(၁) အကြင်အရာသည် လွန်ပြီးဖြစ်၏ ..ထိုအရာအတွက်စိုးရိမ်ခြင်းကိုပြုခြင်းဖြင့်အကျိုးမရှိနိုင်။
(၂)တကယ်လို့ကိုယ်ကျင့်သီလသည်ကောင်းသည်ရှိသော်..တပါးသောအဆင်းတန်ဆာတို့နှင့်ကင်းသော်လည်းတင့်တယ်သည်သာဖြစ်၏။
(၃)တကယ်လို့လွန်ကဲသောလောဘကိုပြုသည်ရှိသော်..ပျက်ဆီးခြင်းအဖြစ်သို့ရောက်လိမ့်မည်။
(၄)မိမိ၏အဖြူစင်ဆုံးကိုယ်မိမိ၏အဖြူစင်ဆုံးစိတ်ဖြင့်သူတပါးကိုချစ်ခင်ခြင်းသည်ကောင်း၏။
(၅)အသိဥာဏ်ရှိသူကိုသိနားလည်စေနိုင်ခြင်းသို့ရောက်စေနိုင်၏..သို့သော်လူဖျင်းလူအကားမစွမ်းနိုင်။
(၆)လူ၏အလိုဖြင်းတစုံတခုကိုမဖြစ်စေနိုင်မြတ်ဘုရားရှင်၏အလိုသည်သာအားလုံးထက်စွမ်းနိုင်၏။
(၇)ရအံ့သောအကျိုးကိုမျှော်လင့်ချက်မထားမူဘဲအမှုကိုပြုသည်ရှိသော်ဆင်းရဲရန်ပင်မဖြစ်နိုင်၊
(၈)အကြင်အရာတို့သည်အဝေးမှတင့်တယ်ကုန်၏ထိုအရာတို့သည်အနီးအားဖြင့်ထိုကဲ့သို့မဟုတ်ကုန်။။
(၉) ပျင်းရိသောသူမှာဆေးမရှိနိုင်။
(၉) ပျင်းရိသောသူမှာဆေးမရှိနိုင်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire