ကမ္ဘာကြီးသည်ယခုခောတ်လူသားတို့သိရှိနားလည်ထားကြသောအံ့မခန်းဖွယ်ရာတိုးတက်နေမှုကိုယခင်
မည်သည့်အခါကမျှမကြုံခဲ့ဘူးပေ။ သို့ရာတွင်..လူသားတို့သည်အံ့ဖွယ်ရာတိုးတက်မှုမျိုးကိုရရှိထားပါလျှက်သူ၏စိတ်ပိုင်းဆိုင်ရာကောင်းကျိုးချမ်းသာကိုလျစ်လျူရှု့
ထားသည်မှာကံမကောင်းဆုံးသောအချက်ပင်ဖြစ်ပါတယ်။
ရုပ်ပစ္စည်းကြွယ်ဝမှုသည်အရာအားလုံး၏အဆုံးစွန်ပန်းတိုင်ဖြစ်သည်ဟုထင်မှတ်ကြလျက်လူသားသည်ရုပ်ဝတ္ထုအောင်မြင်မှုထက်
မျက်စိကန်းသွားဟန်ရှိပါတယ်၊ရုပ်ပစ္စည်းကြွယ်ဝမှုတခုတည်းကလူသားတို့ရှာဖွေနေကြသောစစ်မှန်သောပျော်ရွှင်မှု..သို့မဟုတ်..
စိတ်ပိုင်းဆိုင်ရာချမ်းသာမှုကိုမပေးစွမ်းနိုင်ကြောင်းကိုလူသားတို့မေ့ပျောက်သွားကြသည်။
ရုပ်ပိုင်းတိုးတက်မှုအပေါ်ထပ်ဆင့်လျှက်လူသားတို့သည်မိမိတို့၏ကိုးကွယ်မှုဘာသာအသီးသီးမှတဆင့်စစ်မှန်သောပျော်ရွှင်မှုနှင့်
စိတ်ပိုင်းဆိုင်ကောင်းကျိုးချမ်းသာကိုရှာဖွေကြရမည်၊စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုနှင့်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတို့သည်လူသားအားလုံးတို့
အားစစ်မှန်သောပျော်ရွှင်မှုကိုပေးဆောင်ရန်အတွက်အစဉ်လက်တွဲသွားရမည်။
စာရိတ္တယိုယွင်းမှုသည်နေရာတကာတွင်တည်ရှိနေသည်ခောတ်သစ်လူထုဆက်သွယ်မှုစနစ်များ၏အားကောင်းလာမှုအရည်အသွေးတို့
တိုးတက်လာသည်နှင့်အမျှလူသား၏လူသားသို့လူသားမဆန်သောအပြုအမူများကိုကျွန်ုပ်တို့ပိုမိုများပြားစွာတွေ့မြင်သိရှိလာကြရသည်၊
လူသားအချင်းချင်းရက်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတို့မှာမကြုံစဖူးတွေ့ဖြစ်ပေါ်နေတယ်၊လူတဦးစီသည်သူနေထိုင်သောအဖွဲ့အစည်းအပေါ်ထား
ရှိရမည့်တာဝန်ဝတ္တရားများကိုမေ့လျော့နေကြသည်..
