ပထမအရွယ် ငယ်ငယ်တုံးက။
ဒို့ကွယ်ငယ်သေး စိတ်မှာတွေးစဉ်၊
သေဘေးရောက်လာ ပါသွားတာပဲ၊
အဲဒါငါတို့အမြင်ပဲ၊၊၊
ဒုတိယအရွယ် ရောက်ပြန်တယ်ပေါ့၊
ဒို့ကွယ်ဥစ္စာ ရှိမှသာဟု၊
ဖြာဖြာဓန စုဆောင်းကြလို့၊
ဓနပြည့်ရေး စိတ်မှာတွေးစဉ်၊
သေဘေးရောက်လာ ပါသွားတာပဲ၊။။
တတိယအရွယ် ရောက်ပြန်တယ်ပေါ့၊
ဒို့ကွယ်မြေးသား ဘေးမှာထားလို့၊
အားရရွှင်သေး စိတ်မှာတွေးစဉ်၊
သေဘေးရောက်လာ ပါသွားတာပဲ၊။။
အရွယ်သုံးပါး ခွဲကာခြားတော့၊
ဒို့များခန္ဓာ အနှစ်မပါဘူး၊
ဥစ္စာစီးပွား သားမယားနှင့်၊
ချိန်များကုန်ကာ သေလွန်ပါသော်၊
ရောက်ရာဌာန ပါယ်လေးဝတည်း၊
ထို့ကြောင့်ရှုမှတ် ငယ်လတ်ကြီးသွယ်၊
သုံးအရွယ်မှာ.....
ကိုယ်ဝယ်ဆင်မြန်း ဒါ သီ ပန်းနှင့်၊
မဂ်လမ်းချိန်ရွယ် ဘာဝနာတွယ်ဖို့၊
ဒို့ကွယ်ချိန်သင့် နှေးမဖင့်နှင့်၊
ဘေးမသင့်ရာရှိနေဖို့ ...... ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ…
0 comments:
Enregistrer un commentaire