modern education system which aims at material progress is responsible for the turning of the youngto be aggressive and self-seeking .what we urgently need today is a code of ethics and morility which will guide people not to blindly seek  material progress alone but to look for spiritual enlightenment, not just for self aggrandizement but for the common weal.

Buddhism teaches man to live in peace and harmony.The Buddha exhorted his followers not to take his teachings on blind faith but to accept them only after close investigation and enquiry as to whether the teachings are really acceptable according to one”s  own intelligence and experience.

Even though the Buddha wanted hie followers to absorb the Dhamma, he did not want them to accept it without clarity of mind and complete understanding.
          
 The Buddha wanted all human being to lead ideal lives – to be kind,compassionate and considerate to one another and to exercise patience,tolerance and understanding in all activities and relationships.

The Buddha, with His supreme wisdom, realized that there were weaknesses and pit-falls in human society. He introduced the Buddha Dhamma in order to enlighten, emancipate and reform mankind to lead a meaningful life. His teachings were clear and comprehensive- they covered the existence of a human being, from birth to the grave.

Those who were unable to comprehend His teachings or were not prepared to accept His Teachings. would rate His Teachings as too idealistic and incapable of achievement. Despite such assertions, His teachings, if reduced to the simplest of terms, could be contained in just a few word:’Do good, SHUN EVIL AND PURIFY THE MIND”.

These Words were true during the Buddha”s times. These Words are just as true and applicable for the present and future. If everyone does what is good for oneself and for othersas well and completely shuns evil, that would affect others as well as oneself and the world would definitely be a better place to live in.

Buddhist Teachings are designed to enable men and women to achieve fulfilment and satisfaction in this life through their own sustained efforts and to encourage them to create a social order conducive to the benefit and welfare of mankind.

It develops unselfish moral codes, generosity, concern and a spirit of real discipline for the good and well-being of relations, friends and acquaint-ances.

Human life is a great,precious thing. Therefore the Buddha constantly teaches the dhamma called “five Dullabo”that is, “five Rarities” or “Rare things” among which the attainment of human life is a rare and precious thing.

Rare is the brith of a human being So a thinking person should understand and use his or her life that is worthy of the present life. Wise use of life must be made everyday, befitting a human being.

This fact is basically important because life must be guided the true and noble teaching called “Dhamma”. A person without Dhamma culture, living a life of negligence, living in ignorance of Dhamma, cannot be termed “a human being”in the best sense of the word.

He only wastes his precious time and glorious life Hence sale U Ponnya,   the old poet of king Min don, in his “hibbit Jataka” warns:-
                  In these noble days teachers are not lacking to give guidance of noble conduct of life, leading to nibbãnic peace, at every available opportunity. Today the Buddha’s Noble Teaching shines like the sun in midday sky and the way to the Deathlessness can be obtained in many contexts of instruction. Yet if one dislikes and negates the Dhamma by following the path of evil, one becomes the greatest fool on earth, the weakest and the most useless. Moreover,such a heedless person. Will fall into the four woeful states, sinking deeper and deeper in the ocean of samsãra,  the rounds of existence. Hence many human beings lower their human status by following the way of foolishness.Be careful.”
  
 In order to avoid the lower states of life and other samsaris sufferings, everyone should perform good deed to promote one’s welfare and other’s too in the present life while the sãsana shines brightly.
            
Human life must be used for the maintenance of peace, harmony and moral progress. in this noble way both welfare of the present life as well as the next one can be attained by having good lives in samsãra till finally Nibbãna, the superme and purest reality, is achieved. Anyhow one must follow, in this present life, a way of moral and insightful life.Morality is ethics and it is one’s live. so we should keep it . as it is one’s own live.

           May the teaching of the Buddha spread all over the world.

                                                                                   ဓမ္မစမ်းရေ သောက်သုံးနိုင်ပါစေ။။