သို့မဟုတ် လျစ်လျူရှု့ထားကြသည်။
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများသည်ရုပ်ပိုင်းတိုးတက်မှုနှင့်အမြတ်အစွန်းများရရှိရေးအတွက်ရက်စက်စွာ
အမူးအရူးယှဉ်ပြိုင်လုယက်ရှာဖွေနေကြရာတွင်လူသားတို့၏ရည်မှန်းမှုအတွက်ဆင်ခြင်စဉ်းစားအလျင်းမပြုပဲ
သူတို့၏ကြိုးပမ်းမှုနောက်သို့သာအစဉ်တစိုက်လိုက်နေကြပေသည်လူ့ဂုဏ်သိက္ခာဟူသောအရာမျိုးကိုရှိသေး
သည်ကိုသူတို့မေ့လျော့နေကြပေသည်။
ယင်းသို့ အကြီးအကျယ်ရုတ်တရက်ပျက်စီးမည့်ကြီးမားသောဘေးအန္တရာယ်အခြေနေကိုမြင်သိလာကြသည့်အခါလူ့ဂုဏ်သိက္ခာနှင့်စာရိတ္တအလေ့
အကျင့်များကိုထိန်းသိမ်းလိုသောလူများစွာတို့သည်လူသား၏အတောမတတ်နိုင်လောဘကိုထိန်းချုပ်ရန်နှင့်လူသားစိတ်ငြိမ်းချမ်းမှုနှင့်
ယှဉ်စပ်သည့်လူ့ဂုဏ်သိက္ခာသို့ဦးတည်သောလမ်းကြောင်းပေါ်သို့ရောက်အောင်ထိန်းကျောင်းပေးရန်တို့တွက်အဖြေရှာမရတော့
ဝမ်းနည်းပက်လက်နှင့်လက်မြှောက်လိုကြတော့သည်။
လူသားသည်အာကာသကိုအောင်နိုင်ပြီုးဖြစ်တယ်…..သူသည်..သူ့ကို..အလွန်ကြီးကျယ်သောသတ္တ၀ါတဦးအဖြစ်သို့မြှင့်တင်ရန်ကိုပင်
အမြဲကြိုးပမ်းလျှက်ရှိပါသည်၊သို့ရာတွင်..သူသည်..အခြားသူတို့အတွက်မေတ္တာကရုဏာစိတ်ဓာတ်ဖြင့်ဖော်ရွေသောလူသားတဦးအနေနဲ့
့ပြုမူရန်ကိုကိုတိုင်လမ်းညွန်နိုင်စွမ်းတော့မရှိချေဘူး။
ထိုအကြောင်းအရာများ၏၀မ်းနည်းဖွယ်အခြေနေကိုယနေ့တည်ရှိနေသည့်အကြောင်းအရင်းမှာလူသားသည်ခောတ်သစ်ယဉ်ကျေးမှု
ကိုပြုစုပျိုးထောင်ရာတွင်လမ်းမှားကိုရွေးချယ်မိသောကြောင့်ပင်ဖြစ်ပါတယ်၊လူသည်ရုပ်ဝတ္ထုတိုးတက်ခြင်းကသာပျော်ရွှင်ခြင်းကိုပေးဆောင်နိုင်
သည်ဟူသောအယူမှားဖြင့်ရုပ်ဝတ္ထုတိုးတက်မှုကိုနတ်ဘုရားအသွင်အားထားကိုးကွယ်လာကြသည်၊လည်းကောင်းအနေဖြင့်မှားယွင်းသော
အယူအဆတခုပင်ဖြစ်ပေသည်။
လူသည်ရာစုပေါင်းများစွာဘာသာရေးခေါင်းဆောင်များပေးကမ်းခဲ့သည့်တန်ဖိုးမဖြတ်နိုင်သောအကြံဥာဏ်များကိုဘေး
ဖယ်ထားပြီးခေါင်းမာစွာရွေးချယ်ခဲ့သောကြောင့်မှားယွင်းသွားခြင်းဖြစ်ပေသည်၊
သိပ္ပံပညာသည်လျင်မြန်သောအကျိုးတရားနှင့်ရုပ်ဝတ္ထုတိုးတက်မှုကိုအတိုင်းအတာတခုထိပေးစွမ်းနိုင်သည်ဟုဝန်ခံသော်လဲရုပ်ဝတ္ထုမှ
