Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 31 août 2013

ဝမ်းမြောက်ပါလေ သားမေမေ



ဗုဒ္ဓမြတ်စွာ သာသနာ၌
ဖန်ဝါသင်္ကန်း ဆင်မြန်းဝတ်ဆင်
အိမ်ဝင်အိမ်ထွက် ခံရပ်ဆွမ်းခံ
ပင်ပန်းခံမှ ဝမ်းပြည့်ရတဲ့
သားငယ်ချစ်ကို ကရုဏာဖြစ်ဖို့
အားငယ်နွမ်းခွေ မဖြစ်ပါနဲ့မေမေ..
သားတို့ကိုယ်စား မြတ်ဘုရားပင်
ကရုဏာရှေးထား မေတ္တာပွား၍
ဆင်းရဲချမ်းသာ မခွဲခြားပဲ
ဖဝါးတော်ချ အိမ်စဉ်ကြွပြီး
လှူရာကုသိုလ် သာဓုဆိုလျှက်
သဗ္ဗေသတ္တာ ဝေနေယျာကို
ချီးမြောက်ခဲ့တာ မဟုတ်လား အမေ..
တခါတလေ ရှေးကံခေလို့
မရတခါ ရတခါနှင့်
မလောက်သည့် ခါ ရှိခဲ့ပါမူ
ညီကိုရင်းချာ စေတနာဖြင့်
ဝေကာခံစား အဖော်များကြောင့်
နေသားကျကာ စိတ်ချမ်းသာ၍
ပျော်နေပါပြီမေမေ..
နံနက်တိုင်းလေ ငါးပိရည်နှင့်
ချဉ်ရည်ပဲပြုတ် ဝမ်းစာလုပ်ပြီး
ကြိုးစားပညာ အားထုတ်ကာဖြင့်
ခက်ခဲမျိုးစုံ ရင်ဆိုင်ကြုံ၍
စိတ်မှာမလန်း ကိုယ်ပင်ပန်းရှာ
သားတယောက်သာ မဟုတ်တာမို့
အဆန်းထွင်ကာ မပြောတော့ပါမေမေ..
ခုချိန်မှာတော့…
ထေရ်ရှင်ဆရာ တို့
သွန်သင်ဆုံးမ သြဝါဒနှင့်
သိပ္ပပညာ အဖြာဖြာကို
ကျက်အံသင်ရေး စိတ်မှာတွေးလျက်
ချိန်မလပ်အောင် လုံးလဆောင်၍
အောင်လံထူဖို့ အားယူဆဲပါမေမေ..
ခုနေခါနွမ်း သားလှပန်းတွက်
စိုးရိမ်သောက ဗျာပါဒဝင်
ရင်မှာရှိုက်မော အချစ်ဇောကြောင့်
ဝမ်းနည်းမျက်ရည် ကျမနေပါနှင့်မေမေ..
သားတို့ကိုယ်စား မြတ်ဘုရာ၏
သာသနာ့ဂုဏ်ရောင် ထွန်းလင်းပြောင်ဖို့
သားငယ်ကြိုးကုတ် အားသွန်ထုတ်ကာ
ဒုက္ခခံလျက် နေ့စဉ်တွက်ကို
နှစ်သက်ကြည်သာ ဝမ်းမြောက်ပါလေ
သားမေမေ…
စာသင်သားများအတွက် ရည်ညွန်းပါသည် ။။။။
ဓမ္မစမ်းရေ….

0 comments:

Enregistrer un commentaire