ပေးလှူခြင်းအကျိုးတရားငါးပါးကိုဒါနအာနိသံသသုတ်မှာ
မြတ်ဘုရားခုလိုလေးဟောထားပါတယ်
တချို့ကဒါနအားသန်တယ် တချို့ကသီလအားသန်တယ် တချို့ဘာဝနာမှာအားသန်တယ်
ကိုယ်သန်ရာလုပ်ဆောင်ကြတာဆိုတော့ကိုယ်လုပ်တဲ့အလုပ်ကဘယ်လိုအကျိုးကျေးဇူးတွေပေး
သလဲဆိုတာသိတော့လုပ်ရတာပိုပြီးတက်ကြွတာပေါ့
ဒါနအာနိသင်ငါးပါးကတော့
၁..လူများစွာတို့
ချစ်ခင်မြတ်နိုးကြ၏
၂..ငြိမ်သက်သောစိတ်နှလုံးရှိသည့်သူတော်ကောင်းတို့ချဉ်းကပ်ကြကုန်၏
၃..ကောင်းသောကျော်ဇောသတင်းပျံ့နှံ့၍နေတယ်
၎..လူတို့အကျင့်တရားငါးပါးမှမကင်းကွာနိုင်
၅..ယခုဘဝသေလွန်သော်ကောင်းသောဘုံဘဝမှာချမ်းချမ်းသာသာနေထိုင်ရတတ်၏။
ခုလိုအကျိုးကျေးဇူးလေးတွေသိလိုက်ရတော့
လစာရမည့်ဝန်ထမ်းတယောက်လို အလုပ်လုပ်ရတဲ့အတွက် ငါလစာရမှာဘဲဆိုတဲ့စိတ်ကြောင့်အလုပ်လုပ်တဲ့အချိန်မှာစိတ်တက်ကြွမှုရှိသလိုပါပဲ၊
အလုပ် လုပ်ရပြီး လစာရမလားမရဘူးလား ငါ့ကိုအလကားခိုင်းနေတာလား အလကားခိုင်းနေရင်တော့ အမေခိုင်းတဲ့အလုပ်တောင်
ငြင်းပယ်ချင်ကြတယ်လေ။
အမေခိုင်းတဲ့အလုပ်တောင်ခုခောတ်လူငယ်တွေက တန်ရာတန်ကျေးတော့ပေးနေကြရပါပြီ
..ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်မှာအကျိုးရလာဘ်ကလေးတွေရှိတယ်ဆိုတာသိရတော့ပိုလုပ်ချင်တဲ့
စိတ်ကလေးရှိလာရအောင်ပေါ့…ဓမ္မစမ်းရေ..
0 comments:
Enregistrer un commentaire