ရရှိသည့်အကျိုးအမြတ်များသည်ခဏသာဖြစ်ပြီးကြာရှည်မခံပေ။
စိတ်ပိုင်းငြိမ်းချမ်းမှုမပါသောရုပ်ဝတထုတိုးတက်မှုသည်စစ်မှန်ပြီးခိုင်မြဲသောပျော်ရွှင်မှုကိုမပေးနိုင်ပါ၊
လူသား၏စိတ်ပိုင်းဆိုင်မြင့်မားမှုသည်စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကိုအပြည့်အ၀လိုအပ်ပေသည်သို့မှသာလျှင်
စိတ်၏တည်ငြိမ်မှုနှင့်တည်မြဲခိုင်ခံ့သောပျော်ရွှင်မှုကိုရနိုင်ပေမည်။
အတိတ်ကာလကလူသားတို့၏အပြုအမူနှင့်ဆိုင်သောကမ္ဘာသမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ယနေကခောတ်လူသားတို့၏ကိုယ်ကျင့်
တရားသည်သူ၏ဘိုးဘေးတို့၏ကိုယ်ကျင်ကတရားထက်မသာလွန်ကြောင်းကိုကျွန်တော်တို့လက်ခံရပေလိမ့်မယ်၊ဒါပေမဲ့ကျွန်တော်တို့၏
ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင်အရောင်တင်ပေးရပေလိမ့်မယ်။
လူတယောက်၏ဖွဲ့စည်းမှုတွင်အဆိုးတရားသည်သဘာဝအစိတ်အပိုင်းတရပ်မျှသာဖြစ်သည်ဟုအချို့သောပညာရှင်တွေကယူဆကြတယ်၊
သို့အတွက်သူ့ကိုကောင်းအောင်ပြုလုပ်ရန်စင်ကြယ်မှုသည်လက်တွေ့မကျဘဲအကျိုးမရှိသည့်အလုပ်မျှသာဖြစ်ပေလိမ့်ဟုဆိုနိုင်ပေမည်
အမျိုးအစားအမျိုးမျိုးရှိသောလူသားတို့၏လူသတ်မှုအကြမ်းဖက်မှုမုဒိမ်းမှုလုယက်မှုစသောကြောက်မက်ဖွယ်ရာဆိုးသွန်းသည့်လုပ်ရပ်များကို
ထိုသူတို့သက်သေညွန်ပြခဲ့ကြ၏။
လူသားကိုယဉ်ကျေးအောင်ကြိုးပမ်းမှုများနှင့်ဆန့်ကျင်လျက်နိုင်ငံတိုင်းလိုလိုဖိနှိပ်မှု၏ကြောက်မက်ဖွယ်ရာများကိုကျွန်တော်တို့
ဆက်လက်မြင်တွေ့နေရသည်ဟုလူတွေကဆင်ချေပေးကြတယ်တခါတရံကောင်းခြင်း၏အနည်းငယ်မျှသောပမာဏသည်
အလွန်တရာများပြားနေသည့်အတွက်အဆိုးတရား၏အလယ်တွင်ဘယ်လိုမြန်းကြာရှည်စွာတည်ရှိနေသည်ကိုစာရေးသူအံ့သြနေမိတယ်။
လူ့အမျိုးအနွယ်တိုးတက်အောင်လုပ်ဆောင်ဖို့အတွက်တွေးခေါ်ရှင်တချို့ကမျှော်လင့်ချက်စွန့်လွှတ်နေစဉ်အခါဘာသာရေးပုဂ္ဂိုလ်များက
သူတို့နှင့်ကွဲပြားသောအမြင်ထားရှိခဲ့ကြ၏၊သူတို့သည်ချားလမိန်းအသောကနှင့်အက္ကဘာကဲ့သို့သောဘုရင်များအကြောင်းကိုပြောဆိုကြ၏၊
ထိုဘုရင်များ၏ဘာသာရေးကိုနက်ရှိုင်းစွာနားလည်မှုတို့ကသူတို့အားလူသားအတွက်ကောင်းကျိုးမြောက်များစွာသယ်ပိုးနိုင်အောင်
ကူညီပေးခဲ့ကြ၏။ဗုဒ္ဓဘာသာသည် လူမှာအလွန်ဆိုးသောသဘောရှိသည်ကိုလက်ခံထားပါတယ်၊သို့သော်..ထိုအဆိုးသဘောကို
နားလည်မှု စိတ်ဓာတ်ကြံ့ခိုင်မှု တို့ဖြင့်ပယ်ဖျက်နိုင်သည်ဟုသင်ကြားပေး၏၊
လူအပေါင်းတို့သည်အထူးအားဖြင့်အစိုးရ ခေါင်းဆောင်များနှင့်ပညာရေးကျွမ်းကျင်သူများသည်ဘ၀၏သဘာဝအမှန်ကိုနားမလည်ကြသည့်
အတွက်သူတို့၏ကလေးများကိုမှန်ကန်သောဘ၀တန်ဖိုးများကိုသင်ကြားပေးရန်မကြိုးပမ်းကြချေ၊ထိုနှစ်ဆယ့်တစ်ရာစုနှစ်သည်ပညာရေးသည်
အသင့်တော်ဆုံးသူသာအသက်ရှင်ကျန်ရစ်မည်ဟူသောသတ္တဗေဒသိပ္ပံဆရာဒါဝင်၏အယူအဆပေါ်တွင်အခြေခံထားသည်၊
ထိုဒဿနအမြင်သည်လူငယ်များအားမယုံသင်္ကာဖြစ်ဖို့၊လောဘကြီးဖို့၊ရန်လိုဖို့၊တကိုယ်ကောင်းဆန်ဖို့၊အမှန်တကယ်ပင်အားပေး
အားမြှောက်ပြုတတ်ပါတယ်။
အလ်လဒတ်စ်ဟတ်စလေး ရေးသားသောကျွန်းအမည်ရှိစာအုပ်တွင်လက်ရှိပညာရေးစနစ်နှင့်မတူသောအခြားပညာရေးစနစ်တခုရှိကြောင်း
ကိုကျွန်တော်တို့အားဖော်ပြထားပါတယ်
ထိုစာအုပ်မှာ အသက်ရှင်ကျန်ရစ်ခြင်းကိုတကိုယ်ကောင်းဆန်ခြင်းဖြင့်အာမခံချက်မပေးနိုင်ဘဲ
မျှဝေခြင်း ပေးကမ်းခြင်းတို့ဖြင့်သာ အာမခံချက်ပေးနိုင်သည်ဟုဖော်ပြထားပါတယ်။
ရုပ်ဝတ္ထုတိုးတက်မှုအတွက်ရည်မှန်းထားသောကျွန်တော်တို့၏ခောတ်ပညာရေးစနစ်သည်လူငယ်တို့အား
ရန်လိုမှု ကိုယ်ကျိုးရှာဘက်သို့ဦးတည်စေခြင်းအတွက်တာဝန်ရှိတယ်၊ယနေ့ကျွန်တော်တို့အရေးတကြီးလိုအပ်နေသောအရာမှာလူအပေါင်းတို့အား
ရုပ်ဝတ္ထုတိုးတက်မှုကိုသာမျက်ကန်းရှာဖွေခြင်းမပြုပဲစိတ်ပိုင်းဆိုင်ရာအမိုက်မှောင်ကင်းပြီးဥာဏ်အလင်းရခြင်းကိုရှာဖွေရန်လမ်းညွှန်ပေးသော
စာရိတ္တပညာနှင့်ကိုယ်ကျင့်တရားများစနစ်တခုဖြစ်သည်၊
ထိုစနစ်သည်
ပုဂ္ဂိုလ်ရေးဓနဥစ္စာကြီးပွားတို့တက်မှုလောက်သာမဟုတ်ဘဲနဲ့အများကောင်းစားရေးအတွက်ပါစွမ်းဆောင်ပေးရမည်။
ဗုဒ္ဓဘာသာသည်လူသားတို့အားငြိမ်းချမ်းစွာညီညွတ်မျှတစွာနေထိုင်ရန်သင်ကြားပေး၏
မြတ်ဘုရားသည်သူ၏တပည့်များအားသူ၏
သင်ကြားချက်များကိုမျက်ကန်းယုံကြည်မှုဖြင့်လက်မခံစေဘဲထိုသင်ကြားချက်များအားမိမိ၏ကိုယ်ပိုင်အသိဥာဏ်ဖြင့်အတွေ့အကြုံတို့အရ
အမှန်တကယ်လက်ခံထိုက်သည်မထိုက်သည်ကိုသေသေချာချာစူးစမ်းလေ့လာစုံစမ်းပြီးမှသာလက်ခံရန်အလေ့အနက်တိုက်တွန်းတော်မူပါတယ်။
မြတ်စွာဘုရားသည်သူ၏တပည့်များအားတရားတော်ကိုလုံဝဥဿုံလက်ခံယူလိုစေကာမူစိတ်တွင်အမြင်မကြည်လင်မရှင်းလင်းဘဲပြည့်ပြည့်စုံစုံ
နားမလည်ဘဲလက်ခံခြင်းကိုငြင်းပယ်တော်မူပါတယ်။
မြတ်ဘုရားသည်လူသားအားလုံးကိုစံပြဘ၀များအတိုင်းနေထိုင်ရန်အလိုရှိတော်မူသည်
။မြတ်ဘုရားအလိုရှိတာတွေကတော့ ကြင်နာတတ်ရမည် သနားညှာတာတတ်ရမည် တဦးနှင့်တဦးကိုယ်ချင်းစာတရားထားရမည်
လုပ်ကိုင်ပြုမူမှုဆက်ဆံမှုမှန်သမျှတွင်စိတ်ရှည်မှုသည်းခံမှုနှင့်နားလည်မှုတို့ကိုကျင့်သုံးရမည်။
မြတ်ဘုရားသည်သူ၏အထွဋ်အထိပ်သို့ရောက်သောသဗ္ဗညုတဥာဏ်တော်ဖြင့်လူ့အဖွဲအစည်းတွင်အားနည်းချက်များနှင့်အန္တရာယ်တွင်း
နက်ကြီး၇ှိကြောင်းကိုသိမြင်တော်မူပါတယ်၊မြတ်ဘုရားသည်လူသားတို့အားအဓိပ္ပါယ်ရှိသည့်ဘ၀ကိုရယူရန်အသိဥာဏ်အလင်းပေးဖို့
လွတ်မြောက်စေဖို့ ပြုပြင်ပြောင်းလွဲဖို့အတွက် ဗုဒ္ဓဓမ္မကိုသင်ပြပေးတော်မူခဲ့သည် မြတ်ဘုရား၏သင်ပြချက်များသည်
ရှင်းလင်းပြည့်စုံကျယ်ပြောလှပေသည် မွေးဖွားသည်မှသေဆုံးသည်အထိ လူတဦး၏ဘ၀ကို တခုလုံးအကျုံးဝင်အောင်ဖော်ပြထားသည်။
သူ၏သင်ပြချက်များကိုနားလည်နိုင်စွမ်းမရှိကြသော ဒါမှမဟုတ်
လက်ခံအသင့်မဖြစ်ကြသောသူတို့သည်ထိုသင်ပြချက်များကိုစံမြင့်လွန်းသည် အကောင်အထည်မဖော်နိုင်ဟုအကဲဖြတ်ကြလိမ့်မယ်
ထိုသို့အခိုင်အမာပြောဆိုစေကာမူသူ၏သင်ပြချက်များကိုအရိုးရှင်းဆုံးစကားလုံးများဖြင့်ဖော်ပြရလျှင်
ကောင်းတာလုပ် မကောင်းတာကိုရှောင် စိတ်ကိုဖြူစင်အောင်ထား ခြင်းပင်ဖြစ်ပါတယ်
ထိုစကားလုံးများသည် ဗုဒ္ဓခောတ်ကမှန်ကန်ခဲ့သည့်တိုင်း ယနေ့ခောတ်
နောင်လာမည့်ခောတ်ကာလတွင်လည်းမှန်ကန်ပြီးအဥုံးကျနေမည်သာဖြစ်ပါတယ် တကယ်လို့များလူတိုင်းကသာ
မိမိအတွက်ရောသူတပါးအတွက်ပါကောင်းသည်များကိုပြုလုပ်ပြီးသူတပါးနှင့်မိမိကိုယ်ထိခိုက်နစ်နာမည့်မကောင်းမှုမျိုးကို
လုံးဝရှောင်ရှားမည်ဆိုလျှင်ယနေကခောတ်ကမ္ဘာမြေကြီးဟာနေထိုင်ရန်ပိုပြီးကောင်းမွန်သောနေရာတခုဖြစ်နေပါလိမ့်မယ်။
ဗုဒ္ဓဘာသာတရားတော်များသည်ယောင်္ကျားများနှင့်မိန်မးများအားမိမိတို့၏စွဲမြဲသောကြိုးပမ်းချက်အရယခုဘ၀မှာပင်ဆန္ဒပြည့်ဝခြင်းနှင့်ကျေနပ်
ခြင်းတို့ကိုရရှိစေရန်အတွက်လည်းကောင်းလူသားအားလုံအတွက်အကျိုးဖြစ်ထွန်းပြီးကောင်းကျိုးချမ်းသာရရှိရေးအတွက်လူမှုးရေးစနစ်တခုကို
ဖန်တီးဖို့အားပေးတိုက်တွန်းရန်အတွက်လည်းကောင်းပုံစံဖော်ထားခြင်းပင်ဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်သည်တကိုယ်ကောင်းမဆန်သောကိုယ်ကျင့်တရားစည်းမျဉ်းများပေးကမ်းစွန့်ကြဲတတ်မှုမေတ္တာတရားနှင့်အရေးတယူပြုမူတတ်မှုနှင့်
အတူဆွေမျိုးများမိတ်သင်္ဂဟများသိကျွမ်းသူများ၏ကောင်းစားခြင်းနှင့်ကောင်းကျိုးချမ်းသာအတွက်စစ်မှန်သောစည်းကမ်းကျင့်ဝတ်များစိတ်ဓာတ်များကို
တိုးတက်စေပါသည်။
လူသားတို့၏ဘ၀သည်ကြီးကျယ်မြင့်မြတ်သည်၊မြတ်ဗုဒ္ဓက ဒါကြောင့်ဒုလ္လဘတရားငါးပါးကိုဟောထားခဲ့တယ်
လူသားတဦးဖြစ်ဖို့အတော်ကိုခက်ခဲလှပါတယ်၊မြတ်ဘုရားဓမ္မဟာမြင့်မြတ်တဲ့အခြေခံတရားတွေဖြစ်သည့်အတွက်ကြောင့်
လက်ရှိပစ္စုန်ဘ၀မှာတဦးနှင့်တဦးနားလည်မှုရှိရမယ်၊နားလည်မှုဟာသိပ်အရေးကြီးတယ်၊
လူတယောက်မှာ ဓမ္မလို့ခေါ်တဲ့ယဉ်ကျေးမှုမရှိဘဲ ဘ၀တခုကိုလျစ်လျူရှု့ပြီးနေထိုင်နေမယ်
တရားဓမ္မမရှိဘဲအ၀ိဇ္ဇာအမိုက်မှောင်ထဲမှာနေနေမယ်အဲဒီလူကိုလူလို့ခေါ်မရနိုင်ပါဘူး၊အချိန်ဖြုန်းတဲ့သူဟုသာသတ်မှတ်ရပါလိမ့်မယ်။
လူတိုင်းကောင်းမွန်တဲ့အလုပ်ကိုလုပ်နိုင်ရမည်သူတပါးကိုလည်း
အသိပညာအလင်းရောင်တွေပြသနိုင်ရမည် လူသားတွေဟာငြိမ်းချမ်းနဲ့အရာဝတ္ထုကိုထိန်းသိမ်းထားနိုင်ရမည်
တူညီသော ကိုယ်ကျင့်တရားတွေ တိုးတက်အောင်လုပ်ဆောင်နိုင်ရမည် သံသရာရဲ့နောက်ဆုံးနိဗ္ဗာန်ရသည့်တိုင်အောင်ယခုလက်ရှိဘ၀ရောနောက်ဘ၀တွေပါ မြင့်မြတ်တဲ့ကောင်းမွန်မှုတွေမြင့်မြတ်တဲ့ကိုယ့်ကျင့်တရားတွေ
အသိဥာဏ်တွေ မြင့်မြတ်တဲ့သင်ကြားမှုတွေ ထားရှိရမှာဖြစ်ပါတယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။
အရှင်ဘုရား
RépondreSupprimerစာဖတ်ပြီးမျက်ရည်ပီတိကျပါသည်။
ဤစာပေ ရသမျိုး နောင်များစွာလိုအပ်ပါသည်။
ရိုသေစွာဖြင့်
ခင်မိုးညို